(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

 ေနာက္ဆုံးႏွစ္ျမန္မာစာ စာေမးပြဲေျဖဆုိရက္ႏွင့္ တိုက္ေန ေသာ္လည္း ဇာတိၿမိဳ႕ ပြဲေတာ္ျဖစ္ ေသာေၾကာင့္ ပါ၀င္ခဲ့ေၾကာင္း ေကတုမတီေတာင္ငူၿမိဳ႕တည္နန္း တည္ (၅၀၈) ႏွစ္ျပည့္ပြဲတြင္ ပါ ၀င္ျဖစ္သည့္အေၾကာင္းကုိ စုိး ျပည့္သဇင္က ေျပာသည္။

‘‘၂၀ ရက္ေန႔စာေမးပြဲေျဖၿပီး ၿပီးခ်င္းထြက္လာတာ။ ကိုယ့္ ေတာင္ငူဆုိေတာ့ မျပန္ရရင္ မေနႏုိင္ဘူး။ ၿမိဳ႕ကုိခ်စ္တဲ့စိတ္နဲ႔ စာေမးပြဲႏွစ္ရက္နားတာကုိ ျပန္ လာတာ’’ ဟု ၎ကေျပာသည္။

ႏုိ၀င္ဘာ ၂၃ ရက္တြင္စာ ေမးပြဲ ေျဖဆုိရမည္ျဖစ္၍ ႏုိ၀င္ ဘာ ၂၂ ရက္ညပိုင္းေဖ်ာ္ေျဖေရး ၿပီးပါက ရန္ကုန္သုိ႔ျပန္မည္ဟု ၎ကဆုိသည္။

ေတာင္ငူၿမိဳ႕တည္နန္းတည္ ႏွစ္(၅၀၀)ျပည့္ကစ၍ ႏွစ္တိုင္း ပါ၀င္ျဖစ္ၿပီး ယခုႏွစ္တြင္စာေမးပြဲ ႏွင့္ တိုက္ဆိုင္ေနေၾကာင္း သိရသ ျဖင့္ စာကုိႀကိဳက်က္ထားေၾကာင္း ၎ကဆုိသည္။

‘‘ေက်ာင္းစာနဲ႔ပတ္သက္ၿပီး ဒီႏွစ္က ေနာက္ဆုံးႏွစ္ဆုိေတာ့ ေပ်ာ္လည္းေပ်ာ္တယ္။ ေပ်ာ္ လည္းမေပ်ာ္ဘူး’’ ဟု ေနာက္ဆုံး ႏွစ္ေက်ာင္းသူ၏ ခံစားခ်က္ကုိ ေျပာသည္။

လတ္တေလာတြင္စာေမးပြဲ ေျဖေနေသာေၾကာင့္ အႏုပညာ အလုပ္မ်ားမလုပ္ျဖစ္ဘဲ လာမည့္ ႏွစ္ေဖေဖာ္၀ါရီတြင္ ဒါ႐ိုက္တာ စတီးလ္ႏွင့္ ႐ုပ္ရွင္႐ုိက္ကူးရန္ လက္ခံထားသည္ဟုဆုိသည္။

ေကတုမတီေတာင္ငူၿမိဳ႕ တည္နန္းတည္(၅၀၈)ႏွစ္ျပည့္ပြဲ တြင္ စုိးျပည့္သဇင္က ဘုရင့္သမီး ေတာ္အျဖစ္ပါ၀င္ထားၿပီး ပရိ သတ္မ်ားက ၎၏အမည္ကုိ ေအာ္ေခၚ၍ အားေပးေသာ ေၾကာင့္ ေပ်ာ္ရႊင္ရေၾကာင္းစုိးျပည့္ သဇင္ကဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

 နောက်ဆုံးနှစ်မြန်မာစာ စာမေးပွဲဖြေဆိုရက်နှင့် တိုက်နေ သော်လည်း ဇာတိမြို့ ပွဲတော်ဖြစ် သောကြောင့် ပါဝင်ခဲ့ကြောင်း ကေတုမတီတောင်ငူမြို့တည်နန်း တည် (၅၀၈) နှစ်ပြည့်ပွဲတွင် ပါ ဝင်ဖြစ်သည့်အကြောင်းကို စိုး ပြည့်သဇင်က ပြောသည်။

‘‘၂၀ ရက်နေ့စာမေးပွဲဖြေပြီး ပြီးချင်းထွက်လာတာ။ ကိုယ့် တောင်ငူဆိုတော့ မပြန်ရရင် မနေနိုင်ဘူး။ မြို့ကိုချစ်တဲ့စိတ်နဲ့ စာမေးပွဲနှစ်ရက်နားတာကို ပြန် လာတာ’’ ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၂၃ ရက်တွင်စာ မေးပွဲ ဖြေဆိုရမည်ဖြစ်၍ နိုဝင် ဘာ ၂၂ ရက်ညပိုင်းဖျော်ဖြေရေး ပြီးပါက ရန်ကုန်သို့ပြန်မည်ဟု ၎င်းကဆိုသည်။

တောင်ငူမြို့တည်နန်းတည် နှစ်(၅၀၀)ပြည့်ကစ၍ နှစ်တိုင်း ပါဝင်ဖြစ်ပြီး ယခုနှစ်တွင်စာမေးပွဲ နှင့် တိုက်ဆိုင်နေကြောင်း သိရသ ဖြင့် စာကိုကြိုကျက်ထားကြောင်း ၎င်းကဆိုသည်။

‘‘ကျောင်းစာနဲ့ပတ်သက်ပြီး ဒီနှစ်က နောက်ဆုံးနှစ်ဆိုတော့ ပျော်လည်းပျော်တယ်။ ပျော် လည်းမပျော်ဘူး’’ ဟု နောက်ဆုံး နှစ်ကျောင်းသူ၏ ခံစားချက်ကို ပြောသည်။

လတ်တလောတွင်စာမေးပွဲ ဖြေနေသောကြောင့် အနုပညာ အလုပ်များမလုပ်ဖြစ်ဘဲ လာမည့် နှစ်ဖေဖော်ဝါရီတွင် ဒါရိုက်တာ စတီးလ်နှင့် ရုပ်ရှင်ရိုက်ကူးရန် လက်ခံထားသည်ဟုဆိုသည်။

ကေတုမတီတောင်ငူမြို့ တည်နန်းတည်(၅၀၈)နှစ်ပြည့်ပွဲ တွင် စိုးပြည့်သဇင်က ဘုရင့်သမီး တော်အဖြစ်ပါဝင်ထားပြီး ပရိ သတ်များက ၎င်း၏အမည်ကို အော်ခေါ်၍ အားပေးသော ကြောင့် ပျော်ရွှင်ရကြောင်းစိုးပြည့် သဇင်ကဆိုသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top