ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မိုးရာသီကုန္ဆုံးၿပီး ပြင့္လင္းရာသီ ေရာက္လာၿပီ ျဖစ္တာေၾကာင့္ အားလပ္ရက္ေတြမွာ ကမ္းေျခ ခရီးသြားမယ့္သူေတြ ကမ္းေျခသြားတဲ့အခါ ပစၥည္းေမ့ေလ်ာ့ က်န္ခဲ့တာမ်ိဳးေတြ မျဖစ္ရေအာင္ ယူသြားရမယ့္ အသုံးအေဆာင္ပစၥည္း အခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

(၁) Sunscreen

ကမ္းေျခ ခရီးသြားတဲ့အခါ အေရးအႀကီးဆုံးကေတာ့ ေနေရာင္ျခည္ဒဏ္ကို အလုံအေလာက္ကာကြယ္ေပးနိုင္တဲ့ ေနေရာင္ကာခရင္မ္ (Sunscreen) ျဖစ္ပါတယ္။ ကမ္းေျခကျပန္လာၿပီး အသားအေရ ညိုမည္း ပ်က္စီးတာမ်ိဳးေတြ မျဖစ္ရေအာင္ Sunscreen ကို မျဖစ္မေန ထည့္သြားသင့္ပါတယ္။

(၂) ဦးထုပ္

ကမ္းေျခမွာ ဓာတ္ပုံရိုက္တဲ့အခါ ရွိုးထုတ္လို႔လည္း ရသလို ေနေရာင္ျခည္ဒဏ္ကေနလည္း ကာကြယ္ၿပီးသား ျဖစ္တာေၾကာင့္ ဦးထုပ္ ဒါမွမဟုတ္ ပုဝါ တမ်ိဳးမ်ိဳးကို ပ်ိဳေမေတြ အေနနဲ႕ ယူေဆာင္သြားဖို႔ မေမ့သင့္ပါဘူး။

(၃) ေနကာမ်က္မွန္

အပူရွိန္ ျပင္းထန္လွတဲ့ ေနေရာင္ျခည္ေၾကာင့္ အျမင္အာ႐ုံ ထိခိုက္ပ်က္စီးတာမ်ိဳး မျဖစ္ရေအာင္ ကမ္းေျခသြားတဲ့အခါ ေနကာမ်က္မွန္ကို မျဖစ္မေန ယူေဆာင္သြားသင့္ပါတယ္။

(၄) ေျခညွပ္ဖိနပ္

ကမ္းေျခမွာ ေပါ့ေပါ့ပါးပါးနဲ႕ အထာက်က် စီးနိုင္မွာ ျဖစ္သလို သက္ေသာင့္သက္သာလည္းျဖစ္ေစမယ့္ ေျခညွပ္ ဖိနပ္မ်ိဳးကို ကမ္းေျခ ခရီးအတြက္ မပါမျဖစ္ ယူသြားသင့္ပါတယ္။

(၅) ေရစိုခံအိတ္

ဖုန္းနဲ႕ တျခားေသာ အေရးႀကီး စာ႐ြက္စာတမ္းေတြ ေရစိုပ်က္စီးတာမ်ိဳး မျဖစ္ရေအာင္ ပိုပိုလိုလို အေနနဲ႕ ေရစိုခံ အိတ္တအိတ္ကို ယူေဆာင္သြားသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်တာကြောင့် အားလပ်ရက်တွေမှာ ကမ်းခြေ ခရီးသွားမယ့်သူတွေ ကမ်းခြေသွားတဲ့အခါ ပစ္စည်းမေ့လျော့ ကျန်ခဲ့တာမျိုးတွေ မဖြစ်ရအောင် ယူသွားရမယ့် အသုံးအဆောင်ပစ္စည်း အချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) Sunscreen

ကမ်းခြေ ခရီးသွားတဲ့အခါ အရေးအကြီးဆုံးကတော့ နေရောင်ခြည်ဒဏ်ကို အလုံအလောက်ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ် (Sunscreen) ဖြစ်ပါတယ်။ ကမ်းခြေကပြန်လာပြီး အသားအရေ ညိုမည်း ပျက်စီးတာမျိုးတွေ မဖြစ်ရအောင် Sunscreen ကို မဖြစ်မနေ ထည့်သွားသင့်ပါတယ်။

(၂) ဦးထုပ်

ကမ်းခြေမှာ ဓာတ်ပုံရိုက်တဲ့အခါ ရှိုးထုတ်လို့လည်း ရသလို နေရောင်ခြည်ဒဏ်ကနေလည်း ကာကွယ်ပြီးသား ဖြစ်တာကြောင့် ဦးထုပ် ဒါမှမဟုတ် ပုဝါ တမျိုးမျိုးကို ပျိုမေတွေ အနေနဲ့ ယူဆောင်သွားဖို့ မမေ့သင့်ပါဘူး။

(၃) နေကာမျက်မှန်

အပူရှိန် ပြင်းထန်လှတဲ့ နေရောင်ခြည်ကြောင့် အမြင်အာရုံ ထိခိုက်ပျက်စီးတာမျိုး မဖြစ်ရအောင် ကမ်းခြေသွားတဲ့အခါ နေကာမျက်မှန်ကို မဖြစ်မနေ ယူဆောင်သွားသင့်ပါတယ်။

(၄) ခြေညှပ်ဖိနပ်

ကမ်းခြေမှာ ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ စီးနိုင်မှာ ဖြစ်သလို သက်သောင့်သက်သာလည်းဖြစ်စေမယ့် ခြေညှပ် ဖိနပ်မျိုးကို ကမ်းခြေ ခရီးအတွက် မပါမဖြစ် ယူသွားသင့်ပါတယ်။

(၅) ရေစိုခံအိတ်

ဖုန်းနဲ့ တခြားသော အရေးကြီး စာရွက်စာတမ်းတွေ ရေစိုပျက်စီးတာမျိုး မဖြစ်ရအောင် ပိုပိုလိုလို အနေနဲ့ ရေစိုခံ အိတ်တအိတ်ကို ယူဆောင်သွားသင့်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top