(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

လူအမ်ား နားမခံသာေအာင္ ေလာ္စပီကာမ်ား အသံကုန္ ဖြင့္ၿပီး အလႉခံတတ္ေသာ ျမန္မာနိုင္ငံသည္ ပရဟိတ လႈပ္ရွားမႈမ်ားႏွင့္ လူမႈကူညီေရး အသင္းအဖြဲ႕မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးကို အားေပးရာတြင္ အနိမ့္ဆုံးျဖစ္ေနေၾကာင္း ေဟာင္ေကာင္အေျခစိုက္ အာရွပရဟိတႏွင့္လူ႕အဖြဲအစည္း စင္တာ (Centre for Asian Philanthropy and Society – CAPS) က ဆိုလိုက္သည္။

CAPS သည္ အုပ္ခ်ဳပ္ေရး၊ ပညာေရး၊ က်န္းမာေရး၊ သဘာဝပတ္ဝန္းက်င္ႏွင့္ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရးတို႔ကို လုပ္ေဆာင္ေနေသာ ပရဟိတသမားမ်ားႏွင့္ လူမႈကူညီေရးအဖြဲ႕မ်ား တိုးတက္ေရးအတြက္ နိုင္ငံေပါင္း ၁၅ နိုင္ငံတြင္ ပရဟိတ အရည္အေသြးႏွင့္ အေရအတြက္ တိုးတက္ေရးကို လုပ္ေဆာင္ေနေသာ အဖြဲ႕ျဖစ္သည္။

CAPS ၏ ေကာင္းမႈအၫႊန္းကိန္း Doing Good Index တြင္ ျမန္မာသည္ ပရဟိတ လုပ္ငန္းမ်ားကို အားေပးသည့္ ပတ္ဝန္းက်င္ ဖန္တီးေပးရာတြင္ “လုံေလာက္စြာ လုပ္ေဆာင္ျခင္းမရွိ” သို႔မဟုတ္ အမ်ားအားျဖင့္ ေနာက္က်က်န္ရစ္ေၾကာင္း ဆိုထားသည္။ ထိုအၫႊန္းကိန္းသည္ အလႉဒါနျပဳရန္အတြက္ ဘ႑ာေရး၊ ယဥ္ေက်းမႈႏွင့္ လူမႈေရးဆိုင္ရာ မက္လုံးမ်ားကို ေလ့လာေသာ အၫႊန္းကိန္းျဖစ္သည္။

ထိုအၫႊန္းကိန္းက နိုင္ငံမ်ား၏ ေလာကီေကာင္းက်ိဳး ျပဳမႈကို ေလ့လာရာတြင္ အုပ္စုေလးစု ကြဲသြားၿပီး ဂ်ပန္၊ စကၤာပူႏွင့္ ထိုင္ဝမ္တို႔က စြမ္းေဆာင္ရည္ေကာင္းေသာ အုပ္စုတြင္ပါဝင္ၿပီး စြမ္းေဆာင္ရည္ တိုးတက္ေသာ နိုင္ငံမ်ား အုပ္စုတြင္ ေဟာင္ေကာင္၊ ကိုရီးယား၊ မေလးရွား၊ ဖိလစ္ပိုင္၊ သီရိလကၤာ၊ ထိုင္းႏွင့္ ဗီယက္နမ္ တို႔ပါဝင္သည္။ လုံေလာက္ေသာ စြမ္းေဆာင္ရည္ရွိသည့္ တတိယ အုပ္စု နိုင္ငံမ်ားတြင္ တ႐ုတ္၊ အိႏၵိယႏွင့္ ပါကစၥတန္ တို႔ ပါဝင္သည္။

