ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ႏိုင္ငံတကာတြင္ ထိုင္ၿပီးအလုပ္လုပ္ျခင္းထက္ မတ္တတ္ရပ္ၿပီး အလုပ္လုပ္ျခင္း၏ ရလဒ္မ်ားကို ဆန္းစစ္ေနၾကၿပီျဖစ္သည္။ မတ္တတ္ရပ္ၿပီး အလုပ္လုပ္ျခင္းက အလုပ္ပိုတြင္ၿပီး ၿပီးေျမာက္ႏိုင္စြမ္းလည္း ပိုမ်ားသည္ဟုဆိုသည္။ ေန႔တစ္ေန႔တာတြင္ ႐ံုးအလုပ္တို႔ကို ထိုင္လုပ္ရသည့္ အလုပ္မ်ားဟုသာ နားလည္ၾကသည္။ မတ္တတ္ရပ္လုပ္လွ်င္ ဘာျဖစ္မည္နည္း။

လူတစ္ေယာက္ တစ္ေန႔မည္မွ်ၾကာေအာင္ ထိုင္လုပ္ႏိုင္သနည္း။ လူေတြ တစ္ဦးႏွင့္တစ္ဦး စကားေျပာမည္ ဆိုလွ်င္ “ထိုင္ေလ” ဆိုကာ ထိုင္ခိုင္းၿပီးမွ စကားေျပာၾကသည္က မ်ားသည္။ ထိုင္ၿပီး စကားေျပာေနလွ်င္ မၾကားခ်င္သည္ကိုလည္း ၾကားရမည္၊ နားမေထာင္ခ်င္သည္ကိုလည္း နားေထာင္ရမည္။ ေျပာသူက အခ်ိန္အၾကာႀကီး ေျပာေကာင္းေကာင္းေျပာမည္။ ေလာကက်င့္ ဝတ္မ်ားအရ နားေထာင္ေနရေသာ္လည္း စိတ္ထဲက အျပစ္တင္ေကာင္းတင္ေနမည္။ မတ္တတ္ရပ္ၿပီး ေျပာေနလွ်င္ အေရးႀကီးသည့္ကိစၥ သူ႔တြင္ရွိႏိုင္သလို ကိုယ့္ထံတြင္လည္း ရွိႏိုင္သည္။ မထိုင္အားဘူးဆိုသည့္သေဘာ ျဖစ္သည္။ ေနာက္ပိုင္းတြင္ အေရးႀကီးသည့္ တစ္ခုခု ရွိေနသည္ကို ျပဆိုျခင္းလည္း ျဖစ္ သည္။ သေဘာမွာ လုပ္ငန္းခြင္တြင္ မတ္တတ္ရပ္ၿပီး ေျပာျခင္းမွာ အေရးႀကီးသည့္ကိစၥမ်ား ရွိေသာေၾကာင့္ ျမန္ျမန္ေျပာဆိုသည့္သေဘာျဖစ္သည္။

မတ္တတ္ထၿပီး စကားေျပာျခင္းကို ႐ိုင္းသည္ဟု မထင္ၾကပါ။ မတ္ တတ္ရပ္ခိုင္းထားျခင္းက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္လည္း ျဖစ္ႏိုင္သည္။ ဥပမာ အလုပ္ရွင္ သို႔မဟုတ္ ကိုယ့္အထက္အရာရွိက ေခၚေတြ႔သည္။ သူက စားပြဲတြင္ထိုင္ၿပီး စာေရးေနသည္။ ကိုယ္ဝင္လာသည္ကိုေတြ႔သည္။ သူက မထိုင္ခိုင္းလွ်င္ ေျပာစရာရွိလွ်င္ သူလည္း ျမန္ျမန္ေျပာမည္၊ ကိုယ္လည္း ျမန္ျမန္ ေျပာစရာရွိသည္ကို ေျပာဆိုသည့္သေဘာ သက္ေရာက္သည္။

အခန္းထဲဝင္လိုက္ၿပီး မတ္တတ္ရပ္ေနျခင္းက အသင့္အေနအထားျဖစ္ ပါသည္ဆိုေသာသေဘာလည္း သက္ေရာက္သည္။ ေျပာစရာရွိေျပာ၊ ျပစရာရွိ ျပ၊ ျပန္ေတာ့ဆိုသည့္သေဘာက အားလံုးအတြက္ အခ်ိန္ျဖဳန္းတီးရာ မေရာက္ ေစပါ။ ထို႔ေၾကာင့္ အခ်ိဳ႕ေသာ အလုပ္ရွင္မ်ားက မိမိတို႔အခန္းတြင္ အလုပ္သမားမ်ားကို ထိုင္ဟုမေျပာ႐ံုမက ထိုင္စရာခံုကိုပင္ ခ်ေပးမထားတတ္ပါ။

