ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စင္ကာပူႏွင့္ နယူးဇီလန္ ႏုိင္ငံမွ ဆရာ၀န္ႀကီးမ်ားက ၿမိဳ႕ နယ္ေလးခု၌ အခမဲ့ေဆးကုသ ေပးျခင္းကို ငါးရက္တုိင္ ျပဳလုပ္ မည္ျဖစ္ေၾကာင္း ေဒါက္တာ ထိန္အခမဲ့ေဆးခန္းမွ ေဒါက္တာမိ ဉာဏ္ေစာန္က ေျပာသည္။

‘‘အဲဒီႏုိင္ငံေတြက ဆရာ၀န္ ႀကီး ေလးဦးပါတယ္။ စာရင္းပိတ္ တာကေတာ့ ကုေပးမယ့္ေန႔မတုိင္ မီပိတ္မွာပါ။ ဒါေပမဲ့ အဲဒီေန႔က် မွ စာရင္းသြင္းၿပီးျပလို႔လည္း ရပါ တယ္။ ၿပီးေတာ့ ကုေပးတဲ့ ၿမိဳ႕ နယ္က မဟုတ္တဲ့ နီးစပ္ရာက လည္း လာျပလို႔ ရပါတယ္’’ဟု ၎ကေျပာသည္။


ေတာင္ဥကၠလာပ၊ ဒဂုံၿမိဳ႕ သစ္ေတာင္ပိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္ ႏွင့္ လွည္းကူးၿမိဳ႕နယ္ရွိ ေဒါက္ တာထိန္အခမဲ့ ေဆးခန္းမ်ားသုိ႔ စင္ကာပူႏွင့္ နယူးဇီလန္ႏုိင္ငံမွ ဆရာ၀န္ႀကီးမ်ား လာေရာက္၍ အခမဲ့ ေဆးကုသမည္ျဖစ္ၿပီး ေဆးကုသေပးမည့္ရက္မွာ ႏုိ၀င္ဘာ ၂၁ ရက္မွ ၂၅ ရက္အထိ ျဖစ္သည္။

ဆီးခ်ဳိ၊ အေရျပားႏွင့္ အေထြေထြေရာဂါမ်ား လာေရာက္ျပသသူမ်ားကို အခမဲ့ေဆး၀ါးႏွင့္ ေစာင့္ေရွာက္ကုသေပးမည္ျဖစ္သည္။

ႏုိ၀င္ဘာ ၂၁ ရက္တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္ အမွတ္ (၃၀၀)၊ သံသုမာလမ္း (၅) ရပ္ ကြက္၌လည္းေကာင္း၊ ၂၂ ရက္ ႏွင့္ ၂၅ ရက္တြင္ လွည္းကူးၿမိဳ႕ နယ္ ေဖာင္ႀကီးလမ္း ဖားေအာက္ ေတာရဓမၼရိပ္သာ၌ လည္း ေကာင္း၊ ၂၃ ရက္တြင္ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္း ေလးေထာင့္ကန္စိုက္ ေမြးေက်းရြာ သီရိမဂၤလာေရႊဘုံ ေက်ာင္းတုိက္၌လည္းေကာင္း၊ ၂၄ ရက္တြင္ မဂၤလာဒုံၿမိဳ႕နယ္ ပု လဲၿမိဳ႕သစ္ ေလးေထာင့္ကန္စံျပ ရပ္ကြက္ ေအာင္သေျပလမ္း မဟာေဗာဓိဓမၼရိပ္သာ၌လည္း ေကာင္းစသည့္ ေဒါက္တာထိန္အ ခမဲ့ေဆးခန္းမ်ား၌ နံနက္ ၉ နာရီ မွ ၁၂ နာရီ၊ မြန္းလဲြ ၁ နာရီမွ ၃ နာရီအထိ ကုသမည္ျဖစ္သည္။

