ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ငွက္ႀကီးေတာင္ဓားကိုင္ ၍ ရပ္ကြက္အတြင္း ဆဲဆိုရမ္းကား ေနသူကို ရဲတပ္ဖြဲ႕က သြားေရာက္ ဖမ္းဆီးရာ ရဲတပ္ဖြဲ႕ဝင္မ်ားကိုပါ ဓားျဖင့္ ခုတ္ေသာေၾကာင့္ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရ ေၾကာင္း ရန္ကုန္တုိင္းရဲတပ္ဖြဲ႕႐ံုး က သတင္းထုတ္ျပန္သည္။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ဘလုတ္ၫြန္႔ရပ္ကြက္ေန အသက္(၂၁)ႏွစ္အရြယ္ အမ်ဳိးသားသည္ ႏိုဝင္ဘာ ၁၉ ရက္ ည ၉ နာရီခြဲကငွက္ႀကီးေတာင္ဓားကိုင္ကာ ရပ္ကြက္အတြင္း  ဆဲဆိုေနေၾကာင္း ဝမ္းႏိုင္းႏုိင္းသုိ႔    ဖုန္းဆက္အ ေၾကာင္းၾကားလာသျဖင့္   နယ္ ေျမခံရဲတပ္ဖြဲ႕က   ထိန္းသိမ္းရန္ သြားေရာက္ခဲ့သည္။

ဓားကိုင္ရမ္းကားေနသူကို ရဲတပ္ဖြဲ႕ဝင္မ်ားက ဓားခ်ရန္ ေျပာဆိုေသာအခါ ၎က ‘‘ရဲကိုလည္းခုတ္မွာပဲ’’ ဆိုကာ ၎ကိုင္ေဆာင္ထားသည့္ အ႐ိုးအသြား ႏွစ္ေပခန္႔ရွိ ငွက္ႀကီးေတာင္ဓားျဖင့္ ေျပးခုတ္သ ျဖင့္ ရဲတပ္ၾကပ္တစ္ဦးက ပန္႔အက္ရွင္ေသနတ္ျဖင့္ ေျခာက္လွန္႔ပစ္ခတ္ခဲ့ေၾကာင္း   အမႈဖြင့္တိုင္ၾကားခ်က္တြင္   ေဖာ္ျပထား သည္။ 

ေျခာက္လွန္႔ပစ္ခတ္ေသာ္ လည္း ဓားခ်ျခင္းမရွိဘဲ ရဲတပ္ဖြဲ႕ ဝင္မ်ားကုိ    လိုက္ခုတ္သျဖင့္ဒုတိယအႀကိမ္ ပစ္ခတ္ရာ ၎၏ဘယ္ ဘက္နံေဘးသို႔ က်ည္ထိမွန္ၿပီး ဖမ္းဆီးႏိုင္ခဲ့သည္။

၎ကို   စက္ဆန္းနယ္ေျမ ရဲစခန္းက လူသတ္မႈ က်ဴးလြန္ ရန္ အားထုတ္မႈပုဒ္မ၊   တာဝန္ ဝတၱရားေႏွာင့္ယွက္မႈပုဒ္မတို႔ျဖင့္အမႈဖြင့္စစ္ေဆးေနသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

ငှက်ကြီးတောင်ဓားကိုင် ၍ ရပ်ကွက်အတွင်း ဆဲဆိုရမ်းကား နေသူကို ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင်များကိုပါ ဓားဖြင့် ခုတ်သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး က သတင်းထုတ်ပြန်သည်။

ကြည့်မြင်တိုင်မြို့နယ် ဘလုတ်ညွန့်ရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ် အမျိုးသားသည် နိုဝင်ဘာ ၁၉ ရက် ည ၉ နာရီခွဲကငှက်ကြီးတောင်ဓားကိုင်ကာ ရပ်ကွက်အတွင်း  ဆဲဆိုနေကြောင်း ဝမ်းနိုင်းနိုင်းသို့    ဖုန်းဆက်အ ကြောင်းကြားလာသဖြင့်   နယ် မြေခံရဲတပ်ဖွဲ့က   ထိန်းသိမ်းရန် သွားရောက်ခဲ့သည်။

ဓားကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့ဝင်များက ဓားချရန် ပြောဆိုသောအခါ ၎င်းက ‘‘ရဲကိုလည်းခုတ်မှာပဲ’’ ဆိုကာ ၎င်းကိုင်ဆောင်ထားသည့် အရိုးအသွား နှစ်ပေခန့်ရှိ ငှက်ကြီးတောင်ဓားဖြင့် ပြေးခုတ်သ ဖြင့် ရဲတပ်ကြပ်တစ်ဦးက ပန့်အက်ရှင်သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း   အမှုဖွင့်တိုင်ကြားချက်တွင်   ဖော်ပြထား သည်။  

ခြောက်လှန့်ပစ်ခတ်သော် လည်း ဓားချခြင်းမရှိဘဲ ရဲတပ်ဖွဲ့ ဝင်များကို    လိုက်ခုတ်သဖြင့်ဒုတိယအကြိမ် ပစ်ခတ်ရာ ၎င်း၏ဘယ် ဘက်နံဘေးသို့ ကျည်ထိမှန်ပြီး ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းကို   စက်ဆန်းနယ်မြေ ရဲစခန်းက လူသတ်မှု ကျူးလွန် ရန် အားထုတ်မှုပုဒ်မ၊   တာဝန် ဝတ္တရားနှောင့်ယှက်မှုပုဒ်မတို့ဖြင့်အမှုဖွင့်စစ်ဆေးနေသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top