(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ယာဥ္သြားလာမႈကို အလိုအေလ်ာက္ ထိန္းခ်ဳပ္ေပးႏိုင္သည့္ ဩစေၾတးလ်ႏိုင္ငံထုတ္ ကြန္ပ်ဴတာစနစ္သံုး Sydney Coordinated Adaptive Traffic System (SCATS) မီးပြိဳင့္မ်ား မႏၲေလးၿမိဳ႕ေတာ္ရွိ လမ္းဆံု ၁၈ ခုတြင္ ထပ္မံတပ္ဆင္ရန္ က်ပ္သန္းတစ္ေသာင္းေက်ာ္ အသံုးျပဳမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ျပန္ၾကားေရးတာဝန္ခံ ဦးေက်ာ္ဆန္းျမင့္က ေျပာၾကားသည္။

အဆိုပါမီးပြိဳင့္မ်ားသည္ လမ္းေပၚတြင္ သြားလာေနေသာ ယာဥ္အေရအတြက္ေပၚမူတည္ကာ အလိုအေလ်ာက္ ထိန္းညႇိေပးႏိုင္ၿပီး ႏိုင္ငံေပါင္း ၁၆၈ ႏိုင္ငံတြင္ အသံုးျပဳေနေၾကာင္း၊ ယင္း မီးပြိဳင့္မ်ားကို ယခုဘ႑ာႏွစ္အတြင္း တပ္ဆင္မည္ျဖစ္ေၾကာင္း ၎က ေျပာဆိုသည္။

SCATS စနစ္သံုး မီးပြိဳင့္ဆိုသည္မွာ ယာဥ္ေၾကာက်ပ္တည္းမႈ မျဖစ္ေစရန္ လမ္းရွင္းေပးႏိုင္ၿပီး မီးစိမ္းေနေသးေသာ္လည္း ျဖတ္သန္းသြားလာမည့္ ယာဥ္မရွိပါက ေနာက္ဆံုးျဖတ္သြားေသာ ယာဥ္ေနာက္ပိုင္း ငါးစကၠန္႔အတြင္း အျခားတစ္ဖက္မွ ယာဥ္မ်ားသြားလာႏိုင္ရန္ အလိုအေလ်ာက္ ထိန္းညႇိေပးေသာစနစ္ ျဖစ္သည္။


အဆိုပါမီးပြိဳင့္မ်ားကို ၆၆ လမ္းႏွင့္ ၁၉ လမ္းဆံု၊ ၇၃ လမ္းႏွင့္ ၃၈ လမ္းဆံု၊ လမ္း ၈၀ တစ္ေလွ်ာက္ရွိ ၁၂ လမ္း၊ ၁၉ လမ္း၊ ၂၂ လမ္း၊ လမ္း ၃၀၊ ၃၂ လမ္း ႏွင့္ ၃၈ လမ္းရွိလမ္းဆံုမ်ား၊ ၈၁ လမ္းရွိတြင္ ၂၈ လမ္းႏွင့္ ၃၁ လမ္းရွိ လမ္းဆံုမ်ား၊ ၈၁ လမ္းတြင္ ၂၉ လမ္းႏွင့္ ၃၂ လမ္းရွိ လမ္းဆံုမ်ား၊ ၈၃ လမ္းတြင္ ၂၈ လမ္းႏွင့္ ၃၁ လမ္းရွိ လမ္းဆံုမ်ား၊ ၈၄ လမ္းတြင္ ၃၁ လမ္းလမ္းဆံု၊ သိပၸံလမ္းတြင္ လမ္း ၆၀၊ ၅၆ လမ္းႏွင့္ ၆၈ လမ္းရွိ လမ္းဆံုမ်ားတြင္ တပ္ဆင္မည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္အေဆာက္အအံုႏွင့္ ကုန္႐ံုဌာနထံမွ သိရသည္။

