ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒီကေန႔အခ်ိန္မွာ ႏိုင္ငံႀကီးသားေတြအပါအဝင္ တစ္ကမၻာလုံးအတိုင္းအတာနဲ႔ဆို Facebook သုံးစြဲသူဦးေရ ၂ ဘီလီယံထိ ရွိလာခဲ့ၿပီလို႔ ဆိုပါတယ္။ Social Media လို႔ဆိုလိုက္တာနဲ႔ Facebook ကိုပဲ ေျပးျမင္သူမ်ားေနေသးတဲ့ ကၽြန္ေတာ္တို႔ဆီမွာလည္း ေတာေရာ ၿမိဳ႕ပါမက်န္ လူမႈကြန္ရက္ယဥ္ေက်းမႈတစ္ခု ေပါက္ကြဲတိုးထြက္လာၿပီး လက္ရွိအေနအထားအရ ျမန္မာႏိုင္ငံမွာ Facebook သုံးစြဲသူဦးေရ ၁၈ သန္းေက်ာ္ရွိေၾကာင္း၊ Facebook သုံးစြဲသူေတြထဲက ၈၅ ရာခိုင္ႏႈန္းဟာ အသက္ ၁၈ နဲ႔ ၄၄ ႏွစ္ၾကားအ႐ြယ္ေတြျဖစ္ေၾကာင္း RFA သတင္းတစ္ရပ္မွာ မၾကာေသးမီက ေဖာ္ျပခဲ့ပါတယ္။

၂ဝ၁၈ ခု၊ ႏိုဝင္ဘာ ၇ ရက္ေန႔ထုတ္ Daily Eleven သတင္းစာပါ သတင္းတစ္ပုဒ္မွာေတာ့ ျမန္မာႏိုင္ငံအတြင္း Facebook လူမႈကြန္ရက္သုံးစြဲသူဦးေရ သန္း ၂ဝ ထိရွိလာၿပီး Facebook ဟာ အြန္လိုင္းသတင္းအခ်က္ေတြ ရယူဖို႔အတြက္ အဓိကရင္းျမစ္တစ္ရပ္ျဖစ္လာတယ္လို႔ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ တစ္ကမၻာလုံး Facebook နဲ႔ အသားက်ေနသလို ကမၻာ့႐ြာႀကီးထဲက ႐ြာေလးတစ္႐ြာျဖစ္တဲ့ ကၽြန္ေတာ္တို႔ဆီမွာလည္း Facebook သုံးစြဲတာကို အျပစ္တစ္ခုလို႔ မျမင္ႏိုင္ပါဘူး။ Facebook ဟာ နယ္ပယ္စုံအတြက္ သတင္းရင္းျမစ္တစ္ခု ျဖစ္လာသလို တခ်ိဳ႕ ကိုယ့္မိသားစု၊ အေပါင္းအသင္း၊ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္႐ႊင္စရာ၊ စိတ္ ေျဖစရာတစ္ခုအေနနဲ႔ သုံးစြဲၾကသူေတြလည္း ရွိပါတယ္။ အနည္းဆုံးေတာ့ ကမၻာႀကီးနဲ႔ အလ်င္အျမန္ခ်ိတ္ဆက္ႏိုင္ဖို႔ ကၽြန္ေတာ္တို႔ေတြ Facebook သုံးပါတယ္။ဒါေပမဲ့ ဒီေနရာမွာ ႐ိုးရာေလးပရိသတ္ေတြကို အဓိက ေျပာခ်င္တာက ကၽြန္ေတာ္တို႔ဆီမွာ လူမႈကြန္ရက္ ဆိုရွယ္မီဒီယာကို ပ်ိဳပ်ိဳအိုအို အ႐ြယ္မေ႐ြး ခ်ိတ္ဆက္သုံးစြဲ ေနၾကသည့္တိုင္ ဒီဂ်စ္တယ္ဗဟုသုတ နည္းပါးေနဆဲျဖစ္ၿပီး မလိုလားအပ္တဲ့ ေဘးထြက္ဆိုးက်ိဳးနဲ႔ အ႐ႈပ္အေထြး ျပႆနာေလးေတြ ရွိေနတယ္ဆိုတဲ့အေၾကာင္းပါ။

