(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မရမ္းကုန္းၿမိဳ႕နယ္တြင္ ေနထိုင္သူ အမ်ိဳးသမီး၏ ဘဏ္အေကာင့္ထဲရွိ ေငြမ်ားထဲမွ က်ပ္သိန္း ၈၀ ကို ဆက္သြယ္ေရး ကြန္ရက္အသံုးျပဳ၍ လႊဲေျပာင္းခိုးယူသြားေသာ ဘဏ္အေကာင့္ပိုင္ရွင္ကို ႏိုဝင္ဘာလ ၂၀ ရက္ ညပိုင္းက ဗဟန္းၿမိဳ႕မရဲစခန္းတြင္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဂ) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဘဏ္အေကာင့္ထဲရွိ ေငြမ်ားေပ်ာက္ဆံုးခဲ့သူအမ်ိဳးသမီးမွာ ဗဟန္းၿမိဳ႕နယ္၊ ကမၻာေအးဘုရားလမ္းရွိ ဧရာဝတီဘဏ္ (ႏွင္းဆီကုန္းဘဏ္ခြဲ) တြင္ ဘဏ္အေကာင့္ဖြင့္၍ ေငြက်ပ္ သိန္း ၁၅၀ ထည့္သြင္းထားၿပီးေနာက္ ယခုႏွစ္ ေအာက္တိုဘာလ ၁၇ ရက္ေန႔က အေကာင့္ထဲရွိ ေငြမ်ား ျပန္စစ္ရာ ေအးနႏၵာထြန္း ဘဏ္အေကာင့္ပိုင္ရွင္အမည္ျဖင့္ ဖြင့္လွစ္ထားသည့္ အေကာင့္နံပါတ္မွ ၎၏ေငြမ်ားကို အႀကိမ္ႀကိမ္လႊဲေျပာင္းရယူသြားေၾကာင္း သိရွိခဲ့ရသည္။

“ဘဏ္အေကာင့္ထဲမွာရွိတဲ့ ေငြေတြခိုးယူခံရေၾကာင္း အမ်ိဳးသမီးက ဘဏ္ကို လာအသိေပးတယ္။ ရဲစခန္းမွာ အမႈသြားမဖြင့္ပါနဲ႔ဦး၊ ဘဏ္က ဒီကိစၥကို စိစစ္ေပးမယ္ေျပာလို႔ သူကလည္း အမႈလာမဖြင့္ခဲ့ဘူး။ ဒီလ ၁၂ ရက္ေန႔က်မွ ဘဏ္က တာဝန္ရွိသူေတြနဲ႔ေတြ႔ဆံုၾကၿပီး ေငြေပ်ာက္တဲ့ကိစၥက ဘဏ္အေနနဲ႔ မွားယြင္းတာ မဟုတ္ဘူး။ ဆက္သြယ္ေရးကြန္ရက္အသံုးျပဳၿပီး အေကာင့္ထဲမွာရွိတဲ့ေငြေတြ လႊဲေျပာင္းခိုးယူသြားတာလို႔ ေျပာျပတာေၾကာင့္ ေငြေတြေပ်ာက္ဆံုးခဲ့သူ အမ်ိဳးသမီးက ရဲစခန္းမွာ လာၿပီးအမႈဖြင့္တိုင္ၾကားလာတာပါ” ဟု ရဲအရာရွိက ရွင္းျပသည္။

အဆိုပါဘဏ္အေကာင့္ထဲရွိ က်ပ္သိန္း ၈၀ ကို ဆက္သြယ္ေရးကြန္ရက္ အသံုးျပဳလႊဲေျပာင္းရယူသြားေသာ ေအးနႏၵာထြန္း ဘဏ္အေကာင့္ပိုင္ရွင္ကို ေဖာ္ထုတ္အေရးယူႏိုင္ရန္ စံုစမ္းေဆာင္႐ြက္ေနဆဲျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသမီး၏ ဘဏ်အကောင့်ထဲရှိ ငွေများထဲမှ ကျပ်သိန်း ၈၀ ကို ဆက်သွယ်ရေး ကွန်ရက်အသုံးပြု၍ လွှဲပြောင်းခိုးယူသွားသော ဘဏ်အကောင့်ပိုင်ရှင်ကို နိုဝင်ဘာလ ၂၀ ရက် ညပိုင်းက ဗဟန်းမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဘဏ်အကောင့်ထဲရှိ ငွေများပျောက်ဆုံးခဲ့သူအမျိုးသမီးမှာ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဧရာဝတီဘဏ် (နှင်းဆီကုန်းဘဏ်ခွဲ) တွင် ဘဏ်အကောင့်ဖွင့်၍ ငွေကျပ် သိန်း ၁၅၀ ထည့်သွင်းထားပြီးနောက် ယခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က အကောင့်ထဲရှိ ငွေများ ပြန်စစ်ရာ အေးနန္ဒာထွန်း ဘဏ်အကောင့်ပိုင်ရှင်အမည်ဖြင့် ဖွင့်လှစ်ထားသည့် အကောင့်နံပါတ်မှ ၎င်း၏ငွေများကို အကြိမ်ကြိမ်လွှဲပြောင်းရယူသွားကြောင်း သိရှိခဲ့ရသည်။

“ဘဏ်အကောင့်ထဲမှာရှိတဲ့ ငွေတွေခိုးယူခံရကြောင်း အမျိုးသမီးက ဘဏ်ကို လာအသိပေးတယ်။ ရဲစခန်းမှာ အမှုသွားမဖွင့်ပါနဲ့ဦး၊ ဘဏ်က ဒီကိစ္စကို စိစစ်ပေးမယ်ပြောလို့ သူကလည်း အမှုလာမဖွင့်ခဲ့ဘူး။ ဒီလ ၁၂ ရက်နေ့ကျမှ ဘဏ်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံကြပြီး ငွေပျောက်တဲ့ကိစ္စက ဘဏ်အနေနဲ့ မှားယွင်းတာ မဟုတ်ဘူး။ ဆက်သွယ်ရေးကွန်ရက်အသုံးပြုပြီး အကောင့်ထဲမှာရှိတဲ့ငွေတွေ လွှဲပြောင်းခိုးယူသွားတာလို့ ပြောပြတာကြောင့် ငွေတွေပျောက်ဆုံးခဲ့သူ အမျိုးသမီးက ရဲစခန်းမှာ လာပြီးအမှုဖွင့်တိုင်ကြားလာတာပါ” ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါဘဏ်အကောင့်ထဲရှိ ကျပ်သိန်း ၈၀ ကို ဆက်သွယ်ရေးကွန်ရက် အသုံးပြုလွှဲပြောင်းရယူသွားသော အေးနန္ဒာထွန်း ဘဏ်အကောင့်ပိုင်ရှင်ကို ဖော်ထုတ်အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top