ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဆားႏွင့္ သၾကားစား သံုးမႈေလွ်ာ့ခ်ေရး မူဝါဒျပ႒ာန္းေဆာင္ရြက္မည္ ျဖစ္ေၾကာင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ မကူးစက္တတ္ေသာ ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာေက်ာ္ကံေကာင္းက ေျပာသည္။

‘‘မူဝါဒျပ႒ာန္းမယ္။ လုပ္ဖို႔ ေတာ့ စီစဥ္ထားတယ္။ အခုေလာ ေလာဆယ္ အဖြဲ႕ေတြဖြဲ႕ၿပီးေတာ့ ကြၽမ္းက်င္တဲ့လူေတြနဲ႔ အဖြဲ႕ဖြဲ႕ၿပီး ေတာ့မွ လုပ္မွရမွာ။ အဓိကက ေတာ့ ေလွ်ာ့ဖို႔ေပါ့။ က်န္တာ ေတာ့ ကြၽန္ေတာ္တုိ႔ႏုိင္ငံမွာ ဆား စားသံုးမႈ အေနအထားကေတာ့ စားေနက် အစားအစာေတြမွာ အားလံုးက ဆားပါတာမ်ားတယ္။ ေနာက္ အခ်ိဳမႈန္႔ပါတာမ်ားတယ္။ ေနာက္တစ္ခုကေတာ့ သၾကား ကိစၥေပါ့။ ကြၽန္ေတာ္တို႔ဆီမွာ အခ်ိဳရည္ေသာက္သံုးမႈမ်ားေန တာေတြရွိတယ္။ ဒါမ်ိဳးေတြကို ေလွ်ာ့ခ်ႏုိင္ဖို႔ နည္းေပါင္းစံုနဲ႔ေပါ့ လုပ္သြားမွာ’’ဟု ၎က ေျပာ သည္။

ထိုကဲ့သို႔ လုပ္ေဆာင္ရာတြင္ ေန႔စဥ္စားသံုးေနေသာ အစားအစာမ်ား၌ ဆား၊ သၾကား ပါဝင္မႈပမာဏ သတ္မွတ္ျခင္းႏွင့္ အခြန္ေကာက္ခံျခင္းလုပ္ငန္းမ်ားအ ျပင္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက လက္ရိွေဆာင္ ရြက္ေနေသာ အာဟာရစစ္တမ္း ရလဒ္မ်ားအေပၚ အေျခခံ၍ ဆား ႏွင့္သၾကား ေလွ်ာ့ခ်ေရးလုပ္ငန္း မ်ား ေဆာင္ရြက္မည္ျဖစ္သည္။ ထို႔အျပင္ ၂၀၁၉ တြင္ ေကာက္ယူမည့္ မကူးစက္ႏုိင္ေသာ ေရာဂါမ်ား ျဖစ္ပြားမႈႏွင့္ ျဖစ္ပြားေစႏုိင္ေသာအေၾကာင္းရင္းမ်ား ဆန္းစစ္ေလ့လာျခင္းစစ္တမ္း၌ ျပည္သူလူထု၏ ဆားစားသံုးမႈအေျခအေန ထည့္သြင္း ေကာက္ယူျခင္းတုိ႔ ေဆာင္ရြက္ မည္ျဖစ္သည္။

‘‘ေကာက္ယူမယ္ဆုိတာက ေမးျမန္း႐ံုနဲ႔ေတာ့မရဘူး။ စမ္း သပ္တာေတြပါ လုပ္ရမွာ။ ဆီးထဲ မွာ ပါဝင္တဲ့အတုိင္းအတာေတြပါ

တိုင္းတာေတြလုပ္ရမွာ။ အဲဒါေတြလုပ္ၿပီးမွ ဘယ္လိုအေျခအေနရွိ လဲဆိုတာသိၿပီး တစ္ဖက္ကေတာ့ ဆားစားသံုးမႈ ေလွ်ာ့ခ်ဖို႔ ပညာ ေပးတာတုိ႔၊ အစားအေသာက္ေတြ ျပင္ဆင္တာေတြ၊ Ready-made အစားအေသာက္ေတြ ထုတ္လုပ္တာေတြ၊ အဲဒီထဲမွာ ပါတဲ့ ပမာဏေတြမွာ ဆားဘယ္ ေလာက္ပါေနလဲဆုိတဲ့ အတိုင္း အတာေတြနဲ႔ ခ်ိန္ဆၿပီးေတာ့မွ လိုအပ္တာေတြကို ေဆာင္ရြက္ မယ္’’ဟု ေဒါက္တာေက်ာ္ကံ ေကာင္းက ဆက္လက္ေျပာၾကား သည္။