ထိုသို႔ နိုင္ငံမ်ားကို အဆင့္ခြဲရာတြင္ နိုင္ငံတြင္ က်င့္သုံးေနေသာ အခြန္၊ ဘ႑ာေရးႏွင့္ လုပ္ထုံးလုပ္နည္းဆိုင္ရာ မူဝါဒမ်ားသည္ ယဥ္ေက်းမႈႏွင့္ လူမႈ ပတ္ဝန္းက်င္ကို အေထာက္အကူျပဳ မျပဳ၊ ေငြေၾကးလႉဒါန္းျခင္း၊ စားေရရိကၡာ အဝတ္အထည္ လႉဒါန္းျခင္းႏွင့္ ပရဟိတလုပ္ငန္းမ်ား အပါအဝင္ လူမႈေရးရာမ်ားတြင္ ပုဂၢလိက ရင္းႏွီးျမႇုပ္ႏွံမႈ (private social investments) ကို ဟန႔္တားျခင္းျပဳ မျပဳ စသည္တို႔ကို အေျခခံၿပီး အုပ္စုခြဲျခားသည္။

အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ား၊ ေဖါင္ေဒးရွင္းမ်ားႏွင့္ အလႉရွင္အဖြဲ႕အစည္းမ်ားအပါအဝင္ လူမႈကူညီေရး အသင္းမ်ားသည္ ျပည္တြင္း ျပည္ပ ပရဟိတသမားမ်ား သို႔မဟုတ္ အလႉရွင္မ်ားထံမွ ရန္ပုံေငြ လက္ခံ ရယူနိုင္ျခင္း ရွိ မရွိႏွင့္ ရရွိေသာေငြကို လူမႈေရး လိုအပ္ခ်က္မ်ားအား စနစ္တက် ကိုင္တြယ္ေျဖရွင္းနိုင္ျခင္း ရွိ မရွိကိုလည္း သုံးသပ္သည္။

စိတ္ဝင္စားစရာ ေကာင္းသည္မွာ CAPS ၏ ေကာာင္းမႈအၫႊန္းကိန္းတြင္ အနိမ့္ဆုံးျဖစ္ေသာ ျမန္မာနိုင္ငံသည္ မၾကာေသးမီက Charities Aid Foundation ထုတ္ျပန္ခဲ့သည့္ ကမာၻ႔လႉဒါန္းမႈ အၫႊန္းကိန္းတြင္မူ ထိပ္ဆုံးျဖစ္ေနျခင္းပင္။ ထိုအၫႊန္းကိန္း ၂ ခုအေပၚ မည္သို႔နားလည္နိုင္ပါသနည္း။

Charities Aid Foundation သည္ စုစုေပါင္းလူဦးေရ ၅.၂ ဘီလွ်ံရွိသည့္ နိုင္ငံေပါင္း ၁၄၆ နိုင္ငံ၏ ရက္ေရာမႈကို ေလ့လာေသာအဖြဲ႕ျဖစ္သည္။ ၎တို႔၏ စစ္တမ္းသည္ သင္ ယခင္လက လူစိမ္းတဦးကို ေငြလႉပါသလား။ လြန္ခဲ့ေသာလက လူစိမ္းတဦးကို ကူညီပါသလားႏွင့္ လြန္ခဲ့ေသာလက အခ်ိန္ေပးၿပီး ေစတနာ့ဝန္ထမ္း လုပ္ခဲ့လားဟူေသာ ေမးခြန္း ၃ ခုသာ ေမးသည္။ ထိုေမးခြန္း ၃ ခုတြင္ ျမန္မာတို႔၏ အလႉေရစက္ လက္ႏွင့္မကြာခ်င္မႈက ကြက္တိသြားက်ေနသည္။

သို႔ေသာ္ ေကာင္းမႈ အၫႊန္းကိန္းတြင္မူ ေမးခြန္းေပါင္း ၁၅၀ ပါဝင္ၿပီး ရလဒ္မ်ားကို ကြၽမ္းက်င္သူမ်ားႏွင့္ အက်ိဳးအျမတ္မယူေသာ အဖြဲအစည္းဝင္မ်ားက အကဲျဖတ္ၾကသည္။