'တန္ေဆး လြန္ေဘး'ဆိုသလို လူမႈကြန္ရက္ကို ကိုယ့္ဘဝတစ္ခုလို စြဲစြဲလမ္းလမ္းနဲ႔ ထမင္းေမ့ဟင္းေမ့ သုံးျဖစ္ေနၿပီဆိုရင္ ဘယ္လိုမ်ိဳး ဆုံး႐ႈံးမႈ၊ ေဘးထြက္ဆိုးက်ိဳး ေတြ ျဖစ္ေပၚလာႏိုင္လဲ။ ပထမဆုံးအေနနဲ႔ ေနရာတကာမွာ ဒီဖုန္းတစ္လုံးကို ပြတ္ေနရင္း အခ်ိန္ေတြကုန္မွန္းမသိ ကုန္သြားတာေၾကာင့္ တခ်ိဳ႕ လူမႈဝတၱရားေလးေတြ ပ်က္ယြင္းလာတတ္တယ္ဆိုတာ ေတြ႕ရပါလိမ့္မယ္။ ဥပမာအေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ ခင္မင္ရင္းႏွီးလာၾကတဲ့ ေက်ာင္းေနဘက္သူငယ္ခ်င္းေတြစုၿပီး ဆိုင္တစ္ဆိုင္မွာ မိတ္ ဆုံစားပြဲေလးတစ္ခု လုပ္ၾကတယ္ဆိုပါစို႔။ သူငယ္ခ်င္းေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ ရင္းရင္းႏွီးႏွီးနဲ႔ စားၾကေသာက္ၾကရင္း စကားေတြေဖာင္ဖြဲ႕ေနရမယ့္အစား အသံေတြတိတ္ၿပီး ကိုယ့္ဖုန္းကိုပဲ သည္းႀကီးမည္းႀကီး ပြတ္ ေနၾကတာမ်ိဳး ေတြ႕ရတတ္ပါတယ္။ Facebook သုံးၿပီး ကိုယ့္ဓာတ္ပုံ၊ ကိုယ့္အေၾကာင္းကိုပဲ ဗဟိုျပဳမိေနတာမ်ား လာရင္း ကိုယ့္ပတ္ဝန္းက်င္က လူေတြနဲ႔ ေမ့ေလ်ာ့ေဝး ကြာလာသလိုပါပဲ။ ဒါဟာ သူငယ္ခ်င္း၊ မိသားစုဝင္ အ ခ်င္းခ်င္း ေႏြးေထြးမႈနည္းပါးလာမွန္းမသိ နည္းပါးလာေစ တယ္လို႔ ျမင္ပါတယ္။

ဒီလိုအျဖစ္ေတြကို ျမင္တဲ့ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ခုေနာက္ပိုင္း ဆိုရွယ္မီဒီယာကို အလြန္အကၽြံသုံးစြဲလာမႈနဲ႔ပတ္သက္ၿပီး 'မိသားစုဝင္ေတြထဲမွာ တယ္လီဖုန္းေတြနဲ႔ အခ်ိန္ျဖဳန္းၿပီး လူလူခ်င္း ထိေတြ႕ဆက္ဆံမႈနည္းပါးလာတဲ့ကိစၥကို စိတ္ပူပါတယ္။ ဆိုရွယ္မီဒီယာကို အလြန္အကၽြံသုံးစြဲမယ္ဆိုရင္ လူသားေတြဟာ ကိုယ့္အဝန္းအဝိုင္းရဲ႕ အျပင္ဘက္ကို ေရာက္သြားပါတယ္။ မိသားစုဝင္ေတြအခ်င္းခ်င္း ညစာစားရင္း စကားစျမည္ေျပာမယ့္အစား အျပင္ကလူေတြနဲ႔ ဆိုရွယ္မီဒီယာမွာ ခ်ိတ္ဆက္ေနမယ္ဆိုရင္ ဒီကိစၥဟာ သိပ္ကိုအႏၲရာယ္ႀကီးပါတယ္'လို႔ ၂ဝ၁၈ ခု၊ ဩဂုတ္လထဲမွာ ဖြင့္ဟခဲ့တာပါ။ Facebook ရဲ႕ ႐ိုက္ခ်က္ေၾကာင့္ ပုပ္ရဟန္းမင္းႀကီးေတာင္ မေနႏိုင္မထိုင္ႏိုင္ ဝင္ၿပီး သတိေပးရတဲ့အထိပါပဲ။

