(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

တစ္ခါတစ္ေလကုိယ္က ထိခိုက္နာက်င္ပါေစရည္ရြယ္ခ်က္နဲ႔မဟုတ္ပဲ စိတ္တုိေဒါသထြက္ျပီး ျပီးစလြယ္ေျပာမိလိုက္တာေတြရွိတတ္ပါတယ္။ကုိယ္က ဒီစကားေလး၊ဒီအျပဳအမူေလးက ဘာမွမျဖစ္ေလာက္ပါဘူးထင္ေပမဲ႔ တကယ္တမ္းအေျပာခံရတဲ႔လူက်ေတာ့ အဲ႔ဒီလိုမျပီးသြားပါဘူး။စိတ္ထဲမွာ နာက်င္
၀မ္းနည္းသြားတတ္ပါတယ္။ကုိယ္လုပ္တ႔ဲအျပဳအမူ၊ကုိယ္ေျပာလုိက္တဲ႔စကားလံုးေတြက ကုိယ္ခ်စ္တဲ႔သူကုိ နာက်င္ေစတယ္ဆုိတာ မေကာင္းပါဘူးေနာ္။ဒါေၾကာင့္ဘယ္လိုအျပဳအမူေတြက ကုိယ္မသိလိုက္ပဲ ကုိယ့္ခ်စ္သူနာက်င္၀မ္းနည္းေအာင္ လုပ္မိေနလဲဆုိတာ တစ္ခ်က္ၾကည့္လုိက္ပါဦး

သူက သူ႔ရဲ ႔တစ္ေန႔တာအေၾကာင္းေျပာေနတုန္း စိတ္မ၀င္စားသလိုနားေထာင္ျပီး သူ႔စကားမဆံုးခင္မွာတစ္ျခားအေၾကာင္းအရာကို ျဖတ္ေျပာတာမ်ိဳးလုပ္မိေနျပီလား?ဒါက သူ႔အေၾကာင္းကုိစိတ္မ၀င္စားဘူးဆုိတဲ႔သေဘာျဖစ္ေနသလုိ ဒါေလးေတာင္နားမေထာင္ေပးႏုိင္ဘူးလားဆုိျပီး သူ႔စိတ္ကုိနာက်င္သြားေစႏုိင္ပါတယ္။

အေၾကာင္းအရာကိစၥတစ္ခုခုေဆြးေႏြးေနစဥ္မွာ ကုိယ္က သူငယ္ခ်င္းေတြနဲ႔စာပုိ႔လိုက္၊သူေျပာတာနားေထာင္လိုက္၊စာျပန္လိုက္နဲ႔လုပ္ေနတာက မျဖစ္သင့္ပါဘူး။ဒါက တစ္ဖက္လူကုိမေလးစားရာေရာက္သလို သူနဲ႔ကုိယ္ ႏွစ္ေယာက္အေၾကာင္းေဆြးေႏြးေနတာျဖစ္လုိ႔ ေသခ်ာနားေထာင္ေဆြးေႏြးသင့္ပါတယ္။

ကုိယ္စိတ္အလိုမက်တာကုိ ပြင့္ပြင့္လင္းလင္းမေျပာပဲ အသံတိတ္ဆႏၵျပတာမ်ိဳးကလည္း သူတုိ႔ကုိစိတ္မေကာင္းျဖစ္နာက်င္ေစပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္အျမဲညိႏိႈင္းလို႔ရျပီးအဆင္ေျပေနတာမ်ိဳးကရွိမွာမဟုတ္ပါဘူး။အဲဒီအခါ ေဆြးေႏြးရမယ့္အစား အင္းမလုပ္၊အဲမလုပ္၊လက္ခံသလုိ၊လက္မခံသလို အသံတိတ္ေနတာမ်ိဳးက သူ႔အတြက္ စကားလည္းဆက္ေျပာရခက္ေစပါတယ္။ဒါက ႏွစ္ဖက္စလံုးစိတ္အေႏွာင့္အယွက္ျဖစ္ရမွာပါ။

