ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကြၽန္ေတာ့္အိမ္အနီးတြင္ အခေပး၍ ကစားရေသာ ဖူဆယ္ေဘာလုံးကြင္းသုံးကြင္းရွိသည္။ လမ္းေလွ်ာက္ရင္း ထုိဖူဆယ္ကြင္းမ်ားကုိ ေလ့လာၾကည့္ရာ ကြန္ကရစ္ခင္းထားၿပီး ကြင္းျပင္ေပၚတြင္ ျမက္ခင္းတုဟုေခၚသည့္ပလတ္ စတစ္ ျမက္ဖ်ာခင္းထားသည္ကုိ ေတြ႕ရသည္။ ကြင္းတစ္ခုလုံးကုိ အမုိးမုိးေပးထားသျဖင့္ ေနပူပူ၊မုိးရြာရြာကန္ႏုိင္သည္။ ကြင္းပတ္ လည္တြင္ ၀ပ္အားျပင္းမီးတိုင္မ်ား စုိက္ထူကာ ေန႔ေရာညဥ့္ပါကစား ႏုိင္ေအာင္လည္း ျပဳလုပ္ေပးထား သည္။

လြန္ခဲ့ေသာတစ္ႏွစ္ခန္႔ ေလာက္ကစတင္ကာ ဖူဆယ္ ေဘာလုံးကြင္းငွားစားေသာယဥ္ ေက်းမႈေပၚေပါက္လာသည္ဆုိရ ေပမည္။ ရန္ကုန္ၿမိဳ႕ရွိေျမပုိင္ရွင္ အခ်ိဳ႕က ေျမကြက္အလြတ္မ်ားကုိ ဖူဆယ္ကြင္းျပဳလုပ္လာၾကသည္။ ေျမကြက္ေပၚတြင္ အေဆာက္အအုံေဆာက္သည့္ စရိတ္ေလာက္မကုန္ဘဲ နာရီႏွင့္ အမွ်၀င္ေငြရသည့္နည္းကုိ သူတို႔ရွာေဖြ ေတြ႕ရွိခဲ့ၾကျခင္းျဖစ္၏။ ေဘာလုံးကြင္းငတ္သည့္ကေလး မ်ားကုိသူတို႔ဆြဲေဆာင္ႏုိင္ခဲ့ၾကသည္။

ညဘက္ ၁ နာရီ၊ ၂ နာရီ ေလာက္တစ္ေရးႏုိး၍ ထလွ်င္ထုိ ဖူဆယ္ကြင္းမ်ားကေဘာလုံးကန္ သံမ်ားကုိ ကြၽန္ေတာ္ၾကားေနရ သည္။ ၀ရန္တာကလွမ္းၾကည့္ လွ်င္ ေခြၽးသံတရႊဲရႊဲႏွင့္ေဘာလုံး ကန္ေနၾကေသာသူတို႔ကုိျမင္ေနရ သည္။ တစ္နာရီလွ်င္ က်ပ္တစ္ ေသာင္းေက်ာ္ေပးကာ အခ်ိန္မရွိ၊ အခါမရွိေဘာလုံးကစားေနၾက သည့္သူတို႔ကုိ အံ့ဩမိသည္။ ေအာက္ကကြန္ကရစ္ခင္းက အပူရွိန္ရွိသည္။ ျမက္ခင္းတုခင္းထားေသာ္လည္း ေခ်ာ္လဲလွ်င္ ဒူးၿပဲ၊ေခါင္းကြဲျဖစ္ႏုိင္သည္။ သုိ႔ေသာ္သူတို႔တြင္ ကစားကြင္း ေကာင္းေကာင္း ေရြးစရာမရွိသျဖင့္ ထုိကြင္းမ်ားတြင္ေန႔ညမေရြး ေပ်ာ္ေပ်ာ္ပါးပါးကစားေနၾကျခင္း သာျဖစ္သည္။

 ကြယ္လြန္သူစာေရးဆရာ ႀကီးဦးေအာင္သင္းက ပုထုဇဥ္လူ သားမ်ားတြင္လည္း တိရစၧာန္မ်ား ကဲ့သုိ႔ အ႐ုိင္းစိတ္ရွိေၾကာင္း၊ ဥပ မာျပရလွ်င္ ေဘာလုံးပြဲမ်ားသည္ ‘ၿငိမ္းခ်မ္းေသာတိရစၧာန္စိတ္ေျဖ ေဖ်ာက္နည္း’ ျဖစ္ေၾကာင္း ေထာက္ျပသြားခဲ့သည္။ ေဘာလုံး ပြဲမ်ားတြင္ ႏွစ္ဖက္ကစားသမား မ်ားသည္ သူႏုိင္ကုိယ္ႏုိင္အၿပိဳင္ အဆိုင္အလုအယက္ႀကိဳးပမ္းၿပီး ေသေသေက်ေက်ႀကိဳးပမ္းကစား ၾက၏။ ကစားသူေတြသာမက ပြဲၾကည့္ပရိသတ္မ်ားကပါ က ေယာင္ကတမ္းမတ္တတ္ထရပ္ ၿပီး ေအာ္ဟစ္လက္ခုပ္တီးအား ေပးၾက၏။

