(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

သန္လ်င္ၿမိဳ႕နယ္ရဲစခန္းတြင္ ရဲတပ္ဖြဲ႔ဝင္မ်ား၏ ႐ိုက္ႏွိက္မႈေၾကာင့္ အခ်ဳပ္သား တစ္ဦးေသဆံုးခဲ့သည္ဆိုေသာ တိုင္ၾကားခ်က္ကို လူ႔အခြင့္အေရးေကာ္မရွင္က စစ္ေဆးေနေၾကာင္း အဆိုပါေကာ္မရွင္ထံမွ သိရသည္။

စက္တင္ဘာလက ေမာ္ေတာ္ယဥ္ ဘက္ထရီေပ်ာက္ဆံုးမႈျဖင့္ ဖမ္းဆီးခံရသူသံုးဦးကို သန္လ်င္ရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့ရာတြင္ ဖမ္းဆီးခံရသူတစ္ဦးမွာ အင္းစိန္အက်ဥ္းေထာင္မွ တရား႐ံုးထုတ္တြင္ ႐ုတ္တရတ္လဲက်ေသဆံုးခဲ့ၿပီး ၎၏မိသားစုဝင္မ်ားက သန္လ်င္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၏ ႐ိုက္ႏွက္မႈေၾကာင့္ ေသဆံုးခဲ့ရျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ကို တိုင္ၾကားခဲ့ျခင္း ျဖစ္သည္။

အဆိုပါတိုင္ၾကားခ်က္အေပၚ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ႏိုဝင္ဘာလ ၂၀ ရက္မွ စတင္စစ္ေဆးေနျခင္းျဖစ္သည္။

ႏိုဝင္ဘာလ ၂၀ ရက္က သန္လ်င္ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ံုးတြင္ ၎၏ မိသားစုဝင္မ်ားႏွင့္ ေတြ႔ဆံုကာ စစ္ေဆးေမးျမန္းခဲ့ၿပီး ေသဆံုးခဲ့သူ၏ ေဆးမွတ္တမ္းမ်ားကိုလည္း စစ္ေဆးခြင့္ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔ အခြင့္အေရးေကာ္မရွင္အတြင္းေရးမွဴး ဦးဘုန္းႂကြယ္က ေျပာၾကားသည္။


ယခုမွ စတင္စစ္ေဆးေနသည့္အတြက္ သံုးသပ္ခ်က္တစ္စံုတစ္ရာမရရွိေသးဘဲ က်န္သည့္ အတူဖမ္းဆီးခံရသည့္ တရားခံႏွစ္ဦးႏွင့္ အမႈတြင္ပါဝင္ပတ္သက္သည့္ ရဲတပ္ဖြဲ႔ဝင္မ်ားကို ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ၎က ေျပာဆိုသည္။

“ေသဆံုးခဲ့သူက ညပိုင္း Taxi ေမာင္းတဲ့သူ၊ က်န္တဲ့ဖမ္းဆီးခံရသူႏွစ္ဦးက ဘက္ထရီခိုးၿပီး သူ႔ကားကို ငွားတယ္လို႔သိထားတယ္ေပါ့။ အေသးစိတ္ကိုေတာ့ ေသခ်ာမသိရေသးဘူး။ ေသဆံုးသူမိသားစုေတြက သူအိမ္ကို ျပန္မေရာက္လို႔ ရဲစခန္းေရာက္ေနတယ္သိရေတာ့ အင္းစိန္ေထာင္ကေန ႐ံုးအထုတ္မွာ ေသတာေပါ့။ သူ႔မိသားစုဝင္ေတြကေတာ့ ပူေဆြးၿပီးေတာ့ မေက်နပ္လို႔ အခုမွတိုင္ၾကားေတာ့ စစ္ေဆးတာပါ” ဟု ၎က ဆိုသည္။

ေသဆံုးသူကို စက္တင္ဘာလ ၁၂ ရက္က သန္လ်င္ရဲစခန္းတြင္ စခ်ဳပ္ထားခဲ့ၿပီး မိသားစုက စက္တင္ဘာလ ၁၄ ရက္တြင္မွ ေတြ႔ခြင့္ရခဲ့ၿပီး အင္းစိန္ေထာင္အပို႔တြင္ လမ္းပင္မေလွ်ာက္ႏိုင္ေတာ့သည့္အေျခအေနကို ေရာက္ရွိသြားခဲ့ၿပီး အခ်ဳပ္သားအခ်င္းခ်င္း တြဲထုတ္ခဲ့ရကာ ရဲအခ်ဳပ္တြင္ ႏွိပ္စက္႐ိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း ေသဆံုးသူ၏ မိခင္ျဖစ္သူ ေဒၚေအးက ေျပာၾကားသည္။

