ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ႏုိ၀င္ဘာ ၂၅ ရက္ေနပမွာ ပႏၷက္ရိုက္ခဲ့ပါတယ္။ေနစရာအခက္အခဲရွိတဲ့ နိင္ငံေရအက်ဥ္းသားေတြအတြက္ ႏုိင္က်ဥ္းတုိ႔ရဲ႕ နားခိုရာ လုိ႔ေခၚတဲ့အေဆာက္အဦးတည္ေဆာက္ဖုိ႔အတြက္ ႏုိ၀င္ဘာ ၂၅ ရက္ေန႔မွာ ပႏၷက္ရုိက္ခဲ့တယ္လုိ႔ သိရပါတယ္။

“ ကၽြန္ေတာ္တုိ႔ေဆာက္လုပ္ေရးလုပ္ငန္းကုိေတာ့ ေနာက္ေန႔မွာပဲစမွာပါ။ဒီေန႔ကေတာ့ ပႏၷက္ရုိက္တာပါ။ဘယ္ေတာ့ၿပီးမလဲဆုိတာကေတာ့ ရန္ပုံေငြရရွိမႈကုိလည္း မူတည္ပါတယ္။ဧက ၃ ဧကေလာက္မွာစာၾကည့္တာ၊နားေနေဆာင္ေတြအပါ၀င္ေျမစိုက္ပ်ိဳးုဖုိ႕လည္း ေနရာေတြပါမွာပါ ” လုိ႔ ႏုိင္က်ဥ္းမ်ားနားခုိရာအိမ္ရာျဖစ္ေျမာက္ေရး ေကာ္မတီအဖြဲ႔၀င္ကုိဦးေဆြက Duwun ကုိေျပာပါတယ္။

တုိက္ႀကီးၿမိဳ႕နယ္ မေလးရွား၀ုိင္၊အုန္းနွဲပင္ေက်းရြာအုပ္စုမွာ အဆုိပါအေဆာက္အအဦးကုိ ေဆာက္လုပ္မွာျဖစ္ၿပီးေတာ့ မေကြးတုိင္း၀န္ႀကီးခ်ဳပ္၊ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္နဲ႔ မႏၱေလးတုိင္း၀န္ႀကီးခ်ဳပ္တုိ႔က နာယကအေနနဲ႔ ပါ၀င္တယ္လို႔လည္း သူကေျပာပါတယ္။

“ နားခိုရာဆုိတာ ေပးဆပ္ခဲ့ၿပီးေတာ့လုပ္ခဲ့တဲ့လူေတြအခ်င္းခ်င္းမွာ ဘာမွ ေမွ်ာ္လင့္ခ်က္မထားပါဘူး။အခု၀န္ႀကီးခ်ဳပ္ေနရာရတယ္ဆုိတာကလည္း တာ၀န္ေပးတယ္လုိ႔ ယူဆပါတယ္။ ကၽြန္ေတာ္တို႔ တက္ႏုိင္တဲ့ေခ်ြးနွဲစာေလးနဲ႔ ဒီလုိကြန္းခိုရာေလးတစ္ခုတည္ေဆာက္မယ္ ဆုိတဲဲ့တည္ေထာင္သူေတြကုိလည္းေက်းဇူးတင္ပါတယ္ ” လုိ႔ မႏၱေလးတုိင္း၀န္ႀကီးခ်ဳပ္ကေျပာၾကားခဲ့ပါတယ္။

ပႏၷက္ရုိက္တဲ့အခမ္းအနားကုိလည္း ႏုိင္က်ဥ္းနားခိုးရာျဖစ္ေျမာက္ေရးေကာ္မတီနာယကေတြနဲ႔ ေကာ္မတီ၀င္ေတြတက္ေရာက္ခဲ့ၿပီးေတာ့ အလႈရွင္ေတြကလည္း အလႈေငြေပးခ့ဲတယ္လုိ႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

နိုဝင်ဘာ ၂၅ ရက်နေပမှာ ပန္နက်ရိုက်ခဲ့ပါတယ်။နေစရာအခက်အခဲရှိတဲ့ နိင်ငံရေအကျဉ်းသားတွေအတွက် နိုင်ကျဉ်းတို့ရဲ့ နားခိုရာ လို့ခေါ်တဲ့အဆောက်အဦးတည်ဆောက်ဖို့အတွက် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပန္နက်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းကိုတော့ နောက်နေ့မှာပဲစမှာပါ။ဒီနေ့ကတော့ ပန္နက်ရိုက်တာပါ။ဘယ်တော့ပြီးမလဲဆိုတာကတော့ ရန်ပုံငွေရရှိမှုကိုလည်း မူတည်ပါတယ်။ဧက ၃ ဧကလောက်မှာစာကြည့်တာ၊နားနေဆောင်တွေအပါဝင်မြေစိုက်ပျိုးုဖို့လည်း နေရာတွေပါမှာပါ ” လို့ နိုင်ကျဉ်းများနားခိုရာအိမ်ရာဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်ကိုဦးဆွေက Duwun ကိုပြောပါတယ်။

တိုက်ကြီးမြို့နယ် မလေးရှားဝိုင်၊အုန်းနှဲပင်ကျေးရွာအုပ်စုမှာ အဆိုပါအဆောက်အအဦးကို ဆောက်လုပ်မှာဖြစ်ပြီးတော့ မကွေးတိုင်းဝန်ကြီးချုပ်၊ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တို့က နာယကအနေနဲ့ ပါဝင်တယ်လို့လည်း သူကပြောပါတယ်။

“ နားခိုရာဆိုတာ ပေးဆပ်ခဲ့ပြီးတော့လုပ်ခဲ့တဲ့လူတွေအချင်းချင်းမှာ ဘာမှ မျှော်လင့်ချက်မထားပါဘူး။အခုဝန်ကြီးချုပ်နေရာရတယ်ဆိုတာကလည်း တာဝန်ပေးတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ တက်နိုင်တဲ့ချွေးနှဲစာလေးနဲ့ ဒီလိုကွန်းခိုရာလေးတစ်ခုတည်ဆောက်မယ် ဆိုတဲ့တည်ထောင်သူတွေကိုလည်းကျေးဇူးတင်ပါတယ် ” လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။

ပန္နက်ရိုက်တဲ့အခမ်းအနားကိုလည်း နိုင်ကျဉ်းနားခိုးရာဖြစ်မြောက်ရေးကော်မတီနာယကတွေနဲ့ ကော်မတီဝင်တွေတက်ရောက်ခဲ့ပြီးတော့ အလှုရှင်တွေကလည်း အလှုငွေပေးခဲ့တယ်လို့ ဆိုပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top