ကုိယ္ႀကိဳက္ႏွစ္သက္ေသာ အသင္းက ဂုိးမ်ားသြင္းလိုက္လွ်င္ ဂုိးဟု ေအာ္ဟစ္အားေပးၾက သည္။ ဂိုးေပါက္ထဲေဘာလုံးက ေလး၀င္သြားျခင္းသည္ေလာက ႀကီးအတြက္ ဘာမ်ားထူးျခားမည္ နည္း။ လူေတြအတြက္ ဘာမ်ား အက်ိဳးျဖစ္မည္နည္း။ ဘာမွ် အ က်ိဳးမထူးေသာေဘာလုံးပြဲကုိ ဆု တံဆိပ္ေတြ၊ ေငြေၾကးစည္းစိမ္ ေတြႏွင့္ ဘာေၾကာင့္အားေပးေန ၾကသနည္း။ ဆရာႀကီးကေတာ့ ငါတို႔ရဲ႕တိရစၧာန္စိတ္၊ အ႐ုိင္းစိတ္ ကုိ ေဖာက္ခြဲခြင့္ေပးတဲ့ပြဲႀကီးလမ္း ႀကီးေတြလုိ႔ ေအာက္ေမ့မိတာပဲ ဟုဆုိခဲ့သည္။

သူႏုိင္ကုိယ္ႏုိင္ယွဥ္ၿပိဳင္လုိ ေသာ၊ ေအာ္ဟစ္ခုန္ေပါက္အား ေပးလုိေသာ တိရစၧာန္စိတ္ေျဖ ေဖ်ာက္နည္းျဖစ္သည့္ေဘာလုံးပြဲ မ်ားက ကြၽန္ေတာ္တုိ႔ကေလးေတြ ကုိ အဘယ္အတိုင္းအတာအထိ အက်ိဳးျဖစ္ထြန္းေစသနည္းဟု ေတြးၾကည့္မိသည္။

ရန္ကုန္ဆင္ေျခဖုံးၿမိဳ႕နယ္ မ်ားတြင္ ေဘာလုံုးကစားရန္ ေျမ လြတ္အလြန္နည္းပါးသည္။ ရွိ သည့္ေဘာလုံးကြင္းမ်ားမွာလည္း ျမက္႐ိုင္းမ်ားထူထပ္စြာေပါက္ ေရာက္ေနၿပီး ကစား၍မရႏုိင္ပါ။ တခ်ိဳ႕က ကြန္ကရစ္လမ္းေပၚ တက္ကာ လမ္းပိတ္၍ေဘာလုံး ကစားၾကသည္။ လမ္းသြားလမ္း လာအတြက္ အေႏွာင့္အယွက္ျဖစ္ သလုိ ေဘာလုံးကစားသူမ်ားအ တြက္လည္း အႏၲရာယ္မကင္း။. ျခင္း၀ိုင္းေလးခတ္ရာတြင္ပင္ ဆုိင္ကယ္လာလုိက္၊ ကားလာလုိက္ႏွင့္ ၀ုိင္းခဏခဏဖ်က္ရသည္။

 ေက်းလက္ေတာရြာမ်ား တြင္ ေျမလြတ္မ်ားရွိသျဖင့္ က စားကြင္းအတြက္ ကေလး၊လူငယ္ မ်ားပူစရာမလုိေပ။ ေဘာလုံးကန္ မလား၊ ေဘာ္လီေဘာပုတ္မလား၊ ပိုက္ေက်ာ္ျခင္းခတ္မလား၊ ၀ုိင္း ျခင္းခတ္မလား ႀကိဳက္ရာကစား ႏုိင္သည္။ ေျမႀကီးေပၚတြင္ ကစားရ၍ ဒူးၿပဲ၊ ေခါင္းကြဲျဖစ္မွာ မပူရ။ ေလေကာင္းေလသန္႔ႏွင့္ သဘာ၀ပတ္၀န္းက်င္အေငြ႕အ သက္ကုိလည္း ရရွိခံစားရေသး သည္။ ထုိ႔ေၾကာင့္ ေက်းလက္ ေတာရြာက ကေလးေတြကၿမိဳ႕ျပ က ကေလးေတြထက္ သန္စြမ္း က်န္းမာၾကသည္။