ကိစၥတစ္ခုလုပ္လုိက္လို႔ မွန္ရင္အေကာင္း၊မွားတဲ႔အခါ ကုိယ့္ခ်စ္သူကုိ မသိမသာအျပစ္တင္ေနတာမ်ိဳး၊ဟုိလုိလုပ္လုိက္ရင္ပိုေကာင္းမွာ၊ဒီလုိလုပ္ရင္တစ္မ်ိဳးေျပာင္းသြားမွာစသျဖင့္ ကုိယ့္ခ်စ္သူရဲ႔စိတ္ထဲမွာ ကုိုယ့္ကုိယ့္ကုိယ္အျပစ္တင္စိတ္ေပၚလာေအာင္ ျပဳမူတာမ်ိဳးကလည္း တစ္ဖက္လူရဲ ႔စိတ္ကုိ နာက်င္ေအာင္လုပ္တာပါပဲ။

တစ္ဖက္သားစိတ္အေႏွာင့္အယွက္ျဖစ္ေနတဲ႔အခ်ိန္၊စိတ္ဖိစီးမႈမ်ားေနတာကုိသိရက္နဲ႔ နားပူနားဆာလုပ္တာ၊စိတ္ဆုိးစိတ္ေကာက္တာကလည္း မျဖစ္သင့္ပါဘူး။တစ္ျခားအခ်ိန္မွာစိတ္ဆုိးစိတ္ေကာက္တာက သမီးရည္းစားသဘာ၀ ျပန္ေခ်ာ့လိုက္၊ျပန္ခ်စ္လုိက္နဲ႔ျပီးမွာဆုိေပမဲ႔ နဂိုကတည္းက စိတ္ရႈပ္ေနတဲ႔အခ်ိန္မွာနားပူနားဆာလုပ္ေနတာမ်ိဳးက သက္သက္စိတ္အေႏွာင့္အယွက္ေပးေနသလိုျဖစ္ေစပါတယ္။ဒါေၾကာင့္ ကုိယ့္ခ်စ္သူရဲ ႔စိတ္အေျခအေနကုိေလ့လာျပီးမွ စိတ္ဆုိးစိတ္ေကာက္အႏုိင္က်င့္က်ီစယ္တာမ်ိဳးလုပ္သင့္ပါတယ္။

အဆင္ေျပေပ်ာ္ရႊင္တဲ႔အခ်စ္ေရးဆုိတာ ႏွစ္ဦးႏွစ္ဖက္လံုးက ၾကိဳးစားတည္ေဆာက္မွျဖစ္တာမ်ိဳးပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

တစ်ခါတစ်လေကိုယ်က ထိခိုက်နာကျင်ပါစေရည်ရွယ်ချက်နဲ့မဟုတ်ပဲ စိတ်တိုဒေါသထွက်ပြီး ပြီးစလွယ်ပြောမိလိုက်တာတွေရှိတတ်ပါတယ်။ကိုယ်က ဒီစကားလေး၊ဒီအပြုအမူလေးက ဘာမှမဖြစ်လောက်ပါဘူးထင်ပေမဲ့ တကယ်တမ်းအပြောခံရတဲ့လူကျတော့ အဲ့ဒီလိုမပြီးသွားပါဘူး။စိတ်ထဲမှာ နာကျင်
ဝမ်းနည်းသွားတတ်ပါတယ်။ကိုယ်လုပ်တဲ့အပြုအမူ၊ကိုယ်ပြောလိုက်တဲ့စကားလုံးတွေက ကိုယ်ချစ်တဲ့သူကို နာကျင်စေတယ်ဆိုတာ မကောင်းပါဘူးနော်။ဒါကြောင့်ဘယ်လိုအပြုအမူတွေက ကိုယ်မသိလိုက်ပဲ ကိုယ့်ချစ်သူနာကျင်ဝမ်းနည်းအောင် လုပ်မိနေလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး

သူက သူ့ရဲ့တစ်နေ့တာအကြောင်းပြောနေတုန်း စိတ်မဝင်စားသလိုနားထောင်ပြီး သူ့စကားမဆုံးခင်မှာတစ်ခြားအကြောင်းအရာကို ဖြတ်ပြောတာမျိုးလုပ်မိနေပြီလား?ဒါက သူ့အကြောင်းကိုစိတ်မဝင်စားဘူးဆိုတဲ့သဘောဖြစ်နေသလို ဒါလေးတောင်နားမထောင်ပေးနိုင်ဘူးလားဆိုပြီး သူ့စိတ်ကိုနာကျင်သွားစေနိုင်ပါတယ်။

