(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မူးယစ္ေဆးဝါး ေရာင္းဝယ္မႈျဖင့္ စြဲခ်က္တင္ စစ္ေဆးေနေသာ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ အပါအဝင္ သုံးဦး၏အမႈကို ႏိုဝင္ဘာလ ၂၇ ရက္ေန႔တြင္ အၿပီးသတ္စီရင္ခ်က္ အမိန္႔ခ်မွတ္မည္ျဖစ္ေၾကာင္း အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးထံမွ စုံစမ္းသိရွိရသည္။

ယင္းအမႈကို စစ္ေဆးေနသည္မွာ ၂ ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီး တရားလိုျပသက္ေသ ၁၄ ဦးႏွင့္ တရားစြဲဆိုခံရသူ မိုးေအာင္ရင္ အပါအဝင္ သုံးဦး၊ တရားခံျပသက္ေသ ၁၆ ဦးတို႔ကို စစ္ေဆးခဲ့သည္။

မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/ ၁၉(က)ျဖင့္ စြဲခ်က္တင္ စစ္ေဆးခံရသူ သုံးဦးမွာ သ႐ုပ္ေဆာင္ မိုးေအာင္ရင္၊ ဘုန္းျမင့္ေအာင္ (ခ) ေဒးဗစ္ႏွင့္ လူလူသန္းဦးတို႔ျဖစ္ၿပီး အဆိုပါအမႈျဖစ္စဥ္မွာ ၂၀၁၆ ခုႏွစ္ ဩဂုတ္လ ၂၉ ရက္ နံနက္အေစာပိုင္းက ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ ခ်စ္သူမိန္းကေလး၏ေနအိမ္ထံ ေရာက္ရွိေနသူ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ယင္းေနာက္ တာေမြၿမိဳ႕နယ္အတြင္းရွိ မိုးေအာင္ရင္ ငွားရမ္းေနထိုင္ေသာတိုက္ခန္းကို ဝင္ေရာက္ စစ္ေဆးခဲ့ရာမွ ၎၏သူငယ္ခ်င္းမ်ားျဖစ္ေသာ ဘုန္းျမင့္ေအာင္ (ခ) ေဒးဗစ္ႏွင့္ လူလူသန္းဦးတို႔ကို ေတြ႔ရွိခဲ့ၿပီး ယင္းတိုက္ခန္းထဲရွိ မူးယစ္ေဆးဝါးမ်ားကို ထပ္မံ သိမ္းဆည္းရမိခဲ့သည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္ ၎တို႔သုံးဦးကို စြဲခ်က္တင္ စစ္ေဆးေနသည့္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မႏွစ္ခုမွ ၁၉ (က) မွာ အနည္းဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၁၀ ႏွစ္မွ ႏွစ္အကန္႔အသတ္မရွိ ေထာင္ဒဏ္က်ခံေစရန္ အမိန္႔ခ်မွတ္ႏိုင္ေၾကာင္း ဥပေဒအသိုင္းအဝိုင္းထံမွ သိရသည္။

စြဲခ်က္တင္ခံရသည့္ က်န္မူးယစ္ပုဒ္မ ၁၅ မွာ ၂၀၁၈ ခုႏွစ္၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒကို ျပင္ဆင္ခ်က္အရ လူမႈအက်ိဳးျပဳ လုပ္ငန္းမ်ားျဖစ္သည့္ သစ္ပင္ပန္းမန္စိုက္ပ်ိဳးျခင္း၊ သန္႔ရွင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊ လမ္းတံတားမ်ား ျပဳျပင္ျခင္း၊ လူမႈေရးအဖြဲ႔မ်ားႏွင့္ ပူးေပါင္း၍ အက်ိဳးျပဳလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း စသည့္လုပ္ငန္းမ်ားကို ႀကီးၾကပ္သူမ်ား ေရွ႕ေမွာက္၌ ႏွိမ့္ခ်ျခင္း၊ ခြဲျခားဆက္ဆံျခင္း သေဘာမသက္ေရာက္သည့္ သတ္မွတ္ထားေသာ ဝတ္စုံကို ဝတ္ဆင္လ်က္ တစ္ရက္ ၂ နာရီျဖင့္ အနည္းဆုံးနာရီ ၂၄၀ မွ အမ်ားဆုံးနာရီ ၃၆၀ အထိ ကိုယ္တိုင္လုပ္အားျဖင့္ အခမဲ့ လုပ္ကိုင္ေဆာင္႐ြက္ရမည္ျဖစ္သည္။