အစည္းအေဝးမ်ားကို ထိုင္ၿပီး လုပ္ျခင္းထက္ မတ္တတ္ထၿပီးလုပ္ရန္ အခ်ိဳ႕ေသာကုမၸဏီမ်ားတြင္ လုပ္ေဆာင္မႈစတင္ေနၾကၿပီျဖစ္သည္။ မတ္တတ္ထၿပီး အစည္းအေဝးလုပ္လွ်င္ ေလရွည္၍မရဆိုသည့္သေဘာ သက္ေရာက္သည္။ ေျပာစရာကို ျမန္ျမန္ေျပာ၊ ျပႆနာအေျဖကို ျမန္ျမန္ရွာ၊ တိုတိုႏွင့္ ျဖတ္ဆိုသည့္သေဘာ သက္ေရာက္သည္။ ထို႔ေၾကာင့္ အခ်ိဳ႕ေသာ ကုမၸဏီႀကီးမ်ားတြင္ စားပြဲႀကီးသာရွိၿပီး ကုလားထိုင္မထားဘဲ အစည္းအေဝးေတြ က်င္းပေနၾကၿပီျဖစ္သည္။ ေလရွည္ၿပီး အလုပ္မျဖစ္သည့္ အစည္းအေဝးမ်ိဳး မျဖစ္ေစ ရန္လံႈ႔ေဆာ္ထားျခင္းသေဘာလည္း သက္ေရာက္သည္။

မတ္တတ္ထၿပီး အလုပ္လုပ္ျခင္းမွာ အျခားသက္ေရာက္မႈတစ္ခုလည္း ရွိေသးသည္။ မတ္တတ္ထၿပီး အလုပ္လုပ္ေနလွ်င္ တစ္ကိုယ္လံုးရွိ စြမ္းအားမ်ားသည္ မွ်တစြာသက္ေရာက္မႈရွိေနသည္ဟုဆိုရမည္။ လုပ္ငန္းတြင္ ထိုင္ၿပီး လုပ္ေနျခင္းသာမ်ားၿပီး၊ မတ္တတ္ရပ္ကာ လုပ္ေဆာင္ျခင္းကို အေတြ႔အႀကံဳ မရွိေသာေၾကာင့္ မတ္တတ္ ထျခင္း၏ အက်ိဳးတရားေတြကို သိသူနည္းသည္။ မတ္တတ္ထကာ အလုပ္လုပ္မည္ဆိုလွ်င္ ႐ံုးတြင္းရွိ စားပြဲအေနအထားမ်ားကို ေျပာင္းရမည္။ ကုလားထိုင္ေတြကို ထုတ္ရမည္။ မတ္တတ္မထႏိုင္ဟု ေျပာသူလည္း ရွိမည္။ ဂ်ပန္ႏိုင္ငံလုပ္ငန္းခြင္တြင္ တစ္ေနကုန္မတ္တတ္ထၿပီးလုပ္ေနရသည့္ အလုပ္သမားေတြ ရွိသည္။ သူတို႔ကို သတ္မွတ္ထားသည့္ အခ်ိန္ပိုင္းအတြင္း မထိုင္ရေအာင္ ခိုင္းထားသည္။ တစ္ေနကုန္ ၁၂ နာရီတိုင္ မထတန္း မတ္တတ္ရပ္လုပ္ေနသူမ်ားကိုပင္ ေတြ႔ရသည္။

မတ္တတ္ထကာ လုပ္ငန္းခြင္တြင္ လုပ္ေဆာင္ျခင္းက ေသြးလွည့္ပတ္အား ေကာင္းသည္။ မတ္တတ္ထေနလွ်င္ အိပ္ငိုက္ျခင္းမရွိ။ ေသြးေတြလွည့္ပတ္အား စီးဆင္းအားေကာင္းၿပီး လန္းဆန္းတက္ႂကြေစသည္။ အလုပ္ကို ပိုၿပီးသည္။ ထို႔ေၾကာင့္ ကြန္ပ်ဴတာစားပြဲမ်ားကိုပင္ မတ္တတ္ရပ္ၿပီး လုပ္ႏိုင္မည့္ စားပြဲမ်ားအျဖစ္ တီထြင္ထားေပးကာ လုပ္ေဆာင္ခိုင္းေသာ အလုပ္ဌာနမ်ားေပၚလာသည္။ မတ္တတ္ထၿပီး လုပ္ၾကည့္ပါ။ အက်ိဳးထူးတစ္ခုခု ရလာပါလိမ့္မည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

