(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ကေလးဝၿမိဳ႕နယ္ သကၠယ္က်င္း-ေဖာင္းျပင္ကားလမ္းတြင္ ယေန႔ ႏုိဝင္ဘာ ၂၂ ရက္ နံနက္ ၇ နာရီခြဲခန္႔က ဘုရားဖူးကားတစ္စီးတိမ္းေမွာက္ခဲ့၍ တစ္ဦးေသဆုံးခဲ့ၿပီး ၉ ဦးဒဏ္ရာရခဲ့ေၾကာင္း ကေလးဝၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရုံးထံမွ သိရွိရသည္။

မဟာၿမိဳင္ေတာရွိ ေအာင္စႀကၤာေစတီေတာ္ျမတ္ႀကီးထီးေတာ္တင္လွဴပြဲသုိ႔လာေသာ ဘုရားဖူးယာဥ္ျဖစ္သည္။ ေအာင္ခ်မ္းသာရြာႏွင့္ ၃ မုိင္ခန္႔အကြာတြင္ အရွိန္လြန္ၿပီး လမ္းေဘးေျမာင္းထဲသုိ႔ ထိုးက်တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

ခရီးသည္ ၂၀ဦးအနက္ ေဒၚဝင္းရီ (၆၃ႏွစ္) ဆုိသူ ေသဆုံးခဲ့ၿပီး ၉ ဦးဒဏ္ရာရခဲ့သျဖင့္ ကေလးဝၿမိဳ႕နယ္ ျပည္သူ႔ေဆးရုံႀကီးသုိ႔ ပုိ႔ေဆာင္ေဆးကုသထားေၾကာင္း၊ ယာဥ္ေမာင္းမွာ ကုိမုိးဝင္း (ခ) လွမ်ိဳးေအာင္ (၄၀ႏွစ္) ျဖစ္ၿပီး အမႈဖြင့္ရန္ဆာင္ရြက္ေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

ကလေးဝမြို့နယ် သက္ကယ်ကျင်း-ဖောင်းပြင်ကားလမ်းတွင် ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက် ၇ နာရီခွဲခန့်က ဘုရားဖူးကားတစ်စီးတိမ်းမှောက်ခဲ့၍ တစ်ဦးသေဆုံးခဲ့ပြီး ၉ ဦးဒဏ်ရာရခဲ့ကြောင်း ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

မဟာမြိုင်တောရှိ အောင်စြင်္ကာစေတီတော်မြတ်ကြီးထီးတော်တင်လှူပွဲသို့လာသော ဘုရားဖူးယာဉ်ဖြစ်သည်။ အောင်ချမ်းသာရွာနှင့် ၃ မိုင်ခန့်အကွာတွင် အရှိန်လွန်ပြီး လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ခရီးသည် ၂၀ဦးအနက် ဒေါ်ဝင်းရီ (၆၃နှစ်) ဆိုသူ သေဆုံးခဲ့ပြီး ၉ ဦးဒဏ်ရာရခဲ့သဖြင့် ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသထားကြောင်း၊ ယာဉ်မောင်းမှာ ကိုမိုးဝင်း (ခ) လှမျိုးအောင် (၄၀နှစ်) ဖြစ်ပြီး အမှုဖွင့်ရန်ဆာင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top