ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



ျပင္ပအပူခ်ိန္နဲ႔အတူ သုံးစြဲေနတဲ့ Electronics ပစၥည္းေတြဟာ တိုက္႐ိုက္ ဆက္စပ္ေနၿပီး စမတ္ဖုန္းေတြရဲ႕ ဘက္ထရီကို ဆိုးဆိုးဝါးဝါး ထိခိုက္ေစႏိုင္တဲ့အျပင္ ဘက္ထရီရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းေတြကိုလည္း က်ဆင္းေစႏိုင္တဲ့ အတြက္ေၾကာင့္ ဘယ္လိုအခ်က္ေတြဟာ ဖုန္းဘက္ထရီကို ထိခိုက္ေစႏိုင္တယ္ဆိုတာ ဗဟုသုတအေနနဲ႔ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

(၁) ဖုန္းလိုင္း မမိတဲ့အခါ အားပိုကုန္တယ္


ဖုန္းလိုင္း ေသခ်ာ မမိတဲ့ ဧရိယာေတြမွာ ဖုန္းကို အသုံးျပဳတဲ့အခါ ဘက္ထရီကို ထိခိုက္ေစႏိုင္တယ္လို႔ အေမရိကန္ႏိုင္ငံရဲ႕ စစ္တပ္မွ လွ်ပ္စစ္ကြၽမ္းက်င္ပညာရွင္တဦးျဖစ္တဲ့ Kyle Logue က ေျပာဆိုခဲ့ပါတယ္။

“ဖုန္းဟာ အိတ္ကပ္ထဲမွာ ရွိေနတယ္ဆိုေပမယ့္ တာဝါတိုင္ေတြဆီကေန ဖုန္းလိုင္းကို လိုက္လံဖမ္းယူေနရတာျဖစ္ၿပီး ဖုန္းလိုင္း မရရွိႏိုင္တဲ့အခါမွာေတာ့ Notification ကို ဘက္ထရီပါဝါ ပိုအသုံးျပဳၿပီး အသိေပးပါေတာ့တယ္။ အဲဒီအခ်ိန္မွာ ဆက္ၿပီး အသုံးမျပဳဘဲ ဖုန္းလိုင္းမိမယ့္ ေနရာေရာက္မွ အင္တာနက္ ဒါမွမဟုတ္ ႐ိုး႐ိုးဖုန္းေခၚဆိုမႈေတြကို ဆက္လက္ျပဳလုပ္သင့္ပါတယ္”လို႔ ဆိုပါတယ္။

(၂) အားကုန္ေစတဲ့ Application မာ်း

Notification အသုံးျပဳမႈမ်ားတဲ့ Application ေတြဟာလည္း ဖုန္းဘက္ထရီကို က်ဆင္းေစတဲ့ အခ်က္ေတြထဲမွာ တခုအပါအဝင္ပါ။ အေရးႀကီးတဲ့ Application ေတြ ရွိေနတယ္ဆိုရင္ေတာင္ မလိုအပ္တဲ့ Application ေတြအတြက္ Notification ကို စိစစ္ထားရမွာ ျဖစ္ပါတယ္။ Application တခုၿပီးတခု Install လုပ္တိုင္း Notification ေတြကို လက္ခံေနမယ္ဆိုရင္ေတာ့ ဖုန္းဘက္ထရီရဲ႕ သက္တမ္းဟာ လိုတာထက္ကို ပိုၿပီး ေလ်ာ့က်သြားမွာ ျဖစ္ပါတယ္။

(၃) GPS နဲ႔ Bluetooth မ်ား ဖြင့္ထားျခင္း

GPS နဲ႔ Bluetooth ေတြကို အသုံးမျပဳဘဲ ဖြင့္ထားျခင္းဟာလည္း အျခားအေရးႀကီးတဲ့ အသုံးျပဳစရာကိစၥေတြအတြက္ ဖုန္းဘက္ထရီကို ေခြၽတာႏိုင္မယ့္ နည္းလမ္းတခုပါ။

(၄) ဓာတ္ပုံနဲ႔ ဗီဒီယို အလြန္အကြၽံ ႐ိုက္ကူးျခင္း

ဓာတ္ပုံနဲ႔ ဗီဒီယို႐ိုက္ကူးျခင္းေတြဟာလည္ းဖုန္းဘက္ထရီကို ထိခိုက္ေစႏိုင္ပါတယ္။ ဓာတ္ပုံထက္ ဗီဒီယို႐ိုက္ကူးျခင္းဟာ ဘက္ထရီရဲ႕ ပါဝါကို အသံေရာ အ႐ုပ္အတြက္ပါ အသုံးျပဳရတာျဖစ္တဲ့အတြက္ေၾကာင့္ မျဖစ္မေန ႐ိုက္ကူးရမယ္ဆိုတဲ့ကိစၥရပ္ေတြမွာ Airplane Mode အသုံးျပဳၿပီး ႐ိုက္ကူးတာဟာ ဘက္ထရီကို ထိခိုက္မႈ ေလ်ာ့နည္းေစပါတယ္။