နိုင်ငံတကာတွင် ထိုင်ပြီးအလုပ်လုပ်ခြင်းထက် မတ်တတ်ရပ်ပြီး အလုပ်လုပ်ခြင်း၏ ရလဒ်များကို ဆန်းစစ်နေကြပြီဖြစ်သည်။ မတ်တတ်ရပ်ပြီး အလုပ်လုပ်ခြင်းက အလုပ်ပိုတွင်ပြီး ပြီးမြောက်နိုင်စွမ်းလည်း ပိုများသည်ဟုဆိုသည်။ နေ့တစ်နေ့တာတွင် ရုံးအလုပ်တို့ကို ထိုင်လုပ်ရသည့် အလုပ်များဟုသာ နားလည်ကြသည်။ မတ်တတ်ရပ်လုပ်လျှင် ဘာဖြစ်မည်နည်း။

လူတစ်ယောက် တစ်နေ့မည်မျှကြာအောင် ထိုင်လုပ်နိုင်သနည်း။ လူတွေ တစ်ဦးနှင့်တစ်ဦး စကားပြောမည် ဆိုလျှင် “ထိုင်လေ” ဆိုကာ ထိုင်ခိုင်းပြီးမှ စကားပြောကြသည်က များသည်။ ထိုင်ပြီး စကားပြောနေလျှင် မကြားချင်သည်ကိုလည်း ကြားရမည်၊ နားမထောင်ချင်သည်ကိုလည်း နားထောင်ရမည်။ ပြောသူက အချိန်အကြာကြီး ပြောကောင်းကောင်းပြောမည်။ လောကကျင့် ဝတ်များအရ နားထောင်နေရသော်လည်း စိတ်ထဲက အပြစ်တင်ကောင်းတင်နေမည်။ မတ်တတ်ရပ်ပြီး ပြောနေလျှင် အရေးကြီးသည့်ကိစ္စ သူ့တွင်ရှိနိုင်သလို ကိုယ့်ထံတွင်လည်း ရှိနိုင်သည်။ မထိုင်အားဘူးဆိုသည့်သဘော ဖြစ်သည်။ နောက်ပိုင်းတွင် အရေးကြီးသည့် တစ်ခုခု ရှိနေသည်ကို ပြဆိုခြင်းလည်း ဖြစ် သည်။ သဘောမှာ လုပ်ငန်းခွင်တွင် မတ်တတ်ရပ်ပြီး ပြောခြင်းမှာ အရေးကြီးသည့်ကိစ္စများ ရှိသောကြောင့် မြန်မြန်ပြောဆိုသည့်သဘောဖြစ်သည်။

မတ်တတ်ထပြီး စကားပြောခြင်းကို ရိုင်းသည်ဟု မထင်ကြပါ။ မတ် တတ်ရပ်ခိုင်းထားခြင်းက အကြောင်းအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်သည်။ ဥပမာ အလုပ်ရှင် သို့မဟုတ် ကိုယ့်အထက်အရာရှိက ခေါ်တွေ့သည်။ သူက စားပွဲတွင်ထိုင်ပြီး စာရေးနေသည်။ ကိုယ်ဝင်လာသည်ကိုတွေ့သည်။ သူက မထိုင်ခိုင်းလျှင် ပြောစရာရှိလျှင် သူလည်း မြန်မြန်ပြောမည်၊ ကိုယ်လည်း မြန်မြန် ပြောစရာရှိသည်ကို ပြောဆိုသည့်သဘော သက်ရောက်သည်။

အခန်းထဲဝင်လိုက်ပြီး မတ်တတ်ရပ်နေခြင်းက အသင့်အနေအထားဖြစ် ပါသည်ဆိုသောသဘောလည်း သက်ရောက်သည်။ ပြောစရာရှိပြော၊ ပြစရာရှိ ပြ၊ ပြန်တော့ဆိုသည့်သဘောက အားလုံးအတွက် အချိန်ဖြုန်းတီးရာ မရောက် စေပါ။ ထို့ကြောင့် အချို့သော အလုပ်ရှင်များက မိမိတို့အခန်းတွင် အလုပ်သမားများကို ထိုင်ဟုမပြောရုံမက ထိုင်စရာခုံကိုပင် ချပေးမထားတတ်ပါ။