အင္တာနက္ သုံးႏိုင္တဲ့ ဖုန္းဆင္းမ္ကတ္ေတြ ေဈးေပါေပါနဲ႔ လြယ္လြယ္ကူကူ ရရွိလာတာေၾကာင့္ လူငယ္လူ႐ြယ္ အားလုံးနီးပါး လူမႈကြန္ရက္ သုံးစြဲလာၾကၿပီျဖစ္ေပမဲ့ ဒီလို Facebook သုံးေနသူေတြထဲမွာ လုံေလာက္တဲ့ ပညာအရည္အခ်င္း၊ အသိပညာ၊ ဗဟုသုတနဲ႔ ဆင္ျခင္တုံတရား နည္းပါးသူေတြလည္း ပါဝင္ေနပါတယ္။ တခ်ိဳ႕ ေတာ႐ြာေဒသေတြမွာဆိုရင္ သူမ်ားဖြင့္ ေပးတဲ့ Account တစ္ခုနဲ႔ Facebook သုံးၿပီး Password ရဲ႕အဓိပၸာယ္ ဘာလဲမသိသူေတြ ရွိသလို Security, Virus ဆိုတာေတြ လည္း သူတို႔ေတြ မသိၾကပါဘူး။ ဒီအတြက္ ေဘးထြက္ဆိုးက်ိဳးတစ္ခုအေနနဲ႔ ျပႆနာရွိလာတာက ဒီႏိုင္ငံမွာ လူမႈကြန္ရက္သုံးစြဲေနၾကသူ အေတာ္မ်ားမ်ားဟာ ကိုယ့္လူမႈကြန္ရက္စာမ်က္ႏွာေပၚတက္လာတဲ့ အေၾကာင္းအရာတိုင္း၊ Post တိုင္းကို အမွန္ထင္ေနၾကေတာ့တာပါပဲ။

ကၽြန္ေတာ္တို႔လူေတြဟာ အျမန္လမ္းမွာ ကားတစ္စင္း ဓာတ္ႀကိဳးေတြေပၚ တင္ေနတယ္ဆိုလည္း ယုံလိုက္သလို၊ သင္းေခြက်ပ္ကို ေရနဂါးလို႔ ေျပာၿပီး ႐ိုက္ျပရင္လည္း Share လိုက္ၾကတာပါပဲ။ အြန္လိုင္းေပၚက သတင္းအမွား ေတြကို အလြယ္တကူ ယုံၾကည္ေနၾကသူေတြထဲမွာ ပညာ တတ္ ဘြဲ႕ရဆိုတဲ့ ပုဂၢိဳလ္ေတြလည္း ပါဝင္ပါတယ္။ အဲဒီကတစ္ဆင့္ ပိုၿပီး စိုးရိမ္ဖို႔ေကာင္းတာက တခ်ိဳ႕ လူယုတ္မာေတြဟာ ႏိုင္ငံေရးအရျဖစ္ေစ၊ လူမ်ိဳးေရးအရ ျဖစ္ေစ၊ တစ္ဘက္နဲ႔တစ္ဘက္ မလိုမုန္းထား ရန္မီးပြားမႈ ေၾကာင့္ျဖစ္ေစ သတင္းအမွား၊ ဝါဒျဖန္႔ခ်ိမႈအမွားေတြတင္ ၿပီး လူ႕အဖြဲ႕အစည္းကို ဒုကၡေပးတတ္တာပါ။

လူမႈကြန္ရက္ေပၚကေန တစ္ဘက္လူကို အယုံသြင္း၊ အက်ပ္ကိုင္ၿပီး ေငြေၾကး လိမ္လည္မႈလုပ္တာ၊ ကာမလိမ္လည္ရယူမႈေတြလုပ္တာေတြလည္း ခုေနာက္ပိုင္းမွာ မၾကာခဏဆိုသလို ၾကားလာခဲ့ရပါတယ္။ ဒီအတြက္ Facebook သုံးစြဲသူမ်ားအေနနဲ႔ သတင္း ျဖစ္ရပ္၊ အေၾကာင္းအရာတစ္ခု ေတြ႕ၿပီဆိုရင္ ဒီသတင္းဟာ မွန္ကန္မႈ ရွိႏိုင္/မရွိႏိုင္၊ ျဖစ္ႏိုင္/မျဖစ္ႏိုင္ဆိုတာကို အရင္ဆုံး ကိုယ့္ရဲ႕ဆင္ျခင္ဥာဏ္နဲ႔ ခ်င့္ခ်ိန္စဥ္းစားၿပီး လူယုတ္မာ ေတြ အယုံသြင္းတဲ့ ႏိုင္ငံေရးသတ္ကြင္း၊ လူမႈေရးသတ္ကြင္းေတြထဲ ေရာက္မသြားေအာင္ သတိထား ေရွာင္ရွားဖို႔ လိုအပ္ပါတယ္။