စစ္တမ္း ၂ ခု၏ ရလဒ္မ်ားကို ခ်ိန္ထိုးၾကည့္လွ်င္ ဘာသာေရးဆိုင္ရာ ဘုရား ေက်ာင္းကန္မ်ား၊ ပရဟိတ အဖြဲ႕မ်ားႏွင့္ လမ္းေပၚမွ အလႉခံမ်ားကို ေစတနာ ထက္သန္စြာ လႉဒါန္းလိုက္ေသာ ျမန္မာတို႔၏ အလႉေငြသည္ ေကာင္းမြန္ေသာ အုပ္ခ်ဳပ္ေရး၊ ပညာေရး၊ က်န္းမာေရး၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးႏွင့္ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရးတို႔ကဲ့သို႔ လူမႈ စီးပြား စနစ္ဆိုင္ရာ အေျပာင္းအလဲကို အေထာက္အပံ့ မျဖစ္ေသးျခင္းကို ေတြ႕ရမည္။ ရက္ေရာျခင္းသည္ ေကာင္းေသာ စရိုက္ လကၡဏာျဖစ္သည္။ သို႔ေသာ္ ျမန္မာတို႔၏ အလႉဒါနသည္ ေလာကေကာင္းက်ိဳး မျပဳေသးဟု ဆိုရမည္။

ဤသို႔ဆို၍ ျမန္မာတို႔၏အလႉမ်ားသည္ အေဟာသိကံျဖစ္ရသည္ဟု မဆိုလို။ ျမန္မာနိုင္ငံတြင္ ေစတနာ့ဝန္ထမ္းအျဖစ္ လုပ္ကိုင္ေနၾကသူ၊ အက်ိဳးအျမတ္မယူေသာ လူမႈဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေဆာင္႐ြက္ေနၾကသူ အေျမာက္အျမား ရွိသည္။ လူအမ်ား နာေရး ေသေရး ေဘးဒုကၡေရာက္လွ်င္ ပရဟိတ အက်ိဳးေဆာင္ရန္ ထြက္လာၾကသူ အမ်ားအျပား ရွိသည္။ က်န္းမာေရး၊ ပညာေရး၊ လူမႈကူညီေစာင့္ေရွာက္ေရး၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး၊ လူ႕အခြင့္အေရး ကာကြယ္ထိန္းသိမ္းေရးတို႔ကို ေရွးရႈရည္႐ြယ္ေသာ ပရဟိတ အင္စတီက်ဴးရွင္းမ်ားႏွင့္ သမဂၢမ်ားလည္း ခိုင္ခိုင္မာမာ ရွိေနသည္။

ထို႔အျပင္ Corporate social responsibility ဟုေခၚသည့္ စီးပြားေရး လုပ္ငန္းႀကီးမ်ား၏ လူမႈေရး တာဝန္သိမႈ အလႉဒါန အစီအစဥ္မ်ားကိုလည္း ေတြ႕ျမင္လာေနရၿပီး Social business ဟုေခၚသည့္ အလုပ္လုပ္သူတိုင္း အက်ိဳးအျမတ္ခံစားခြင့္ရွိသည့္အျပင္ ရပ္႐ြာႏွင့္ သဘာဝပတ္ဝန္းက်င္ ေကာင္းက်ိဳးပါ ျဖစ္ထြန္းေစေသာ စီးပြားေရးလုပ္ငန္းငယ္မ်ား ဟိုဟိုသည္သည္မွာ စတင္ ေပၚထြက္လာေနသည္။

၎တို႔၏ ေစတနာ သို႔မဟုတ္ အရင္းအႏွီးကို ပိုမိုႀကီးမားက်ယ္ျပန႔္လာေစသင့္သည္။ ေရရွည္တည္တံ့ၿပီး လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရး သို႔မဟုတ္ နိုင္ငံ၏ စီးပြားဖြံ႕ၿဖိဳးမႈတို႔ႏွင့္ အျပန္အလွန္ ဆက္စပ္ ခ်ိတ္ႏြယ္ေစေရး မူဝါဒ ေရးဆြဲခ်မွတ္သူမ်ားက နားလည္ သေဘာေပါက္ၿပီး အားေပးအားျမႇောက္ျပဳသည့္ ဥပေဒႏွင့္ လုပ္ထုံးလုပ္နည္းမ်ားအား ေရးဆြဲ ခ်မွတ္ က်င့္သုံးသင့္သည္။ မိမိ ေရွ႕တြင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနၿပီး အက်ိဳးခံစားေနရေသာ နိုင္ငံမ်ားကို ဥပမာယူ၍ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သင့္သည္။

