ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အားလပ္ရက္ေတြမွာ နိုင္ငံျခားကို သြားေရာက္ လည္ပတ္တဲ့အခါ ေဒသႏၲာရ ဗဟုသုတေတြ ရသလို အဲဒီနိုင္ငံေတြရဲ႕ ယဥ္ေက်းမႈ ထုံးတမ္း အစဥ္အလာေတြပါ သိရွိရပါတယ္။ အကယ္လို႔ သင္က နိုင္ငံရပ္ျခား တခုခုကို ခရီးထြက္ဖို႔ စိတ္ကူးထားရင္ အဲဒီနိုင္ငံမွာ လိုက္နာရမယ့္ စည္းကမ္းေတြလည္း သိထားသင့္ပါတယ္။

နိုင္ငံတခ်ိဳ႕ရဲ႕ စည္းကမ္းေတြဟာ သင္ ထင္မထားေလာက္ေအာင္ ထူးဆန္းလို႔ ကမာၻအႏွံ႕က ထူးျခားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ အေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လမ္းမွာ ထိုင္ျခင္း (အီတလီ)

အီတလီနိုင္ငံ ဗင္းနစ္ၿမိဳ႕ဟာ လည္ပတ္စရာ အလြန္မ်ားပါတယ္။ ကမာၻေက်ာ္ တူးေျမာင္းေတြထဲကို ေလွနဲ႕ လည္ပတ္ရတဲ့ ခရီးစဥ္ဟာ သင့္အတြက္ စိတ္လႈပ္ရွားစရာပါ။ မေရာက္ဖူးတဲ့ ေဒသတခုကို ေရာက္ရင္ အဲဒီၿမိဳ႕မွာ လမ္းေလွ်ာက္ လည္ပတ္ေလ့ ရွိၾကပါတယ္။

သင္လည္း သိတဲ့ အတိုင္းပါပဲ။ လည္ရင္းပတ္ရင္း ေျခေထာက္ ေညာင္းရင္ ခဏတျဖဳတ္
နားဖို႔ ႀကဳံတဲ့ ေနရာမွာ ထိုင္နားတတ္ၾကတာ သဘာဝပါ။ ဒါေပမဲ့ ဗင္းနစ္ၿမိဳ႕ကို အလည္ေရာက္ရင္ေတာ့ လမ္းေဘးမွာ ထိုင္ဖို႔ကို မေတြးပါနဲ႔။ ေဒသခံရဲေတြက သင့္ကို ခ်က္ခ်င္းလာဖမ္းပါလိမ့္မယ္။ အေၾကာင္းရင္းကေတာ့ ဒီၿမိဳ႕ဟာ လူဦးေရ အလြန္ထူထပ္တာေၾကာင့္ ျဖစ္ပါတယ္။

သင္ လမ္းေလွ်ာက္ရင္း ေမာပန္းရင္ အနားယူဖို႔ ေကာ္ဖီဆိုင္ေတြ ရွိတာေၾကာင့္ လူသြားလမ္းကို ပိတ္တာမ်ိဳး မျဖစ္ေအာင္ ထိုင္ခြင့္ကို ပိတ္ထားတာ ျဖစ္ပါတယ္။ တကယ္ေတာ့ ထိုင္မိရင္ ေကာက္ခံရမယ့္ ဒဏ္ေငြကေတာ့ အေမရိကန္ေဒၚလာ ၆၀၀ ျဖစ္ပါတယ္။

(၂) အမႈိက္ပစ္ျခင္း (ေဟာင္ေကာင္)

စင္ကာပူမွာလိုပဲ ေဟာင္ေကာင္မွာလည္း အမွိုက္ပစ္ခြင့္ မရွိပါဘူး။ ႀကဳံရာမွာ အမွိုက္ကို ပစ္ခ်တတ္တဲ့ အက်င့္ရွိသူ ဆိုရင္ေတာ့ ဒဏ္ေငြက အေမရိကန္ေဒၚလာ ၁၅၀၀ ျဖစ္ပါတယ္။ ေဟာင္ေကာင္က လမ္းေတြမွာ အမွိုက္လုံးဝ က်ခြင့္ မရွိတာပါ။ ေတာင္းစားတဲ့ သူေတြေတာင္မွ အမွိုက္ခ်ခြင့္ မရွိပါဘူး။

အမွိုက္ကို သိရက္နဲ႕ ျဖစ္ေစ၊ မသိလို႔ပဲ ျဖစ္ေစ လမ္းေပၚကို ခ်တာနဲ႕ ဒဏ္ေငြ ခ်က္ခ်င္းေကာက္ခံရမွာ ျဖစ္ၿပီး ဒီဥပေဒရွိမွန္း မသိလို႔ပါ ဆိုတဲ့ ဆင္ေျခကိုလည္း ေပးခြင့္ မရွိဘူးလို႔ ေဟာင္ေကာင္ အစိုးရက သတ္မွတ္ထားပါတယ္။

(၃) ကားေမာင္းရင္း အစားစားျခင္း (အဂၤလန္)

