ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေကာင္ေလးေတြဟာ မိန္းကေလးတစ္ေယာက္ကိုသူတို႕စိတ္ထဲမွာတကယ္ခ်စ္မိျပီဆိုရင္သိပ္ကို အခ်စ္ျကီးတတ္သလို သူတို႕တကယ္စိတ္မပါဘူးဆိုလည္း သိသာလြန္းပါတယ္။ ဆုိေတာ႔ေယဘယ်အားျဖင္႔ ေကာင္ေလးေတြရင္ထဲနက္နက္နဲနဲထိရွိမိတတ္တဲ႔မိန္းကေလးမ်ိဳးဆိုတာ…
(၁) စကားေျပာလိမၼာပါးနပ္တဲ႔မိန္းကေလး
လူတစ္ေယာက္ရဲ႕စိတ္ဓာတ္အဆင္႔အတန္းကို သူနဲ႕စကားမ်ားမ်ားေျပာဖူးရင္သိနိင္ပါတယ္။ မိန္းကေလးတစ္ေယာက္ရဲ႕ရွိသင္႔ရွိထုိက္တဲ႔အရည္အခ်င္းေတြထဲမွာ စကားေျပာလိမၼာပါးနပ္မႈကလည္း အထင္ျကီးစရာစြဲမက္စရာတစ္ခုပါ။ ကိုယ္နဲ႕တြဲတဲ႔မိန္းကေလးကို စကားေျပာပါးနပ္ျပီး
ဘယ္ေခၚသြားေခၚသြားပြဲလယ္တင္႔ေစမဲ႔ ပံုစံမ်ိဳးကို ေကာင္ေလးေတြက စြဲမက္တတ္ျကပါတယ္။
(၂) ကိုယ္႔ရည္ရြယ္ခ်က္နဲ႕ကိုေအာင္ျမင္ေနတဲ႔မိန္းကေလး
မိန္းကေလးတစ္ေယာက္ဟာ ေယာက်္ားေလးတစ္ေယာက္လို႕မစြမ္းေဆာင္နိုင္ဘူးပဲဆုိဆို အားနည္းတယ္ပဲေျပာေျပာ ကိုယ္႔မွာရွိသေလာက္ပညာနဲ႕ ကိုယ္စြမ္းကိုယ္စ ကိုယ္ထူကိုယ္ထ ျကိုးစားျပီး ေနရာတစ္ခုမွာေအာင္ျမင္ေနတဲ႔ မိန္းကေလးေတြကို သေဘာက်တတ္ပါတယ္။ မေလ်ာ႕တဲ႔
ဇြဲနဲ႕ရသေလာက္ကိုယ္႔ဘ၀အတြက္ကိုယ္ ျကိုးစားတတ္တဲ႔မိန္းကေလးမ်ိဳးကို နွစ္သက္ျကပါတယ္။
(၃) မိခင္စိတ္ အျပည္႔ရွိတဲ႔မိန္းကေလး
သတၱ၀ါေတြအေပၚျကင္နာသနားတတ္ျပီး ကေလးေတြေပၚခ်စ္တတ္တဲ႔မိန္းကေလးေတြကလည္းသူတို႕အတြက္တစ္မ်ိဳးဆြဲေဆာင္မႈရွိပါတယ္။လူေတြနဲ႕ဆက္ဆံတဲ႔အခါေႏြးေႏြးေထြးေထြးနဲ႕ ဆက္ဆံတတ္တဲ႔ေကာင္မေလးမ်ိဳးကိုသေဘာက်တတ္ျကပါတယ္။
(၄) ေသသပ္တဲ႔မိန္းကေလး
မိန္းကေလးတစ္ေယာက္ဟာအရမ္းအေကာင္းစားေတြ၀တ္ထားမွရယ္ sexyက်က်ေတြ၀တ္စားထားမွရယ္သူတို႕အတြက္ျကည္႔ေကာင္းတာမဟုတ္ပါဘူး။ ေသေသသပ္သပ္နဲ႕Smart က်က် ၀တ္စားတတ္ျပီး အမ်ားျကားမွာကိုယ္႔ကိုယ္ကို ယံုျကည္မႈရွိရွိနဲ႕ ျပံဳးျပံဳးေပ်ာ္ေပ်ာ္
ေနတတ္တဲ႔ သူမ်ိဳးကို ေကာင္ေလးေတြကသေဘာက်တတ္ျကပါတယ္။
(၅) သူတို႕လိုခ်င္တာကိုလြယ္လြယ္နဲ႕မေပးတတ္တဲ႔မိန္းကေလး
ေယာက်္ားေလးရဲ႕သေဘာသဘာ၀ရယ္မဟုတ္ပါဘူး လူေတာ္ေတာ္မ်ားမ်ားရယ္ လြယ္ရင္ရိုးတတ္ျကပါတယ္။ ဆိုေတာ႔ သူတို႕ရဲ႕ေတာင္းဆိုမႈေတြ ကို လြယ္လြယ္နဲ႕လုိက္ေလ်ာမေပးတတ္ပဲ ျဖစ္သင္႔မျဖစ္သင္႔စဥ္းစားျပီးမွ အတိုင္းတာတစ္ခုထိလုိက္ေလ်ာတတ္တဲ႔မိန္းကေလးမ်ိဳးေမးတိုင္းေျဖတာမ်ိဳးေျပာတိုင္းလုပ္တာမ်ိဳးမဟုတ္ပဲနည္းနည္းပါးပါးမူတတ္ ေစ်းကုိင္တတ္တဲ႔မိန္းကေလးမ်ိဳးကို ပိုျပီးသေဘာက်လိုခ်င္တတ္ျကပါတယ္။
ဆုိေတာ႔ ေကာင္ေလးေတြရင္ထဲထိရွတဲ႔မိန္းကေလးေတြထဲမွာကိုယ္ေရာပါေနျပီလား…


