(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

တန္ေဆာင္မုန္းလျပည့္ (ႏိုဝင္ဘာ ၂၂ ရက္)က မႏၲေလး တုိင္းတြင္ ပြဲေတာ္ႏွင့္ ဆက္စပ္၍ ဓားခုတ္မႈမ်ားအပါအဝင္ လူငယ္ မ်ား ေပ်ာ္ပြဲစားအလွဴခံရာမွတစ္ ဆင့္ ရန္ျဖစ္ခဲ့ရာ က်ဴးလြန္သူ အခ်ိဳ႕ႏွင့္ မူးယစ္ရမ္းကားမႈမ်ား အပါအဝင္ ၃၃ ဦးကို ရဲအက္ ဥပေဒျဖင့္ အေရးယူထားသည္။

‘‘ျဖစ္တဲ့လူေတြက လူငယ္ ေတြပါ။ ျဖစ္တဲ့လူေတြက အေျခခံ အလုပ္သမားေတြ မ်ားတယ္။ ေျပာရရင္ ပ်က္စီးေနတဲ့ ပံုစံေတြ မ်ားေနတာ။ ေသာက္စားၿပီး ျဖစ္ ၾကတာ’’ဟု မႏၲေလးခ႐ိုင္ရဲတပ္ဖြဲ႕ မွဴး ဒုရဲမွဴးႀကီး မ်ိဳးေအာင္က ေျပာ သည္။

ႏိုဝင္ဘာ ၂၂ ရက္ မြန္းလြဲ ၃ နာရီက ျပင္ဦးလြင္-မိုးကုတ္ ကားလမ္းတြင္ မႏၲေလးၿမိဳ႕မွ ျပင္ ဦးလြင္ တန္ေဆာင္တိုင္ပြဲေတာ္သို႔ သြားေရာက္လည္ပတ္သည့္ အမ်ိဳးသားႏွစ္ဦးကို အမ်ိဳးသားေျခာက္ ဦးခန္႔က ဓားျဖင့္ခုတ္ခဲ့သည္။

ေအာင္ေျမသာစံၿမိဳ႕နယ္၌ ယင္းေန႔ နံနက္ ၂ နာရီခြဲက ဆုိင္ ကယ္စီးလာေသာ အမ်ိဳးသားတစ္ဦးကို ဆုိင္ကယ္ႏွစ္စီးျဖင့္ အမ်ိဳး သားသံုးဦးက အသင့္ ပါလာေသာ ဓားျဖင့္ ခုတ္ခဲ့သည္။

အလားတူ အဆိုပါေန႔ မြန္းလြဲ ၂ နာရီက အမ်ိဳးသားႏွစ္ဦး ဆုိင္ကယ္ေမာင္းလာစဥ္ ခ်မ္းျမ သာစည္ၿမိဳ႕နယ္ ၄၈ လမ္းႏွင့္ ပိေတာက္လမ္းၾကားအေရာက္ တြင္ အမည္မသိလူငယ္ငါးဦးခန္႔ က ေပ်ာ္ပြဲစားအလွဴေငြေတာင္းခံ ရာ ေငြမပါလာေၾကာင္း ေျပာရာမွ စကားမ်ားရန္ျဖစ္ကာ လူငယ္ ငါးဦးခန္႔က လက္သီးႏွင့္ ဝိုင္းထိုး ၿပီး ဆုိင္ကယ္ကို အုတ္ခဲျဖင့္ ထု႐ိုက္ခဲ့သည္။

ယင္းျဖစ္စဥ္တြင္ ျပစ္မႈက်ဴး လြန္သူမ်ားသည္ အသက္ (၁၃) ႏွစ္ႏွင့္ (၁၄)ႏွစ္အရြယ္မ်ားျဖစ္ၿပီး ႏွစ္ဦး ဖမ္းမိကာ က်န္သံုးဦးကို ရွာေဖြေနေၾကာင္း တုိင္းရဲတပ္ဖြဲ႕မွဴး႐ံုးမွတ္တမ္းမ်ားအရ သိရသည္။

အထက္ပါ ျဖစ္စဥ္မ်ားအပါ အဝင္ မူးယစ္ရမ္းကားမႈ၊ ညအခ်ိန္ ေမွာင္ရိပ္ခိုမႈ၊ အမ်ားျပည္သူစိတ္ အေႏွာင့္အယွက္ျဖစ္ေစရန္ ျပဳ လုပ္မႈ၊ လက္နက္ကိုင္ေဆာင္မႈ စသည့္အမႈမ်ားျဖင့္ လူ ၃၃ ဦးကို အေရးယူခဲ့ေၾကာင္း တုိင္းေဒသ ႀကီး ရဲတပ္ဖြဲ႕မွဴး႐ံုးမွ အႀကီးတန္း ရဲအရာရွိက ေျပာသည္။

