(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

သင္ဟာေဆာင္းတြင္းမွာ ေရခ်ိဳးဖို႔ပ်င္းတတ္သူလား…။

“မေန႔ကခ်ိဳးတာပဲ ဒီေန႔ခ်ိဳးေတာ့ပါဘူး” လို႔ ဆင္ေျခေပးတတ္သူလား။ ဒါဆိုရင္ေတာ့ သင့္အတြက္ သတင္းေကာင္းတစ္ခုရွိပါတယ္။

ကယ္လီဖိုးနီးယားေဆးတကၠသိုလ္ အေရျပား႒ာနက တြဲဖက္ပါေမာကၡတစ္ဦးျဖစ္တဲ့ ေဒါက္တာ ကဆီ ကာေလာ္(စ္) (Dr. Casey Carlos) ရဲ႕ အဆိုအရ ေန႔စဥ္ေရခ်ိဳးတာက အေရျပားအတြက္ မသင့္ေတာ္ဘူးလို႔သိရပါတယ္။

ဆပ္ျပာက အေရျပားမွာရွိတဲ့ အဆီေတြကို ဖယ္ရွားပစ္တာေၾကာင့္ အေရျပားဟာ ၾကမ္းတမ္းေျခာက္ေသြ႕လာပါတယ္။ ဒါေၾကာင့္ လူေတြအေနနဲ႔ ရင္ဘတ္၊ ေနာက္ေက်ာ၊ ေျခေထာက္နဲ႔ လက္ေမာင္းေတြမွာ ဆပ္ျပာေန႔တုိင္းတိုက္တာကို ေရွာင္ၾကဥ္ၿပီး ခ်ိဳင္းၾကား၊ ေျခဖဝါးေတြ၊ ေပါင္ၿခံေတြကိုသာ ဆပ္ျပာတိုက္သင့္တယ္လို႔လည္း အႀကံေပးထားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြ်န္မတို႔ရဲ႕အေရျပားဟာ သူ႕ပါသူသန္႔စင္ႏိုင္တဲ့ အံ့မခမ္းစြမ္းအင္ေတြရွိေနပါတယ္။

သိပၸံနည္းက် ေလ့လာမႈေတြအရလည္း ေန႔စဥ္ေရခ်ိဳးတာဟာ အေရျပားအတြက္ အဆင္မေျပတဲ့ အက်င့္တစ္ခုဆိုတာ သိရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေရျပားရဲ႕ အေပၚဆံုးအလႊာဟာ အေရျပားကိုကာကြယ္ေပးေနတဲ့ ဆဲလ္ေသေတြနဲ႔ အေရျပားကို ႏူးညံ့ေစတဲ့ အဆီနဲ႔ အရည္ဓာတ္ေတြပါဝင္ေနပါတယ္။

ေရခ်ိဳးဆပ္ျပာတိုက္တဲ့အခါ အေရျပားအေပၚယံလႊာနဲ႔ ဆဲလ္ေသေတြကို ခြဲျခားလိုက္သလိုျဖစ္သြားတတ္ပါတယ္။ မၾကာခဏေရခ်ိဳးတဲ့အခါ အေရျပားဟာ ျပန္လည္ေကာင္းမြန္လာဖို႔ အခ်ိန္မရျဖစ္တတ္ပါတယ္။ ဒါ့အျပင္အေရျပားကို ေကာင္းက်ိဳးေပးၿပီး ကူးစက္ခံရမႈေတြကေန ကာကြယ္ေပးတဲ့ ဘတ္တီးရီးယားေတြကို ေသေစပါတယ္။
ဒါ့ေၾကာင့္ေမေမစာခ်စ္သူတို႔ေရ…

အခ်ိန္မကုန္၊ ေရေျခြတာႏိုင္ၿပီး ဆပ္ျပာမကုန္ေစတဲ့ ေဆာင္းတြင္းေရခ်ိဳးဖို႔ ပ်င္းတတ္တဲ့အက်င့္ေလးကို ဆက္လက္ေမြးျမဴထားလိုက္ၾကရေအာင္ေနာ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: မူရင္းေရးသားသူ


#Unicode Version#

သင်ဟာဆောင်းတွင်းမှာ ရေချိုးဖို့ပျင်းတတ်သူလား…။

“မနေ့ကချိုးတာပဲ ဒီနေ့ချိုးတော့ပါဘူး” လို့ ဆင်ခြေပေးတတ်သူလား။ ဒါဆိုရင်တော့ သင့်အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။

ကယ်လီဖိုးနီးယားဆေးတက္ကသိုလ် အရေပြားဋ္ဌာနက တွဲဖက်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဒေါက်တာ ကဆီ ကာလော်(စ်) (Dr. Casey Carlos) ရဲ့ အဆိုအရ နေ့စဉ်ရေချိုးတာက အရေပြားအတွက် မသင့်တော်ဘူးလို့သိရပါတယ်။

ဆပ်ပြာက အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားပစ်တာကြောင့် အရေပြားဟာ ကြမ်းတမ်းခြောက်သွေ့လာပါတယ်။ ဒါကြောင့် လူတွေအနေနဲ့ ရင်ဘတ်၊ နောက်ကျော၊ ခြေထောက်နဲ့ လက်မောင်းတွေမှာ ဆပ်ပြာနေ့တိုင်းတိုက်တာကို ရှောင်ကြဉ်ပြီး ချိုင်းကြား၊ ခြေဖဝါးတွေ၊ ပေါင်ခြံတွေကိုသာ ဆပ်ပြာတိုက်သင့်တယ်လို့လည်း အကြံပေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့အရေပြားဟာ သူ့ပါသူသန့်စင်နိုင်တဲ့ အံ့မခမ်းစွမ်းအင်တွေရှိနေပါတယ်။

သိပ္ပံနည်းကျ လေ့လာမှုတွေအရလည်း နေ့စဉ်ရေချိုးတာဟာ အရေပြားအတွက် အဆင်မပြေတဲ့ အကျင့်တစ်ခုဆိုတာ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေပြားရဲ့ အပေါ်ဆုံးအလွှာဟာ အရေပြားကိုကာကွယ်ပေးနေတဲ့ ဆဲလ်သေတွေနဲ့ အရေပြားကို နူးညံ့စေတဲ့ အဆီနဲ့ အရည်ဓာတ်တွေပါဝင်နေပါတယ်။

ရေချိုးဆပ်ပြာတိုက်တဲ့အခါ အရေပြားအပေါ်ယံလွှာနဲ့ ဆဲလ်သေတွေကို ခွဲခြားလိုက်သလိုဖြစ်သွားတတ်ပါတယ်။ မကြာခဏရေချိုးတဲ့အခါ အရေပြားဟာ ပြန်လည်ကောင်းမွန်လာဖို့ အချိန်မရဖြစ်တတ်ပါတယ်။ ဒါ့အပြင်အရေပြားကို ကောင်းကျိုးပေးပြီး ကူးစက်ခံရမှုတွေကနေ ကာကွယ်ပေးတဲ့ ဘတ်တီးရီးယားတွေကို သေစေပါတယ်။
ဒါ့ကြောင့်မေမေစာချစ်သူတို့ရေ…

အချိန်မကုန်၊ ရေခြွေတာနိုင်ပြီး ဆပ်ပြာမကုန်စေတဲ့ ဆောင်းတွင်းရေချိုးဖို့ ပျင်းတတ်တဲ့အကျင့်လေးကို ဆက်လက်မွေးမြူထားလိုက်ကြရအောင်နော်။


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top