လက္ရွိတြင္ ၿမိဳ႕တြင္းရွိ အဓိက လမ္းမႀကီးမ်ားျဖစ္ေသာ သိပၸံလမ္း၊ ၁၂ လမ္း၊ ၂၆ လမ္း၊ လမ္း ၃၀၊ ၃၅ လမ္းႏွင့္ ၇၈ လမ္းတစ္ေလွ်ာက္၌ အလိုအေလ်ာက္ထိန္းခ်ဳပ္ေပးႏိုင္ေသာ မီးပြိဳင့္ ၃၂ ခု တပ္ဆင္ထားၿပီး စီစီတီဗီကင္မရာ ၂၇၆ လံုးျဖင့္ ခ်ိတ္ဆက္အသံုးျပဳေနေၾကာင္း၊ မီးပြိဳင့္မ်ားမွ ရရွိလာေသာ မွတ္တမ္းမ်ားသည္ ၿမိဳ႕ေတာ္စည္ပင္ရွိ ဗဟိုထိန္းခ်ဳပ္ ခန္းႏွင့္ ခ်ိတ္ဆက္ထားရာ လမ္းမ်ားေပၚ ျဖတ္သန္းသြားေသာ ယာဥ္မ်ားကို ဓာတ္ပံုသာမက ဗီဒီယိုျဖင့္ပါ မွတ္တမ္းတင္ေပးေၾကာင္း၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ ေမာ္ေတာ္ယာဥ္မ်ား စည္းကမ္းေဖာက္ဖ်က္ပါက စည္းကမ္းေဖာက္ဖ်က္ခဲ့သည့္ေနရာ၊ အခ်ိန္၊ ယာဥ္နံပါတ္၊ ယာဥ္သြားရာလမ္းေၾကာင္းမ်ားႏွင့္ မႈခင္းျဖစ္ပြားရာတြင္ ပါဝင္သူ၏ ပံုသဏၭာန္ကိုလည္း သိရွိႏိုင္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္ ရဲတပ္ဖြဲ႔မွဴးရဲမွဴး ျငိမ္းခ်မ္းေအာင္က ျဖည့္စြက္ေျပာၾကားသည္။

ယခုႏွစ္ ဇူလိုင္လကစတင္အသံုးျပဳခဲ့သည့္ SCATS စနစ္သံုး မီးပြိဳင့္မ်ားမွေန၍ မႈခင္းျဖစ္ပြားသည့္ မွတ္တမ္းကို ၾကည့္႐ႈေျဖရွင္းခဲ့ရေသာ အမႈ ၇၉ မႈ ရွိေၾကာင္း အေဆာက္အအံုႏွင့္ ကုန္႐ံုဌာနမွတ္တမ္းမ်ားအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version#

ယာဉ်သွားလာမှုကို အလိုအလျောက် ထိန်းချုပ်ပေးနိုင်သည့် ဩစတြေးလျနိုင်ငံထုတ် ကွန်ပျူတာစနစ်သုံး Sydney Coordinated Adaptive Traffic System (SCATS) မီးပွိုင့်များ မန္တလေးမြို့တော်ရှိ လမ်းဆုံ ၁၈ ခုတွင် ထပ်မံတပ်ဆင်ရန် ကျပ်သန်းတစ်သောင်းကျော် အသုံးပြုမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

အဆိုပါမီးပွိုင့်များသည် လမ်းပေါ်တွင် သွားလာနေသော ယာဉ်အရေအတွက်ပေါ်မူတည်ကာ အလိုအလျောက် ထိန်းညှိပေးနိုင်ပြီး နိုင်ငံပေါင်း ၁၆၈ နိုင်ငံတွင် အသုံးပြုနေကြောင်း၊ ယင်း မီးပွိုင့်များကို ယခုဘဏ္ဍာနှစ်အတွင်း တပ်ဆင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

