ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လူတေယာက္ရဲ႕ အက်င့္စရိုက္ကို သူတို႔ ျပဳမူလိုက္တဲ့ အျပဳအမူကေနတဆင့္ သိနိုင္ပါတယ္။ မနက္နိုးနိုးခ်င္း လန္းဆန္းေနတဲ့စိတ္ဟာ တေန႕တာကို အစျပဳလိုက္သလို တေနကုန္ ဘယ္လို ျဖတ္သန္းခ်င္တယ္၊ ဘာေတြ လုပ္ခ်င္တယ္၊ ဘယ္လို စိတ္ကူးေတြရွိတယ္ဆိုတာကို မနက္နိုးနိုးခ်င္း အျပဳအမူေတြက ေဖာ္ထုတ္ေပးနိုင္သလို သင့္ပင္ကိုယ္စရိုက္ကိုပါ ျမင္နိုင္ပါတယ္။

(၁) အိပ္ရာႏိုးတာနဲ႔ မ်က္ႏွာက်က္ကို ေငးစိုက္ၾကည့္သူ

မနက္နိုးတာနဲ႕ မ်က္ႏွာက်က္ကို ခဏေလာက္ ေငးစိုက္ၾကည့္ေနသူေတြက အေျမာ္အျမင္ရွိသူေတြလို႔ ဆိုေပမယ့္ တဖက္မွာလည္း ေတြးေတာ ေငးေမာတတ္သူေတြလို႔ ဆိုျပန္ပါတယ္။ ကိုယ္လုပ္မယ့္ ေဆာင္႐ြက္ရမယ့္ကိစၥေတြ မလုပ္ခင္ အေျဖကို အရင္ႀကိဳေတြးတတ္ၾကပါတယ္။ ဆိုလိုရင္းကေတာ့ အလုပ္ကိစၥတခု လုပ္မယ္ဆိုရင္ မလုပ္ခင္၊ မစခင္ အဆင္ေျပမယ့္ နည္းလမ္းကို အရင္ စဥ္းစားထားသူေတြလို႔ ဆိုပါတယ္။

လူေတာ္ေတာ္မ်ားမ်ားရဲ႕ နာမည္နဲ႕ မ်က္ႏွာေတြကို အလြယ္တကူ မွတ္မိေပမယ့္ ကိုယ္နဲ႕ အဆင္ေျပတဲ့ လက္တဆုပ္စာ လူနည္းနည္းနဲ႕ပဲ ေပါင္းသင္းရတာ သေဘာက်သဴပါ။ ကိုယ့္ေဘးနားက လူေတြဆီကေန သင္ယူေလ့လာရတာကို ႏွစ္သက္ပါတယ္။ တျခားသူေတြထက္ အခ်စ္ေရးမွာ တဖက္သားကို သိလိုစိတ္ျပင္းသူလို႔ သတ္မွတ္ၾကပါတယ္။

အခ်စ္ေရးမွာ သင့္ရဲ႕ ေကာင္းကြက္ေတြကေတာ့ အၾကပ္အတည္း ေျဖရွင္းနိုင္စြမ္းေတြ၊ ဘာမဆို စနစ္တက် လုပ္တတ္ပုံေတြပါပဲ။ ဒါေပမဲ့ တဖက္လူကို ေဒါသထြက္ၿပီ ဆိုရင္လည္း လူေတြ သိထားတဲ့သင့္ပုံစံနဲ႕ ကြဲထြက္သြားၿပီး ခပ္ၾကမ္းၾကမ္းလူမ်ိဳး ျဖစ္သြားတတ္ျပန္ပါတယ္။

