ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သန္႔ရွင္းေရးနဲ႔ ပတ္သတ္လာတဲ့အခါ ရွာလကာရည္အျဖဴက အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရရွိေစပါတယ္။ industrial ဓါတုပစၥညး္ေတြနဲ႔ မတူဘဲ ရွာလကာရည္က အရာဝတၱဳအေတာ္မ်ားမ်ားကို သန္႔ရွငး္ဖို႔ အသံုးျပဳႏိုင္တဲ့ သဘာဝပါဝင္ပစၥည္းျဖစ္ပါတယ္။ သို႔ေသာ္ တခ်ိဳ႕အရာဝတၱဳေတြ၊ မ်က္ႏွာျပင္ဧရိယာေတြေပၚမွာ အသံုးျပဳလို႔ မရပါဘူး။ ဘယ္လိုအရာဝတၱဳေတြကို ရွာလကာရည္နဲ႔ သန္႔ရွင္းေရးမလုပ္သင့္ဘူးလဲ?

၁။ သစ္မာၾကမ္းခင္းမ်ား

သစ္မာၾကမ္းခင္းေတြေပၚမွာ ရွာလကာရည္အျဖဴကို အသံုးျပဳျခင္းက ၾကမ္းခင္းေတြ အေရာင္ေျပာင္းမႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။ သစ္သားၾကမ္းခင္းေတြကို သန္႔ရွင္းေရးလုပ္တဲ့အခါ ၾကမ္းခင္းအမ်ိဳးအစားေပၚမူတည္ၿပီး ထုတ္လုပ္ထားတဲ့ သန္႔ရွင္းေရး products မ်ားကို ဝယ္သံုးႏိုင္ပါတယ္။ တျခားေရြးခ်ယ္စရာအျဖစ္ သစ္သားပရိေဘာဂေတြက အစြန္းအထင္းႏွင့္ ဖုန္ေတြကို ဖယ္ရွားဖို႔ ရွာလကာရည္အျဖဴကို သံလြင္ဆီနဲ႔ ေရာသံုးႏိုင္ပါတယ္။

၂။ ေက်ာက္မ်က္ႏွာျပင္မ်ား

ႏွမ္းဖက္ေက်ာက္ သို႔မဟုတ္ စက်င္ေက်ာက္ကဲ့သို႔ သဘာဝေက်ာက္မ်ားကို အက္ဆစ္ဂုဏ္သတိၱရွိတဲ့ အရာဝတၱဳမ်ားက ေကာင္းစြာ မတံု႔ျပန္ပါဘူး။ ဒါ့ေၾကာင့္ ဒီမ်က္ႏွာျပင္ေတြေပၚမွာ ရွာလကာရည္ကို အသံုးမျပဳတာက အေကာင္းဆံုးပါ။ ထိိုေက်ာက္ေတြေပၚမွာ သံပုရာသီးႏွင့္ မုန္႔ဖုတ္ဆိုဒါကိုလည္း မသံုးသင့္ပါဘူး။ ဒီလိုေက်ာက္ေတြကို ၾကမ္းခင္းခင္းထားတယ္ဆိုရင္ ဒီမ်က္ႏွာျပင္ေတြအတြက္ ထုတ္လုပ္ထားတဲ့ သန္႕ရွင္းေရး products ေတြကို သံုးတာက ပိုေကာင္းပါတယ္။

၃။ အီလက္ထရြန္နစ္ ကိရိယာမ်ားႏွင့္ ပစၥည္းမ်ား

၎မွာ polishing ဂုဏ္သတၱိရွိေသာ္လည္း ရုပ္ျမင္သံၾကား ၊ ကြန္ျပဴတာေတြကို သန္႔ရွင္းေရးလုပ္တဲ့အခါ ရွာလကာရည္အျဖဴကို မသံုးသင့္ပါဘူး။ tablets နဲ႔ မိုဘိုင္းဖုန္းေတြကဲ့သို႔ touch screens ေတြေပၚမွာ၊ မိုက္ခရိုေဝ့ဖ္၊ ေကာ္ဖီေဖ်ာ္စက္၊ မီးပူေတြေပၚမွာလည္း မသံုးသင့္ပါဘူး။

၄။ အစားအေသာက္အစြန္းအထင္း

အဝတ္အစားေတြ၊ ၾကမ္းျပင္ေတြ ၊ကားထိုင္ခံုေတြေပၚမွာ ဒါမွမဟုတ္ အိပ္္ရာေပၚမွာျဖစ္ျဖစ္ အစားအေသာက္ အစြန္းအထင္းေတြကို ရွာလကာရည္အျဖဴက မဖယ္ရွားေပးႏိုင္ပါဘူး။ ရွာလကာရည္ကို သြားသံုးလိုက္ရင္ အစြန္းအထင္းေတြကို ဖယ္ရွားဖို႔ ပိုၿပီးေတာ့ေတာင္ ခက္ခဲေစႏိုင္ပါတယ္။