SCATS စနစ်သုံး မီးပွိုင့်ဆိုသည်မှာ ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရန် လမ်းရှင်းပေးနိုင်ပြီး မီးစိမ်းနေသေးသော်လည်း ဖြတ်သန်းသွားလာမည့် ယာဉ်မရှိပါက နောက်ဆုံးဖြတ်သွားသော ယာဉ်နောက်ပိုင်း ငါးစက္ကန့်အတွင်း အခြားတစ်ဖက်မှ ယာဉ်များသွားလာနိုင်ရန် အလိုအလျောက် ထိန်းညှိပေးသောစနစ် ဖြစ်သည်။


အဆိုပါမီးပွိုင့်များကို ၆၆ လမ်းနှင့် ၁၉ လမ်းဆုံ၊ ၇၃ လမ်းနှင့် ၃၈ လမ်းဆုံ၊ လမ်း ၈၀ တစ်လျှောက်ရှိ ၁၂ လမ်း၊ ၁၉ လမ်း၊ ၂၂ လမ်း၊ လမ်း ၃၀၊ ၃၂ လမ်း နှင့် ၃၈ လမ်းရှိလမ်းဆုံများ၊ ၈၁ လမ်းရှိတွင် ၂၈ လမ်းနှင့် ၃၁ လမ်းရှိ လမ်းဆုံများ၊ ၈၁ လမ်းတွင် ၂၉ လမ်းနှင့် ၃၂ လမ်းရှိ လမ်းဆုံများ၊ ၈၃ လမ်းတွင် ၂၈ လမ်းနှင့် ၃၁ လမ်းရှိ လမ်းဆုံများ၊ ၈၄ လမ်းတွင် ၃၁ လမ်းလမ်းဆုံ၊ သိပ္ပံလမ်းတွင် လမ်း ၆၀၊ ၅၆ လမ်းနှင့် ၆၈ လမ်းရှိ လမ်းဆုံများတွင် တပ်ဆင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။

လက်ရှိတွင် မြို့တွင်းရှိ အဓိက လမ်းမကြီးများဖြစ်သော သိပ္ပံလမ်း၊ ၁၂ လမ်း၊ ၂၆ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်းနှင့် ၇၈ လမ်းတစ်လျှောက်၌ အလိုအလျောက်ထိန်းချုပ်ပေးနိုင်သော မီးပွိုင့် ၃၂ ခု တပ်ဆင်ထားပြီး စီစီတီဗီကင်မရာ ၂၇၆ လုံးဖြင့် ချိတ်ဆက်အသုံးပြုနေကြောင်း၊ မီးပွိုင့်များမှ ရရှိလာသော မှတ်တမ်းများသည် မြို့တော်စည်ပင်ရှိ ဗဟိုထိန်းချုပ် ခန်းနှင့် ချိတ်ဆက်ထားရာ လမ်းများပေါ် ဖြတ်သန်းသွားသော ယာဉ်များကို ဓာတ်ပုံသာမက ဗီဒီယိုဖြင့်ပါ မှတ်တမ်းတင်ပေးကြောင်း၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စည်းကမ်းဖောက်ဖျက်ပါက စည်းကမ်းဖောက်ဖျက်ခဲ့သည့်နေရာ၊ အချိန်၊ ယာဉ်နံပါတ်၊ ယာဉ်သွားရာလမ်းကြောင်းများနှင့် မှုခင်းဖြစ်ပွားရာတွင် ပါဝင်သူ၏ ပုံသဏ္ဌာန်ကိုလည်း သိရှိနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင် ရဲတပ်ဖွဲ့မှူးရဲမှူး ငြိမ်းချမ်းအောင်က ဖြည့်စွက်ပြောကြားသည်။

ယခုနှစ် ဇူလိုင်လကစတင်အသုံးပြုခဲ့သည့် SCATS စနစ်သုံး မီးပွိုင့်များမှနေ၍ မှုခင်းဖြစ်ပွားသည့် မှတ်တမ်းကို ကြည့်ရှုဖြေရှင်းခဲ့ရသော အမှု ၇၉ မှု ရှိကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှတ်တမ်းများအရ သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top