ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




(၂) လေ့ကျင့်ခန်းလုပ်ပါ








ဖိုးသူတော် (www.phothutaw.com)
Credit: Lwin Pyint


#Unicode Version#

ဗိုက်အဆီတွေကို အမြန်ဆုံးကျစေချင်တဲ့ သူတွေအနေနဲ့ လိုက်နာရမယ့် အဆင့်လေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေက အရမ်းကိုအသုံးဝင်တဲ့နည်းလမ်းလေးတွေဖြစ်တာကြောင့် ကြိုးစားပြီးလိုက်လုပ်ကြည့်ပါနော်။ ရက်အနည်းငယ်အတွင်း ထူးခြားတဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။

(၁) အစားအသောက်ဆင်ခြင်ပါ

နေ့စဉ် သင်စားသောက်တဲ့အစားအသောက်တွေထဲမှာ သကြားတွေ၊ ကာဗိုဟိုက်ဒရိတ်တွေပါနေရင် အတတ်နိုင်ဆုံးမစားပါနဲ့တော့။ အချိုရည်တွေအစား လက်ဖက်ခြောက်၊ အချိုတွေအစား သစ်သီးတွေနဲ့ သကြားအစား ပျားရည်သုံးတာမျိုးကို လုပ်ပါ။ နောက်ပြီးအသီးအရွက်နဲ့ အမျှင်ဓာတ်ပါဝင်တာတွေကို များများစားပေးပါ။

(၂) လေ့ကျင့်ခန်းလုပ်ပါ

တစ်ရက်ကို မိနစ် ၃၀ ခန့်ပုံမှန်ပြေးပါ။ အစပိုင်းမှာ ပြေးတစ်လှည့် လမ်းလျှောက်တစ်လှည့်နဲ့ မိနစ် ၃၀ ပြုလုပ်ပေးနိုင်ပါတယ်။ နောက်ပိုင်းကျရင်တော့ ပြေးပါ။ ပြေးတာက လမ်းလျှောက်တာထက် ၃ ဆနီးပါး ပိုမိုဝိတ်ကျစေပါတယ်။ ဒါမှမဟုတ် တစ်ပတ်ကို ၃ ရက်ခန့်ရေကူးပေးပါ။ ကိုယ်လက်လှုပ်ရှားမှုများလေလေ ဝိတ်ကျပြီးကျစ်လျစ်လေလေဖြစ်ပါတယ်။

(၃) ခန္ဓာကိုယ်ကျစ်လျစ်စေမယ့် လေ့ကျင့်ခန်းမျိုးလုပ်ပါ

အသက်ရှူသွင်းပြီး ၁၅ စက္ကန့်ခန့် ဗိုက်ကိုချပ်ထားလိုက်ပါ။ ပြီးရင်တော့ ဖြေးဖြေးချင်းအသက်ပြန်ထုတ်ပါ။ အဲ့ဒီ့အတိုင်း အခါ ၂၀ ခန့်ပုံမှန်ပြုလုပ်ပေးပါ။

ကြမ်းပြင်မှာ တံတောင်ထောက်၊ ခြေချောင်းတွေထောက်ပြီး ခန္ဓာကိုယ်ကို ကြွပေးရတဲ့ Plank လေ့ကျင့်ခန်းမျိုးကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ စက္ကန့် ၃၀ နဲ့ ၅ ခါလောက်ကျော့ပေးပါ။

(၄) ကြွက်သားကို တင်းရင်းစေမယ့် လေ့ကျင့်ခန်းလုပ်ပါ

သင့်ရဲ့ခြေထောက်နှစ်ချောင်းကို ပူးပြီးစင်းထားလိုက်ပါ။ လက်နှစ်ဖက်ကို ဘေးမှာချပြီး အိပ်လိုက်ပါ။ ပြီးရင်တော့ စုထားတဲ့ခြေထောက်နှစ်ချောင်းကို တစ်ဖြည်းဖြည်းချင်းအပေါ်မြှောက်လိုက်ချလိုက်ပြုလုပ်ပေးပါ။

နေ့စဉ်ပုံမှန်ဒီအဆင့်တွေကို သေသေချာချာလိုက်နာပြီးပြုလုပ်ပေးရင် ၁လအတွင်းသိသိသာသာ ပိန်သွယ်ကျစ်လျစ်သွားမှာဖြစ်ပါတယ်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top