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

ကောင်လေးတွေဟာ မိန်းကလေးတစ်ယောက်ကိုသူတို့စိတ်ထဲမှာတကယ်ချစ်မိပြီဆိုရင်သိပ်ကို အချစ်ကြီးတတ်သလို သူတို့တကယ်စိတ်မပါဘူးဆိုလည်း သိသာလွန်းပါတယ်။ ဆိုတော့ယေဘယျအားဖြင့် ကောင်လေးတွေရင်ထဲနက်နက်နဲနဲထိရှိမိတတ်တဲ့မိန်းကလေးမျိုးဆိုတာ…
(၁) စကားပြောလိမ္မာပါးနပ်တဲ့မိန်းကလေး
လူတစ်ယောက်ရဲ့စိတ်ဓာတ်အဆင့်အတန်းကို သူနဲ့စကားများများပြောဖူးရင်သိနိင်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေထဲမှာ စကားပြောလိမ္မာပါးနပ်မှုကလည်း အထင်ကြီးစရာစွဲမက်စရာတစ်ခုပါ။ ကိုယ်နဲ့တွဲတဲ့မိန်းကလေးကို စကားပြောပါးနပ်ပြီး
ဘယ်ခေါ်သွားခေါ်သွားပွဲလယ်တင့်စေမဲ့ ပုံစံမျိုးကို ကောင်လေးတွေက စွဲမက်တတ်ကြပါတယ်။
(၂) ကိုယ့်ရည်ရွယ်ချက်နဲ့ကိုအောင်မြင်နေတဲ့မိန်းကလေး
မိန်းကလေးတစ်ယောက်ဟာ ယောကျ်ားလေးတစ်ယောက်လို့မစွမ်းဆောင်နိုင်ဘူးပဲဆိုဆို အားနည်းတယ်ပဲပြောပြော ကိုယ့်မှာရှိသလောက်ပညာနဲ့ ကိုယ်စွမ်းကိုယ်စ ကိုယ်ထူကိုယ်ထ ကြိုးစားပြီး နေရာတစ်ခုမှာအောင်မြင်နေတဲ့ မိန်းကလေးတွေကို သဘောကျတတ်ပါတယ်။ မလျော့တဲ့
ဇွဲနဲ့ရသလောက်ကိုယ့်ဘဝအတွက်ကိုယ် ကြိုးစားတတ်တဲ့မိန်းကလေးမျိုးကို နှစ်သက်ကြပါတယ်။
(၃) မိခင်စိတ် အပြည့်ရှိတဲ့မိန်းကလေး
သတ္တဝါတွေအပေါ်ကြင်နာသနားတတ်ပြီး ကလေးတွေပေါ်ချစ်တတ်တဲ့မိန်းကလေးတွေကလည်းသူတို့အတွက်တစ်မျိုးဆွဲဆောင်မှုရှိပါတယ်။လူတွေနဲ့ဆက်ဆံတဲ့အခါနွေးနွေးထွေးထွေးနဲ့ ဆက်ဆံတတ်တဲ့ကောင်မလေးမျိုးကိုသဘောကျတတ်ကြပါတယ်။
(၄) သေသပ်တဲ့မိန်းကလေး
မိန်းကလေးတစ်ယောက်ဟာအရမ်းအကောင်းစားတွေဝတ်ထားမှရယ် sexyကျကျတွေဝတ်စားထားမှရယ်သူတို့အတွက်ကြည့်ကောင်းတာမဟုတ်ပါဘူး။ သေသေသပ်သပ်နဲ့Smart ကျကျ ဝတ်စားတတ်ပြီး အများကြားမှာကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ပြုံးပြုံးပျော်ပျော်
နေတတ်တဲ့ သူမျိုးကို ကောင်လေးတွေကသဘောကျတတ်ကြပါတယ်။
(၅) သူတို့လိုချင်တာကိုလွယ်လွယ်နဲ့မပေးတတ်တဲ့မိန်းကလေး
ယောကျ်ားလေးရဲ့သဘောသဘာဝရယ်မဟုတ်ပါဘူး လူတော်တော်များများရယ် လွယ်ရင်ရိုးတတ်ကြပါတယ်။ ဆိုတော့ သူတို့ရဲ့တောင်းဆိုမှုတွေ ကို လွယ်လွယ်နဲ့လိုက်လျောမပေးတတ်ပဲ ဖြစ်သင့်မဖြစ်သင့်စဉ်းစားပြီးမှ အတိုင်းတာတစ်ခုထိလိုက်လျောတတ်တဲ့မိန်းကလေးမျိုးမေးတိုင်းဖြေတာမျိုးပြောတိုင်းလုပ်တာမျိုးမဟုတ်ပဲနည်းနည်းပါးပါးမူတတ် ဈေးကိုင်တတ်တဲ့မိန်းကလေးမျိုးကို ပိုပြီးသဘောကျလိုချင်တတ်ကြပါတယ်။
ဆိုတော့ ကောင်လေးတွေရင်ထဲထိရှတဲ့မိန်းကလေးတွေထဲမှာကိုယ်ရောပါနေပြီလား…

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top