(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အတင္​း​ေတြလား ေျပာပါ​ေစ အာ​ေညာင္​းသြားရင္​ သူ ့ဟာသူတိတ္​သြားလိမ္​့မယ္​

အတိုက္​အခံ​ေတြလား ​ေသာင္​းက်န္​းပါ​ေစ ​လက္​ပန္​းက်သြားရင္​ သူ ့ဟာသူရပ္​သြားလိမ္​့မယ္​

အၿပိဳင္​အဆိုင္​​ေတြလား ၿပိဳင္​ၾကပါ​ေစ ရံႈးသြားရင္​ သူ ့ဟာသူ ​ေဘး​ေ႐ွာင္​ထြက္​သြားလိမ္​့မယ္​

အဆိုးျမင္​သမား​ေတြလား ျမင္​စမ္းပ​ါ​ေစ ​ေျပာစရာမရွိေတာ့တဲ့အခ်ိန္​မွာ သူ ့ဟာသူ ​​ျငိမ္ကုတ္ ​​သြားလိမ္​့မယ္​

ကုန္​းတိုက္​သမား​ေတြလား တိုက္​စမ္​းပါ​ေစ ပါးစပ္​ စျမဳတ္​ျပန္​သြားရင္​ သူ ့ဟာသူ ့ တိတ္​သြားလိမ္​့မယ္​

အက်င့္​ဆိုးရိွ​သူ​ေတြလား ဆိုးသြမ္​းစမ္​းပါ​ေစ ကိုယ့္ဘာသာကိုယ္​ ပ်က္​ဆီးသြားတဲ့​ေန ့မွာ သူ ့ဟာသူ ၿငိမ္​သြားလိမ္​့မယ္​

​ေလာဘ ႀကီးသူ​ေတြလား ႀကီးစမ္​းပါ​ေစ မွန္​းသ​ေလာက္​မရတာမ်ားသြားတဲ့အခ်ိန္​ခါမ်ိဳးမွာ သူ ့ဟာသူ စိတ္​ဓာတ္​က်သြားလိမ္​့မယ္​

အလိမ္​ အညာ သမား​ေတြလား စိတ္​ႀကိဳက္​လုပ္​စမ္​းပါ​ေစ လိမ္​လို ့မရတဲ့အခါမွာ သူ ့ဟာသူ လက္​​ေလွ်ာ့သြားလိမ့္​မယ္​

ကပ္​ပါး​ေကာင္​​ေတြလား ကပ္​စမ္​းပါ​ေစ ဘာမွမရတဲ့​ေန ့မွာ သူ ့ဟာသူ ​ေနာက္​ဆုတ္​သြားလိမ္​့မယ္​

ငရစ္​​ေတြလား ရစ္​စမ္​းပါ​ေစ ဂ႐ုမစိုက္​ပဲ ႏႈတ္​ဆိတ္​​ေနတဲ့ အခ်ိန္​မွာ သူ ့ဟာသူ အ​ေမာ​ေဖာက္​ၿပီး လွည္​့ျပန္​သြားလိမ္​့မယ္​

ငခြၽဲ​ေတြလား ခြၽဲစမ္​းပါ​ေစ မညႇာပဲၾကည္​့​ေနလိုက္​ သူ ့ဟာသူ နလန္​ထူသြားလိမ္​့မယ္​

​​အ​ေရးႀကီးတာတစ္​ခုက ဒါ​ေတြအားလံုးကို အႏိုင္​လိုခ်င္​တယ္​ဆိုရင္​ မိမိကိုယ္​ကိုလည္​းရင္​့က​်က္​​ေအာင္​​ေနပါ အသန္​မာဆံုးနဲ ့ခြန္​ႀကီး​မားေအာင္​​ေနပါ (စိတ္​ဓာတ္​ပိုင္​းဆိုင္​ရာကို​ေျပာတာပါ)

တကယ္​​ေတာ့ ဘယ္​သူ​ေတြဘယ္​​ေလာက္​ပဲ ကိုယ့္​အ​ေပၚဆိ​ုး​ေနပါ​ေစ ကိုယ္​က မခံယူရင္​သူဘာမွ မတတ္​ႏိုင္​ပါဘူး ဆိုလိုခ​်င္​တာက ကိုယ္​့​ေဘးမွာ လာၿပီးဆဲဆို ေနတယ္​ပဲထားအံုး နာမ​ေနနဲ ့သူအတတ္​နဲ ့သူ ဆူး​ေအာင္​ လုပ္​ပစ္​လိုက္​စမ္းပါ

မ​ေျပာနဲ ့မနာနဲ ့စိတ္​မဆိုးနဲ ့ အျပံဳးမပ်က္​ပဲေနလိုက္​ သူ ့ကိုႏႈတ္​ဆက္​လိုက္​ ေဒါသ​ေတြမျပနဲ ့မာန္​မာန​ေတြမ​ေထာင္​လႊားနဲ႔ အတၱ​ေတြကို လြယ္​လြယ္​မလႊတ္​ထုတ္​လိုက္​နဲ ့ ငါဘာမွ မျဖစ္​ဘူးဆိုတဲ့ပံုစံ ​ေနပါ မတူလို ့မတုဘူးဆိုတဲ့ လကၡဏာနဲ ့သာ​ေနျပလိုက္​