အလုပ္ေနာက္က်လိဳ႕ အေျပးအလႊားသြားရသူေတြ ေတာ္ေတာ္မ်ားမ်ားလုပ္ေလ့ရွိတဲ့ အက်င့္တခုပါ။ ဒါေပမယ့္ ဒီအျပဳအမူကို အဂၤလန္နိုင္ငံမွာ ပိတ္ပင္ထားတယ္လို႔ ဆိုပါတယ္။ အဂၤလန္နိုင္ငံမွာ အစားစားရင္း ကားေမာင္းမယ္ ဆိုရင္ေတာ့ ဒဏ္ေငြ ၁၂၈ အေမရိကန္ေဒၚလာ ေကာက္ခံရမွာ ျဖစ္ၿပီး သင့္ရဲ႕ ကားေမာင္ႏွင္မႈ မွတ္တမ္းမွာလည္း စာရင္းသြင္းျခင္း ခံရမွာ ျဖစ္ပါတယ္။

(၄) ဆီကုန္လွ်င္ ကားမရပ္ရ (ဂ်ာမနီ)

ဂ်ာမနီနိုင္ငံမွာ သတ္မွတ္ထားတဲ့ ယာဥ္ေမာင္းႏွင္ႏႈန္းဟာ တနာရီ မိုင္ ၈၀ ျဖစ္ၿပီး တခ်ိဳ႕ေနရာေတြမွာဆို ကန႔္သတ္ထားျခင္းေတာင္ မရွိပါဘူး။ ဒီလို ကိုယ္ႀကိဳက္တဲ့ အျမန္ႏႈန္းနဲ႕ ေမာင္းႏွင္ခြင့္ ေပးထားတဲ့ အတြက္ သင့္ဖက္က လိုက္နာရမယ့္ စည္းကမ္းကေတာ့ ဆီအၿမဲ ရွိေနဖို႔ပါပဲ။ ဆီကုန္လို႔ ကားထိုးရပ္ျခင္းဟာ တရားမဝင္တာေၾကာင့္ ဒဏ္ေငြ အေမရိကန္ေဒၚလာ ၃၀ ေကာက္ခံတယ္လို႔ သိရပါတယ္။

(၅) ဘားမွာ အရက္မူးခြင့္ မရွိ (အလက္စကာ)

အေမရိကန္နိုင္ငံရဲ႕ ၿမိဳ႕တိုင္းနီးပါးမွာ ထူးျခားတဲ့ စည္းကမ္းေတြ ရွိတတ္ပါတယ္။ အလက္စကာၿမိဳ႕က ထူးျခားတဲ့ စည္းကမ္းတခုကေတာ့ ဘားမွာ အရက္မူးခြင့္ မရွိတာပါ။ မူးခ်င္လို႔ ဘားမွာ သြားထိုင္တယ္ ဆိုတာ မွန္ေပမယ့္ မူးသြားေအာင္ ေသာက္ခြင့္ မရွိပါဘူး။ အရက္ကို ဘားမွာ ထိုင္ၿပီး မူးေအာင္ေသာက္ရင္ ဖမ္းတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

အားလပ်ရက်တွေမှာ နိုင်ငံခြားကို သွားရောက် လည်ပတ်တဲ့အခါ ဒေသန္တာရ ဗဟုသုတတွေ ရသလို အဲဒီနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာတွေပါ သိရှိရပါတယ်။ အကယ်လို့ သင်က နိုင်ငံရပ်ခြား တခုခုကို ခရီးထွက်ဖို့ စိတ်ကူးထားရင် အဲဒီနိုင်ငံမှာ လိုက်နာရမယ့် စည်းကမ်းတွေလည်း သိထားသင့်ပါတယ်။

နိုင်ငံတချို့ရဲ့ စည်းကမ်းတွေဟာ သင် ထင်မထားလောက်အောင် ထူးဆန်းလို့ ကမ္ဘာအနှံ့က ထူးခြားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) လမ်းမှာ ထိုင်ခြင်း (အီတလီ)

အီတလီနိုင်ငံ ဗင်းနစ်မြို့ဟာ လည်ပတ်စရာ အလွန်များပါတယ်။ ကမ္ဘာကျော် တူးမြောင်းတွေထဲကို လှေနဲ့ လည်ပတ်ရတဲ့ ခရီးစဉ်ဟာ သင့်အတွက် စိတ်လှုပ်ရှားစရာပါ။ မရောက်ဖူးတဲ့ ဒေသတခုကို ရောက်ရင် အဲဒီမြို့မှာ လမ်းလျှောက် လည်ပတ်လေ့ ရှိကြပါတယ်။

သင်လည်း သိတဲ့ အတိုင်းပါပဲ။ လည်ရင်းပတ်ရင်း ခြေထောက် ညောင်းရင် ခဏတဖြုတ်
နားဖို့ ကြုံတဲ့ နေရာမှာ ထိုင်နားတတ်ကြတာ သဘာဝပါ။ ဒါပေမဲ့ ဗင်းနစ်မြို့ကို အလည်ရောက်ရင်တော့ လမ်းဘေးမှာ ထိုင်ဖို့ကို မတွေးပါနဲ့။ ဒေသခံရဲတွေက သင့်ကို ချက်ချင်းလာဖမ်းပါလိမ့်မယ်။ အကြောင်းရင်းကတော့ ဒီမြို့ဟာ လူဦးရေ အလွန်ထူထပ်တာကြောင့် ဖြစ်ပါတယ်။

