ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×












စိုးလင်းထက်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day


#Unicode Version#

အသက် (၂၀)အောက် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၉ ဖူဆယ်အသင်း ပဏာမကစား သမား ၁၈ ဦးစာရင်းကို နိုဝင်ဘာ ၂၆ ရက်၌  ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။

အဆိုပါ ၂၀၁၉ အာရှ ယူ-၂၀ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီးမြန်မာ ယူ-၁၉ ဖူဆယ်အသင်းသည် အာဆီယံဇုန်တွင် ထိုင်း၊အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။ မြန်မာ ယူ-၁၉ ဖူဆယ်အ သင်းသည် ယင်းပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုအဖြစ် နိုဝင် ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဘန် ကောက်မြို့သို့ တစ်ပတ်ကြာ လေ့ ကျင့်ရေးခရီးစဉ် သွားရောက်မည် ဖြစ်သည်။ ယင်းခရီးစဉ်တွင် မြန် မာယူ-၁၉ ဖူဆယ်အသင်းသည် လေ့ကျင့်မှုအပြင် ထိုင်းကလပ် အသင်းအချို့နှင့် ခြေစမ်းရန်စီစဉ် ထားသည်။

‘‘အာရှခြေစစ်ပွဲကို ထိုင်းကို တစ်ပတ်ကြိုသွားမယ်။ ဟိုမှာလေ့ ကျင့်မှုတွေ အပြင်ထိုင်းကလပ် အသင်းတွေနဲ့ ခြေစမ်းပွဲသုံးပွဲ လောက်ကစားဖို့ စီစဉ်ထားတယ်။ အသင်းတွေကိုတော့ သေချာမသိ သေးဘူး။ ထိုင်းဘောလုံးအဖွဲ့ ချုပ်က ကူညီဆောင်ရွက်ပေးမှာ ပါ။ ခြေစမ်းပွဲကစားရင်းနဲ့ပဲ အ သင်းကို အကောင်းဆုံးဖြစ်အောင် နည်းပြအဖွဲ့က ပြင်ဆင်ပါမယ်’’ ဟု မြန်မာဘောလုံးအဖွဲ့ချုပ် တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ ယူ-၁၉ ဖူဆယ်အ သင်းကို နည်းပြချုပ်အဖြစ်ဦးဌေး မြင့်က ကိုင်တွယ်မည်ဖြစ်ပြီးလက် ထောက်နည်းပြ ဦးတင်မောင်ဌေး၊ ဦးမောင်မောင်လွင်နှင့် ဂိုးနည်းပြ ဦးဟန်မင်းထွဋ်က တာဝန်ယူ မည်ဖြစ်သည်။

မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းသည် ဒီဇင်ဘာ ၅ ရက်တွင် မလေးရှား၊ ၆ ရက်တွင် ဗီယက်နမ်၊  ၇ ရက်တွင် ထိုင်း၊ ၈ ရက်တွင် အင်ဒိုနီးရှားအသင်းတို့ နှင့် ခြေစစ်ပွဲယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပထမ၊ ဒုတိယနှင့် တတိယ အသင်းတို့ ခြေစစ်ပွဲအောင်မြင် မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်း ပဏာမစာရင်း
ဂိုး - ဟန်မင်းထက်၊ မျိုးကျော်ကျော်

ကစားသမား - အောင်ကျော် ကျော်လွင်၊ သားပီတိ၊ရှင်းသန့်ကျော်၊ သော်ဇင်လတ်၊ ပြည့်ဖြိုး မောင်၊ ရှိုင်းထက်အောင်၊ထက်ဝေယံသိန်း၊

ထွဋ်ဝေထွန်း၊ ပြည့်စုံအောင်၊ ချမ်းသာ၊ စိုးသက်အောင်၊

ဟိန်းထက်အောင်၊ကျော်ဇေယျလွင်၊ သီဟအောင်၊ ဇင်လွင်ထွဋ်၊

စိုးလင်းထက်။

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top