(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဝိုင္နီတခြက္က က်န္းမာေရးကို အေထာက္အကူ အမ်ားႀကီး ေပးႏိုင္တယ္ဆိုတာ သင္သိပါလား။ ႏိုင္ငံေတာ္ေတာ္မ်ားမွာ ေန႔တိုင္းနီးပါး ညစာစားရင္း ဝိုင္နီတခြက္ သုံးေဆာင္ေလ့ရွိၾကပါတယ္။ သန႔္စင္ထားတဲ့ စပ်စ္သီးေတြကို အခ်ဥ္ေဖာက္ထားတဲ့ အရည္မို႔ က်န္းမာေရးအတြက္ အထူးသင့္ေတာ္တာ မထူးဆန္းပါဘူး။

ဝိုင္နီမွာ လူကိုအက်ိဳးျပဳတဲ့ ပိုတက္စီယမ္၊ ဆိုဒီယမ္၊ ကယ္လ္စီယမ္၊ မဂၢနီဆီယမ္၊ သံဓာတ္၊ ဇင့္၊ ဆယ္လီနီယမ္၊ ေကာ့ပါး၊ ခ႐ိုမီယမ္နဲ႔ ႐ူဘီဒီယမ္တို႔ ပါဝင္တယ္လို႔ဆိုပါတယ္။ ပါဝင္တဲ့ဓာတ္ပစၥည္းေတြက အထူးသျဖင့္ ႏွလုံး က်န္းမာေရးကို အေထာက္အကူျပဳတာေၾကာင့္ ေသြးတြင္းအဆီဓာတ္ကို ေလ်ာ့က်ေစ႐ုံသာမက ေသြးေၾကာ ပိတ္ျခင္းကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။


ပိုတက္စီယမ္နဲ႔ မဂၢနီဆီယမ္ကလည္း ႏွလုံးႂကြက္သားေတြကို သန္မာေစပါတယ္။ အနီေရာင္ေသြးဆဲလ္ေတြ တိုးပြားတာေၾကာင့္ ေဟမိုဂဘိုဘင္ (Haemoglobin) ျမင့္တက္ၿပီး ေသြးအားနည္းေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလ်ာ့ခ်ေပးပါတယ္။ ဒါေၾကာင့္ ညစာစားတဲ့အခါ ဝိုင္နီတခြက္ အတူတြဲေသာက္မယ္ဆိုရင္ ရလာမယ့္ အက်ိဳးေက်းဇူးေတြအေၾကာင္းကို ေဝမွ်ေပးခ်င္ပါတယ္။

ညစာစားတဲ့အခ်ိန္ ဝိုင္နီတခြက္ ေသာက္ျခင္းေၾကာင့္ ႏွလုံးေရာဂါ၊ ႏွလုံးနဲ႔ ဆက္စပ္ေနတဲ့ ေရာဂါျဖစ္ျခင္းကေန ေလ်ာ့က်ေစတဲ့ အခ်က္ကို သိပၸံနည္းအရ သက္ေသျပႏိုင္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ငါးေတြမွာပါတဲ့ အိုမီဂါ-၃ အတိုင္း ထပ္တူ ပါဝင္ေနျပန္ပါတယ္။

Flavonoids ဓာတ္ဟာ ဝိုင္နီအျပင္ စေတာ္ဘယ္ရီနဲ႔ ေခ်ာကလက္တို႔မွာလည္း ပါဝင္ၿပီး ေသြးတြင္း သၾကားဓာတ္ကို ထိန္းေပးထားတာေၾကာင့္ အဆင့္ ၂ ဆီးခ်ိဳေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တာပါ။ တေန႔ကို ဝိုင္နီတခြက္ ေသာက္ေပးရင္ ေသြးေပါင္ခ်ိန္ကိုလည္း ထိန္းေပးႏိုင္ပါတယ္။

ေနာက္ထပ္ အက်ိဳးေက်းဇူးေတြက ေလမျဖတ္ႏိုင္ေအာင္ ေလ်ာ့ခ်ေပးတာပါ။ အထူးသျဖင့္ ဒုတိယ အႀကိမ္ေျမာက္ ေလျဖတ္ၿပီး ဦးေႏွာက္ကို မထိခိုက္ရေအာင္ ေန႔စဥ္ ဝိုင္နီတခြက္ေတာ့ ေသာက္ေပးသင့္ပါတယ္။ အသက္ႀကီးလာတဲ့အခါ မ်က္လုံးႂကြက္သား အားနည္းျခင္းေၾကာင့္ အျမင္အာ႐ုံ ေလ်ာ့နည္းတာမ်ိဳးကို ဟန႔္တားေပးႏိုင္ၿပီး အျမင္အာ႐ုံကို ၾကည္လင္ေစပါတယ္။