ေသဆံုးသူအမည္မွာ အသက္ ၂၈ ႏွစ္ရွိ ကိုေအာင္ေအာင္ျဖစ္ၿပီး သန္လ်င္ၿမိဳ႕နယ္ ဗိုလ္ခ်ဳပ္ေနဝင္းလမ္းတြင္ ေနထိုင္သူျဖစ္ၿပီး စက္တင္ဘာလ ၁၂ ရက္ ညပိုင္းက ခိုးမႈႀကံရာပါသံသယအမႈျဖင့္ သန္လ်င္ၿမိဳ႕မရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ၎မိသားစု၏ တိုင္ၾကားစာတြင္ ေဖာ္ျပထားသည္။

သန္လ်င္ၿမိဳ႕နယ္ ရဲစခန္းကမူ က်န္းမာေရးအေျခအေနေၾကာင့္ ေသဆံုးခဲ့ျခင္းျဖစ္ၿပီး ေဆးစာႏွင့္တကြ အမႈတြဲကို သန္လ်င္တရား႐ံုးသို႔ ေပးပို႔ထားခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version#

သန်လျင်မြို့နယ်ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှိက်မှုကြောင့် အချုပ်သား တစ်ဦးသေဆုံးခဲ့သည်ဆိုသော တိုင်ကြားချက်ကို လူ့အခွင့်အရေးကော်မရှင်က စစ်ဆေးနေကြောင်း အဆိုပါကော်မရှင်ထံမှ သိရသည်။

စက်တင်ဘာလက မော်တော်ယဉ် ဘက်ထရီပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခံရသူသုံးဦးကို သန်လျင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာတွင် ဖမ်းဆီးခံရသူတစ်ဦးမှာ အင်းစိန်အကျဉ်းထောင်မှ တရားရုံးထုတ်တွင် ရုတ်တရတ်လဲကျသေဆုံးခဲ့ပြီး ၎င်း၏မိသားစုဝင်များက သန်လျင်မြို့နယ်ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုင်ကြားချက်အပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုဝင်ဘာလ ၂၀ ရက်မှ စတင်စစ်ဆေးနေခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၀ ရက်က သန်လျင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ၎င်း၏ မိသားစုဝင်များနှင့် တွေ့ဆုံကာ စစ်ဆေးမေးမြန်းခဲ့ပြီး သေဆုံးခဲ့သူ၏ ဆေးမှတ်တမ်းများကိုလည်း စစ်ဆေးခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောကြားသည်။
 

ယခုမှ စတင်စစ်ဆေးနေသည့်အတွက် သုံးသပ်ချက်တစ်စုံတစ်ရာမရရှိသေးဘဲ ကျန်သည့် အတူဖမ်းဆီးခံရသည့် တရားခံနှစ်ဦးနှင့် အမှုတွင်ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင်များကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“သေဆုံးခဲ့သူက ညပိုင်း Taxi မောင်းတဲ့သူ၊ ကျန်တဲ့ဖမ်းဆီးခံရသူနှစ်ဦးက ဘက်ထရီခိုးပြီး သူ့ကားကို ငှားတယ်လို့သိထားတယ်ပေါ့။ အသေးစိတ်ကိုတော့ သေချာမသိရသေးဘူး။ သေဆုံးသူမိသားစုတွေက သူအိမ်ကို ပြန်မရောက်လို့ ရဲစခန်းရောက်နေတယ်သိရတော့ အင်းစိန်ထောင်ကနေ ရုံးအထုတ်မှာ သေတာပေါ့။ သူ့မိသားစုဝင်တွေကတော့ ပူဆွေးပြီးတော့ မကျေနပ်လို့ အခုမှတိုင်ကြားတော့ စစ်ဆေးတာပါ” ဟု ၎င်းက ဆိုသည်။

သေဆုံးသူကို စက်တင်ဘာလ ၁၂ ရက်က သန်လျင်ရဲစခန်းတွင် စချုပ်ထားခဲ့ပြီး မိသားစုက စက်တင်ဘာလ ၁၄ ရက်တွင်မှ တွေ့ခွင့်ရခဲ့ပြီး အင်းစိန်ထောင်အပို့တွင် လမ်းပင်မလျှောက်နိုင်တော့သည့်အခြေအနေကို ရောက်ရှိသွားခဲ့ပြီး အချုပ်သားအချင်းချင်း တွဲထုတ်ခဲ့ရကာ ရဲအချုပ်တွင် နှိပ်စက်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်အေးက ပြောကြားသည်။

သေဆုံးသူအမည်မှာ အသက် ၂၈ နှစ်ရှိ ကိုအောင်အောင်ဖြစ်ပြီး သန်လျင်မြို့နယ် ဗိုလ်ချုပ်နေဝင်းလမ်းတွင် နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက် ညပိုင်းက ခိုးမှုကြံရာပါသံသယအမှုဖြင့် သန်လျင်မြို့မရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းမိသားစု၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

သန်လျင်မြို့နယ် ရဲစခန်းကမူ ကျန်းမာရေးအခြေအနေကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဆေးစာနှင့်တကွ အမှုတွဲကို သန်လျင်တရားရုံးသို့ ပေးပို့ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top