အစိုးရ၊ လႊတ္ေတာ္ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားသာမက သာမာန္ လူပုဂၢိဳလ္ တဦးခ်င္းစီကလည္း မိမိတို႔၏ လႈဒါန္းမႈသည္ ေသလြန္ၿပီးေနာက္ ရွိနိုင္ေသးေသာ ဘဝ အဆက္ဆက္၏ အက်ိဳးကို ေမွ်ာ္မွန္း႐ုံမွ်မက ယခု မ်က္ေမွာက္ႀကဳံေတြ႕ေနရေသာ ေလာက၏ ဆိုးက်ိဳးမ်ားကို တားဆီးၿပီး ေကာင္းက်ိဳးမ်ားကို ရည္ေမွ်ာ္ေသာ အလႉအတန္းမ်ား ျပဳသင့္ေၾကာင္း နားလည္သေဘာေပါက္ လက္ခံက်င့္သုံးလာေစေရးကလည္း အေရးႀကီးသည္။

အမွန္တကယ္ လိုအပ္ေနသူမ်ားကို ကိုယ္တိုင္ လႉဒါန္း ျဖည့္တင္းေပးျခင္းႏွင့္ ေလာကေကာင္းက်ိဳး ရည္ေမွ်ာ္၍ လုပ္ကိုင္ေနေသာ သမဂၢ အဖြဲ႕အစည္း အင္စတီက်ဴရွင္းမ်ားသို႔ တတ္အားသ၍ လူအား ေငြအား ပါဝင္ထည့္ဝင္ျခင္းမ်ားသည္ နတ္လူသာဓု ေခၚၾကမည့္ အက်င့္အႀကံေကာင္းမ်ားျဖစ္ေၾကာင္း တင္ျပအပ္ေပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

လူအများ နားမခံသာအောင် လော်စပီကာများ အသံကုန် ဖွင့်ပြီး အလှူခံတတ်သော မြန်မာနိုင်ငံသည် ပရဟိတ လှုပ်ရှားမှုများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးရာတွင် အနိမ့်ဆုံးဖြစ်နေကြောင်း ဟောင်ကောင်အခြေစိုက် အာရှပရဟိတနှင့်လူ့အဖွဲအစည်း စင်တာ (Centre for Asian Philanthropy and Society – CAPS) က ဆိုလိုက်သည်။

CAPS သည် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို လုပ်ဆောင်နေသော ပရဟိတသမားများနှင့် လူမှုကူညီရေးအဖွဲ့များ တိုးတက်ရေးအတွက် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ပရဟိတ အရည်အသွေးနှင့် အရေအတွက် တိုးတက်ရေးကို လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။

CAPS ၏ ကောင်းမှုအညွှန်းကိန်း Doing Good Index တွင် မြန်မာသည် ပရဟိတ လုပ်ငန်းများကို အားပေးသည့် ပတ်ဝန်းကျင် ဖန်တီးပေးရာတွင် “လုံလောက်စွာ လုပ်ဆောင်ခြင်းမရှိ” သို့မဟုတ် အများအားဖြင့် နောက်ကျကျန်ရစ်ကြောင်း ဆိုထားသည်။ ထိုအညွှန်းကိန်းသည် အလှူဒါနပြုရန်အတွက် ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ မက်လုံးများကို လေ့လာသော အညွှန်းကိန်းဖြစ်သည်။

ထိုအညွှန်းကိန်းက နိုင်ငံများ၏ လောကီကောင်းကျိုး ပြုမှုကို လေ့လာရာတွင် အုပ်စုလေးစု ကွဲသွားပြီး ဂျပန်၊ စင်္ကာပူနှင့် ထိုင်ဝမ်တို့က စွမ်းဆောင်ရည်ကောင်းသော အုပ်စုတွင်ပါဝင်ပြီး စွမ်းဆောင်ရည် တိုးတက်သော နိုင်ငံများ အုပ်စုတွင် ဟောင်ကောင်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ် တို့ပါဝင်သည်။ လုံလောက်သော စွမ်းဆောင်ရည်ရှိသည့် တတိယ အုပ်စု နိုင်ငံများတွင် တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန် တို့ ပါဝင်သည်။