 ၿမိဳ႕ျပက ကေလးမ်ားမွာ တစ္ေန႔ထက္တစ္ေန႔ အခန္းထဲ ေအာင္းေနခ်ိန္ ပုိမ်ားလာၾက သည္။ အထူးသျဖင့္ ရန္ကုန္က ကေလးေတြက ပုိဆုိးသည္။ ကြၽန္ ေတာ္တို႔နယ္မွာေနစဥ္ကေက်ာင္း ဆင္းသည္ႏွင့္အိမ္ေရာက္ လြယ္ အိတ္ပစ္ခ်ကာ ၿခံ၀င္းထဲဆင္း ကစားၾကသည္။ တစ္ေန႔လုံးထုိင္ ၿပီး စာသင္ေနရသည့္အေညာင္း အညာေတြေျပကုန္သည္။ ရန္ ကုန္က ကေလးေတြခမ်ာေတာ့ ေက်ာင္းလြယ္အိတ္ခ်ၿပီးသည္ႏွင့္ တယ္လီဖုန္းေျပးကိုင္ကာ ဂိမ္း ေဆာ့ေနၾကတာသာမ်ားသည္။ သူတို႔ဆင္းကစားရန္အတြက္ ၿခံ ၀င္းမရွိ၊ ေျမလြတ္မရွိ။ သူတို႔ သည္ ကြန္ကရစ္ေတာအုပ္ထဲ ေရာက္ေနေသာသူမ်ားသာ ျဖစ္ ၾကသည္။

အိမ္က ကြၽန္ေတာ့္သားတစ္ ေယာက္လည္း ထုိအထဲတြင္ပါ၀င္ ေနသည္။ ငယ္စဥ္က လမ္းထဲက အေဖာ္မ်ားႏွင့္တူတူပုန္းတမ္း၊ ဥ ပစ္တမ္း၊ ေဘာလုံးကန္တမ္း ကစားေသးသည္။ ယခု (၁၂)ႏွစ္ ထဲေရာက္လာေတာ့ ေအာက္ မဆင္းေတာ့ဘဲ တုိက္ခန္းထဲ ေအာင္းေနသည္။ ေပးသည့္မုန္႔ဖုိး ေတြကိုလည္း မုန္႔မစားဘဲဖုန္းေငြ ျဖည့္ကတ္ေတြသာ၀ယ္ေနသည္။ သူ႔ကုိ မ်က္ျခည္မျပတ္အကဲခတ္ ၾကည့္ေတာ့မွ မုိဘုိင္းဂိမ္းစြဲေနတာ ကုိေတြ႕ရတတ္သည္။ ေတာက္ ေတြေခါက္လာတတ္သည္။ ဖုန္း ထဲကလည္း ဓားသံေတြ၊ ေသနတ္ သံေတြ၊ ဗုံးသံေတြဆူညံေနတတ္ သည္။ ထုိဂိမ္းကစားေနခ်ိန္တြင္ သူသည္ေလာကႀကီးႏွင့္အဆက္ ျပတ္ေနသလုိျဖစ္ေနသည္။ အ ျပင္က အသံဗလံမ်ား၊ လႈပ္ရွားမႈ မ်ားသည္ သူႏွင့္မဆုိင္သလုိျဖစ္ ေနသည္။ ဂိမ္းထဲက တိုက္ပြဲသည္ သာသူ႔အတြက္ အႏုိင္ရေရး အ ေရးႀကီးေနသည္။ ထုိအခ်ိန္တြင္ မိဘမ်ားက သူ႔ကုိဘာပဲေျပာေျပာ ဂ႐ုမစုိက္ႏုိင္ဘဲ တိုက္ခုိက္ေရး မဟာဗ်ဴဟာမ်ားကုိသာစဥ္းစား ေနပုံရသည္။ မိဘမ်ားက ဂိမ္းကုိ ခဏရပ္၍ တစ္ခုခုသြားလုပ္ေပး ပါဟုေစခုိင္း၍လည္း မရပါ။ ဂိမ္း က တိုက္ခုိက္ေနစဥ္ရပ္လုိက္လွ်င္ အမွတ္ေလ်ာ့သြားသည္ဟုဆုိ သည္။ ဂိမ္းကုိ အတင္းရပ္ခုိင္း လွ်င္ မိဘမ်ားကုိပင္ရန္လုပ္ေသး သည္။