အကြောင်းအရာကိစ္စတစ်ခုခုဆွေးနွေးနေစဉ်မှာ ကိုယ်က သူငယ်ချင်းတွေနဲ့စာပို့လိုက်၊သူပြောတာနားထောင်လိုက်၊စာပြန်လိုက်နဲ့လုပ်နေတာက မဖြစ်သင့်ပါဘူး။ဒါက တစ်ဖက်လူကိုမလေးစားရာရောက်သလို သူနဲ့ကိုယ် နှစ်ယောက်အကြောင်းဆွေးနွေးနေတာဖြစ်လို့ သေချာနားထောင်ဆွေးနွေးသင့်ပါတယ်။

ကိုယ်စိတ်အလိုမကျတာကို ပွင့်ပွင့်လင်းလင်းမပြောပဲ အသံတိတ်ဆန္ဒပြတာမျိုးကလည်း သူတို့ကိုစိတ်မကောင်းဖြစ်နာကျင်စေပါတယ်။တစ်ယောက်နဲ့တစ်ယောက်အမြဲညိနှိုင်းလို့ရပြီးအဆင်ပြေနေတာမျိုးကရှိမှာမဟုတ်ပါဘူး။အဲဒီအခါ ဆွေးနွေးရမယ့်အစား အင်းမလုပ်၊အဲမလုပ်၊လက်ခံသလို၊လက်မခံသလို အသံတိတ်နေတာမျိုးက သူ့အတွက် စကားလည်းဆက်ပြောရခက်စေပါတယ်။ဒါက နှစ်ဖက်စလုံးစိတ်အနှောင့်အယှက်ဖြစ်ရမှာပါ။

ကိစ္စတစ်ခုလုပ်လိုက်လို့ မှန်ရင်အကောင်း၊မှားတဲ့အခါ ကိုယ့်ချစ်သူကို မသိမသာအပြစ်တင်နေတာမျိုး၊ဟိုလိုလုပ်လိုက်ရင်ပိုကောင်းမှာ၊ဒီလိုလုပ်ရင်တစ်မျိုးပြောင်းသွားမှာစသဖြင့် ကိုယ့်ချစ်သူရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်စိတ်ပေါ်လာအောင် ပြုမူတာမျိုးကလည်း တစ်ဖက်လူရဲ့စိတ်ကို နာကျင်အောင်လုပ်တာပါပဲ။

တစ်ဖက်သားစိတ်အနှောင့်အယှက်ဖြစ်နေတဲ့အချိန်၊စိတ်ဖိစီးမှုများနေတာကိုသိရက်နဲ့ နားပူနားဆာလုပ်တာ၊စိတ်ဆိုးစိတ်ကောက်တာကလည်း မဖြစ်သင့်ပါဘူး။တစ်ခြားအချိန်မှာစိတ်ဆိုးစိတ်ကောက်တာက သမီးရည်းစားသဘာ၀ ပြန်ချော့လိုက်၊ပြန်ချစ်လိုက်နဲ့ပြီးမှာဆိုပေမဲ့ နဂိုကတည်းက စိတ်ရှုပ်နေတဲ့အချိန်မှာနားပူနားဆာလုပ်နေတာမျိုးက သက်သက်စိတ်အနှောင့်အယှက်ပေးနေသလိုဖြစ်စေပါတယ်။ဒါကြောင့် ကိုယ့်ချစ်သူရဲ့စိတ်အခြေအနေကိုလေ့လာပြီးမှ စိတ်ဆိုးစိတ်ကောက်အနိုင်ကျင့်ကျီစယ်တာမျိုးလုပ်သင့်ပါတယ်။

အဆင်ပြေပျော်ရွှင်တဲ့အချစ်ရေးဆိုတာ နှစ်ဦးနှစ်ဖက်လုံးက ကြိုးစားတည်ဆောက်မှဖြစ်တာမျိုးပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top