အစည်းအဝေးများကို ထိုင်ပြီး လုပ်ခြင်းထက် မတ်တတ်ထပြီးလုပ်ရန် အချို့သောကုမ္ပဏီများတွင် လုပ်ဆောင်မှုစတင်နေကြပြီဖြစ်သည်။ မတ်တတ်ထပြီး အစည်းအဝေးလုပ်လျှင် လေရှည်၍မရဆိုသည့်သဘော သက်ရောက်သည်။ ပြောစရာကို မြန်မြန်ပြော၊ ပြဿနာအဖြေကို မြန်မြန်ရှာ၊ တိုတိုနှင့် ဖြတ်ဆိုသည့်သဘော သက်ရောက်သည်။ ထို့ကြောင့် အချို့သော ကုမ္ပဏီကြီးများတွင် စားပွဲကြီးသာရှိပြီး ကုလားထိုင်မထားဘဲ အစည်းအဝေးတွေ ကျင်းပနေကြပြီဖြစ်သည်။ လေရှည်ပြီး အလုပ်မဖြစ်သည့် အစည်းအဝေးမျိုး မဖြစ်စေ ရန်လှုံ့ဆော်ထားခြင်းသဘောလည်း သက်ရောက်သည်။

မတ်တတ်ထပြီး အလုပ်လုပ်ခြင်းမှာ အခြားသက်ရောက်မှုတစ်ခုလည်း ရှိသေးသည်။ မတ်တတ်ထပြီး အလုပ်လုပ်နေလျှင် တစ်ကိုယ်လုံးရှိ စွမ်းအားများသည် မျှတစွာသက်ရောက်မှုရှိနေသည်ဟုဆိုရမည်။ လုပ်ငန်းတွင် ထိုင်ပြီး လုပ်နေခြင်းသာများပြီး၊ မတ်တတ်ရပ်ကာ လုပ်ဆောင်ခြင်းကို အတွေ့အကြုံ မရှိသောကြောင့် မတ်တတ် ထခြင်း၏ အကျိုးတရားတွေကို သိသူနည်းသည်။ မတ်တတ်ထကာ အလုပ်လုပ်မည်ဆိုလျှင် ရုံးတွင်းရှိ စားပွဲအနေအထားများကို ပြောင်းရမည်။ ကုလားထိုင်တွေကို ထုတ်ရမည်။ မတ်တတ်မထနိုင်ဟု ပြောသူလည်း ရှိမည်။ ဂျပန်နိုင်ငံလုပ်ငန်းခွင်တွင် တစ်နေကုန်မတ်တတ်ထပြီးလုပ်နေရသည့် အလုပ်သမားတွေ ရှိသည်။ သူတို့ကို သတ်မှတ်ထားသည့် အချိန်ပိုင်းအတွင်း မထိုင်ရအောင် ခိုင်းထားသည်။ တစ်နေကုန် ၁၂ နာရီတိုင် မထတန်း မတ်တတ်ရပ်လုပ်နေသူများကိုပင် တွေ့ရသည်။

မတ်တတ်ထကာ လုပ်ငန်းခွင်တွင် လုပ်ဆောင်ခြင်းက သွေးလှည့်ပတ်အား ကောင်းသည်။ မတ်တတ်ထနေလျှင် အိပ်ငိုက်ခြင်းမရှိ။ သွေးတွေလှည့်ပတ်အား စီးဆင်းအားကောင်းပြီး လန်းဆန်းတက်ကြွစေသည်။ အလုပ်ကို ပိုပြီးသည်။ ထို့ကြောင့် ကွန်ပျူတာစားပွဲများကိုပင် မတ်တတ်ရပ်ပြီး လုပ်နိုင်မည့် စားပွဲများအဖြစ် တီထွင်ထားပေးကာ လုပ်ဆောင်ခိုင်းသော အလုပ်ဌာနများပေါ်လာသည်။ မတ်တတ်ထပြီး လုပ်ကြည့်ပါ။ အကျိုးထူးတစ်ခုခု ရလာပါလိမ့်မည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top