ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ထားဝယ္ေဆး႐ံုဝင္း အတြင္း ေနထုိင္သည့္ နဝမတန္း ေက်ာင္းသားတစ္ဦးကို သံသယ ျဖင့္ ဖမ္းဆီး႐ိုက္ႏွက္စစ္ေဆး သည့္ ရဲအရာရွိကုိ ရဲစည္းကမ္း ထိန္းသိမ္းေရးဥပေဒျဖင့္ အေရး ယူ ေဆာင္ရြက္ေနေၾကာင္း တနသၤာရီတုိင္းေဒသႀကီး ရဲတပ္ ဖြဲ႕မွဴး ရဲမွဴးႀကီး ခင္ေမာင္ေအးက ေျပာသည္။

အဆိုပါ ေက်ာင္းသားမ်က္ ႏွာတြင္ရွိသည့္ ဒဏ္ရာသည္ ေဆး႐ံုလံုၿခံဳေရး တာဝန္က်ရဲအရာရွိ တင္ျပသကဲ့သို႔ မေတာ္တဆ ထိခိုက္မိသည့္ ဒဏ္ရာမ်ိဳးမဟုတ္ဘဲ ကိုယ္ ထိလက္ေရာက္က်ဴးလြန္ မွသာ ရရွိႏိုင္သည့္ ဒဏ္ရာမ်ိဳးျဖစ္ သျဖင့္ ယခုကဲ့သို႔ စံုခံုဖြဲ႕၍ ဥပေဒႏွင့္အညီ အေရးယူရန္ စစ္ေဆး ျခင္းျဖစ္ေၾကာင္း ရဲမွဴးႀကီး ခင္ ေမာင္ေအးက ရွင္းျပသည္။

‘‘အခုစံုခံုဖြဲ႕ၿပီး စစ္ေဆးေနပါ တယ္။ အမႈေပၚေပါက္မႈအေျခ အေနအေပၚ မူတည္ၿပီး ေနာင္ အလားတူျဖစ္စဥ္မ်ိဳး မျဖစ္ေပၚဖို႔ အေရးယူပါ့မယ္’’ဟု ရဲမွဴးႀကီးက ဆုိသည္။

ႏိုဝင္ဘာ ၁၅ ရက္ ည ၇ နာရီခန္႔တြင္ ေဆး႐ံုဝင္းအတြင္းရွိ ဝန္ထမ္းအိမ္ရာ၌ မိသားစုႏွင့္အ တူ ေနထိုင္သည့္ အသက္ (၁၄) ႏွစ္အရြယ္ ေက်ာင္းသားသည္ မိခင္ႏွင့္ စကားမ်ား၍ အိမ္ေပၚမွ ဆင္းကာ ေဆး႐ံုဝင္းအတြင္း သြားလာေနစဥ္ ေဆး႐ံုလံုၿခံဳေရး တာဝန္က် ရဲတပ္ဖြဲ႕ဝင္မ်ားက အဆုိပါေက်ာင္းသားကို သူခိုးဟု ဆိုကာ ဖမ္းဆီး၍ ႐ိုက္ႏွက္စစ္ ေဆးခဲ့သည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ခြင့္လႊတ္ေပးရန္ႏွင့္ အမႈဖြင့္တိုင္ ၾကားျခင္းမျပဳရန္ ႏိုဝင္ဘာ ၁၆ ရက္ မြန္းလြဲက ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးႏွင့္အတူ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕က ေဆး႐ံုဝင္းအတြင္းေန မိသားစုဝင္မ်ားထံ လာေရာက္ေတာင္းပန္ ခဲ့သည္။

ထို႔ေၾကာင့္ သားျဖစ္သူကို ႐ိုက္ႏွက္ခဲ့သူမ်ားအား အေရးယူ ေပးရန္ အမႈမဖြင့္လိုေသာ္လည္း သားျဖစ္သူကို သံသယျဖင့္ ႐ိုက္ႏွက္ခဲ့သူမ်ားကို ရဲတပ္ဖြဲ႕ စည္း ကမ္းအတုိင္း အေရးယူရန္ လိုလားေၾကာင္း ဖခင္ ဦးေက်ာ္စိုးမိုးက 7Day Daily သတင္းစာအား ေျပာၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

ထားဝယ်ဆေးရုံဝင်း အတွင်း နေထိုင်သည့် နဝမတန်း ကျောင်းသားတစ်ဦးကို သံသယ ဖြင့် ဖမ်းဆီးရိုက်နှက်စစ်ဆေး သည့် ရဲအရာရှိကို ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် အရေး ယူ ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးက ပြောသည်။

အဆိုပါ ကျောင်းသားမျက် နှာတွင်ရှိသည့် ဒဏ်ရာသည် ဆေးရုံလုံခြုံရေး တာဝန်ကျရဲအရာရှိ တင်ပြသကဲ့သို့ မတော်တဆ ထိခိုက်မိသည့် ဒဏ်ရာမျိုးမဟုတ်ဘဲ ကိုယ် ထိလက်ရောက်ကျူးလွန် မှသာ ရရှိနိုင်သည့် ဒဏ်ရာမျိုးဖြစ် သဖြင့် ယခုကဲ့သို့ စုံခုံဖွဲ့၍ ဥပဒေနှင့်အညီ အရေးယူရန် စစ်ဆေး ခြင်းဖြစ်ကြောင်း ရဲမှူးကြီး ခင် မောင်အေးက ရှင်းပြသည်။

‘‘အခုစုံခုံဖွဲ့ပြီး စစ်ဆေးနေပါ တယ်။ အမှုပေါ်ပေါက်မှုအခြေ အနေအပေါ် မူတည်ပြီး နောင် အလားတူဖြစ်စဉ်မျိုး မဖြစ်ပေါ်ဖို့ အရေးယူပါ့မယ်’’ဟု ရဲမှူးကြီးက ဆိုသည်။

နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီခန့်တွင် ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ၌ မိသားစုနှင့်အ တူ နေထိုင်သည့် အသက် (၁၄) နှစ်အရွယ် ကျောင်းသားသည် မိခင်နှင့် စကားများ၍ အိမ်ပေါ်မှ ဆင်းကာ ဆေးရုံဝင်းအတွင်း သွားလာနေစဉ် ဆေးရုံလုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက အဆိုပါကျောင်းသားကို သူခိုးဟု ဆိုကာ ဖမ်းဆီး၍ ရိုက်နှက်စစ် ဆေးခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခွင့်လွှတ်ပေးရန်နှင့် အမှုဖွင့်တိုင် ကြားခြင်းမပြုရန် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲက ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်အတူ ရဲတပ်ဖွဲ့ဝင်အချို့က ဆေးရုံဝင်းအတွင်းနေ မိသားစုဝင်များထံ လာရောက်တောင်းပန် ခဲ့သည်။

ထို့ကြောင့် သားဖြစ်သူကို ရိုက်နှက်ခဲ့သူများအား အရေးယူ ပေးရန် အမှုမဖွင့်လိုသော်လည်း သားဖြစ်သူကို သံသယဖြင့် ရိုက်နှက်ခဲ့သူများကို ရဲတပ်ဖွဲ့ စည်း ကမ်းအတိုင်း အရေးယူရန် လိုလားကြောင်း ဖခင် ဦးကျော်စိုးမိုးက 7Day Daily သတင်းစာအား ပြောကြားထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top