(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဆယ္ေက်ာ္သက္အရြယ္တြင္ အဝလြန္ျခင္းေၾကာင့္ အရြယ္ေရာက္ၿပီးခ်ိန္၌ သရက္ရြက္ကင္ဆာေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္မား ေၾကာင္း သုေတသီမ်ား၏ ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။

အဝလြန္ျခင္းေၾကာင့္ အျဖစ္နည္းေသာ သရက္ရြက္ကင္ဆာ ျဖစ္ႏုိင္သည့္ အႏၲရာယ္ေလးဆျမင့္မားၿပီး ကိုယ္အေလးခ်ိန္ ပိုလာ သည္ႏွင့္အမွ် ေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္လည္း ပိုမ်ားေၾကာင္း အစၥေရးသုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္။

အဝလြန္ျခင္းေၾကာင့္ သရက္ရြက္ကင္ဆာျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း သိရွိထားသည္မွာ အခ်ိန္တစ္ခုအထိရွိၿပီျဖစ္ၿပီး ယခုေလ့လာမႈက ဆယ္ေက်ာ္သက္အရြယ္တြင္ အဝလြန္ျခင္းႏွင့္ ကိုယ္အေလးခ်ိန္ျမင့္မားျခင္းေၾကာင့္လည္း ယင္းအႏၲရာယ္ျမင့္မား ေစေၾကာင္း ေဖာ္ျပေနသည္ဟု သုေတသီမ်ားကေျပာသည္။

သရက္ရြက္ကင္ဆာေရာဂါသည္ ျဖစ္ေခါင့္ျဖစ္ခဲေရာဂါျဖစ္ၿပီး ယခုႏွစ္ အေမရိကန္တြင္ ယင္းေရာဂါျဖစ္ပြားသူ ၅၅,၀၀၀ ခန္႔ရွိ ေၾကာင္းႏွင့္ ယင္းေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ရွိသူမ်ားပင္ ယင္း ေရာဂါျဖစ္ပြားႏုိင္ေျခနည္းပါးသည္ဟု သုေတသီမ်ားကေျပာသည္။

သို႔ေသာ္ အဝလြန္ျခင္းေၾကာင့္ သရက္ရြက္ေရာဂါ ျဖစ္ရသည္ဆိုေသာ အေထာက္အထား မေဖာ္ျပႏုိင္ေသးဘဲ ယင္းအေျခအေနႏွစ္ခုၾကား ဆက္စပ္ေၾကာင္းသာ ေတြ႕ရသည္ဟု အစၥေရးသုေတသီမ်ားကေျပာသည္။

သရက္ရြက္ကင္ဆာသည္ အေမရိကန္ႏုိင္ငံတြင္ လူေသဆံုးမႈ တတိယအမ်ားဆံုးေရာဂါျဖစ္ၿပီး ယင္းေရာဂါမွ အသက္ရွင္ႏုိင္ေျခ ၁၀ ရာခိုင္ႏႈန္းေအာက္သာရွိေၾကာင္း သိရသည္။

သာမန္ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းေရးသည္ က်န္းမာေရးအတြက္ မ်ားစြာအေရးႀကီးၿပီး ေနထုိင္စားေသာက္မႈပံုစံမ်ား က်န္းမာေရးႏွင့္ညီရန္ လိုအပ္ကာ ကိုယ္လက္လႈပ္ရွား ပံုမွန္ျပဳလုပ္သင့္ေၾကာင္း သုေတသီမ်ားကေျပာသည္။ ကိုယ္အေလးခ်ိန္သာမန္ထက္ ပိုမ်ားျခင္း (သို႔မဟုတ္) အဝလြန္ျခင္းေၾကာင့္ က်န္းမာေရးဆိုးက်ိဳးမ်ား ျဖစ္ေပၚႏုိင္သည္။         

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ဆယ်ကျော်သက်အရွယ်တွင် အဝလွန်ခြင်းကြောင့် အရွယ်ရောက်ပြီးချိန်၌ သရက်ရွက်ကင်ဆာရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မား ကြောင်း သုတေသီများ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

အဝလွန်ခြင်းကြောင့် အဖြစ်နည်းသော သရက်ရွက်ကင်ဆာ ဖြစ်နိုင်သည့် အန္တရာယ်လေးဆမြင့်မားပြီး ကိုယ်အလေးချိန် ပိုလာ သည်နှင့်အမျှ ရောဂါဖြစ်နိုင်သည့် အန္တရာယ်လည်း ပိုများကြောင်း အစ္စရေးသုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

အဝလွန်ခြင်းကြောင့် သရက်ရွက်ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း သိရှိထားသည်မှာ အချိန်တစ်ခုအထိရှိပြီဖြစ်ပြီး ယခုလေ့လာမှုက ဆယ်ကျော်သက်အရွယ်တွင် အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန်မြင့်မားခြင်းကြောင့်လည်း ယင်းအန္တရာယ်မြင့်မား စေကြောင်း ဖော်ပြနေသည်ဟု သုတေသီများကပြောသည်။

သရက်ရွက်ကင်ဆာရောဂါသည် ဖြစ်ခေါင့်ဖြစ်ခဲရောဂါဖြစ်ပြီး ယခုနှစ် အမေရိကန်တွင် ယင်းရောဂါဖြစ်ပွားသူ ၅၅,၀၀၀ ခန့်ရှိ ကြောင်းနှင့် ယင်းရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိသူများပင် ယင်း ရောဂါဖြစ်ပွားနိုင်ခြေနည်းပါးသည်ဟု သုတေသီများကပြောသည်။

သို့သော် အဝလွန်ခြင်းကြောင့် သရက်ရွက်ရောဂါ ဖြစ်ရသည်ဆိုသော အထောက်အထား မဖော်ပြနိုင်သေးဘဲ ယင်းအခြေအနေနှစ်ခုကြား ဆက်စပ်ကြောင်းသာ တွေ့ရသည်ဟု အစ္စရေးသုတေသီများကပြောသည်။

သရက်ရွက်ကင်ဆာသည် အမေရိကန်နိုင်ငံတွင် လူသေဆုံးမှု တတိယအများဆုံးရောဂါဖြစ်ပြီး ယင်းရောဂါမှ အသက်ရှင်နိုင်ခြေ ၁၀ ရာခိုင်နှုန်းအောက်သာရှိကြောင်း သိရသည်။

သာမန်ကိုယ်အလေးချိန်ကို ထိန်းသိမ်းရေးသည် ကျန်းမာရေးအတွက် များစွာအရေးကြီးပြီး နေထိုင်စားသောက်မှုပုံစံများ ကျန်းမာရေးနှင့်ညီရန် လိုအပ်ကာ ကိုယ်လက်လှုပ်ရှား ပုံမှန်ပြုလုပ်သင့်ကြောင်း သုတေသီများကပြောသည်။ ကိုယ်အလေးချိန်သာမန်ထက် ပိုများခြင်း (သို့မဟုတ်) အဝလွန်ခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။         
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top