(၂) အိပ္ရာႏိုးတာနဲ႔ ခ်က္ခ်င္းထၿပီး ကိုယ္လက္ သန႔္စင္သူ

အိပ္ရာနိုးတာနဲ႕ ေတြေဝေငးေမာျခင္း မရွိဘဲ ေငါက္ခနဲထၿပီး မ်က္ႏွာသစ္၊ သြားတိုက္ လုပ္တတ္သူဆိုရင္ေတာ့ ရည္မွန္းခ်က္ႀကီးၿပီး စိတ္ခြန္အားျပင္းသူ တေယာက္ပါ။ တုံ႕ဆိုင္းမႈေၾကာင့္ အခြင့္အေရး လက္လႊတ္ဆုံးရႈံးရမွာ ေၾကာက္တတ္သူပီပီ ဘယ္အရာမဆို ဉာဏ္သုံးၿပီး ပါးပါးလ်ပ္လ်ပ္ လုပ္ကိုင္ေဆာင္႐ြက္ တတ္ပါတယ္။

တျခားသူေတြအျမင္မွာ စိတ္မရွည္တတ္ဘူးလို႔ျမင္ေပမယ့္ သင္ကေတာ့ ဘယ္အရာအတြက္မဆို အၿမဲ အဆင္သင့္ျဖစ္ေနရတာကို သေဘာက်ပါတယ္။ စိန္ေခၚမႈအသစ္ေတြကို ေတာင့္တတတ္ၿပီး စိတ္ခြန္အားႀကီးသူမလို႔ ဘယ္ကိစၥကိုမဆို ဦးေဆာင္ေျဖရွင္းခ်င္စိတ္ရွိပါတယ္။

အခ်စ္ေရးကိစၥေတြမွာလည္း လက္ေတြ႕က်က် ဆုံးျဖတ္တတ္ပါတယ္။ ဘယ္ကိစၥမဆို စိတ္မပါရင္ လုံးဝမလုပ္ဘဲ ေကာင္းကြက္ဆိုရင္ ေဖာ္ေ႐ြၿပီး ေစာင့္ေရွာက္တတ္တဲ့ ေႏြးေထြးတဲ့ ႏွလုံးသားပိုင္ရွင္ေတြလို႔ ဆိုပါတယ္။

(၃) အိပ္ရာႏိုးတာနဲ႔ မထေသးဘဲ ျပန္အိပ္ဖို႔ စဥ္းစားေနသူ

အိပ္ရာနိုးတာနဲ႕ ခ်က္ခ်င္းမထဘဲ ဟိုဘက္လွည့္၊ ဒီဘက္လွည့္ေနၿပီး ျပန္အိပ္ရတာသေဘာက်တဲ့သူမ်ိဳးကေတာ့ လြတ္လပ္ ေပါ့ပါးၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူေတြပါ။ ဟာသဉာဏ္႐ႊင္သလို တခ်ိန္တည္းမွာ ေကာင္းတဲ့အျမင္နဲ႕ပဲ ပတ္ဝန္းက်င္ကို ၾကည့္ၿပီး ေက်းဇူးတင္ေနတတ္သူမ်ိဳးေပါ့။ ဘယ္လိုစိတ္ပ်က္စရာအေျခအေန၊ စိတ္ယုတ္မာသူေတြနဲ႕ပဲေတြ႕ေတြ႕ အဆင္ေျပေအာင္ေနတတ္ပါတယ္။

ကိုယ့္စိတ္ညစ္ႏြမ္းမွာကို မလိုလားဘဲ ေအးေအးခ်မ္းခ်မ္း ေနတတ္သူမလို႔လည္း သူတပါးဆီက ရယူမႈထက္ ကိုယ္ကပဲ ေပးခ်င္စိတ္ရွိသူပါ။ အခ်စ္ေရးနဲ႕ပတ္သက္ရင္ ႏွစ္လိုဖြယ္ရွိၿပီး သစၥာတရားကို ကိုင္စြဲတတ္ပါတယ္။ သင့္ျပက္လုံးေတြနဲ႕ လူေတြရဲ႕ စိတ္ကို ဖမ္းစားနိုင္မွာမလြဲပါဘူး။