ထိုသို့ နိုင်ငံများကို အဆင့်ခွဲရာတွင် နိုင်ငံတွင် ကျင့်သုံးနေသော အခွန်၊ ဘဏ္ဍာရေးနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ မူဝါဒများသည် ယဉ်ကျေးမှုနှင့် လူမှု ပတ်ဝန်းကျင်ကို အထောက်အကူပြု မပြု၊ ငွေကြေးလှူဒါန်းခြင်း၊ စားရေရိက္ခာ အဝတ်အထည် လှူဒါန်းခြင်းနှင့် ပရဟိတလုပ်ငန်းများ အပါအဝင် လူမှုရေးရာများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု (private social investments) ကို ဟန့်တားခြင်းပြု မပြု စသည်တို့ကို အခြေခံပြီး အုပ်စုခွဲခြားသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများနှင့် အလှူရှင်အဖွဲ့အစည်းများအပါအဝင် လူမှုကူညီရေး အသင်းများသည် ပြည်တွင်း ပြည်ပ ပရဟိတသမားများ သို့မဟုတ် အလှူရှင်များထံမှ ရန်ပုံငွေ လက်ခံ ရယူနိုင်ခြင်း ရှိ မရှိနှင့် ရရှိသောငွေကို လူမှုရေး လိုအပ်ချက်များအား စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိ မရှိကိုလည်း သုံးသပ်သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ CAPS ၏ ကောာင်းမှုအညွှန်းကိန်းတွင် အနိမ့်ဆုံးဖြစ်သော မြန်မာနိုင်ငံသည် မကြာသေးမီက Charities Aid Foundation ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့လှူဒါန်းမှု အညွှန်းကိန်းတွင်မူ ထိပ်ဆုံးဖြစ်နေခြင်းပင်။ ထိုအညွှန်းကိန်း ၂ ခုအပေါ် မည်သို့နားလည်နိုင်ပါသနည်း။

Charities Aid Foundation သည် စုစုပေါင်းလူဦးရေ ၅.၂ ဘီလျှံရှိသည့် နိုင်ငံပေါင်း ၁၄၆ နိုင်ငံ၏ ရက်ရောမှုကို လေ့လာသောအဖွဲ့ဖြစ်သည်။ ၎င်းတို့၏ စစ်တမ်းသည် သင် ယခင်လက လူစိမ်းတဦးကို ငွေလှူပါသလား။ လွန်ခဲ့သောလက လူစိမ်းတဦးကို ကူညီပါသလားနှင့် လွန်ခဲ့သောလက အချိန်ပေးပြီး စေတနာ့ဝန်ထမ်း လုပ်ခဲ့လားဟူသော မေးခွန်း ၃ ခုသာ မေးသည်။ ထိုမေးခွန်း ၃ ခုတွင် မြန်မာတို့၏ အလှူရေစက် လက်နှင့်မကွာချင်မှုက ကွက်တိသွားကျနေသည်။

သို့သော် ကောင်းမှု အညွှန်းကိန်းတွင်မူ မေးခွန်းပေါင်း ၁၅၀ ပါဝင်ပြီး ရလဒ်များကို ကျွမ်းကျင်သူများနှင့် အကျိုးအမြတ်မယူသော အဖွဲအစည်းဝင်များက အကဲဖြတ်ကြသည်။

စစ်တမ်း ၂ ခု၏ ရလဒ်များကို ချိန်ထိုးကြည့်လျှင် ဘာသာရေးဆိုင်ရာ ဘုရား ကျောင်းကန်များ၊ ပရဟိတ အဖွဲ့များနှင့် လမ်းပေါ်မှ အလှူခံများကို စေတနာ ထက်သန်စွာ လှူဒါန်းလိုက်သော မြန်မာတို့၏ အလှူငွေသည် ကောင်းမွန်သော အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကဲ့သို့ လူမှု စီးပွား စနစ်ဆိုင်ရာ အပြောင်းအလဲကို အထောက်အပံ့ မဖြစ်သေးခြင်းကို တွေ့ရမည်။ ရက်ရောခြင်းသည် ကောင်းသော စရိုက် လက္ခဏာဖြစ်သည်။ သို့သော် မြန်မာတို့၏ အလှူဒါနသည် လောကကောင်းကျိုး မပြုသေးဟု ဆိုရမည်။