ခုေနာက္ပိုင္း Facebook သုံးစြဲသူမ်ားျပားလာတာနဲ႔အမၽွ ကၽြန္ေတာ္တို႔ပတ္ဝန္းက်င္မွာ မၾကာခဏၾကားလာရတဲ့ ေနာက္ထပ္ျပႆနာတစ္ခုကေတာ့ လူမႈကြန္ရက္ ေနာက္ဆက္တြဲ လူမႈေရးေဖာက္ျပန္မႈ အ႐ႈပ္အေထြးပါ။ အိမ္ေထာင္ရွိၿပီးသား အမ်ိဳးသားက သူ႕ကိုယ္သူ လူပ်ိဳ လူလြတ္လို႔ေျပာၿပီး အြန္လိုင္းေပၚက အလန္းဇယားေလးေတြကို အယုံသြင္းလွည့္ဖ်ားတာမ်ိဳးေတြ ရွိသလို အိမ္မွာ က်န္ခဲ့တဲ့ ကေလးႏွစ္ေယာက္အေမ အိမ္ရွင္မကလည္း သူ႕ကိုသူ အပ်ိဳစစ္စစ္ပါလို႔ေျပာ၊ Facebook ကတစ္ဆင့္ အြန္လိုင္းခ်စ္သူထားၿပီး စိတ္ထြက္ေပါက္ရွာတဲ့ လုပ္ရပ္ေတြ ရွိလာပါတယ္။ တခ်ိဳ႕ အမ်ိဳးသမီးေတြက်ေတာ့လည္း လိုင္းေပၚကေန ေျပာတာပဲ၊ လိုင္းေပၚကေနျပတာပဲဆိုၿပီး တစ္ဘက္လူကို စကားေတြကၽြံ၊ အျပေတြလြန္ၿပီးမွ တစ္ဘက္က အႀကံသမားက ၿခိမ္းေျခာက္ ေငြၫွစ္တဲ့အျဖစ္ေတြလည္း ႀကဳံရတတ္ပါတယ္။ အဲဒီလိုမ်ိဳး အြန္လိုင္းေထာင္ေခ်ာက္မိၿပီး အရွက္တကြဲ အက်ိဳးနည္း ဒုကၡေရာက္ၾကရသူေတြထဲမွာ ဘုန္းႀကီး ရဟန္းတခ်ိဳ႕ေတာင္ ပါဝင္လာၾကပါတယ္။

စားေသာက္ဆိုင္ထဲေရာက္လည္း Facebook တင္၊ ဘတ္စ္ကားေပၚေရာက္လည္း Facebook တင္၊ ကိုယ့္ ရည္းစားနဲ႔ ပလူးပလဲလုပ္တာကအစ Facebook ေပၚ တင္ လိုက္ရမွ ေခတ္မီတယ္ထင္ေနၾကတဲ့ ကိုကိုတင္၊ မမတင္ တို႔ကို ေနာက္ဆုံးတစ္ခ်က္အေနနဲ႔ သတိေပးခ်င္တာေလး ရွိပါတယ္။ အဲဒါကေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္း ဘီဘီစီနဲ႔ ေတြ႕ဆုံေမးျမန္းခန္းတစ္ခုမွာ ႏိုင္ငံေက်ာ္စာေရးဆရာ မ ဂ်ဴးေျပာသြားတဲ့ 'လူမႈကြန္ရက္နဲ႔ သတင္းေပါက္ၾကားမႈအႏၲရာယ္' အေၾကာင္းပါ။ ကိုယ္ရဲ႕ ေန႔စဥ္ဘဝ လႈပ္ရွားလည္ပတ္မႈကအစ ကိုယ္ ႀကိဳက္တတ္တဲ့ အစားအစာ၊ ကိုယ့္ဝါသနာေတြကို တစ္ခ်ိန္လုံး အြန္လိုင္းေပၚတင္ေနတဲ့အတြက္ ကိုယ္ဘာႀကိဳက္လဲဆိုတာကို Facebook က ကိုယ့္ထက္ေတာင္ ပိုသိေနေၾကာင္း ဆရာမဂ်ဴးက ေထာက္ျပၿပီး ဒီလိုမ်ိဳး တစ္ခ်ိန္လုံးလိုင္းေပၚ တင္ေနျခင္းက သတင္းေပါက္ၾကားမႈ ျဖစ္လာႏိုင္ေၾကာင္း သတိေပးသြားခဲ့တာပဲျဖစ္ပါတယ္။