အခ်စ္ေရးနဲ႕ပတ္သက္ရင္ ဆက္ဆံေရးကို ပူေႏြးေနေအာင္ စိတ္လႈပ္ရွားေစမယ့္ အျပဳအမူေတြ လုပ္တတ္သူပါ။ တခါတေလ သင့္လက္တြဲေဖာ္ကို ၿငီးေငြ႕လြယ္ေပမယ့္ ယာယီသေဘာမလို႔ စိတ္ပူစရာ မရွိပါဘူး။ လူေတြကို ေမတၱာတရား၊ အခ်စ္ေတြေပးဖို႔ ေမြးဖြားလာသူတေယာက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

လူတယောက်ရဲ့ အကျင့်စရိုက်ကို သူတို့ ပြုမူလိုက်တဲ့ အပြုအမူကနေတဆင့် သိနိုင်ပါတယ်။ မနက်နိုးနိုးချင်း လန်းဆန်းနေတဲ့စိတ်ဟာ တနေ့တာကို အစပြုလိုက်သလို တနေကုန် ဘယ်လို ဖြတ်သန်းချင်တယ်၊ ဘာတွေ လုပ်ချင်တယ်၊ ဘယ်လို စိတ်ကူးတွေရှိတယ်ဆိုတာကို မနက်နိုးနိုးချင်း အပြုအမူတွေက ဖော်ထုတ်ပေးနိုင်သလို သင့်ပင်ကိုယ်စရိုက်ကိုပါ မြင်နိုင်ပါတယ်။

(၁) အိပ်ရာနိုးတာနဲ့ မျက်နှာကျက်ကို ငေးစိုက်ကြည့်သူ

မနက်နိုးတာနဲ့ မျက်နှာကျက်ကို ခဏလောက် ငေးစိုက်ကြည့်နေသူတွေက အမြော်အမြင်ရှိသူတွေလို့ ဆိုပေမယ့် တဖက်မှာလည်း တွေးတော ငေးမောတတ်သူတွေလို့ ဆိုပြန်ပါတယ်။ ကိုယ်လုပ်မယ့် ဆောင်ရွက်ရမယ့်ကိစ္စတွေ မလုပ်ခင် အဖြေကို အရင်ကြိုတွေးတတ်ကြပါတယ်။ ဆိုလိုရင်းကတော့ အလုပ်ကိစ္စတခု လုပ်မယ်ဆိုရင် မလုပ်ခင်၊ မစခင် အဆင်ပြေမယ့် နည်းလမ်းကို အရင် စဉ်းစားထားသူတွေလို့ ဆိုပါတယ်။

လူတော်တော်များများရဲ့ နာမည်နဲ့ မျက်နှာတွေကို အလွယ်တကူ မှတ်မိပေမယ့် ကိုယ်နဲ့ အဆင်ပြေတဲ့ လက်တဆုပ်စာ လူနည်းနည်းနဲ့ပဲ ပေါင်းသင်းရတာ သဘောကျသူပါ။ ကိုယ့်ဘေးနားက လူတွေဆီကနေ သင်ယူလေ့လာရတာကို နှစ်သက်ပါတယ်။ တခြားသူတွေထက် အချစ်ရေးမှာ တဖက်သားကို သိလိုစိတ်ပြင်းသူလို့ သတ်မှတ်ကြပါတယ်။

အချစ်ရေးမှာ သင့်ရဲ့ ကောင်းကွက်တွေကတော့ အကြပ်အတည်း ဖြေရှင်းနိုင်စွမ်းတွေ၊ ဘာမဆို စနစ်တကျ လုပ်တတ်ပုံတွေပါပဲ။ ဒါပေမဲ့ တဖက်လူကို ဒေါသထွက်ပြီ ဆိုရင်လည်း လူတွေ သိထားတဲ့သင့်ပုံစံနဲ့ ကွဲထွက်သွားပြီး ခပ်ကြမ်းကြမ်းလူမျိုး ဖြစ်သွားတတ်ပြန်ပါတယ်။

