iMyanmarHouse.com - Best Property Website for Myanmar
×






ဖိုးသူတော် (www.phothutaw.com)
Credit: 7Day


#Unicode Version#

Forbes မဂ္ဂဇင်းက ဂီတလောက၏ ၂၀၁၈ အတွက် ဝင်ငွေအကောင်းဆုံး အမျိုးသမီးစာရင်းကို ကြေညာရာ ကေတီပယ်ရီက ၂၀၁၇ ဇွန်လနှင့် ၂၀၁၈ ဇွန်လ ကြား ကန်ဒေါ်လာ ၈၃ သန်းဖြင့် ဝင်ငွေအကောင်းဆုံး အမျိုးသမီးအဆိုတော်အဖြစ် ရပ်တည်နေသည်။

ယင်းဝင်ငွေအများစုသည် ကေတီပယ်ရီ၏ Witnes ဖျော် ဖြေရေးခရီးစဉ်မှဖြစ်ပြီး ၎င်း၏Prismatic ဖျော်ဖြေရေးခရီးစဉ် အပြီး ၂၀၁၅ တွင် ယင်းစာရင်းကို ဦးဆောင်စဉ်က ဝင်ငွေနှင့် တူနေ သည်။

ယင်းကာလအတွင်း ဒုတိယ ဝင်ငွေ အကောင်းဆုံးအမျိုးသမီး အဆိုတော် တေလာဆွစ်ဖ်က ကန်ဒေါ်လာ သန်း ၈၀ ဖြင့် ရပ်တည် နေသည်။ ယင်းမှာ တေလာဆွစ်ဖ် ၏ Reputation တေးအယ်လ် ဘမ်နှင့် ဖျော်ဖြေရေးခရီးစဉ်များမှ အဓိကရရှိသော ဝင်ငွေဖြစ်သည်။

ဘီယွန်စေးက ကန်ဒေါ်လာ သန်း ၆၀ ဖြင့် တတိယဝင်ငွေ အ ကောင်းဆုံးအမျိုးသမီး အဆို တော်အဖြစ် ရပ်တည်နေသည်။

ဘီယွန်စေးနောက်တွင် ပင့်စ်က ကန်ဒေါ်လာ ၅၂ သန်း၊ လေဒီဂါဂါ ကန်ဒေါ်လာ သန်း ၅၀၊ ဂျနီဖာလိုပက်ဇ် ကန်ဒေါ်လာ ၄၇ သန်း၊ ရီဟားနား ကန်ဒေါ်လာ ၃၇ ဒသမ၅ သန်း၊ ဟယ်လန်နီဖစ်ရှာ ကန်ဒေါ်လာ ၃၂ သန်း၊ စလင်းဒီယွန် ကန်ဒေါ် လာ ၃၁ သန်းနှင့် ဘရစ်တနေစပီးယား ကန်ဒေါ်လာ သန်း၃၀ တို့ အသီးသီးရပ်တည်နေ သည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top