ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မိန္းကေလး ၃၈ ဦးကို ျပည္ပသို႔ တရားမဝင္ပို႔ရန္ စုေဆာင္းသူအား အမႈဖြင့္

လုပ္ငန္းလိုင္စင္ ရာသက္ပန္ပိတ္ထားသည့္ ကုမၸဏီက မိန္းကေလး ၃၈ ဦးကို ျပည္ပႏုိင္ငံ မ်ားသို႔ ေစလႊတ္ရန္ စုေဆာင္းခဲ့ ျခင္းေၾကာင့္ ယင္းကုမၸဏီပိုင္ရွင္ ကို အလုပ္သမားၫႊန္ၾကားေရး ဦးစီးဌာနက ႏိုဝင္ဘာ ၁၉ ရက္ တြင္ အမႈဖြင့္ခဲ့ေၾကာင္း အစိုးရပိုင္သတင္းဌာနမ်ားက သတင္းထုတ္ျပန္သည္။

ဦးေအာင္စံေက်ာ္ပိုင္ဆုိင္ သည့္ General International ကုမၸဏီက စင္ကာပူ၊ မေလးရွား ႏွင့္ ဂ်ပန္ႏုိင္ငံတို႔တြင္ အလုပ္လုပ္ ကိုင္ရန္ ပို႔ေဆာင္ေပးမည္ဆုိကာ အနယ္နယ္အရပ္ရပ္မွ မိန္း ကေလး ၃၈ ဦးကို စည္း႐ံုးေျပာ ဆို စုေဆာင္းခဲ့ေၾကာင္း အစိုးရက သတင္းထုတ္ျပန္သည္။

အဆုိပါ အမ်ိဳးသမီးငယ္ ၃၈ ဦးကို လြန္ခဲ့သည့္တစ္လက စတင္စုေဆာင္းၿပီး ဦးေအာင္စံ ေက်ာ္က ဂ်ပန္၊ မေလးရွားႏွင့္ စင္ကာပူႏုိင္ငံမ်ားသို႔ ပို႔ေဆာင္ရန္ ႏုိင္ငံကူးလက္မွတ္မ်ား ျပဳလုပ္ရန္ စီစဥ္ျခင္း၊ အဂၤလိပ္ႏွင့္ တ႐ုတ္ စကားေျပာ သင္ၾကားေပးျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

 ရန္ကုန္တုိင္းေဒသႀကီး မရမ္းကုန္းၿမိဳ႕နယ္ (၂)ရပ္ကြက္ သမုိင္းဘူတာ႐ံုလမ္းရွိ တုိက္ခန္း တစ္ခုတြင္ ျပည္ပႏုိင္ငံသို႔ အလုပ္ လုပ္ကိုင္ရန္ တရားမဝင္ လူစု ေဆာင္းေၾကာင္း သတင္းရ၍ ဝင္ေရာက္စစ္ေဆးခဲ့ေၾကာင္း ဆို သည္။

ယင္းကုမၸဏီသည္ ၂၀၁၈ ဇန္နဝါရီတြင္ လုပ္ငန္းလုိင္စင္ စည္းကမ္းခ်ိဳးေဖာက္ျခင္းေၾကာင့္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဌာနက ရာသက္ပန္လုပ္ငန္းလုိင္ စင္ ပိတ္သိမ္းထားေသာ ကုမၸဏီ ျဖစ္သည္။

ထို႔ေၾကာင့္ ဦးေအာင္စံေက်ာ္ ကို မရမ္းကုန္းၿမိဳ႕နယ္ အလုပ္ သမားၫႊန္ၾကားေရးဦးစီးဌာနက ဘုရင့္ေနာင္နယ္ေျမရဲစခန္းတြင္ တရားမဝင္ ျပည္ပအလုပ္အကိုင္ ပို႔ေဆာင္ရန္ စုေဆာင္းမႈျဖင့္ တုိင္ ၾကားခဲ့သည္။

ဦးေအာင္စံေက်ာ္ကို ဘုရင့္ ေနာင္နယ္ေျမရဲစခန္းက ျပည္ပ အလုပ္အကိုင္ဆုိင္ရာ ဥပေဒ ပုဒ္မ ၂၆ အရ အမႈဖြင့္ထားသည္ဟု ဆုိ သည္။