ဤသို့ဆို၍ မြန်မာတို့၏အလှူများသည် အဟောသိကံဖြစ်ရသည်ဟု မဆိုလို။ မြန်မာနိုင်ငံတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြသူ၊ အကျိုးအမြတ်မယူသော လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူ အမြောက်အမြား ရှိသည်။ လူအများ နာရေး သေရေး ဘေးဒုက္ခရောက်လျှင် ပရဟိတ အကျိုးဆောင်ရန် ထွက်လာကြသူ အများအပြား ရှိသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုကူညီစောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေးတို့ကို ရှေးရှုရည်ရွယ်သော ပရဟိတ အင်စတီကျူးရှင်းများနှင့် သမဂ္ဂများလည်း ခိုင်ခိုင်မာမာ ရှိနေသည်။

ထို့အပြင် Corporate social responsibility ဟုခေါ်သည့် စီးပွားရေး လုပ်ငန်းကြီးများ၏ လူမှုရေး တာဝန်သိမှု အလှူဒါန အစီအစဉ်များကိုလည်း တွေ့မြင်လာနေရပြီး Social business ဟုခေါ်သည့် အလုပ်လုပ်သူတိုင်း အကျိုးအမြတ်ခံစားခွင့်ရှိသည့်အပြင် ရပ်ရွာနှင့် သဘာဝပတ်ဝန်းကျင် ကောင်းကျိုးပါ ဖြစ်ထွန်းစေသော စီးပွားရေးလုပ်ငန်းငယ်များ ဟိုဟိုသည်သည်မှာ စတင် ပေါ်ထွက်လာနေသည်။

၎င်းတို့၏ စေတနာ သို့မဟုတ် အရင်းအနှီးကို ပိုမိုကြီးမားကျယ်ပြန့်လာစေသင့်သည်။ ရေရှည်တည်တံ့ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် နိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှုတို့နှင့် အပြန်အလှန် ဆက်စပ် ချိတ်နွယ်စေရေး မူဝါဒ ရေးဆွဲချမှတ်သူများက နားလည် သဘောပေါက်ပြီး အားပေးအားမြှောက်ပြုသည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ရေးဆွဲ ချမှတ် ကျင့်သုံးသင့်သည်။ မိမိ ရှေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အကျိုးခံစားနေရသော နိုင်ငံများကို ဥပမာယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။

အစိုးရ၊ လွှတ်တော်နှင့် စီးပွားရေးလုပ်ငန်းရှင်များသာမက သာမာန် လူပုဂ္ဂိုလ် တဦးချင်းစီကလည်း မိမိတို့၏ လှုဒါန်းမှုသည် သေလွန်ပြီးနောက် ရှိနိုင်သေးသော ဘဝ အဆက်ဆက်၏ အကျိုးကို မျှော်မှန်းရုံမျှမက ယခု မျက်မှောက်ကြုံတွေ့နေရသော လောက၏ ဆိုးကျိုးများကို တားဆီးပြီး ကောင်းကျိုးများကို ရည်မျှော်သော အလှူအတန်းများ ပြုသင့်ကြောင်း နားလည်သဘောပေါက် လက်ခံကျင့်သုံးလာစေရေးကလည်း အရေးကြီးသည်။

အမှန်တကယ် လိုအပ်နေသူများကို ကိုယ်တိုင် လှူဒါန်း ဖြည့်တင်းပေးခြင်းနှင့် လောကကောင်းကျိုး ရည်မျှော်၍ လုပ်ကိုင်နေသော သမဂ္ဂ အဖွဲ့အစည်း အင်စတီကျူရှင်းများသို့ တတ်အားသ၍ လူအား ငွေအား ပါဝင်ထည့်ဝင်ခြင်းများသည် နတ်လူသာဓု ခေါ်ကြမည့် အကျင့်အကြံကောင်းများဖြစ်ကြောင်း တင်ပြအပ်ပေသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top