ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လူငါးဦး စီးႏိုင္ေသာ ဆိုလာစနစ္ သံုးကားကို ကေလးနည္းပညာတကၠသိုလ္ ေနာက္ဆံုးႏွစ္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားက တီထြင္လိုက္သည္။

အီလက္ထရြန္နစ္ဌာန ေက်ာင္းသား၊ ေက်ာင္းသူ ၁၀ ဦးက ဆိုလာသံုးကားကို စုေပါင္းတီထြင္ကာ တည္ေဆာက္မႈကာလ ၂ လၾကာျမင့္ခဲ့ၿပီး ကုန္က်စရိတ္ က်ပ္ ၂၅ သိန္းရွိေၾကာင္း ကားတီထြင္ခဲ့ေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားထံမွ သိရသည္။

ကားအမိုးတြင္ ဆိုလာျပားမ်ား တပ္ဆင္ကာ တစ္နာရီလွ်င္ ကီလိုမီတာ ၆၀ အထိ ေမာင္းႏွင္ႏိုင္သည့္ကားကို တီထြင္ထားျခင္းျဖစ္ေၾကာင္း၊ ယင္းကားမွာ ကေလးၿမိဳ႕နယ္တြင္ ဆိုလာစနစ္ျဖင့္ ေမာင္းႏွင္ႏိုင္ေသာ ပထမဆံုး အိမ္စီးကားျဖစ္ေၾကာင္း ဆိုလာကားတီထြင္ခဲ့သည့္ ေက်ာင္းသားအဖြဲ႔ေခါင္းေဆာင္ ကိုေဇာ္မင္းသူက ေျပာၾကားသည္။

“ဒီေက်ာင္းမွာ ဆိုလာကားက မရွိဘူး၊ ဒီနယ္မွာဆိုလို႔ရွိရင္လည္း မရွိေတာ့ စမ္းၾကည့္ခ်င္တယ္။ ဒါနဲ႔ အရဲစြန္႔ၿပီးေတာ့ တစ္ခါမွလည္း မလုပ္ဖူးဘဲနဲ႔ အရဲစြန္႔ၿပီးေတာ့ လုပ္လိုက္တာ”ဟု ၎က ရွင္းျပသည္။

ဆိုလာစနစ္သံုးကားသည္ လွ်ပ္စစ္ျဖင့္ အားသြင္းေမာင္းႏိုင္သည့္ကားျဖစ္ၿပီး ေက်ာင္းကား၊ ခရီးသည္ကား၊ ေဂါက္ကြင္းႏွင့္ ဟိုတယ္မ်ားတြင္လည္း အသံုးျပဳႏိုင္သျဖင့္ ကေလးၿမိဳ႕စက္မႈဇုန္ရွိ လုပ္ငန္းရွင္အခ်ိဳ႕က အစီးေရမ်ားစြာ ထုတ္လုပ္ေရာင္းခ်ရန္အတြက္ စိတ္ဝင္စားေနေၾကာင္း နည္းပညာတကၠသိုလ္(ကေလး) အီလက္ထရြန္နစ္ဌာန ကထိကဌာနမွဴး ေဒၚႏိုင္က ေျပာသည္။

ဆိုလာစနစ္သံုးကားသည္ ကုန္က်စရိတ္၊ ျပင္ဆင္စရိတ္ သက္သာၿပီး မိုးရာသီတြင္ပါ သြားလာႏိုင္ေသာေၾကာင့္ တာဝန္ရွိသူမ်ားအေနႏွင့္ လိုင္စင္ထုတ္ေပးေစလိုေၾကာင္း ဆိုလာကား တီထြင္ခဲ့သည့္ ေက်ာင္းသားအဖြဲ႔ေခါင္းေဆာင္ ကိုေဇာ္မင္းသူက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

လူငါးဦး စီးနိုင်သော ဆိုလာစနစ် သုံးကားကို ကလေးနည်းပညာတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ များက တီထွင်လိုက်သည်။

အီလက်ထရွန်နစ်ဌာန ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးက ဆိုလာသုံးကားကို စုပေါင်းတီထွင်ကာ တည်ဆောက်မှုကာလ ၂ လကြာမြင့်ခဲ့ပြီး ကုန်ကျစရိတ် ကျပ် ၂၅ သိန်းရှိကြောင်း ကားတီထွင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။

ကားအမိုးတွင် ဆိုလာပြားများ တပ်ဆင်ကာ တစ်နာရီလျှင် ကီလိုမီတာ ၆၀ အထိ မောင်းနှင်နိုင်သည့်ကားကို တီထွင်ထားခြင်းဖြစ်ကြောင်း၊ ယင်းကားမှာ ကလေးမြို့နယ်တွင် ဆိုလာစနစ်ဖြင့် မောင်းနှင်နိုင်သော ပထမဆုံး အိမ်စီးကားဖြစ်ကြောင်း ဆိုလာကားတီထွင်ခဲ့သည့် ကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုဇော်မင်းသူက ပြောကြားသည်။
 
“ဒီကျောင်းမှာ ဆိုလာကားက မရှိဘူး၊ ဒီနယ်မှာဆိုလို့ရှိရင်လည်း မရှိတော့ စမ်းကြည့်ချင်တယ်။ ဒါနဲ့ အရဲစွန့်ပြီးတော့ တစ်ခါမှလည်း မလုပ်ဖူးဘဲနဲ့ အရဲစွန့်ပြီးတော့ လုပ်လိုက်တာ”ဟု ၎င်းက ရှင်းပြသည်။

ဆိုလာစနစ်သုံးကားသည် လျှပ်စစ်ဖြင့် အားသွင်းမောင်းနိုင်သည့်ကားဖြစ်ပြီး ကျောင်းကား၊ ခရီးသည်ကား၊ ဂေါက်ကွင်းနှင့် ဟိုတယ်များတွင်လည်း အသုံးပြုနိုင်သဖြင့် ကလေးမြို့စက်မှုဇုန်ရှိ လုပ်ငန်းရှင်အချို့က အစီးရေများစွာ ထုတ်လုပ်ရောင်းချရန်အတွက် စိတ်ဝင်စားနေကြောင်း နည်းပညာတက္ကသိုလ်(ကလေး) အီလက်ထရွန်နစ်ဌာန ကထိကဌာနမှူး ဒေါ်နိုင်က ပြောသည်။

ဆိုလာစနစ်သုံးကားသည် ကုန်ကျစရိတ်၊ ပြင်ဆင်စရိတ် သက်သာပြီး မိုးရာသီတွင်ပါ သွားလာနိုင်သောကြောင့် တာဝန်ရှိသူများအနေနှင့် လိုင်စင်ထုတ်ပေးစေလိုကြောင်း ဆိုလာကား တီထွင်ခဲ့သည့် ကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုဇော်မင်းသူက ပြောသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top