သင် လမ်းလျှောက်ရင်း မောပန်းရင် အနားယူဖို့ ကော်ဖီဆိုင်တွေ ရှိတာကြောင့် လူသွားလမ်းကို ပိတ်တာမျိုး မဖြစ်အောင် ထိုင်ခွင့်ကို ပိတ်ထားတာ ဖြစ်ပါတယ်။ တကယ်တော့ ထိုင်မိရင် ကောက်ခံရမယ့် ဒဏ်ငွေကတော့ အမေရိကန်ဒေါ်လာ ၆၀၀ ဖြစ်ပါတယ်။

(၂) အမှိုက်ပစ်ခြင်း (ဟောင်ကောင်)

စင်ကာပူမှာလိုပဲ ဟောင်ကောင်မှာလည်း အမှိုက်ပစ်ခွင့် မရှိပါဘူး။ ကြုံရာမှာ အမှိုက်ကို ပစ်ချတတ်တဲ့ အကျင့်ရှိသူ ဆိုရင်တော့ ဒဏ်ငွေက အမေရိကန်ဒေါ်လာ ၁၅၀၀ ဖြစ်ပါတယ်။ ဟောင်ကောင်က လမ်းတွေမှာ အမှိုက်လုံးဝ ကျခွင့် မရှိတာပါ။ တောင်းစားတဲ့ သူတွေတောင်မှ အမှိုက်ချခွင့် မရှိပါဘူး။

အမှိုက်ကို သိရက်နဲ့ ဖြစ်စေ၊ မသိလို့ပဲ ဖြစ်စေ လမ်းပေါ်ကို ချတာနဲ့ ဒဏ်ငွေ ချက်ချင်းကောက်ခံရမှာ ဖြစ်ပြီး ဒီဥပဒေရှိမှန်း မသိလို့ပါ ဆိုတဲ့ ဆင်ခြေကိုလည်း ပေးခွင့် မရှိဘူးလို့ ဟောင်ကောင် အစိုးရက သတ်မှတ်ထားပါတယ်။

(၃) ကားမောင်းရင်း အစားစားခြင်း (အင်္ဂလန်)

အလုပ်နောက်ကျလို့ အပြေးအလွှားသွားရသူတွေ တော်တော်များများလုပ်လေ့ရှိတဲ့ အကျင့်တခုပါ။ ဒါပေမယ့် ဒီအပြုအမူကို အင်္ဂလန်နိုင်ငံမှာ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံမှာ အစားစားရင်း ကားမောင်းမယ် ဆိုရင်တော့ ဒဏ်ငွေ ၁၂၈ အမေရိကန်ဒေါ်လာ ကောက်ခံရမှာ ဖြစ်ပြီး သင့်ရဲ့ ကားမောင်နှင်မှု မှတ်တမ်းမှာလည်း စာရင်းသွင်းခြင်း ခံရမှာ ဖြစ်ပါတယ်။

(၄) ဆီကုန်လျှင် ကားမရပ်ရ (ဂျာမနီ)

ဂျာမနီနိုင်ငံမှာ သတ်မှတ်ထားတဲ့ ယာဉ်မောင်းနှင်နှုန်းဟာ တနာရီ မိုင် ၈၀ ဖြစ်ပြီး တချို့နေရာတွေမှာဆို ကန့်သတ်ထားခြင်းတောင် မရှိပါဘူး။ ဒီလို ကိုယ်ကြိုက်တဲ့ အမြန်နှုန်းနဲ့ မောင်းနှင်ခွင့် ပေးထားတဲ့ အတွက် သင့်ဖက်က လိုက်နာရမယ့် စည်းကမ်းကတော့ ဆီအမြဲ ရှိနေဖို့ပါပဲ။ ဆီကုန်လို့ ကားထိုးရပ်ခြင်းဟာ တရားမဝင်တာကြောင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၃၀ ကောက်ခံတယ်လို့ သိရပါတယ်။

(၅) ဘားမှာ အရက်မူးခွင့် မရှိ (အလက်စကာ)

အမေရိကန်နိုင်ငံရဲ့ မြို့တိုင်းနီးပါးမှာ ထူးခြားတဲ့ စည်းကမ်းတွေ ရှိတတ်ပါတယ်။ အလက်စကာမြို့က ထူးခြားတဲ့ စည်းကမ်းတခုကတော့ ဘားမှာ အရက်မူးခွင့် မရှိတာပါ။ မူးချင်လို့ ဘားမှာ သွားထိုင်တယ် ဆိုတာ မှန်ပေမယ့် မူးသွားအောင် သောက်ခွင့် မရှိပါဘူး။ အရက်ကို ဘားမှာ ထိုင်ပြီး မူးအောင်သောက်ရင် ဖမ်းတယ်လို့ သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top