ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ျမန္မာႏုိင္ငံအတြင္း က်ပ္ေငြတစ္မ်ိဳးတည္းသာ အဓိကထား သံုးစြဲရမည္ဆုိလွ်င္ ေငြလဲ လုပ္ငန္းလိုင္စင္ မ်ားစြာခ်ထား ေပးရန္ လိုအပ္ေၾကာင္း ျမန္မာ ႏုိင္ငံ ဟိုတယ္ဆုိင္ရာ လုပ္ငန္းရွင္ မ်ားအသင္း (ရန္ကုန္ဇုန္) ဒုတိယ ဥကၠ႒ ဦးခင္ေမာင္ၿပံဳးက ေျပာ သည္။


ျမန္မာႏုိင္ငံသုိ႔ လာေရာက္ လည္ပတ္ေသာ ႏုိင္ငံျခားသား မ်ားအေနျဖင့္ ႏိုင္ငံျခားေငြမွ က်ပ္ ေငြကို လြယ္ကူစြာ လဲလွယ္ႏုိင္ရန္ ဟိုတယ္မ်ားက ေငြလဲလုပ္ငန္းကိုပါ ပူးတြဲလုပ္ကိုင္ရန္ လိုအပ္ ေၾကာင္း ၎က ေျပာသည္။

       ‘‘ဟိုတယ္တစ္လံုး ေငြလဲလုိင္စင္တစ္ခု ေလွ်ာက္ရမယ့္ သေဘာျဖစ္လာၿပီ’’ဟု ဦးခင္ေမာင္ၿပံဳးက ဆုိသည္။

ယင္းအစီအစဥ္သည္ ႏုိင္ငံ အတြက္ တရားဝင္အခြန္ ရႏိုင္ သကဲ့သို႔ ျပည္တြင္းႏုိင္ငံျခားေငြ သံုးစြဲမႈႏွင့္ ပတ္သက္၍ မွတ္တမ္း မ်ား ရရွိႏုိင္မည္ဟု ျမန္မာႏုိင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးသက္လြင္တုိးက ေျပာ သည္။

‘‘က်ပ္ေငြတန္ဖိုး တက္ၿပီး ေငြေၾကးတည္ၿငိမ္မႈ ရွိလာႏိုင္တဲ့ သေဘာပဲ’’ဟု ဦးသက္လြင္တုိးက ေျပာသည္။

က်ပ္ေငြတစ္မ်ိဳးသာ အဓိက ထားသံုးစြဲမည္ဆိုပါက ေလဆိပ္ မ်ားတြင္သာမက ဟိုတယ္မ်ား တြင္ပါ ေငြလဲေကာင္တာမ်ား ဖြင့္လွစ္ႏိုင္ရန္ လိုအပ္သည္ဟု ဦးသက္လြင္တိုးက အႀကံျပဳသည္။

‘‘ျမန္မာႏုိင္ငံမွာပဲ ေဒၚလာ အသံုးကို လက္ခံတာေလ။ အာဆီယံႏုိင္ငံအမ်ားစုမွာဆုိရင္ သ႔ူႏုိင္ငံ ေငြကိုပဲ သံုးခြင့္ျပဳတာပါ’’ဟု ထြန္းေကာ္မာရွယ္ဘဏ္ဥကၠ႒ ဦးသိန္း ထြန္းက ေျပာသည္။

ယင္းသို႔ လုပ္ေဆာင္ျခင္း သည္ ျပည္တြင္းေဒၚလာတန္ဖိုး က်ဆင္းေရး လုပ္ေဆာင္သည့္ နည္းလမ္းတစ္ခုျဖစ္ၿပီး ဗဟိုဘဏ္၏ ေဆာင္ရြက္ခ်က္ကို ႀကိဳဆို ေၾကာင္း ဦးသိန္းထြန္းက ေျပာ သည္။

ျပည္တြင္း၌ က်ပ္ေငြတစ္မ်ိဳး တည္းသာ သံုးစြဲရန္ ဗဟိုဘဏ္က သံုးႀကိမ္ခန္႔ ၫႊန္ၾကားစာထုတ္ျပန္ တားျမစ္ခဲ့သည္။ သို႔ေသာ္ ေဒၚလာသံုးစြဲမႈကို တားဆီးႏုိင္ျခင္း မရွိ ေပ။ ထို႔ေၾကာင့္ လက္ရွိတြင္ ခြင့္ျပဳခ်က္မဲ့ ႏုိင္ငံျခားေငြအသံုးျပဳမႈမ်ား ကို အေရးယူမည့္အစီအစဥ္ တိတိက်က် လုပ္ေဆာင္ေစလိုေၾကာင္း စီးပြားေရး လုပ္ငန္းရွင္အခ်ိဳ႕က ေျပာသည္။