‘‘အခ်ိန္မေတာ္ အမ်ားျပည္ သူ စိတ္အေႏွာင့္အယွက္ျဖစ္ ေအာင္ ပစၥည္းေတြကို ဟိုေရႊ႕၊ ဒီေရႊ႕တာေတြ၊ ေဘးပတ္ဝန္းက်င္ ကို စိတ္အေႏွာင့္အယွက္ျဖစ္ ေအာင္ လုပ္တဲ့လူေတြကိုပါ အ ေရးယူထားတယ္’’ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

တန်ဆောင်မုန်းလပြည့် (နိုဝင်ဘာ ၂၂ ရက်)က မန္တလေး တိုင်းတွင် ပွဲတော်နှင့် ဆက်စပ်၍ ဓားခုတ်မှုများအပါအဝင် လူငယ် များ ပျော်ပွဲစားအလှူခံရာမှတစ် ဆင့် ရန်ဖြစ်ခဲ့ရာ ကျူးလွန်သူ အချို့နှင့် မူးယစ်ရမ်းကားမှုများ အပါအဝင် ၃၃ ဦးကို ရဲအက် ဥပဒေဖြင့် အရေးယူထားသည်။

‘‘ဖြစ်တဲ့လူတွေက လူငယ် တွေပါ။ ဖြစ်တဲ့လူတွေက အခြေခံ အလုပ်သမားတွေ များတယ်။ ပြောရရင် ပျက်စီးနေတဲ့ ပုံစံတွေ များနေတာ။ သောက်စားပြီး ဖြစ် ကြတာ’’ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြော သည်။

နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီက ပြင်ဦးလွင်-မိုးကုတ် ကားလမ်းတွင် မန္တလေးမြို့မှ ပြင် ဦးလွင် တန်ဆောင်တိုင်ပွဲတော်သို့ သွားရောက်လည်ပတ်သည့် အမျိုးသားနှစ်ဦးကို အမျိုးသားခြောက် ဦးခန့်က ဓားဖြင့်ခုတ်ခဲ့သည်။

အောင်မြေသာစံမြို့နယ်၌ ယင်းနေ့ နံနက် ၂ နာရီခွဲက ဆိုင် ကယ်စီးလာသော အမျိုးသားတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် အမျိုး သားသုံးဦးက အသင့် ပါလာသော ဓားဖြင့် ခုတ်ခဲ့သည်။

အလားတူ အဆိုပါနေ့ မွန်းလွဲ ၂ နာရီက အမျိုးသားနှစ်ဦး ဆိုင်ကယ်မောင်းလာစဉ် ချမ်းမြ သာစည်မြို့နယ် ၄၈ လမ်းနှင့် ပိတောက်လမ်းကြားအရောက် တွင် အမည်မသိလူငယ်ငါးဦးခန့် က ပျော်ပွဲစားအလှူငွေတောင်းခံ ရာ ငွေမပါလာကြောင်း ပြောရာမှ စကားများရန်ဖြစ်ကာ လူငယ် ငါးဦးခန့်က လက်သီးနှင့် ဝိုင်းထိုး ပြီး ဆိုင်ကယ်ကို အုတ်ခဲဖြင့် ထုရိုက်ခဲ့သည်။

ယင်းဖြစ်စဉ်တွင် ပြစ်မှုကျူး လွန်သူများသည် အသက် (၁၃) နှစ်နှင့် (၁၄)နှစ်အရွယ်များဖြစ်ပြီး နှစ်ဦး ဖမ်းမိကာ ကျန်သုံးဦးကို ရှာဖွေနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

အထက်ပါ ဖြစ်စဉ်များအပါ အဝင် မူးယစ်ရမ်းကားမှု၊ ညအချိန် မှောင်ရိပ်ခိုမှု၊ အများပြည်သူစိတ် အနှောင့်အယှက်ဖြစ်စေရန် ပြု လုပ်မှု၊ လက်နက်ကိုင်ဆောင်မှု စသည့်အမှုများဖြင့် လူ ၃၃ ဦးကို အရေးယူခဲ့ကြောင်း တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိက ပြောသည်။

‘‘အချိန်မတော် အများပြည် သူ စိတ်အနှောင့်အယှက်ဖြစ် အောင် ပစ္စည်းတွေကို ဟိုရွှေ့၊ ဒီရွှေ့တာတွေ၊ ဘေးပတ်ဝန်းကျင် ကို စိတ်အနှောင့်အယှက်ဖြစ် အောင် လုပ်တဲ့လူတွေကိုပါ အ ရေးယူထားတယ်’’ဟု ၎င်းက ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top