၅။ အေရာင္ခၽြတ္ေဆး

ရွာလကာရည္အျဖဴကို အေရာင္ခၽြတ္ေဆးနဲ႔ ဘယ္ေတာ့မွ မေရာပါနဲ႔။ ဒီျဒပ္စင္ႏွစ္ခုေပါင္းစပ္မႈက ကလိုရင္းဓါတ္ေငြ႕ ဖြဲ႕စညး္တာေၾကာင့္ ဆိုးဝါးေစႏိုင္ပါတယ္။ ဒီအရာက အဆိပ္ေငြ႕ကိုထုတ္လြတ္ေပးတဲ့ အရာဝတၱဳတစ္ခုျဖစ္ပါတယ္။

၆။ သံအိုးႏွင့္ ဒယ္အိုးမ်ား

ရွာလကာရည္အျဖဴနဲ႔ ဒီအရာဝတၱဳေတြကို သန္႔ရွင္းေရးမလုပ္သင့္ပါဘူး။ ပထမတစ္ခုက ရွာလကာရည္မွာပါတဲ့ အက္ဆစ္က nonstick မ်က္ႏွာျပင္ေတြကို ပ်က္ျပယ္ေစတာေၾကာင့္ ဒယ္အိုးက ၾကာရွည္ခံမွာမဟုတ္ပါဘူး။
ဒါ့အျပင္ သံက ဒီအက္ဆစ္အစိတ္အပိုင္းေတြကို ေကာင္းစြာ မတံု႔ျပန္ပါဘူး။ ဒယ္အိုးကို အစြန္းအထင္းေတြ ျဖစ္ေစႏိုင္ပါတယ္။
ရွာလကာရည္အျဖဴနဲ႔ သန္႔စင္ႏိုင္တဲ့အရာေတြ


အခ်ိဳ႕ေသာ အရာဝတၱဳေတြကို သန္႔ရွင္းတဲ့အခါ ရွာလကာရည္ကို မသံုးသင့္ေသာ္လည္း တခ်ိဳ႕အရာဝတၱဳေတြအတြက္ ရွာလကာရည္အျဖဴက အားသာခ်က္ေတြ အမ်ားႀကီးရွိပါတယ္။
သစ္သားပရိေဘာဂ ေတြ၊ မွန္ေတြ သန္႔ရွင္းတဲ့အခါ အသံုးျပဳႏိုင္သလို အိမ္သာ၊ ေဘစင္၊ ဘံုဘိုင္ေခါင္းမ်ား စတဲ့ ေရခ်ိဳးခန္းသံုး အစိတ္အပိုင္းမ်ား၊ ကိရိယာေတြ အစိိတ္အပိုင္းေတြက ေခ်းေတြကို ဖယ္ရွားတဲ့အခါ အသံုးျပဳနိုင္ပါတယ္။
ဒါ့အျပင္ ေရခဲေသတၱာ ပိုးသတ္ေဆးအျဖစ္လည္း အသံုးျပဳႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: LifeStye


#Unicode Version#

သန့်ရှင်းရေးနဲ့ ပတ်သတ်လာတဲ့အခါ ရှာလကာရည်အဖြူက အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။ industrial ဓါတုပစ္စည်းတွေနဲ့ မတူဘဲ ရှာလကာရည်က အရာဝတ္တုအတော်များများကို သန့်ရှင်းဖို့ အသုံးပြုနိုင်တဲ့ သဘာဝပါဝင်ပစ္စည်းဖြစ်ပါတယ်။ သို့သော် တချို့အရာဝတ္တုတွေ၊ မျက်နှာပြင်ဧရိယာတွေပေါ်မှာ အသုံးပြုလို့ မရပါဘူး။ ဘယ်လိုအရာဝတ္တုတွေကို ရှာလကာရည်နဲ့ သန့်ရှင်းရေးမလုပ်သင့်ဘူးလဲ?

၁။ သစ်မာကြမ်းခင်းများ

သစ်မာကြမ်းခင်းတွေပေါ်မှာ ရှာလကာရည်အဖြူကို အသုံးပြုခြင်းက ကြမ်းခင်းတွေ အရောင်ပြောင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သစ်သားကြမ်းခင်းတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ကြမ်းခင်းအမျိုးအစားပေါ်မူတည်ပြီး ထုတ်လုပ်ထားတဲ့ သန့်ရှင်းရေး products များကို ဝယ်သုံးနိုင်ပါတယ်။ တခြားရွေးချယ်စရာအဖြစ် သစ်သားပရိဘောဂတွေက အစွန်းအထင်းနှင့် ဖုန်တွေကို ဖယ်ရှားဖို့ ရှာလကာရည်အဖြူကို သံလွင်ဆီနဲ့ ရောသုံးနိုင်ပါတယ်။