‘‘ေဆးၿမီးတို မျဖစ္ဖို႔လိုတယ္’’ဟု ျမန္မာႏုိင္ငံ ခရီးသြားလုပ္ငန္း ရွင္မ်ားအသင္း ဥကၠ႒ ဦးသက္ လြင္တုိးက သူ၏ အျမင္ကို ေျပာ သည္။

ျပည္တြင္း၌ အေရာင္းအ ဝယ္ကိစၥမ်ားႏွင့္ ေငြေပးေခ်မႈကိစၥ မ်ားတြင္ ႏုိင္ငံျခားသံုးေငြ (ကန္ ေဒၚလာ)ကို မသံုးစြဲဘဲ က်ပ္ေငြကို သာ သံုးစြဲရန္ ၂၀၁၅ တြင္ တစ္ ႀကိမ္၊ ၂၀၁၆ တြင္ တစ္ႀကိမ္ႏွင့္ ယခု ၂၀၁၈ တြင္ တစ္ႀကိမ္ သံုး ႀကိမ္တုိင္ ၫႊန္ၾကားခဲ့ေသာ္လည္း လက္ရွိအထိ အသံုးျပဳေနဆဲျဖစ္ ၿပီး လိုက္နာမႈအားနည္းေနသည္ ဟု ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဘို ဘိုငယ္က ေျပာသည္။

ယင္းသို႔ အတည္ျပဳျခင္းကို ထိထိေရာက္ေရာက္ အေရးယူႏိုင္ ရန္ ၂၀၁၂ က ေရးဆြဲထားသည့္ ႏုိင္ငံျခားသံုးေငြ စီမံခန္႔ခြဲမႈဥပေဒ ကို ျပန္လည္ျပင္ဆင္ျဖည့္စြက္ေန ၿပီး ခိုင္ခိုင္မာမာ ျဖစ္ေစရန္ လုပ္ ေဆာင္ေနသည္ဟု ၎က ဆုိ သည္။

သို႔ေသာ္ မည္သို႔ အေရးယူ ေဆာင္ရြက္မည္၊ မည္သည့္ကာ လကစ၍ အေရးယူေဆာင္ရြက္ မည္ စသည့္အခ်က္အလက္မ်ား ႏွင့္ ပတ္သက္ၿပီး လက္ရွိတြင္ မေျပာႏုိင္ေသးေၾကာင္း ဦးဘိုဘို ငယ္က လႊတ္ေတာ္သို႔ ႏုိဝင္ဘာ ၂၀ ရက္တြင္ ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

 မြန်မာနိုင်ငံအတွင်း ကျပ်ငွေတစ်မျိုးတည်းသာ အဓိကထား သုံးစွဲရမည်ဆိုလျှင် ငွေလဲ လုပ်ငန်းလိုင်စင် များစွာချထား ပေးရန် လိုအပ်ကြောင်း မြန်မာ နိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များအသင်း (ရန်ကုန်ဇုန်) ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ပြုံးက ပြော သည်။


မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသား များအနေဖြင့် နိုင်ငံခြားငွေမှ ကျပ် ငွေကို လွယ်ကူစွာ လဲလှယ်နိုင်ရန် ဟိုတယ်များက ငွေလဲလုပ်ငန်းကိုပါ ပူးတွဲလုပ်ကိုင်ရန် လိုအပ် ကြောင်း ၎င်းက ပြောသည်။

       ‘‘ဟိုတယ်တစ်လုံး ငွေလဲလိုင်စင်တစ်ခု လျှောက်ရမယ့် သဘောဖြစ်လာပြီ’’ဟု ဦးခင်မောင်ပြုံးက ဆိုသည်။

ယင်းအစီအစဉ်သည် နိုင်ငံ အတွက် တရားဝင်အခွန် ရနိုင် သကဲ့သို့ ပြည်တွင်းနိုင်ငံခြားငွေ သုံးစွဲမှုနှင့် ပတ်သက်၍ မှတ်တမ်း များ ရရှိနိုင်မည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြော သည်။