သူ႔မိခင္ကေတာ့ ‘ရွင့္သား ဂိမ္းစြဲေနၿပီ’ဟုဆုိသည္။တကယ္ ေတာ့ ကြၽန္ေတာ့္သားသာမဟုတ္ အျခားေသာကေလးမ်ားလည္း ထုိမိုဘုိင္းတိုက္ပြဲဂိမ္းကုိ စြဲလမ္း စြာေဆာ့ကစားေနၾကသည္ကုိ ေတြ႕ရသည္။ ေဘာလုံးကစားျခင္း ေၾကာင့္၊ ေဘာလုံးတစ္လုံးဂုိးထဲ ၀င္သြားျခင္းေၾကာင့္ ဘာမွ်ထူး ျခားစြာအက်ိဳးမရွိဟုဆုိေသာ္ လည္း ကုိယ္ခႏၶာလႈပ္ရွားမႈရွိ၍ ကိုယ္ခႏၶာသန္စြမ္းမႈ၊ သက္လုံ ေကာင္းမႈဟူေသာအက်ိဳးအျမတ္ ကုိ ရႏုိင္ပါေသးသည္။

ယခုလုိ မုိဘုိင္းဂိမ္းျဖင့္အ ခန္းေထာင့္တြင္ ေခ်ာင္ကုပ္ကာ တိုက္ပြဲမ်ားဆင္ႏႊဲေနျခင္းကေတာ့ ဘယ္ဘက္ကမွ် အက်ိဳးရွိမည္ မထင္ပါ။ အ႐ိုင္းစိတ္ကုိ ၿငိမ္းခ်မ္း ေသာနည္းျဖင့္ ေျဖေဖ်ာက္ေသာ နည္းဟုလည္းမမည္ပါ။ အ႐ုိင္း စိတ္၊ တိရစၧာန္စိတ္ကုိပုိမုိျမႇင့္တင္ ေပးရာေရာက္ေနေသာ ကစား နည္းလားဟုသာစဥ္းစားမိသည္။

ယခုေနာက္ပိုင္း ရန္ကုန္၊ မႏၲေလးလုိၿမိဳ႕ႀကီးျပႀကီးမ်ားတြင္ရန္ပြဲမ်ားျဖစ္တိုင္း လူအုပ္စုျဖင့္ ႐ုိက္ႏွက္၊ ထုိးႀကိတ္၊ သတ္ျဖတ္ ၾကတာကုိ သတိထားမိၾကပါလိမ့္ မည္။ တစ္ခုခုျဖစ္လုိက္သည္ႏွင့္ ေမာ္ေတာ္ကား၊ ဆိုင္ကယ္မ်ား ျဖင့္တုတ္၊ ဓားအစရွိသည့္လက္ နက္ကုိင္ေဆာင္ ထားသူေတြ ေရာက္လာၾကသည္။ အမ်ားစုမွာ လူငယ္ေတြျဖစ္သည္။ မုိဘုိင္းဂိမ္း ထဲက တုိက္ပြဲမ်ားတြင္လည္း လက္နက္မ်ိဳးစုံကုိင္ေဆာင္ထား သူမ်ားျဖင့္ အုပ္စုဖြဲ႕တိုက္ခိုက္ၾက တာကုိေတြ႕ရသည္။ ဂိမ္းထဲက ဇာတ္ေကာင္ေတြကုိယ္တုိင္အ ျပင္ေရာက္လာသည္လား၊ ဂိမ္း ထဲက ၀ိညာဥ္ေတြကပဲ သူတို႔ကုိ ပူးကပ္သြားသည္လား။

 ရန္ကုန္ႏွင့္မႏၲေလးကုိ စမတ္စီးတီးျဖစ္ေအာင္ျပဳလုပ္ မည္ဟုသတင္းမ်ားတြင္ ဖတ္ရ သည္။ ၿမိဳ႕ကုိသာမက ၿမိဳ႕တြင္ေန ထုိင္ေသာ ကေလးမ်ားကုိပါ စမတ္ျဖစ္ေအာင္ ျပဳလုပ္ေပးေစ ခ်င္သည္။ သူတို႔အတြက္ ျဖစ္စဥ္ မ်ားေျပာင္းလဲလာၿပီး အရာရာကုိ စူးစမ္းလုိစိတ္၊ စြန္႔စားလုိစိတ္၊ တီ ထြင္လုိစိတ္မ်ား၀င္လာၾကသည္။ ခႏၶာကုိယ္ကလည္း ဖြံ႕ၿဖိဳးလာၿပီး ထုိဖြံ႕ၿဖိဳးမႈမ်ားကုိ ေကာင္းမြန္ သည့္ေနရာမ်ားတြင္ အသုံးခ်ႏုိင္ ရန္အခြင့္အလမ္းဖန္တီးေပးရန္ လုိသည္။

