(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×
ဖိုးသူတော် (www.phothutaw.com)
Credit: Trend
#Unicode Version#
အခုခေတ်မှာလူတိုင်းအတွက်ဖုန်းဆိုတာ မရှိမဖြစ်အရာတစ်ခုပါပဲ။ လူတိုင်းအတွက်သွားလေရာသယ်သွားတဲ့သူငယ်ချင်းလို့ဆိုလည်းရပါတယ်။ ဒီလိုကိုယ့်အတွက်တန်ဖိုးရှိတဲ့ဖုန်းကို လွယ်လွယ်လေးမပျက်စီးစေဖို့ အတွက် ဘယ်လိုအရာတွေကို ရှောင်လိုရာရှောင်ရှားလိုရာ ရှားသင့်သလဲဆိုတာ…
(၁) ကိုယ့်ဖုန်းနဲ့မနိုင်တဲ့ App တွေကို မဒေါင်းပါနဲ့
ကိုယ့်ဖုန်းနဲ့မနိုင်တဲ့ Software တွေ ဖုန်းကို Virus ဝင်စေပြီး Firmware ကျစေမဲ့ Software မျိုးတွေကို သတိထားပြီးရှောင်ရှားသင့်ပါတယ်။
(၂) ဖုန်းအတွင်းပိုင်းကို သန့်ရှင်းရေးမကြာခဏလုပ်ပေးသင့်ပါတယ်
ဖုန်းရဲ့အတွင်းပိုင်းကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်ဖို့လူတိုင်းကမေ့နေတတ်ကြပါတယ်။ မမေ့ပါနဲ့ ဒါကလုပ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ။ ဖုန်းရဲ့အတွင်းပိုင်းစက်ပစ္စည်းတွေကိုဖြုတ်ပြီး သန့်စင်ခြင်းကသင့်ဖုန်းကို ကျန်းမာအောင်လုပ်ဆောင်ပေးခြင်းနဲ့အတူတူပါပဲ။
(၃) ဖုန်းကိုကာဗာမပါပဲအိတ်ကပ်ထဲထည့်တာမျို
ဖုန်းကို ကာဗာမပါပဲ အိတ်ထဲထည့်သွားခြင်းဟာ သိပ်ကို ဆိုးဝါးလွနု်းတဲ့အလုပ်ပါ။ အိတ်ထဲမှာပါတဲ့ ပစ္စည်းအစုံနဲ့မှန်မကပ်ထား ကာဗာမစွပ်ထားနဲ့ဖုန်းနဲကတွေ့ထိမိတဲ့အခါမှာတော့ ပွန်းရာခြစ်ရာတွေဖြစ်လာနိုင်စေပါတယ်။
(၄) Original Battery ကိုမသုံးပဲအပေါစားနဲ့သုံးစွဲတာမျိုး
Phone တစ်ခုအတွက် Battery ဆိုတာအရေးပါဆုံးအစိတ်အပိုင်းပါပဲ။ ဖုန်း Battery ကို Original ပဲသုံးတာကောင်းပါတယ်။ ဒီလိုမှမဟုတ်ပဲ ဈေးပေါတာရွေးဝယ်ပြီးသုံးမယ်ဆိုရင်တော့ရေရှည်မှာ အန္တရာယ်တွေများလာနိုင်ပြီးဖုန်းလည်းပျက်စီးစေနိုင်ပါတယ်။
(၅) ဖုန်းနဲ့အပူကိုတိုက်ရိုက်တွေ့ထိခြင်းကိုရှောင်ပါ
ဖုန်းကို ပူလွန်းတဲ့နေရာမျိုး၊ နေရောင်ခြည်အရမ်းထိုးတဲ့နေရာမျိုးမှာ အပူနဲ့ဖုန်းမျက်နှာပြင်ကိုတိုက်ရိုက်ထိတွေ့ပြီးထားတာမျိုးကိုရှောင်ရှားသင့်ပါတယ်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top