ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
#Unicode Version#
ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်ဘောလုံးအ သင်း ဘယ်နောက်ခံကစားသမား သိန်းသန်းဝင်းကို ထိုင်းလိဂ်၏ နာမည်ကြီးအသင်းအချို့က ကမ်းလှမ်းထားကြောင်း ရတနာပုံအသင်းတာဝန်ရှိသူတစ်ဦးက  ပြောသည်။
အသက် (၂၆)နှစ်အရွယ် သိန်းသန်းဝင်းသည် ရှမ်းယူနိုက် တက် လူငယ်အသင်းမှ ပေါ်ထွက် လာပြီး ၂၀၁၅ ဘောလုံးရာသီတွင် ရတနာပုံအသင်းသို့ ပြောင်းရွှေ့ ကာ လက်ရှိ၌ ဆူဇူကီးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၌ ခြေစွမ်းပြနေသည့် ကစားသမားဖြစ် သည်။
‘‘သိန်းသန်းဝင်းကို ထိုင်းကနာမည်ကြီးကလပ် နှစ်သင်း လောက်က အသင်းကို တရားဝင် ကမ်းလှမ်းထားတာ ရှိပါတယ်။အဓိကကတော့ ဆူဇူကီးမှာ သိန်းသန်းဝင်းက ဘယ်ခြမ်းတစ် လျှောက် ခြေစွမ်းပြလာတဲ့အခါ အသင်းအချို့က  သူ့ကို ကျွန်တော်တို့ဆီ ကမ်းလှမ်းလာတာပါ။ သူကတော့ ဆူဇူကီးကစားနေလို့ အသင်းပြောင်းဖု့ိကို  ဘာမှမဆုံးဖြတ်ရသေးပါဘူး။ ဆူဇူကီးကိုပဲ အာရုံစိုက် ခိုင်းထားပါတယ်။ ပြိုင်ပွဲပြီးမှပဲ သူ့သဘောကို မေးပြီး သူ့အနာဂတ်ကို ဆုံးဖြတ်မှာပါ။ သူကစားချင်တယ်၊ တစ်ဖက်အသင်းက လည်း ခိုင်မာမှုရှိတယ်ဆိုရင်တော့ ပေးပြောင်းမှာပါ’’ဟု ရတနာပုံအသင်း တာဝန်ရှိသူက ပြောသည်။  အောင်သူသည် ပြီးခဲ့သည့် ရာသီတွင် ထိုင်းကလပ် Police Teroအသင်းတွင် အငှားသွားရောက်ကစားခဲ့ပြီး စာချုပ်သက်တမ်းမတိုးသောကြောင့် အခြားအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်။ ရတနာပုံအသင်း တိုက်စစ် မှူး အောင်သူနှင့် စည်သူအောင် ကို ထိုင်းကလပ် မြောင်တောင်နှင့် ဘူရီရမ်အသင်းတို့က ခေါ်ယူရန် ကြိုးပမ်းနေသည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top