နယ္ၿမိဳ႕မ်ားသုိ႔ ခရီးထြက္ တိုင္း ရန္ကုန္က ကေလးေတြ မြန္းက်ပ္ေနမႈကုိ ျမင္ေယာင္ၿပီး စိတ္မေကာင္း ျဖစ္မိသည္။ ေက်ာင္းစာကတစ္ဖက္၊ က်ဴရွင္ ကတစ္ဖက္ႏွင့္သူတို႔၏ စိတ္ပုိင္း ဆိုင္ရာ၊ ခႏၶာကိုယ္ပိုင္းဆိုင္ရာ ဖြံ႕ ၿဖိဳးမႈကုိ ေကာင္းမြန္စြာအသုံးမခ် ႏိုင္။ ၿမိဳ႕ေတြကုိသာစမတ္ျဖစ္ေစ ဖုိ႔မဟုတ္ဘဲ လူေတြကိုပါ စမတ္ ျဖစ္ေစဖုိ႔ စီမံေဆာင္ရြက္သင့္ ေၾကာင္း ဆႏၵျပဳလုိက္ရပါသည္။

(ေဆာင္းပါးရွင္ ဗညားလိႈင္ဦး သည္ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈ ေရး၊ မ်က္ေမွာက္ေရးရာေဆာင္း ပါးမ်ား ေရးသားေနသူျဖစ္သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ကျွန်တော့်အိမ်အနီးတွင် အခပေး၍ ကစားရသော ဖူဆယ်ဘောလုံးကွင်းသုံးကွင်းရှိသည်။ လမ်းလျှောက်ရင်း ထိုဖူဆယ်ကွင်းများကို လေ့လာကြည့်ရာ ကွန်ကရစ်ခင်းထားပြီး ကွင်းပြင်ပေါ်တွင် မြက်ခင်းတုဟုခေါ်သည့်ပလတ် စတစ် မြက်ဖျာခင်းထားသည်ကို တွေ့ရသည်။ ကွင်းတစ်ခုလုံးကို အမိုးမိုးပေးထားသဖြင့် နေပူပူ၊မိုးရွာရွာကန်နိုင်သည်။ ကွင်းပတ် လည်တွင် ဝပ်အားပြင်းမီးတိုင်များ စိုက်ထူကာ နေ့ရောညဉ့်ပါကစား နိုင်အောင်လည်း ပြုလုပ်ပေးထား သည်။

လွန်ခဲ့သောတစ်နှစ်ခန့် လောက်ကစတင်ကာ ဖူဆယ် ဘောလုံးကွင်းငှားစားသောယဉ် ကျေးမှုပေါ်ပေါက်လာသည်ဆိုရ ပေမည်။ ရန်ကုန်မြို့ရှိမြေပိုင်ရှင် အချို့က မြေကွက်အလွတ်များကို ဖူဆယ်ကွင်းပြုလုပ်လာကြသည်။ မြေကွက်ပေါ်တွင် အဆောက်အအုံဆောက်သည့် စရိတ်လောက်မကုန်ဘဲ နာရီနှင့် အမျှဝင်ငွေရသည့်နည်းကို သူတို့ရှာဖွေ တွေ့ရှိခဲ့ကြခြင်းဖြစ်၏။ ဘောလုံးကွင်းငတ်သည့်ကလေး များကိုသူတို့ဆွဲဆောင်နိုင်ခဲ့ကြသည်။

ညဘက် ၁ နာရီ၊ ၂ နာရီ လောက်တစ်ရေးနိုး၍ ထလျှင်ထို ဖူဆယ်ကွင်းများကဘောလုံးကန် သံများကို ကျွန်တော်ကြားနေရ သည်။ ဝရန်တာကလှမ်းကြည့် လျှင် ချွေးသံတရွှဲရွှဲနှင့်ဘောလုံး ကန်နေကြသောသူတို့ကိုမြင်နေရ သည်။ တစ်နာရီလျှင် ကျပ်တစ် သောင်းကျော်ပေးကာ အချိန်မရှိ၊ အခါမရှိဘောလုံးကစားနေကြ သည့်သူတို့ကို အံ့ဩမိသည်။ အောက်ကကွန်ကရစ်ခင်းက အပူရှိန်ရှိသည်။ မြက်ခင်းတုခင်းထားသော်လည်း ချော်လဲလျှင် ဒူးပြဲ၊ခေါင်းကွဲဖြစ်နိုင်သည်။ သို့သော်သူတို့တွင် ကစားကွင်း ကောင်းကောင်း ရွေးစရာမရှိသဖြင့် ထိုကွင်းများတွင်နေ့ညမရွေး ပျော်ပျော်ပါးပါးကစားနေကြခြင်း သာဖြစ်သည်။