(၂) အိပ်ရာနိုးတာနဲ့ ချက်ချင်းထပြီး ကိုယ်လက် သန့်စင်သူ

အိပ်ရာနိုးတာနဲ့ တွေဝေငေးမောခြင်း မရှိဘဲ ငေါက်ခနဲထပြီး မျက်နှာသစ်၊ သွားတိုက် လုပ်တတ်သူဆိုရင်တော့ ရည်မှန်းချက်ကြီးပြီး စိတ်ခွန်အားပြင်းသူ တယောက်ပါ။ တုံ့ဆိုင်းမှုကြောင့် အခွင့်အရေး လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တတ်သူပီပီ ဘယ်အရာမဆို ဉာဏ်သုံးပြီး ပါးပါးလျပ်လျပ် လုပ်ကိုင်ဆောင်ရွက် တတ်ပါတယ်။

တခြားသူတွေအမြင်မှာ စိတ်မရှည်တတ်ဘူးလို့မြင်ပေမယ့် သင်ကတော့ ဘယ်အရာအတွက်မဆို အမြဲ အဆင်သင့်ဖြစ်နေရတာကို သဘောကျပါတယ်။ စိန်ခေါ်မှုအသစ်တွေကို တောင့်တတတ်ပြီး စိတ်ခွန်အားကြီးသူမလို့ ဘယ်ကိစ္စကိုမဆို ဦးဆောင်ဖြေရှင်းချင်စိတ်ရှိပါတယ်။

အချစ်ရေးကိစ္စတွေမှာလည်း လက်တွေ့ကျကျ ဆုံးဖြတ်တတ်ပါတယ်။ ဘယ်ကိစ္စမဆို စိတ်မပါရင် လုံးဝမလုပ်ဘဲ ကောင်းကွက်ဆိုရင် ဖော်ရွေပြီး စောင့်ရှောက်တတ်တဲ့ နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်တွေလို့ ဆိုပါတယ်။

(၃) အိပ်ရာနိုးတာနဲ့ မထသေးဘဲ ပြန်အိပ်ဖို့ စဉ်းစားနေသူ

အိပ်ရာနိုးတာနဲ့ ချက်ချင်းမထဘဲ ဟိုဘက်လှည့်၊ ဒီဘက်လှည့်နေပြီး ပြန်အိပ်ရတာသဘောကျတဲ့သူမျိုးကတော့ လွတ်လပ် ပေါ့ပါးပြီး ပျော်ပျော်နေတတ်သူတွေပါ။ ဟာသဉာဏ်ရွှင်သလို တချိန်တည်းမှာ ကောင်းတဲ့အမြင်နဲ့ပဲ ပတ်ဝန်းကျင်ကို ကြည့်ပြီး ကျေးဇူးတင်နေတတ်သူမျိုးပေါ့။ ဘယ်လိုစိတ်ပျက်စရာအခြေအနေ၊ စိတ်ယုတ်မာသူတွေနဲ့ပဲတွေ့တွေ့ အဆင်ပြေအောင်နေတတ်ပါတယ်။

ကိုယ့်စိတ်ညစ်နွမ်းမှာကို မလိုလားဘဲ အေးအေးချမ်းချမ်း နေတတ်သူမလို့လည်း သူတပါးဆီက ရယူမှုထက် ကိုယ်ကပဲ ပေးချင်စိတ်ရှိသူပါ။ အချစ်ရေးနဲ့ပတ်သက်ရင် နှစ်လိုဖွယ်ရှိပြီး သစ္စာတရားကို ကိုင်စွဲတတ်ပါတယ်။ သင့်ပြက်လုံးတွေနဲ့ လူတွေရဲ့ စိတ်ကို ဖမ်းစားနိုင်မှာမလွဲပါဘူး။

အချစ်ရေးနဲ့ပတ်သက်ရင် ဆက်ဆံရေးကို ပူနွေးနေအောင် စိတ်လှုပ်ရှားစေမယ့် အပြုအမူတွေ လုပ်တတ်သူပါ။ တခါတလေ သင့်လက်တွဲဖော်ကို ငြီးငွေ့လွယ်ပေမယ့် ယာယီသဘောမလို့ စိတ်ပူစရာ မရှိပါဘူး။ လူတွေကို မေတ္တာတရား၊ အချစ်တွေပေးဖို့ မွေးဖွားလာသူတယောက်ပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top