စီးပြားေရး၊ လူမႈေရးစတဲ့အရာေတြမွာ လၽွိဳ႕ဝွက္သင့္ လၽွိဳ႕ဝွက္ထားအပ္တဲ့အရာေတြကို လိုင္းေပၚတင္မိလို႔ သတင္းေပါက္ၾကားမႈျဖစ္လာၿပီဆိုရင္ေတာ့ ဒါဟာ ကိုယ့္ကို လုပ္ႀကံတိုက္ခိုက္ဖို႔ ေခ်ာင္းေျမာင္းေနတဲ့ တစ္ဘက္လူရဲ႕ ေထာင္ေခ်ာက္ထဲ ကိုယ္ကိုယ္တိုင္ တိုးဝင္မိလိုက္သလို ျဖစ္သြားပါမယ္။ ဒီဂ်စ္တယ္ဗဟုသုတ၊ အြန္လိုင္းနည္းပညာနဲ႔ပတ္သက္ၿပီး အဘက္ဘက္က အားနည္းမႈရွိေနေသးတဲ့ ကၽြန္ေတာ္တို႔ေတြဆီမွာ မေျပာပါနဲ႔ဦး။ ဒီလူမႈကြန္ရက္ကို တည္ေထာင္ခဲ့တဲ့ မာ့ခ္ဇူကာဘတ္ေတာင္ Facebook ကေန သုံးစြဲသူ ေပါင္းမ်ားစြာရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ လုံၿခဳံမႈမရွိဘဲ ေပါက္ၾကားေစခဲ့တဲ့အတြက္ အေမရိကန္ကြန္ဂရက္ထိ သြားေရာက္ေျဖရွင္းခဲ့ရၿပီး သူကိုယ္တိုင္ ျပန္လည္ေတာင္း ပန္ခဲ့ရတဲ့အျဖစ္ ရွိခဲ့ပါတယ္။

ဟုတ္ကဲ့...ကမၻာႀကီးနဲ႔ အလ်င္အျမန္ ခ်ိတ္ဆက္ဖို႔အတြက္ Facebook လိုလူမႈကြန္ရက္ကို ကၽြန္ေတာ္တို႔ေတြ သုံးရပါလိမ့္မယ္။ ဒါေပမဲ့ Facebook ကို ဘဝလုပ္ၿပီး စြဲလမ္းေနမယ္ ဆိုရင္ေတာ့ အထက္မွာ ေျပာခဲ့တဲ့အခ်က္ေလးေတြကို ျပန္စဥ္းစားပါလို႔ တိုက္တြန္းလိုက္ပါရေစလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: YoYarLay


#Unicode Version#

ဒီကနေ့အချိန်မှာ နိုင်ငံကြီးသားတွေအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို Facebook သုံးစွဲသူဦးရေ ၂ ဘီလီယံထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ Social Media လို့ဆိုလိုက်တာနဲ့ Facebook ကိုပဲ ပြေးမြင်သူများနေသေးတဲ့ ကျွန်တော်တို့ဆီမှာလည်း တောရော မြို့ပါမကျန် လူမှုကွန်ရက်ယဉ်ကျေးမှုတစ်ခု ပေါက်ကွဲတိုးထွက်လာပြီး လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူဦးရေ ၁၈ သန်းကျော်ရှိကြောင်း၊ Facebook သုံးစွဲသူတွေထဲက ၈၅ ရာခိုင်နှုန်းဟာ အသက် ၁၈ နဲ့ ၄၄ နှစ်ကြားအရွယ်တွေဖြစ်ကြောင်း RFA သတင်းတစ်ရပ်မှာ မကြာသေးမီက ဖော်ပြခဲ့ပါတယ်။

၂ဝ၁၈ ခု၊ နိုဝင်ဘာ ၇ ရက်နေ့ထုတ် Daily Eleven သတင်းစာပါ သတင်းတစ်ပုဒ်မှာတော့ မြန်မာနိုင်ငံအတွင်း Facebook လူမှုကွန်ရက်သုံးစွဲသူဦးရေ သန်း ၂ဝ ထိရှိလာပြီး Facebook ဟာ အွန်လိုင်းသတင်းအချက်တွေ ရယူဖို့အတွက် အဓိကရင်းမြစ်တစ်ရပ်ဖြစ်လာတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ တစ်ကမ္ဘာလုံး Facebook နဲ့ အသားကျနေသလို ကမ္ဘာ့ရွာကြီးထဲက ရွာလေးတစ်ရွာဖြစ်တဲ့ ကျွန်တော်တို့ဆီမှာလည်း Facebook သုံးစွဲတာကို အပြစ်တစ်ခုလို့ မမြင်နိုင်ပါဘူး။ Facebook ဟာ နယ်ပယ်စုံအတွက် သတင်းရင်းမြစ်တစ်ခု ဖြစ်လာသလို တချို့ ကိုယ့်မိသားစု၊ အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာ၊ စိတ် ဖြေစရာတစ်ခုအနေနဲ့ သုံးစွဲကြသူတွေလည်း ရှိပါတယ်။ အနည်းဆုံးတော့ ကမ္ဘာကြီးနဲ့ အလျင်အမြန်ချိတ်ဆက်နိုင်ဖို့ ကျွန်တော်တို့တွေ Facebook သုံးပါတယ်။ဒါပေမဲ့ ဒီနေရာမှာ ရိုးရာလေးပရိသတ်တွေကို အဓိက ပြောချင်တာက ကျွန်တော်တို့ဆီမှာ လူမှုကွန်ရက် ဆိုရှယ်မီဒီယာကို ပျိုပျိုအိုအို အရွယ်မရွေး ချိတ်ဆက်သုံးစွဲ နေကြသည့်တိုင် ဒီဂျစ်တယ်ဗဟုသုတ နည်းပါးနေဆဲဖြစ်ပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အရှုပ်အထွေး ပြဿနာလေးတွေ ရှိနေတယ်ဆိုတဲ့အကြောင်းပါ။