 ကွယ်လွန်သူစာရေးဆရာ ကြီးဦးအောင်သင်းက ပုထုဇဉ်လူ သားများတွင်လည်း တိရစ္ဆာန်များ ကဲ့သို့ အရိုင်းစိတ်ရှိကြောင်း၊ ဥပ မာပြရလျှင် ဘောလုံးပွဲများသည် ‘ငြိမ်းချမ်းသောတိရစ္ဆာန်စိတ်ဖြေ ဖျောက်နည်း’ ဖြစ်ကြောင်း ထောက်ပြသွားခဲ့သည်။ ဘောလုံး ပွဲများတွင် နှစ်ဖက်ကစားသမား များသည် သူနိုင်ကိုယ်နိုင်အပြိုင် အဆိုင်အလုအယက်ကြိုးပမ်းပြီး သေသေကျေကျေကြိုးပမ်းကစား ကြ၏။ ကစားသူတွေသာမက ပွဲကြည့်ပရိသတ်များကပါ က ယောင်ကတမ်းမတ်တတ်ထရပ် ပြီး အော်ဟစ်လက်ခုပ်တီးအား ပေးကြ၏။

ကိုယ်ကြိုက်နှစ်သက်သော အသင်းက ဂိုးများသွင်းလိုက်လျှင် ဂိုးဟု အော်ဟစ်အားပေးကြ သည်။ ဂိုးပေါက်ထဲဘောလုံးက လေးဝင်သွားခြင်းသည်လောက ကြီးအတွက် ဘာများထူးခြားမည် နည်း။ လူတွေအတွက် ဘာများ အကျိုးဖြစ်မည်နည်း။ ဘာမျှ အ ကျိုးမထူးသောဘောလုံးပွဲကို ဆု တံဆိပ်တွေ၊ ငွေကြေးစည်းစိမ် တွေနှင့် ဘာကြောင့်အားပေးနေ ကြသနည်း။ ဆရာကြီးကတော့ ငါတို့ရဲ့တိရစ္ဆာန်စိတ်၊ အရိုင်းစိတ် ကို ဖောက်ခွဲခွင့်ပေးတဲ့ပွဲကြီးလမ်း ကြီးတွေလို့ အောက်မေ့မိတာပဲ ဟုဆိုခဲ့သည်။

သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်လို သော၊ အော်ဟစ်ခုန်ပေါက်အား ပေးလိုသော တိရစ္ဆာန်စိတ်ဖြေ ဖျောက်နည်းဖြစ်သည့်ဘောလုံးပွဲ များက ကျွန်တော်တို့ကလေးတွေ ကို အဘယ်အတိုင်းအတာအထိ အကျိုးဖြစ်ထွန်းစေသနည်းဟု တွေးကြည့်မိသည်။

ရန်ကုန်ဆင်ခြေဖုံးမြို့နယ် များတွင် ဘောလုံးကစားရန် မြေ လွတ်အလွန်နည်းပါးသည်။ ရှိ သည့်ဘောလုံးကွင်းများမှာလည်း မြက်ရိုင်းများထူထပ်စွာပေါက် ရောက်နေပြီး ကစား၍မရနိုင်ပါ။ တချို့က ကွန်ကရစ်လမ်းပေါ် တက်ကာ လမ်းပိတ်၍ဘောလုံး ကစားကြသည်။ လမ်းသွားလမ်း လာအတွက် အနှောင့်အယှက်ဖြစ် သလို ဘောလုံးကစားသူများအ တွက်လည်း အန္တရာယ်မကင်း။. ခြင်းဝိုင်းလေးခတ်ရာတွင်ပင် ဆိုင်ကယ်လာလိုက်၊ ကားလာလိုက်နှင့် ဝိုင်းခဏခဏဖျက်ရသည်။

 ကျေးလက်တောရွာများ တွင် မြေလွတ်များရှိသဖြင့် က စားကွင်းအတွက် ကလေး၊လူငယ် များပူစရာမလိုပေ။ ဘောလုံးကန် မလား၊ ဘော်လီဘောပုတ်မလား၊ ပိုက်ကျော်ခြင်းခတ်မလား၊ ဝိုင်း ခြင်းခတ်မလား ကြိုက်ရာကစား နိုင်သည်။ မြေကြီးပေါ်တွင် ကစားရ၍ ဒူးပြဲ၊ ခေါင်းကွဲဖြစ်မှာ မပူရ။ လေကောင်းလေသန့်နှင့် သဘာဝပတ်ဝန်းကျင်အငွေ့အ သက်ကိုလည်း ရရှိခံစားရသေး သည်။ ထို့ကြောင့် ကျေးလက် တောရွာက ကလေးတွေကမြို့ပြ က ကလေးတွေထက် သန်စွမ်း ကျန်းမာကြသည်။