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို စြဲခ်က္တင္စစ္ေဆးေနသည့္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးတြင္ အဆိုေတာ္ ေ႐ႊထိုက္တို႔ ဇနီးေမာင္ႏွံကိုလည္း မူးယစ္ေဆးဝါး ေရာင္းခ်မႈ ပုဒ္မ ၂၀ (က) ျဖင့္ တရားစြဲထားၿပီး ယင္းပုဒ္မွာ အနည္းဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၁၅ ႏွစ္မွ အျမင့္ဆုံးျပစ္ဒဏ္ ေသဒဏ္အထိ ခ်မွတ္ႏိုင္ေၾကာင္း သိရသည္။

အလားတူ အႏုပညာေလာကမွ ဒါ႐ိုက္တာ မိုက္တီးမွာလည္း WY ေဆးျပား ၂၆ ျပားႏွင့္အတူ ဖမ္းဆီးခံရေသာေၾကာင့္ တာေမြၿမိဳ႕နယ္တရား႐ုံးတြင္ တရားစြဲဆိုခံထားရၿပီး အဆိုေတာ္ ရသမွာလည္း မူးယစ္အမႈျဖင့္ မႏၲေလးတြင္ ဖမ္းဆီးခံထားရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် စွဲချက်တင် စစ်ဆေးနေသော သရုပ်ဆောင် မိုးအောင်ရင် အပါအဝင် သုံးဦး၏အမှုကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ်စီရင်ချက် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအမှုကို စစ်ဆေးနေသည်မှာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီး တရားလိုပြသက်သေ ၁၄ ဦးနှင့် တရားစွဲဆိုခံရသူ မိုးအောင်ရင် အပါအဝင် သုံးဦး၊ တရားခံပြသက်သေ ၁၆ ဦးတို့ကို စစ်ဆေးခဲ့သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉(က)ဖြင့် စွဲချက်တင် စစ်ဆေးခံရသူ သုံးဦးမှာ သရုပ်ဆောင် မိုးအောင်ရင်၊ ဘုန်းမြင့်အောင် (ခ) ဒေးဗစ်နှင့် လူလူသန်းဦးတို့ဖြစ်ပြီး အဆိုပါအမှုဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၉ ရက် နံနက်အစောပိုင်းက ပုဇွန်တောင်မြို့နယ်ရှိ ချစ်သူမိန်းကလေး၏နေအိမ်ထံ ရောက်ရှိနေသူ သရုပ်ဆောင် မိုးအောင်ရင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ယင်းနောက် တာမွေမြို့နယ်အတွင်းရှိ မိုးအောင်ရင် ငှားရမ်းနေထိုင်သောတိုက်ခန်းကို ဝင်ရောက် စစ်ဆေးခဲ့ရာမှ ၎င်း၏သူငယ်ချင်းများဖြစ်သော ဘုန်းမြင့်အောင် (ခ) ဒေးဗစ်နှင့် လူလူသန်းဦးတို့ကို တွေ့ရှိခဲ့ပြီး ယင်းတိုက်ခန်းထဲရှိ မူးယစ်ဆေးဝါးများကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ၎င်းတို့သုံးဦးကို စွဲချက်တင် စစ်ဆေးနေသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနှစ်ခုမှ ၁၉ (က) မှာ အနည်းဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ်မှ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံစေရန် အမိန့်ချမှတ်နိုင်ကြောင်း ဥပဒေအသိုင်းအဝိုင်းထံမှ သိရသည်။

စွဲချက်တင်ခံရသည့် ကျန်မူးယစ်ပုဒ်မ ၁၅ မှာ ၂၀၁၈ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်ချက်အရ လူမှုအကျိုးပြု လုပ်ငန်းများဖြစ်သည့် သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းတံတားများ ပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်း၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြီးကြပ်သူများ ရှေ့မှောက်၌ နှိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း သဘောမသက်ရောက်သည့် သတ်မှတ်ထားသော ဝတ်စုံကို ဝတ်ဆင်လျက် တစ်ရက် ၂ နာရီဖြင့် အနည်းဆုံးနာရီ ၂၄၀ မှ အများဆုံးနာရီ ၃၆၀ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်သည်။

သရုပ်ဆောင် မိုးအောင်ရင်ကို စွဲချက်တင်စစ်ဆေးနေသည့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် အဆိုတော် ရွှေထိုက်တို့ ဇနီးမောင်နှံကိုလည်း မူးယစ်ဆေးဝါး ရောင်းချမှု ပုဒ်မ ၂၀ (က) ဖြင့် တရားစွဲထားပြီး ယင်းပုဒ်မှာ အနည်းဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၅ နှစ်မှ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

အလားတူ အနုပညာလောကမှ ဒါရိုက်တာ မိုက်တီးမှာလည်း WY ဆေးပြား ၂၆ ပြားနှင့်အတူ ဖမ်းဆီးခံရသောကြောင့် တာမွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရပြီး အဆိုတော် ရသမှာလည်း မူးယစ်အမှုဖြင့် မန္တလေးတွင် ဖမ်းဆီးခံထားရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top