ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

(ဓါတ္ပံု-လြင္ဦး ေဖ့စ္ဘြတ္ခ္)
အလံုၿမိဳ႕နယ္ ကမ္းနား လမ္းတြင္ ကြန္တိန္နာယာဥ္ႏွစ္စီးတိုက္မိရာ လူေသဆံုးမႈမရိွေသာ္လည္း  ယာဥ္ေမာင္းတစ္ဦးေျခေထာက္အျပင္းအထန္ဒဏ္ရာရ ခဲ့ေၾကာင္း စမ္းေခ်ာင္းအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။


‘‘ညာဘက္ေျခေထာက္၊ ေျခ ေခ်ာင္းေတြ ေၾကသြားတယ္။ ဆရာဝန္ကေတာ့ ျဖတ္ရမယ္ေျပာ တယ္။ ေသတာေတာ့ မရွိဘူး’’ ဟု  စမ္းေခ်ာင္းအရန္မီးသတ္ တပ္ဖြဲ႕ဝင္  ရဲသူရိန္ထြန္းက ေျပာ သည္။

ႏိုဝင္ဘာ ၁၇ ရက္ည ၁၀ နာရီခန္႔တြင္ ရပ္ထားေသာ  ကြန္တိန္နာယာဥ္ကို ေနာက္မွ ကြန္တိန္နာယာဥ္တစ္စီးက ဆင့္တိုက္မႈျဖစ္ပြားၿပီး ဝင္တိုက္သည့္ ကြန္တိန္နာမွ ယာဥ္ေမာင္းညပ္ေန၍ အလံုၿမိဳ႕နယ္ မီးသတ္စခန္းမွ  မီးသတ္ယာဥ္တစ္စီးလာေရာက္၍ ကယ္ဆယ္ေရးပစၥည္းကိရိယာမ်ားျဖင့္  ျဖတ္ေတာက္ဆြဲထုတ္ကာ အသက္ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း ၎က ရွင္းျပသည္။

‘‘မီးသတ္က ကၽြမ္းက်င္တဲ့ အရာရွိႏွစ္ေယာက္ပါေတာ့ သိပ္ အၾကာႀကီးမထုတ္လိုက္ရဘူး။ ငါး မိနစ္ေလာက္ပဲ ၾကာတယ္။ ျဖတ္စရာရွိတာ ျဖတ္၊ ထုတ္စရာရွိတာ ထုတ္နဲ႔ လူကို အရင္ဆံုး ကယ္ လိုက္တယ္’’ဟု ၎က ရွင္းျပ သည္။

လြန္ခဲ့သည့္ သံုးလခန္႔က ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ကမ္းနားလမ္း၌ ညဥ့္ ၁၂ နာရီတြင္  ကြန္တိန္နာငါးစီးဆင့္တိုက္မႈ ျဖစ္ပြားခဲ့ၿပီး ဗဟိုစံျပငါးေစ်း၌ ေစ်းႀကိဳဆင္းသူ အမ်ိဳးသမီးတစ္ဦး ကြန္တိန္နာၾကားညပ္ကာ ေသဆံုးခဲ့သည္။  ယခင္ႏွစ္မ်ားကလည္း ကြန္တိန္နာယာဥ္ အရွိန္မထိန္းႏိုင္ မႈေၾကာင့္  ကမာရြတ္ၿမိဳ႕နယ္ ဘုရင့္ေနာင္လမ္းရွိ အိမ္ထဲသို႔ပင္ ဝင္ေရာက္သည္အထိ  ျဖစ္ပြား ၿပီး လူတစ္ဦးေသဆံုးကာ ႏွစ္ဦး ဒဏ္ရာရရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

အလုံမြို့နယ် ကမ်းနား လမ်းတွင် ကွန်တိန်နာယာဉ်နှစ်စီးတိုက်မိရာ လူသေဆုံးမှုမရှိသော်လည်း  ယာဉ်မောင်းတစ်ဦးခြေထောက်အပြင်းအထန်ဒဏ်ရာရ ခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


‘‘ညာဘက်ခြေထောက်၊ ခြေ ချောင်းတွေ ကြေသွားတယ်။ ဆရာဝန်ကတော့ ဖြတ်ရမယ်ပြော တယ်။ သေတာတော့ မရှိဘူး’’ ဟု  စမ်းချောင်းအရန်မီးသတ် တပ်ဖွဲ့ဝင်  ရဲသူရိန်ထွန်းက ပြော သည်။

နိုဝင်ဘာ ၁၇ ရက်ည ၁၀ နာရီခန့်တွင် ရပ်ထားသော  ကွန်တိန်နာယာဉ်ကို နောက်မှ ကွန်တိန်နာယာဉ်တစ်စီးက ဆင့်တိုက်မှုဖြစ်ပွားပြီး ဝင်တိုက်သည့် ကွန်တိန်နာမှ ယာဉ်မောင်းညပ်နေ၍ အလုံမြို့နယ် မီးသတ်စခန်းမှ  မီးသတ်ယာဉ်တစ်စီးလာရောက်၍ ကယ်ဆယ်ရေးပစ္စည်းကိရိယာများဖြင့်  ဖြတ်တောက်ဆွဲထုတ်ကာ အသက်ကယ်ဆယ်နိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

‘‘မီးသတ်က ကျွမ်းကျင်တဲ့ အရာရှိနှစ်ယောက်ပါတော့ သိပ် အကြာကြီးမထုတ်လိုက်ရဘူး။ ငါး မိနစ်လောက်ပဲ ကြာတယ်။ ဖြတ်စရာရှိတာ ဖြတ်၊ ထုတ်စရာရှိတာ ထုတ်နဲ့ လူကို အရင်ဆုံး ကယ် လိုက်တယ်’’ဟု ၎င်းက ရှင်းပြ သည်။

လွန်ခဲ့သည့် သုံးလခန့်က ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၌ ညဉ့် ၁၂ နာရီတွင်  ကွန်တိန်နာငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဗဟိုစံပြငါးဈေး၌ ဈေးကြိုဆင်းသူ အမျိုးသမီးတစ်ဦး ကွန်တိန်နာကြားညပ်ကာ သေဆုံးခဲ့သည်။  ယခင်နှစ်များကလည်း ကွန်တိန်နာယာဉ် အရှိန်မထိန်းနိုင် မှုကြောင့်  ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းရှိ အိမ်ထဲသို့ပင် ဝင်ရောက်သည်အထိ  ဖြစ်ပွား ပြီး လူတစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top