 မြို့ပြက ကလေးများမှာ တစ်နေ့ထက်တစ်နေ့ အခန်းထဲ အောင်းနေချိန် ပိုများလာကြ သည်။ အထူးသဖြင့် ရန်ကုန်က ကလေးတွေက ပိုဆိုးသည်။ ကျွန် တော်တို့နယ်မှာနေစဉ်ကကျောင်း ဆင်းသည်နှင့်အိမ်ရောက် လွယ် အိတ်ပစ်ချကာ ခြံဝင်းထဲဆင်း ကစားကြသည်။ တစ်နေ့လုံးထိုင် ပြီး စာသင်နေရသည့်အညောင်း အညာတွေပြေကုန်သည်။ ရန် ကုန်က ကလေးတွေခမျာတော့ ကျောင်းလွယ်အိတ်ချပြီးသည်နှင့် တယ်လီဖုန်းပြေးကိုင်ကာ ဂိမ်း ဆော့နေကြတာသာများသည်။ သူတို့ဆင်းကစားရန်အတွက် ခြံ ဝင်းမရှိ၊ မြေလွတ်မရှိ။ သူတို့ သည် ကွန်ကရစ်တောအုပ်ထဲ ရောက်နေသောသူများသာ ဖြစ် ကြသည်။

အိမ်က ကျွန်တော့်သားတစ် ယောက်လည်း ထိုအထဲတွင်ပါဝင် နေသည်။ ငယ်စဉ်က လမ်းထဲက အဖော်များနှင့်တူတူပုန်းတမ်း၊ ဥ ပစ်တမ်း၊ ဘောလုံးကန်တမ်း ကစားသေးသည်။ ယခု (၁၂)နှစ် ထဲရောက်လာတော့ အောက် မဆင်းတော့ဘဲ တိုက်ခန်းထဲ အောင်းနေသည်။ ပေးသည့်မုန့်ဖိုး တွေကိုလည်း မုန့်မစားဘဲဖုန်းငွေ ဖြည့်ကတ်တွေသာဝယ်နေသည်။ သူ့ကို မျက်ခြည်မပြတ်အကဲခတ် ကြည့်တော့မှ မိုဘိုင်းဂိမ်းစွဲနေတာ ကိုတွေ့ရတတ်သည်။ တောက် တွေခေါက်လာတတ်သည်။ ဖုန်း ထဲကလည်း ဓားသံတွေ၊ သေနတ် သံတွေ၊ ဗုံးသံတွေဆူညံနေတတ် သည်။ ထိုဂိမ်းကစားနေချိန်တွင် သူသည်လောကကြီးနှင့်အဆက် ပြတ်နေသလိုဖြစ်နေသည်။ အ ပြင်က အသံဗလံများ၊ လှုပ်ရှားမှု များသည် သူနှင့်မဆိုင်သလိုဖြစ် နေသည်။ ဂိမ်းထဲက တိုက်ပွဲသည် သာသူ့အတွက် အနိုင်ရရေး အ ရေးကြီးနေသည်။ ထိုအချိန်တွင် မိဘများက သူ့ကိုဘာပဲပြောပြော ဂရုမစိုက်နိုင်ဘဲ တိုက်ခိုက်ရေး မဟာဗျူဟာများကိုသာစဉ်းစား နေပုံရသည်။ မိဘများက ဂိမ်းကို ခဏရပ်၍ တစ်ခုခုသွားလုပ်ပေး ပါဟုစေခိုင်း၍လည်း မရပါ။ ဂိမ်း က တိုက်ခိုက်နေစဉ်ရပ်လိုက်လျှင် အမှတ်လျော့သွားသည်ဟုဆို သည်။ ဂိမ်းကို အတင်းရပ်ခိုင်း လျှင် မိဘများကိုပင်ရန်လုပ်သေး သည်။

သူ့မိခင်ကတော့ ‘ရှင့်သား ဂိမ်းစွဲနေပြီ’ဟုဆိုသည်။တကယ် တော့ ကျွန်တော့်သားသာမဟုတ် အခြားသောကလေးများလည်း ထိုမိုဘိုင်းတိုက်ပွဲဂိမ်းကို စွဲလမ်း စွာဆော့ကစားနေကြသည်ကို တွေ့ရသည်။ ဘောလုံးကစားခြင်း ကြောင့်၊ ဘောလုံးတစ်လုံးဂိုးထဲ ဝင်သွားခြင်းကြောင့် ဘာမျှထူး ခြားစွာအကျိုးမရှိဟုဆိုသော် လည်း ကိုယ်ခန္ဓာလှုပ်ရှားမှုရှိ၍ ကိုယ်ခန္ဓာသန်စွမ်းမှု၊ သက်လုံ ကောင်းမှုဟူသောအကျိုးအမြတ် ကို ရနိုင်ပါသေးသည်။