အလိုလို​ေနရင္​း သူ ့ဟာသူ င​ေပါျဖစ္​သြားလိမ္​့မယ္​

မွတ္​ထား အဲ့ဒါအ႐ိုး႐ွင္​းဆံုးနဲ ့အႏိုင္​ယူတဲ့နည္​းပဲ ဒါမ်ိဳးၾကံဳဖူးတယ္​ဆိုရင္​​ေတာ့ မင္​းဟာ ​ေတာ္​​​ေတာ္​​ေလး ​ရင္​့က်က္​သြားၿပီပဲ မိတ္​​ေဆြ…..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေငြတာရီ


#Unicode Version#

အတင်းတွေလား ပြောပါစေ အာညောင်းသွားရင် သူ့ဟာသူတိတ်သွားလိမ့်မယ်

အတိုက်အခံတွေလား သောင်းကျန်းပါစေ လက်ပန်းကျသွားရင် သူ့ဟာသူရပ်သွားလိမ့်မယ်

အပြိုင်အဆိုင်တွေလား ပြိုင်ကြပါစေ ရှုံးသွားရင် သူ့ဟာသူ ဘေးရှောင်ထွက်သွားလိမ့်မယ်

အဆိုးမြင်သမားတွေလား မြင်စမ်းပါစေ ပြောစရာမရှိတော့တဲ့အချိန်မှာ သူ့ဟာသူ ငြိမ်ကုတ် သွားလိမ့်မယ်

ကုန်းတိုက်သမားတွေလား တိုက်စမ်းပါစေ ပါးစပ် စမြုတ်ပြန်သွားရင် သူ့ဟာသူ့ တိတ်သွားလိမ့်မယ်

အကျင့်ဆိုးရှိသူတွေလား ဆိုးသွမ်းစမ်းပါစေ ကိုယ့်ဘာသာကိုယ် ပျက်ဆီးသွားတဲ့နေ့မှာ သူ့ဟာသူ ငြိမ်သွားလိမ့်မယ်

လောဘ ကြီးသူတွေလား ကြီးစမ်းပါစေ မှန်းသလောက်မရတာများသွားတဲ့အချိန်ခါမျိုးမှာ သူ့ဟာသူ စိတ်ဓာတ်ကျသွားလိမ့်မယ်

အလိမ် အညာ သမားတွေလား စိတ်ကြိုက်လုပ်စမ်းပါစေ လိမ်လို့မရတဲ့အခါမှာ သူ့ဟာသူ လက်လျှော့သွားလိမ့်မယ်

ကပ်ပါးကောင်တွေလား ကပ်စမ်းပါစေ ဘာမှမရတဲ့နေ့မှာ သူ့ဟာသူ နောက်ဆုတ်သွားလိမ့်မယ်

ငရစ်တွေလား ရစ်စမ်းပါစေ ဂရုမစိုက်ပဲ နှုတ်ဆိတ်နေတဲ့ အချိန်မှာ သူ့ဟာသူ အမောဖောက်ပြီး လှည့်ပြန်သွားလိမ့်မယ်

ငချွဲတွေလား ချွဲစမ်းပါစေ မညှာပဲကြည့်နေလိုက် သူ့ဟာသူ နလန်ထူသွားလိမ့်မယ်

အရေးကြီးတာတစ်ခုက ဒါတွေအားလုံးကို အနိုင်လိုချင်တယ်ဆိုရင် မိမိကိုယ်ကိုလည်းရင့်ကျက်အောင်နေပါ အသန်မာဆုံးနဲ့ခွန်ကြီးမားအောင်နေပါ (စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပြောတာပါ)

တကယ်တော့ ဘယ်သူတွေဘယ်လောက်ပဲ ကိုယ့်အပေါ်ဆိုးနေပါစေ ကိုယ်က မခံယူရင်သူဘာမှ မတတ်နိုင်ပါဘူး ဆိုလိုချင်တာက ကိုယ့်ဘေးမှာ လာပြီးဆဲဆို နေတယ်ပဲထားအုံး နာမနေနဲ့သူအတတ်နဲ့သူ ဆူးအောင် လုပ်ပစ်လိုက်စမ်းပါ

မပြောနဲ့မနာနဲ့စိတ်မဆိုးနဲ့ အပြုံးမပျက်ပဲနေလိုက် သူ့ကိုနှုတ်ဆက်လိုက် ဒေါသတွေမပြနဲ့မာန်မာနတွေမထောင်လွှားနဲ့ အတ္တတွေကို လွယ်လွယ်မလွှတ်ထုတ်လိုက်နဲ့ ငါဘာမှ မဖြစ်ဘူးဆိုတဲ့ပုံစံ နေပါ မတူလို့မတုဘူးဆိုတဲ့ လက္ခဏာနဲ့သာနေပြလိုက်

အလိုလိုနေရင်း သူ့ဟာသူ ငပေါဖြစ်သွားလိမ့်မယ်

မှတ်ထား အဲ့ဒါအရိုးရှင်းဆုံးနဲ့အနိုင်ယူတဲ့နည်းပဲ ဒါမျိုးကြုံဖူးတယ်ဆိုရင်တော့ မင်းဟာ တော်တော်လေး ရင့်ကျက်သွားပြီပဲ မိတ်ဆွေ…..။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top