'တန်ဆေး လွန်ဘေး'ဆိုသလို လူမှုကွန်ရက်ကို ကိုယ့်ဘဝတစ်ခုလို စွဲစွဲလမ်းလမ်းနဲ့ ထမင်းမေ့ဟင်းမေ့ သုံးဖြစ်နေပြီဆိုရင် ဘယ်လိုမျိုး ဆုံးရှုံးမှု၊ ဘေးထွက်ဆိုးကျိုး တွေ ဖြစ်ပေါ်လာနိုင်လဲ။ ပထမဆုံးအနေနဲ့ နေရာတကာမှာ ဒီဖုန်းတစ်လုံးကို ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာကြောင့် တချို့ လူမှုဝတ္တရားလေးတွေ ပျက်ယွင်းလာတတ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဥပမာအနေနဲ့ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာကြတဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေစုပြီး ဆိုင်တစ်ဆိုင်မှာ မိတ် ဆုံစားပွဲလေးတစ်ခု လုပ်ကြတယ်ဆိုပါစို့။ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ စားကြသောက်ကြရင်း စကားတွေဖောင်ဖွဲ့နေရမယ့်အစား အသံတွေတိတ်ပြီး ကိုယ့်ဖုန်းကိုပဲ သည်းကြီးမည်းကြီး ပွတ် နေကြတာမျိုး တွေ့ရတတ်ပါတယ်။ Facebook သုံးပြီး ကိုယ့်ဓာတ်ပုံ၊ ကိုယ့်အကြောင်းကိုပဲ ဗဟိုပြုမိနေတာများ လာရင်း ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ မေ့လျော့ဝေး ကွာလာသလိုပါပဲ။ ဒါဟာ သူငယ်ချင်း၊ မိသားစုဝင် အ ချင်းချင်း နွေးထွေးမှုနည်းပါးလာမှန်းမသိ နည်းပါးလာစေ တယ်လို့ မြင်ပါတယ်။

ဒီလိုအဖြစ်တွေကို မြင်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခုနောက်ပိုင်း ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးစွဲလာမှုနဲ့ပတ်သက်ပြီး 'မိသားစုဝင်တွေထဲမှာ တယ်လီဖုန်းတွေနဲ့ အချိန်ဖြုန်းပြီး လူလူချင်း ထိတွေ့ဆက်ဆံမှုနည်းပါးလာတဲ့ကိစ္စကို စိတ်ပူပါတယ်။ ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးစွဲမယ်ဆိုရင် လူသားတွေဟာ ကိုယ့်အဝန်းအဝိုင်းရဲ့ အပြင်ဘက်ကို ရောက်သွားပါတယ်။ မိသားစုဝင်တွေအချင်းချင်း ညစာစားရင်း စကားစမြည်ပြောမယ့်အစား အပြင်ကလူတွေနဲ့ ဆိုရှယ်မီဒီယာမှာ ချိတ်ဆက်နေမယ်ဆိုရင် ဒီကိစ္စဟာ သိပ်ကိုအန္တရာယ်ကြီးပါတယ်'လို့ ၂ဝ၁၈ ခု၊ ဩဂုတ်လထဲမှာ ဖွင့်ဟခဲ့တာပါ။ Facebook ရဲ့ ရိုက်ချက်ကြောင့် ပုပ်ရဟန်းမင်းကြီးတောင် မနေနိုင်မထိုင်နိုင် ဝင်ပြီး သတိပေးရတဲ့အထိပါပဲ။

အင်တာနက် သုံးနိုင်တဲ့ ဖုန်းဆင်းမ်ကတ်တွေ ဈေးပေါပေါနဲ့ လွယ်လွယ်ကူကူ ရရှိလာတာကြောင့် လူငယ်လူရွယ် အားလုံးနီးပါး လူမှုကွန်ရက် သုံးစွဲလာကြပြီဖြစ်ပေမဲ့ ဒီလို Facebook သုံးနေသူတွေထဲမှာ လုံလောက်တဲ့ ပညာအရည်အချင်း၊ အသိပညာ၊ ဗဟုသုတနဲ့ ဆင်ခြင်တုံတရား နည်းပါးသူတွေလည်း ပါဝင်နေပါတယ်။ တချို့ တောရွာဒေသတွေမှာဆိုရင် သူများဖွင့် ပေးတဲ့ Account တစ်ခုနဲ့ Facebook သုံးပြီး Password ရဲ့အဓိပ္ပာယ် ဘာလဲမသိသူတွေ ရှိသလို Security, Virus ဆိုတာတွေ လည်း သူတို့တွေ မသိကြပါဘူး။ ဒီအတွက် ဘေးထွက်ဆိုးကျိုးတစ်ခုအနေနဲ့ ပြဿနာရှိလာတာက ဒီနိုင်ငံမှာ လူမှုကွန်ရက်သုံးစွဲနေကြသူ အတော်များများဟာ ကိုယ့်လူမှုကွန်ရက်စာမျက်နှာပေါ်တက်လာတဲ့ အကြောင်းအရာတိုင်း၊ Post တိုင်းကို အမှန်ထင်နေကြတော့တာပါပဲ။