ယခုလို မိုဘိုင်းဂိမ်းဖြင့်အ ခန်းထောင့်တွင် ချောင်ကုပ်ကာ တိုက်ပွဲများဆင်နွှဲနေခြင်းကတော့ ဘယ်ဘက်ကမျှ အကျိုးရှိမည် မထင်ပါ။ အရိုင်းစိတ်ကို ငြိမ်းချမ်း သောနည်းဖြင့် ဖြေဖျောက်သော နည်းဟုလည်းမမည်ပါ။ အရိုင်း စိတ်၊ တိရစ္ဆာန်စိတ်ကိုပိုမိုမြှင့်တင် ပေးရာရောက်နေသော ကစား နည်းလားဟုသာစဉ်းစားမိသည်။

ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးလိုမြို့ကြီးပြကြီးများတွင်ရန်ပွဲများဖြစ်တိုင်း လူအုပ်စုဖြင့် ရိုက်နှက်၊ ထိုးကြိတ်၊ သတ်ဖြတ် ကြတာကို သတိထားမိကြပါလိမ့် မည်။ တစ်ခုခုဖြစ်လိုက်သည်နှင့် မော်တော်ကား၊ ဆိုင်ကယ်များ ဖြင့်တုတ်၊ ဓားအစရှိသည့်လက် နက်ကိုင်ဆောင် ထားသူတွေ ရောက်လာကြသည်။ အများစုမှာ လူငယ်တွေဖြစ်သည်။ မိုဘိုင်းဂိမ်း ထဲက တိုက်ပွဲများတွင်လည်း လက်နက်မျိုးစုံကိုင်ဆောင်ထား သူများဖြင့် အုပ်စုဖွဲ့တိုက်ခိုက်ကြ တာကိုတွေ့ရသည်။ ဂိမ်းထဲက ဇာတ်ကောင်တွေကိုယ်တိုင်အ ပြင်ရောက်လာသည်လား၊ ဂိမ်း ထဲက ဝိညာဉ်တွေကပဲ သူတို့ကို ပူးကပ်သွားသည်လား။

 ရန်ကုန်နှင့်မန္တလေးကို စမတ်စီးတီးဖြစ်အောင်ပြုလုပ် မည်ဟုသတင်းများတွင် ဖတ်ရ သည်။ မြို့ကိုသာမက မြို့တွင်နေ ထိုင်သော ကလေးများကိုပါ စမတ်ဖြစ်အောင် ပြုလုပ်ပေးစေ ချင်သည်။ သူတို့အတွက် ဖြစ်စဉ် များပြောင်းလဲလာပြီး အရာရာကို စူးစမ်းလိုစိတ်၊ စွန့်စားလိုစိတ်၊ တီ ထွင်လိုစိတ်များဝင်လာကြသည်။ ခန္ဓာကိုယ်ကလည်း ဖွံ့ဖြိုးလာပြီး ထိုဖွံ့ဖြိုးမှုများကို ကောင်းမွန် သည့်နေရာများတွင် အသုံးချနိုင် ရန်အခွင့်အလမ်းဖန်တီးပေးရန် လိုသည်။

နယ်မြို့များသို့ ခရီးထွက် တိုင်း ရန်ကုန်က ကလေးတွေ မွန်းကျပ်နေမှုကို မြင်ယောင်ပြီး စိတ်မကောင်း ဖြစ်မိသည်။ ကျောင်းစာကတစ်ဖက်၊ ကျူရှင် ကတစ်ဖက်နှင့်သူတို့၏ စိတ်ပိုင်း ဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးမှုကို ကောင်းမွန်စွာအသုံးမချ နိုင်။ မြို့တွေကိုသာစမတ်ဖြစ်စေ ဖို့မဟုတ်ဘဲ လူတွေကိုပါ စမတ် ဖြစ်စေဖို့ စီမံဆောင်ရွက်သင့် ကြောင်း ဆန္ဒပြုလိုက်ရပါသည်။

(ဆောင်းပါးရှင် ဗညားလှိုင်ဦး သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ မျက်မှောက်ရေးရာဆောင်း ပါးများ ရေးသားနေသူဖြစ်သည်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top