ျမန္မာႏုိင္ငံတြင္ ၂၀၁၄ က ေကာက္ယူထားေသာ စစ္တမ္း အရ လူ ၁၀၀ လွ်င္ ၁၀ ဦးသည္ ဆီးခ်ိဳေရာဂါရွိေနၿပီး ေလးပံုတစ္ ပံုသည္ ေသြးတုိးေရာဂါရွိေန သည္။ ကူးစက္မဟုတ္ေသာ ေရာဂါမ်ားေၾကာင့္ ေသဆံုးမႈ ၅၉ ရာခိုင္ႏႈန္းရွိေၾကာင္း ကမၻာ့က်န္း မာေရးအဖြဲ႕က ထုတ္ျပန္ထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ဆားနှင့် သကြားစား သုံးမှုလျှော့ချရေး မူဝါဒပြဋ္ဌာန်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောသည်။

‘‘မူဝါဒပြဋ္ဌာန်းမယ်။ လုပ်ဖို့ တော့ စီစဉ်ထားတယ်။ အခုလော လောဆယ် အဖွဲ့တွေဖွဲ့ပြီးတော့ ကျွမ်းကျင်တဲ့လူတွေနဲ့ အဖွဲ့ဖွဲ့ပြီး တော့မှ လုပ်မှရမှာ။ အဓိကက တော့ လျှော့ဖို့ပေါ့။ ကျန်တာ တော့ ကျွန်တော်တို့နိုင်ငံမှာ ဆား စားသုံးမှု အနေအထားကတော့ စားနေကျ အစားအစာတွေမှာ အားလုံးက ဆားပါတာများတယ်။ နောက် အချိုမှုန့်ပါတာများတယ်။ နောက်တစ်ခုကတော့ သကြား ကိစ္စပေါ့။ ကျွန်တော်တို့ဆီမှာ အချိုရည်သောက်သုံးမှုများနေ တာတွေရှိတယ်။ ဒါမျိုးတွေကို လျှော့ချနိုင်ဖို့ နည်းပေါင်းစုံနဲ့ပေါ့ လုပ်သွားမှာ’’ဟု ၎င်းက ပြော သည်။

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် နေ့စဉ်စားသုံးနေသော အစားအစာများ၌ ဆား၊ သကြား ပါဝင်မှုပမာဏ သတ်မှတ်ခြင်းနှင့် အခွန်ကောက်ခံခြင်းလုပ်ငန်းများအ ပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လက်ရှိဆောင် ရွက်နေသော အာဟာရစစ်တမ်း ရလဒ်များအပေါ် အခြေခံ၍ ဆား နှင့်သကြား လျှော့ချရေးလုပ်ငန်း များ ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ၂၀၁၉ တွင် ကောက်ယူမည့် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုနှင့် ဖြစ်ပွားစေနိုင်သောအကြောင်းရင်းများ ဆန်းစစ်လေ့လာခြင်းစစ်တမ်း၌ ပြည်သူလူထု၏ ဆားစားသုံးမှုအခြေအနေ ထည့်သွင်း ကောက်ယူခြင်းတို့ ဆောင်ရွက် မည်ဖြစ်သည်။

‘‘ကောက်ယူမယ်ဆိုတာက မေးမြန်းရုံနဲ့တော့မရဘူး။ စမ်း သပ်တာတွေပါ လုပ်ရမှာ။ ဆီးထဲ မှာ ပါဝင်တဲ့အတိုင်းအတာတွေပါ

တိုင်းတာတွေလုပ်ရမှာ။ အဲဒါတွေလုပ်ပြီးမှ ဘယ်လိုအခြေအနေရှိ လဲဆိုတာသိပြီး တစ်ဖက်ကတော့ ဆားစားသုံးမှု လျှော့ချဖို့ ပညာ ပေးတာတို့၊ အစားအသောက်တွေ ပြင်ဆင်တာတွေ၊ Ready-made အစားအသောက်တွေ ထုတ်လုပ်တာတွေ၊ အဲဒီထဲမှာ ပါတဲ့ ပမာဏတွေမှာ ဆားဘယ် လောက်ပါနေလဲဆိုတဲ့ အတိုင်း အတာတွေနဲ့ ချိန်ဆပြီးတော့မှ လိုအပ်တာတွေကို ဆောင်ရွက် မယ်’’ဟု ဒေါက်တာကျော်ကံ ကောင်းက ဆက်လက်ပြောကြား သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ က ကောက်ယူထားသော စစ်တမ်း အရ လူ ၁၀၀ လျှင် ၁၀ ဦးသည် ဆီးချိုရောဂါရှိနေပြီး လေးပုံတစ် ပုံသည် သွေးတိုးရောဂါရှိနေ သည်။ ကူးစက်မဟုတ်သော ရောဂါများကြောင့် သေဆုံးမှု ၅၉ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့က ထုတ်ပြန်ထား သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top