ကျွန်တော်တို့လူတွေဟာ အမြန်လမ်းမှာ ကားတစ်စင်း ဓာတ်ကြိုးတွေပေါ် တင်နေတယ်ဆိုလည်း ယုံလိုက်သလို၊ သင်းခွေကျပ်ကို ရေနဂါးလို့ ပြောပြီး ရိုက်ပြရင်လည်း Share လိုက်ကြတာပါပဲ။ အွန်လိုင်းပေါ်က သတင်းအမှား တွေကို အလွယ်တကူ ယုံကြည်နေကြသူတွေထဲမှာ ပညာ တတ် ဘွဲ့ရဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ အဲဒီကတစ်ဆင့် ပိုပြီး စိုးရိမ်ဖို့ကောင်းတာက တချို့ လူယုတ်မာတွေဟာ နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရ ဖြစ်စေ၊ တစ်ဘက်နဲ့တစ်ဘက် မလိုမုန်းထား ရန်မီးပွားမှု ကြောင့်ဖြစ်စေ သတင်းအမှား၊ ဝါဒဖြန့်ချိမှုအမှားတွေတင် ပြီး လူ့အဖွဲ့အစည်းကို ဒုက္ခပေးတတ်တာပါ။

လူမှုကွန်ရက်ပေါ်ကနေ တစ်ဘက်လူကို အယုံသွင်း၊ အကျပ်ကိုင်ပြီး ငွေကြေး လိမ်လည်မှုလုပ်တာ၊ ကာမလိမ်လည်ရယူမှုတွေလုပ်တာတွေလည်း ခုနောက်ပိုင်းမှာ မကြာခဏဆိုသလို ကြားလာခဲ့ရပါတယ်။ ဒီအတွက် Facebook သုံးစွဲသူများအနေနဲ့ သတင်း ဖြစ်ရပ်၊ အကြောင်းအရာတစ်ခု တွေ့ပြီဆိုရင် ဒီသတင်းဟာ မှန်ကန်မှု ရှိနိုင်/မရှိနိုင်၊ ဖြစ်နိုင်/မဖြစ်နိုင်ဆိုတာကို အရင်ဆုံး ကိုယ့်ရဲ့ဆင်ခြင်ဉာဏ်နဲ့ ချင့်ချိန်စဉ်းစားပြီး လူယုတ်မာ တွေ အယုံသွင်းတဲ့ နိုင်ငံရေးသတ်ကွင်း၊ လူမှုရေးသတ်ကွင်းတွေထဲ ရောက်မသွားအောင် သတိထား ရှောင်ရှားဖို့ လိုအပ်ပါတယ်။

ခုနောက်ပိုင်း Facebook သုံးစွဲသူများပြားလာတာနဲ့အမျှ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မကြာခဏကြားလာရတဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ လူမှုကွန်ရက် နောက်ဆက်တွဲ လူမှုရေးဖောက်ပြန်မှု အရှုပ်အထွေးပါ။ အိမ်ထောင်ရှိပြီးသား အမျိုးသားက သူ့ကိုယ်သူ လူပျို လူလွတ်လို့ပြောပြီး အွန်လိုင်းပေါ်က အလန်းဇယားလေးတွေကို အယုံသွင်းလှည့်ဖျားတာမျိုးတွေ ရှိသလို အိမ်မှာ ကျန်ခဲ့တဲ့ ကလေးနှစ်ယောက်အမေ အိမ်ရှင်မကလည်း သူ့ကိုသူ အပျိုစစ်စစ်ပါလို့ပြော၊ Facebook ကတစ်ဆင့် အွန်လိုင်းချစ်သူထားပြီး စိတ်ထွက်ပေါက်ရှာတဲ့ လုပ်ရပ်တွေ ရှိလာပါတယ်။ တချို့ အမျိုးသမီးတွေကျတော့လည်း လိုင်းပေါ်ကနေ ပြောတာပဲ၊ လိုင်းပေါ်ကနေပြတာပဲဆိုပြီး တစ်ဘက်လူကို စကားတွေကျွံ၊ အပြတွေလွန်ပြီးမှ တစ်ဘက်က အကြံသမားက ခြိမ်းခြောက် ငွေညှစ်တဲ့အဖြစ်တွေလည်း ကြုံရတတ်ပါတယ်။ အဲဒီလိုမျိုး အွန်လိုင်းထောင်ချောက်မိပြီး အရှက်တကွဲ အကျိုးနည်း ဒုက္ခရောက်ကြရသူတွေထဲမှာ ဘုန်းကြီး ရဟန်းတချို့တောင် ပါဝင်လာကြပါတယ်။