ဝိုင္နီထဲမွာ ပါတဲ့ ဓာတုဓာတ္ေပါင္း တမ်ိဳးျဖစ္တဲ့ Phenolic က အူမႀကီးကင္ဆာျဖစ္ျခင္းကို ကာကြယ္ေပးသလို အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ ရင္သားကင္ဆာျဖစ္ျခင္းကို ကာကြယ္ေပးပါေသးတယ္။ အဆုတ္ရဲ႕လုပ္ငန္း ေဆာင္တာေတြကို အေထာက္အကူျပဳတာေၾကာင့္ အဆုတ္ကင္ဆာမျဖစ္ေအာင္ တားဆီးေပးပါတယ္။ ဒါ့အျပင္ ေန႔စဥ္ ဝိုင္နီတခြက္ေသာက္ရင္ ဆီးႀကိတ္ကင္ဆာနဲ႔ အသည္းကင္ဆာကိုလည္း ကာကြယ္ရာ ေရာက္ပါတယ္။

ေနာက္ဆုံး တခ်က္ကေတာ့ ေန႔စဥ္ ဝိုင္နီတခြက္ ေသာက္တာဟာ စိတ္က်ေရာဂါျဖစ္ျခင္းကို ေလ်ာ့က်ေစၿပီး စိတ္ေပ်ာ္ေအာင္ ဖန္တီးေပးႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ဓာတ္က်တဲ့သူေတြကို တေန႔ ဝိုင္တခြက္ေလာက္ ေသာက္႐ုံ ဦးေႏွာက္ကေန ေပ်ာ္႐ႊင္ေစမယ့္ စိတ္ခံစားခ်က္ေတြ ထြက္လာေအာင္ တြန္းအားေပးႏိုင္ပါတယ္။ ဝိုင္နီနဲ႔ ဝိုင္ျဖဴ ယွဥ္ရင္ေတာင္ ဝိုင္နီမွာ ဦးေႏွာက္အာ႐ုံေၾကာရဲ႕ လုပ္ငန္းေဆာင္တာေတြကို ပိုအေထာက္အကူ ျပဳပါတယ္။

ဝိုင္နီထဲမွာ ပါတဲ့ ဓာတ္ပစၥည္းေတြက ႂကြက္သားေတြရဲ႕ လုပ္ငန္းေဆာင္တာကို အေထာက္အကူျပဳတာမို႔ တျခားသူေတြထက္ ေန႔စဥ္ ဝိုင္နီေသာက္သူေတြက အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစသလို ေသြးလည္ပတ္မႈအားပါ ပိုေကာင္းေစတာမို႔ အသက္ႀကီးလာတဲ့အခါ ေသြးခဲမႈေၾကာင့္ ျဖစ္ေလ့ရွိတဲ့ အတိတ္ေမ့ေရာဂါမျဖစ္ေအာင္ပါ တားဆီးေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy


#Unicode Version#

ဝိုင်နီတခွက်က ကျန်းမာရေးကို အထောက်အကူ အများကြီး ပေးနိုင်တယ်ဆိုတာ သင်သိပါလား။ နိုင်ငံတော်တော်များမှာ နေ့တိုင်းနီးပါး ညစာစားရင်း ဝိုင်နီတခွက် သုံးဆောင်လေ့ရှိကြပါတယ်။ သန့်စင်ထားတဲ့ စပျစ်သီးတွေကို အချဉ်ဖောက်ထားတဲ့ အရည်မို့ ကျန်းမာရေးအတွက် အထူးသင့်တော်တာ မထူးဆန်းပါဘူး။

ဝိုင်နီမှာ လူကိုအကျိုးပြုတဲ့ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်၊ ဆယ်လီနီယမ်၊ ကော့ပါး၊ ခရိုမီယမ်နဲ့ ရူဘီဒီယမ်တို့ ပါဝင်တယ်လို့ဆိုပါတယ်။ ပါဝင်တဲ့ဓာတ်ပစ္စည်းတွေက အထူးသဖြင့် နှလုံး ကျန်းမာရေးကို အထောက်အကူပြုတာကြောင့် သွေးတွင်းအဆီဓာတ်ကို လျော့ကျစေရုံသာမက သွေးကြော ပိတ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။


ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ကလည်း နှလုံးကြွက်သားတွေကို သန်မာစေပါတယ်။ အနီရောင်သွေးဆဲလ်တွေ တိုးပွားတာကြောင့် ဟေမိုဂဘိုဘင် (Haemoglobin) မြင့်တက်ပြီး သွေးအားနည်းရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။ ဒါကြောင့် ညစာစားတဲ့အခါ ဝိုင်နီတခွက် အတူတွဲသောက်မယ်ဆိုရင် ရလာမယ့် အကျိုးကျေးဇူးတွေအကြောင်းကို ဝေမျှပေးချင်ပါတယ်။

ညစာစားတဲ့အချိန် ဝိုင်နီတခွက် သောက်ခြင်းကြောင့် နှလုံးရောဂါ၊ နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါဖြစ်ခြင်းကနေ လျော့ကျစေတဲ့ အချက်ကို သိပ္ပံနည်းအရ သက်သေပြနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ငါးတွေမှာပါတဲ့ အိုမီဂါ-၃ အတိုင်း ထပ်တူ ပါဝင်နေပြန်ပါတယ်။

Flavonoids ဓာတ်ဟာ ဝိုင်နီအပြင် စတော်ဘယ်ရီနဲ့ ချောကလက်တို့မှာလည်း ပါဝင်ပြီး သွေးတွင်း သကြားဓာတ်ကို ထိန်းပေးထားတာကြောင့် အဆင့် ၂ ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။ တနေ့ကို ဝိုင်နီတခွက် သောက်ပေးရင် သွေးပေါင်ချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

နောက်ထပ် အကျိုးကျေးဇူးတွေက လေမဖြတ်နိုင်အောင် လျော့ချပေးတာပါ။ အထူးသဖြင့် ဒုတိယ အကြိမ်မြောက် လေဖြတ်ပြီး ဦးနှောက်ကို မထိခိုက်ရအောင် နေ့စဉ် ဝိုင်နီတခွက်တော့ သောက်ပေးသင့်ပါတယ်။ အသက်ကြီးလာတဲ့အခါ မျက်လုံးကြွက်သား အားနည်းခြင်းကြောင့် အမြင်အာရုံ လျော့နည်းတာမျိုးကို ဟန့်တားပေးနိုင်ပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။

ဝိုင်နီထဲမှာ ပါတဲ့ ဓာတုဓာတ်ပေါင်း တမျိုးဖြစ်တဲ့ Phenolic က အူမကြီးကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးသလို အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးပါသေးတယ်။ အဆုတ်ရဲ့လုပ်ငန်း ဆောင်တာတွေကို အထောက်အကူပြုတာကြောင့် အဆုတ်ကင်ဆာမဖြစ်အောင် တားဆီးပေးပါတယ်။ ဒါ့အပြင် နေ့စဉ် ဝိုင်နီတခွက်သောက်ရင် ဆီးကြိတ်ကင်ဆာနဲ့ အသည်းကင်ဆာကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

နောက်ဆုံး တချက်ကတော့ နေ့စဉ် ဝိုင်နီတခွက် သောက်တာဟာ စိတ်ကျရောဂါဖြစ်ခြင်းကို လျော့ကျစေပြီး စိတ်ပျော်အောင် ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျတဲ့သူတွေကို တနေ့ ဝိုင်တခွက်လောက် သောက်ရုံ ဦးနှောက်ကနေ ပျော်ရွှင်စေမယ့် စိတ်ခံစားချက်တွေ ထွက်လာအောင် တွန်းအားပေးနိုင်ပါတယ်။ ဝိုင်နီနဲ့ ဝိုင်ဖြူ ယှဉ်ရင်တောင် ဝိုင်နီမှာ ဦးနှောက်အာရုံကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုအထောက်အကူ ပြုပါတယ်။

ဝိုင်နီထဲမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေက ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို အထောက်အကူပြုတာမို့ တခြားသူတွေထက် နေ့စဉ် ဝိုင်နီသောက်သူတွေက အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေသလို သွေးလည်ပတ်မှုအားပါ ပိုကောင်းစေတာမို့ အသက်ကြီးလာတဲ့အခါ သွေးခဲမှုကြောင့် ဖြစ်လေ့ရှိတဲ့ အတိတ်မေ့ရောဂါမဖြစ်အောင်ပါ တားဆီးပေးနိုင်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top