‘‘ကျပ်ငွေတန်ဖိုး တက်ပြီး ငွေကြေးတည်ငြိမ်မှု ရှိလာနိုင်တဲ့ သဘောပဲ’’ဟု ဦးသက်လွင်တိုးက ပြောသည်။

ကျပ်ငွေတစ်မျိုးသာ အဓိက ထားသုံးစွဲမည်ဆိုပါက လေဆိပ် များတွင်သာမက ဟိုတယ်များ တွင်ပါ ငွေလဲကောင်တာများ ဖွင့်လှစ်နိုင်ရန် လိုအပ်သည်ဟု ဦးသက်လွင်တိုးက အကြံပြုသည်။

‘‘မြန်မာနိုင်ငံမှာပဲ ဒေါ်လာ အသုံးကို လက်ခံတာလေ။ အာဆီယံနိုင်ငံအများစုမှာဆိုရင် သ့ူနိုင်ငံ ငွေကိုပဲ သုံးခွင့်ပြုတာပါ’’ဟု ထွန်းကော်မာရှယ်ဘဏ်ဥက္ကဋ္ဌ ဦးသိန်း ထွန်းက ပြောသည်။

ယင်းသို့ လုပ်ဆောင်ခြင်း သည် ပြည်တွင်းဒေါ်လာတန်ဖိုး ကျဆင်းရေး လုပ်ဆောင်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး ဗဟိုဘဏ်၏ ဆောင်ရွက်ချက်ကို ကြိုဆို ကြောင်း ဦးသိန်းထွန်းက ပြော သည်။

ပြည်တွင်း၌ ကျပ်ငွေတစ်မျိုး တည်းသာ သုံးစွဲရန် ဗဟိုဘဏ်က သုံးကြိမ်ခန့် ညွှန်ကြားစာထုတ်ပြန် တားမြစ်ခဲ့သည်။ သို့သော် ဒေါ်လာသုံးစွဲမှုကို တားဆီးနိုင်ခြင်း မရှိ ပေ။ ထို့ကြောင့် လက်ရှိတွင် ခွင့်ပြုချက်မဲ့ နိုင်ငံခြားငွေအသုံးပြုမှုများ ကို အရေးယူမည့်အစီအစဉ် တိတိကျကျ လုပ်ဆောင်စေလိုကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

‘‘ဆေးမြီးတို မဖြစ်ဖို့လိုတယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးသက် လွင်တိုးက သူ၏ အမြင်ကို ပြော သည်။

ပြည်တွင်း၌ အရောင်းအ ဝယ်ကိစ္စများနှင့် ငွေပေးချေမှုကိစ္စ များတွင် နိုင်ငံခြားသုံးငွေ (ကန် ဒေါ်လာ)ကို မသုံးစွဲဘဲ ကျပ်ငွေကို သာ သုံးစွဲရန် ၂၀၁၅ တွင် တစ် ကြိမ်၊ ၂၀၁၆ တွင် တစ်ကြိမ်နှင့် ယခု ၂၀၁၈ တွင် တစ်ကြိမ် သုံး ကြိမ်တိုင် ညွှန်ကြားခဲ့သော်လည်း လက်ရှိအထိ အသုံးပြုနေဆဲဖြစ် ပြီး လိုက်နာမှုအားနည်းနေသည် ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘို ဘိုငယ်က ပြောသည်။

ယင်းသို့ အတည်ပြုခြင်းကို ထိထိရောက်ရောက် အရေးယူနိုင် ရန် ၂၀၁၂ က ရေးဆွဲထားသည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ကို ပြန်လည်ပြင်ဆင်ဖြည့်စွက်နေ ပြီး ခိုင်ခိုင်မာမာ ဖြစ်စေရန် လုပ် ဆောင်နေသည်ဟု ၎င်းက ဆို သည်။

သို့သော် မည်သို့ အရေးယူ ဆောင်ရွက်မည်၊ မည်သည့်ကာ လကစ၍ အရေးယူဆောင်ရွက် မည် စသည့်အချက်အလက်များ နှင့် ပတ်သက်ပြီး လက်ရှိတွင် မပြောနိုင်သေးကြောင်း ဦးဘိုဘို ငယ်က လွှတ်တော်သို့ နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top