စားသောက်ဆိုင်ထဲရောက်လည်း Facebook တင်၊ ဘတ်စ်ကားပေါ်ရောက်လည်း Facebook တင်၊ ကိုယ့် ရည်းစားနဲ့ ပလူးပလဲလုပ်တာကအစ Facebook ပေါ် တင် လိုက်ရမှ ခေတ်မီတယ်ထင်နေကြတဲ့ ကိုကိုတင်၊ မမတင် တို့ကို နောက်ဆုံးတစ်ချက်အနေနဲ့ သတိပေးချင်တာလေး ရှိပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ နိုင်ငံကျော်စာရေးဆရာ မ ဂျူးပြောသွားတဲ့ 'လူမှုကွန်ရက်နဲ့ သတင်းပေါက်ကြားမှုအန္တရာယ်' အကြောင်းပါ။ ကိုယ်ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားလည်ပတ်မှုကအစ ကိုယ် ကြိုက်တတ်တဲ့ အစားအစာ၊ ကိုယ့်ဝါသနာတွေကို တစ်ချိန်လုံး အွန်လိုင်းပေါ်တင်နေတဲ့အတွက် ကိုယ်ဘာကြိုက်လဲဆိုတာကို Facebook က ကိုယ့်ထက်တောင် ပိုသိနေကြောင်း ဆရာမဂျူးက ထောက်ပြပြီး ဒီလိုမျိုး တစ်ချိန်လုံးလိုင်းပေါ် တင်နေခြင်းက သတင်းပေါက်ကြားမှု ဖြစ်လာနိုင်ကြောင်း သတိပေးသွားခဲ့တာပဲဖြစ်ပါတယ်။

စီးပွားရေး၊ လူမှုရေးစတဲ့အရာတွေမှာ လျှို့ဝှက်သင့် လျှို့ဝှက်ထားအပ်တဲ့အရာတွေကို လိုင်းပေါ်တင်မိလို့ သတင်းပေါက်ကြားမှုဖြစ်လာပြီဆိုရင်တော့ ဒါဟာ ကိုယ့်ကို လုပ်ကြံတိုက်ခိုက်ဖို့ ချောင်းမြောင်းနေတဲ့ တစ်ဘက်လူရဲ့ ထောင်ချောက်ထဲ ကိုယ်ကိုယ်တိုင် တိုးဝင်မိလိုက်သလို ဖြစ်သွားပါမယ်။ ဒီဂျစ်တယ်ဗဟုသုတ၊ အွန်လိုင်းနည်းပညာနဲ့ပတ်သက်ပြီး အဘက်ဘက်က အားနည်းမှုရှိနေသေးတဲ့ ကျွန်တော်တို့တွေဆီမှာ မပြောပါနဲ့ဦး။ ဒီလူမှုကွန်ရက်ကို တည်ထောင်ခဲ့တဲ့ မာ့ခ်ဇူကာဘတ်တောင် Facebook ကနေ သုံးစွဲသူ ပေါင်းများစွာရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံမှုမရှိဘဲ ပေါက်ကြားစေခဲ့တဲ့အတွက် အမေရိကန်ကွန်ဂရက်ထိ သွားရောက်ဖြေရှင်းခဲ့ရပြီး သူကိုယ်တိုင် ပြန်လည်တောင်း ပန်ခဲ့ရတဲ့အဖြစ် ရှိခဲ့ပါတယ်။

ဟုတ်ကဲ့...ကမ္ဘာကြီးနဲ့ အလျင်အမြန် ချိတ်ဆက်ဖို့အတွက် Facebook လိုလူမှုကွန်ရက်ကို ကျွန်တော်တို့တွေ သုံးရပါလိမ့်မယ်။ ဒါပေမဲ့ Facebook ကို ဘဝလုပ်ပြီး စွဲလမ်းနေမယ် ဆိုရင်တော့ အထက်မှာ ပြောခဲ့တဲ့အချက်လေးတွေကို ပြန်စဉ်းစားပါလို့ တိုက်တွန်းလိုက်ပါရစေလား။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top