(၅) အားကုန္တဲ့အထိ အသုံးျပဳကာ အားမသြင္းဘဲ ပစ္ထားျခင္း

တေနကုန္ ဖုန္းအားကုန္တဲ့ အထိ အင္တာနက္ ေဒတာမ်ား အသုံးျပဳျခင္း၊ ဗီဒီယိုမ်ား ၾကည့္ရႈျခင္း၊ ဖုန္းေျပာဆိုျခင္း၊ ဂိမ္းကစားျခင္းမ်ား ျပဳလုပ္ၿပီး အားကို ေသခ်ာျပန္မသြင္းဘဲ ထားရင္လည္း ဖုန္းဘက္ထရီကို ေရရွည္မွာ ထိခိုက္ေစႏိုင္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ပြင်ပအပူချိန်နဲ့အတူ သုံးစွဲနေတဲ့ Electronics ပစ္စည်းတွေဟာ တိုက်ရိုက် ဆက်စပ်နေပြီး စမတ်ဖုန်းတွေရဲ့ ဘက်ထရီကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တဲ့အပြင် ဘက်ထရီရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း ကျဆင်းစေနိုင်တဲ့ အတွက်ကြောင့် ဘယ်လိုအချက်တွေဟာ ဖုန်းဘက်ထရီကို ထိခိုက်စေနိုင်တယ်ဆိုတာ ဗဟုသုတအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) ဖုန်းလိုင်း မမိတဲ့အခါ အားပိုကုန်တယ်


ဖုန်းလိုင်း သေချာ မမိတဲ့ ဧရိယာတွေမှာ ဖုန်းကို အသုံးပြုတဲ့အခါ ဘက်ထရီကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန်နိုင်ငံရဲ့ စစ်တပ်မှ လျှပ်စစ်ကျွမ်းကျင်ပညာရှင်တဦးဖြစ်တဲ့ Kyle Logue က ပြောဆိုခဲ့ပါတယ်။

“ဖုန်းဟာ အိတ်ကပ်ထဲမှာ ရှိနေတယ်ဆိုပေမယ့် တာဝါတိုင်တွေဆီကနေ ဖုန်းလိုင်းကို လိုက်လံဖမ်းယူနေရတာဖြစ်ပြီး ဖုန်းလိုင်း မရရှိနိုင်တဲ့အခါမှာတော့ Notification ကို ဘက်ထရီပါဝါ ပိုအသုံးပြုပြီး အသိပေးပါတော့တယ်။ အဲဒီအချိန်မှာ ဆက်ပြီး အသုံးမပြုဘဲ ဖုန်းလိုင်းမိမယ့် နေရာရောက်မှ အင်တာနက် ဒါမှမဟုတ် ရိုးရိုးဖုန်းခေါ်ဆိုမှုတွေကို ဆက်လက်ပြုလုပ်သင့်ပါတယ်”လို့ ဆိုပါတယ်။

(၂) အားကုန်စေတဲ့ Application မာျး

Notification အသုံးပြုမှုများတဲ့ Application တွေဟာလည်း ဖုန်းဘက်ထရီကို ကျဆင်းစေတဲ့ အချက်တွေထဲမှာ တခုအပါအဝင်ပါ။ အရေးကြီးတဲ့ Application တွေ ရှိနေတယ်ဆိုရင်တောင် မလိုအပ်တဲ့ Application တွေအတွက် Notification ကို စိစစ်ထားရမှာ ဖြစ်ပါတယ်။ Application တခုပြီးတခု Install လုပ်တိုင်း Notification တွေကို လက်ခံနေမယ်ဆိုရင်တော့ ဖုန်းဘက်ထရီရဲ့ သက်တမ်းဟာ လိုတာထက်ကို ပိုပြီး လျော့ကျသွားမှာ ဖြစ်ပါတယ်။

(၃) GPS နဲ့ Bluetooth များ ဖွင့်ထားခြင်း

GPS နဲ့ Bluetooth တွေကို အသုံးမပြုဘဲ ဖွင့်ထားခြင်းဟာလည်း အခြားအရေးကြီးတဲ့ အသုံးပြုစရာကိစ္စတွေအတွက် ဖုန်းဘက်ထရီကို ချွေတာနိုင်မယ့် နည်းလမ်းတခုပါ။

(၄) ဓာတ်ပုံနဲ့ ဗီဒီယို အလွန်အကျွံ ရိုက်ကူးခြင်း

ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးခြင်းတွေဟာလည် းဖုန်းဘက်ထရီကို ထိခိုက်စေနိုင်ပါတယ်။ ဓာတ်ပုံထက် ဗီဒီယိုရိုက်ကူးခြင်းဟာ ဘက်ထရီရဲ့ ပါဝါကို အသံရော အရုပ်အတွက်ပါ အသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ရိုက်ကူးရမယ်ဆိုတဲ့ကိစ္စရပ်တွေမှာ Airplane Mode အသုံးပြုပြီး ရိုက်ကူးတာဟာ ဘက်ထရီကို ထိခိုက်မှု လျော့နည်းစေပါတယ်။

(၅) အားကုန်တဲ့အထိ အသုံးပြုကာ အားမသွင်းဘဲ ပစ်ထားခြင်း

တနေကုန် ဖုန်းအားကုန်တဲ့ အထိ အင်တာနက် ဒေတာများ အသုံးပြုခြင်း၊ ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဖုန်းပြောဆိုခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ပြီး အားကို သေချာပြန်မသွင်းဘဲ ထားရင်လည်း ဖုန်းဘက်ထရီကို ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top