၁၉၉၉ ျပည္ပအလုပ္အကိုင္ ဆုိင္ရာ ဥပေဒအရ မည္သူမဆုိ ျပည္ပအလုပ္အကိုင္ပို႔ေဆာင္ ေရး အက်ိဳးေဆာင္လုိင္စင္မရွိဘဲ လုပ္ငန္းလုပ္ကိုင္ေၾကာင္း ထင္ ရွားပါက ထိုသူကို ေထာင္ဒဏ္ ခုနစ္ႏွစ္အထိ ခ်မွတ္ႏိုင္ၿပီး ေငြ ဒဏ္လည္း ခ်မွတ္ႏိုင္ေၾကာင္း ျပ႒ာန္းထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

မိန်းကလေး ၃၈ ဦးကို ပြည်ပသို့ တရားမဝင်ပို့ရန် စုဆောင်းသူအား အမှုဖွင့်

လုပ်ငန်းလိုင်စင် ရာသက်ပန်ပိတ်ထားသည့် ကုမ္ပဏီက မိန်းကလေး ၃၈ ဦးကို ပြည်ပနိုင်ငံ များသို့ စေလွှတ်ရန် စုဆောင်းခဲ့ ခြင်းကြောင့် ယင်းကုမ္ပဏီပိုင်ရှင် ကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက နိုဝင်ဘာ ၁၉ ရက် တွင် အမှုဖွင့်ခဲ့ကြောင်း အစိုးရပိုင်သတင်းဌာနများက သတင်းထုတ်ပြန်သည်။

ဦးအောင်စံကျော်ပိုင်ဆိုင် သည့် General International ကုမ္ပဏီက စင်ကာပူ၊ မလေးရှား နှင့် ဂျပန်နိုင်ငံတို့တွင် အလုပ်လုပ် ကိုင်ရန် ပို့ဆောင်ပေးမည်ဆိုကာ အနယ်နယ်အရပ်ရပ်မှ မိန်း ကလေး ၃၈ ဦးကို စည်းရုံးပြော ဆို စုဆောင်းခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသမီးငယ် ၃၈ ဦးကို လွန်ခဲ့သည့်တစ်လက စတင်စုဆောင်းပြီး ဦးအောင်စံ ကျော်က ဂျပန်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ ပို့ဆောင်ရန် နိုင်ငံကူးလက်မှတ်များ ပြုလုပ်ရန် စီစဉ်ခြင်း၊ အင်္ဂလိပ်နှင့် တရုတ် စကားပြော သင်ကြားပေးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက် သမိုင်းဘူတာရုံလမ်းရှိ တိုက်ခန်း တစ်ခုတွင် ပြည်ပနိုင်ငံသို့ အလုပ် လုပ်ကိုင်ရန် တရားမဝင် လူစု ဆောင်းကြောင်း သတင်းရ၍ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဆို သည်။

ယင်းကုမ္ပဏီသည် ၂၀၁၈ ဇန်နဝါရီတွင် လုပ်ငန်းလိုင်စင် စည်းကမ်းချိုးဖောက်ခြင်းကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ရာသက်ပန်လုပ်ငန်းလိုင် စင် ပိတ်သိမ်းထားသော ကုမ္ပဏီ ဖြစ်သည်။

ထို့ကြောင့် ဦးအောင်စံကျော် ကို မရမ်းကုန်းမြို့နယ် အလုပ် သမားညွှန်ကြားရေးဦးစီးဌာနက ဘုရင့်နောင်နယ်မြေရဲစခန်းတွင် တရားမဝင် ပြည်ပအလုပ်အကိုင် ပို့ဆောင်ရန် စုဆောင်းမှုဖြင့် တိုင် ကြားခဲ့သည်။

ဦးအောင်စံကျော်ကို ဘုရင့် နောင်နယ်မြေရဲစခန်းက ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆ အရ အမှုဖွင့်ထားသည်ဟု ဆို သည်။

၁၉၉၉ ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေအရ မည်သူမဆို ပြည်ပအလုပ်အကိုင်ပို့ဆောင် ရေး အကျိုးဆောင်လိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ကြောင်း ထင် ရှားပါက ထိုသူကို ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်ပြီး ငွေ ဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top