ထို႔ေၾကာင့္ ကုသလိုသူမ်ားအေနျဖင့္ ဖုန္း-၀၉၄၅၂၅၅၀၀၅၀၊ ၀၉ ၄၅၂၅၅၀၀၆၀ သို႔ စာရင္းေပးသြင္းႏုိင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

စင်ကာပူနှင့် နယူးဇီလန် နိုင်ငံမှ ဆရာဝန်ကြီးများက မြို့ နယ်လေးခု၌ အခမဲ့ဆေးကုသ ပေးခြင်းကို ငါးရက်တိုင် ပြုလုပ် မည်ဖြစ်ကြောင်း ဒေါက်တာ ထိန်အခမဲ့ဆေးခန်းမှ ဒေါက်တာမိ ဉာဏ်စောန်က ပြောသည်။

‘‘အဲဒီနိုင်ငံတွေက ဆရာဝန် ကြီး လေးဦးပါတယ်။ စာရင်းပိတ် တာကတော့ ကုပေးမယ့်နေ့မတိုင် မီပိတ်မှာပါ။ ဒါပေမဲ့ အဲဒီနေ့ကျ မှ စာရင်းသွင်းပြီးပြလို့လည်း ရပါ တယ်။ ပြီးတော့ ကုပေးတဲ့ မြို့ နယ်က မဟုတ်တဲ့ နီးစပ်ရာက လည်း လာပြလို့ ရပါတယ်’’ဟု ၎င်းကပြောသည်။


တောင်ဥက္ကလာပ၊ ဒဂုံမြို့ သစ်တောင်ပိုင်း၊ မင်္ဂလာဒုံမြို့နယ် နှင့် လှည်းကူးမြို့နယ်ရှိ ဒေါက် တာထိန်အခမဲ့ ဆေးခန်းများသို့ စင်ကာပူနှင့် နယူးဇီလန်နိုင်ငံမှ ဆရာဝန်ကြီးများ လာရောက်၍ အခမဲ့ ဆေးကုသမည်ဖြစ်ပြီး ဆေးကုသပေးမည့်ရက်မှာ နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ဖြစ်သည်။

ဆီးချို၊ အရေပြားနှင့် အထွေထွေရောဂါများ လာရောက်ပြသသူများကို အခမဲ့ဆေးဝါးနှင့် စောင့်ရှောက်ကုသပေးမည်ဖြစ်သည်။

နိုဝင်ဘာ ၂၁ ရက်တွင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၃၀၀)၊ သံသုမာလမ်း (၅) ရပ် ကွက်၌လည်းကောင်း၊ ၂၂ ရက် နှင့် ၂၅ ရက်တွင် လှည်းကူးမြို့ နယ် ဖောင်ကြီးလမ်း ဖားအောက် တောရဓမ္မရိပ်သာ၌ လည်း ကောင်း၊ ၂၃ ရက်တွင် ဒဂုံမြို့သစ် တောင်ပိုင်း လေးထောင့်ကန်စိုက် မွေးကျေးရွာ သီရိမင်္ဂလာရွှေဘုံ ကျောင်းတိုက်၌လည်းကောင်း၊ ၂၄ ရက်တွင် မင်္ဂလာဒုံမြို့နယ် ပု လဲမြို့သစ် လေးထောင့်ကန်စံပြ ရပ်ကွက် အောင်သပြေလမ်း မဟာဗောဓိဓမ္မရိပ်သာ၌လည်း ကောင်းစသည့် ဒေါက်တာထိန်အ ခမဲ့ဆေးခန်းများ၌ နံနက် ၉ နာရီ မှ ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ကုသမည်ဖြစ်သည်။

ထို့ကြောင့် ကုသလိုသူများအနေဖြင့် ဖုန်း-၀၉၄၅၂၅၅၀၀၅၀၊ ၀၉ ၄၅၂၅၅၀၀၆၀ သို့ စာရင်းပေးသွင်းနိုင်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top