၂။ ကျောက်မျက်နှာပြင်များ

နှမ်းဖက်ကျောက် သို့မဟုတ် စကျင်ကျောက်ကဲ့သို့ သဘာဝကျောက်များကို အက်ဆစ်ဂုဏ်သတ္တိရှိတဲ့ အရာဝတ္တုများက ကောင်းစွာ မတုံ့ပြန်ပါဘူး။ ဒါ့ကြောင့် ဒီမျက်နှာပြင်တွေပေါ်မှာ ရှာလကာရည်ကို အသုံးမပြုတာက အကောင်းဆုံးပါ။ ထိုကျောက်တွေပေါ်မှာ သံပုရာသီးနှင့် မုန့်ဖုတ်ဆိုဒါကိုလည်း မသုံးသင့်ပါဘူး။ ဒီလိုကျောက်တွေကို ကြမ်းခင်းခင်းထားတယ်ဆိုရင် ဒီမျက်နှာပြင်တွေအတွက် ထုတ်လုပ်ထားတဲ့ သန့်ရှင်းရေး products တွေကို သုံးတာက ပိုကောင်းပါတယ်။

၃။ အီလက်ထရွန်နစ် ကိရိယာများနှင့် ပစ္စည်းများ

၎င်းမှာ polishing ဂုဏ်သတ္တိရှိသော်လည်း ရုပ်မြင်သံကြား ၊ ကွန်ပြူတာတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ရှာလကာရည်အဖြူကို မသုံးသင့်ပါဘူး။ tablets နဲ့ မိုဘိုင်းဖုန်းတွေကဲ့သို့ touch screens တွေပေါ်မှာ၊ မိုက်ခရိုဝေ့ဖ်၊ ကော်ဖီဖျော်စက်၊ မီးပူတွေပေါ်မှာလည်း မသုံးသင့်ပါဘူး။

၄။ အစားအသောက်အစွန်းအထင်း

အဝတ်အစားတွေ၊ ကြမ်းပြင်တွေ ၊ကားထိုင်ခုံတွေပေါ်မှာ ဒါမှမဟုတ် အိပ်ရာပေါ်မှာဖြစ်ဖြစ် အစားအသောက် အစွန်းအထင်းတွေကို ရှာလကာရည်အဖြူက မဖယ်ရှားပေးနိုင်ပါဘူး။ ရှာလကာရည်ကို သွားသုံးလိုက်ရင် အစွန်းအထင်းတွေကို ဖယ်ရှားဖို့ ပိုပြီးတော့တောင် ခက်ခဲစေနိုင်ပါတယ်။

၅။ အရောင်ချွတ်ဆေး

ရှာလကာရည်အဖြူကို အရောင်ချွတ်ဆေးနဲ့ ဘယ်တော့မှ မရောပါနဲ့။ ဒီဒြပ်စင်နှစ်ခုပေါင်းစပ်မှုက ကလိုရင်းဓါတ်ငွေ့ ဖွဲ့စည်းတာကြောင့် ဆိုးဝါးစေနိုင်ပါတယ်။ ဒီအရာက အဆိပ်ငွေ့ကိုထုတ်လွတ်ပေးတဲ့ အရာဝတ္တုတစ်ခုဖြစ်ပါတယ်။

၆။ သံအိုးနှင့် ဒယ်အိုးများ

ရှာလကာရည်အဖြူနဲ့ ဒီအရာဝတ္တုတွေကို သန့်ရှင်းရေးမလုပ်သင့်ပါဘူး။ ပထမတစ်ခုက ရှာလကာရည်မှာပါတဲ့ အက်ဆစ်က nonstick မျက်နှာပြင်တွေကို ပျက်ပြယ်စေတာကြောင့် ဒယ်အိုးက ကြာရှည်ခံမှာမဟုတ်ပါဘူး။
ဒါ့အပြင် သံက ဒီအက်ဆစ်အစိတ်အပိုင်းတွေကို ကောင်းစွာ မတုံ့ပြန်ပါဘူး။ ဒယ်အိုးကို အစွန်းအထင်းတွေ ဖြစ်စေနိုင်ပါတယ်။
ရှာလကာရည်အဖြူနဲ့ သန့်စင်နိုင်တဲ့အရာတွေ


အချို့သော အရာဝတ္တုတွေကို သန့်ရှင်းတဲ့အခါ ရှာလကာရည်ကို မသုံးသင့်သော်လည်း တချို့အရာဝတ္တုတွေအတွက် ရှာလကာရည်အဖြူက အားသာချက်တွေ အများကြီးရှိပါတယ်။
သစ်သားပရိဘောဂ တွေ၊ မှန်တွေ သန့်ရှင်းတဲ့အခါ အသုံးပြုနိုင်သလို အိမ်သာ၊ ဘေစင်၊ ဘုံဘိုင်ခေါင်းများ စတဲ့ ရေချိုးခန်းသုံး အစိတ်အပိုင်းများ၊ ကိရိယာတွေ အစိတ်အပိုင်းတွေက ချေးတွေကို ဖယ်ရှားတဲ့အခါ အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် ရေခဲသေတ္တာ ပိုးသတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top