ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အေလ့အက်င့္ဆုိးေတြလုိ႔ ေတြးမိရင္ ေဆးလိပ္ေသာက္တာ၊သေရစာစားတာစတဲ႔အက်င့္ေတြကုိပဲေတြးမိပါတယ္။ဒါေပမဲ႔ ကုိယ္ေတြမသိပဲလုပ္မိေနတဲ႔အက်င့္ေလးေတြကလည္း ကုိယ့္က်န္းမာေရးကုိလာျပီးထိခိုက္ေနေစပါတယ္တဲ႔။ဘယ္လုိအမူအက်င့္ေတြက က်န္းမာေရးကုိထိခိုက္ေစတာလဲဆုိရင္…


တင္းက်ပ္တဲ႔အ၀တ္အစား၀တ္ျပီးအိပ္စက္ျခင္း

ညဘက္အိပ္စက္တဲ႔အခါ အ၀တ္အစားတင္းတင္းက်ပ္က်ပ္ေတြကုိမလဲလွယ္ပဲအိပ္စက္ေနမိတယ္ဆုိရင္ အဲ႔ဒီအက်င့္ကုိျပင္သင့္ပါျပီ။ကုိယ့္အတြက္သက္ေတာင့္သက္သာျဖစ္ေစမယ့္ ပြပြေယာင္းေယာင္းခ်ည္ထည္ေလးေတြ၀တ္ဆင္သင့္ျပီး တစ္ခ်ိဳ႔ကေတာ့ အတြင္းခံအက်ီကုိပါ ခြ်တ္ျပီးအိပ္ေလ့ရွိပါတယ္။အတြင္းခံအက်ီရဲ႔တင္းက်ပ္မႈေၾကာင့္ရင္သားကင္ဆာျဖစ္ပြားမႈကုိဦးေဆာင္ေနတယ္လုိ႔က်န္းမာေရးေဆာင္းပါးေတြအရလည္းသိရပါတယ္။

ၾကမ္းၾကမ္းတမ္းတမး္သြားတုိက္ျခင္း

သြားေခ်းေတြကြ်တ္ေအာင္ဆုိျပီးဖိတုိက္တာ၊ၾကမ္းတမ္းစြာတုိက္တာဟာ သြားေတြကုိပုိျပီးပ်က္စီးေစပါတယ္။မွန္ကန္တဲ႔သြားတုိက္ေဆးပမာဏာ၊မွန္ကန္တဲ႔သြားတုိက္ပံုကသာ ဘတ္တီးရီးယားပုိးမႊားေတြဖယ္ရွားေပးျပီးသြားေတြကုိက်န္းမာေစမွာပါ။ဖိတုိက္ေလ သြားေၾကြလႊာေတြပ်က္စီးေလ၊သြားဖံုးေရာင္ရမ္းနာက်င္ဖုိ႔အခြင့္အလမ္းမ်ားေလပါပဲ။

တစ္ျပိဳင္တည္းအလုပ္ႏွစ္ခုသုံးခုလုပ္တာ

မိန္းကေလးအမ်ားစုက တစ္ျပိဳင္တည္းအလုပ္ႏွစ္ခုသံုးခု လုပ္တတ္ၾကပါတယ္။လုပ္လည္းလုပ္ႏုိင္တယ္ဆုိေပမဲ႔ တစ္ခုဆုိတစ္ခုပဲေသခ်ာအာရံုစုိက္လုပ္တာအေကာင္းဆံုးပါ။အဲ႔ဒါမွ အက်ိဳးသက္ေရာက္မႈႏႈန္းပုိမ်ားတာလုိ႔ ေလ့လာေတြ႔ရွိထားပါတယ္။ႏွစ္ခုသံုးခုလုပ္ေနတာက အခ်ိန္လည္းပုိၾကာသလို
အာရံုပ်ံ႔လြင္႔မႈေၾကာင့္ေကာင္းမြန္တဲ႔ရလဒ္ကုိလည္းမရရွိေစပါဘူး။

အျမဲတမ္းဖိနပ္အျမင့္ေတြစီးေနျခင္း

တစ္ခါတစ္ေလစီးတာကေတာ့ အဆင္ေျပေပမဲ႔ ေန႔တုိင္းပံုမုွန္ ေဒါက္ဖိနပ္အျမင့္ကုိစီးေနမယ္ဆုိရင္ၾကာလာတဲ႔အခါ ေျခေထာက္ေသြးလည္ပတ္စီးဆင္းမႈမမွန္ကန္ေစေတာ့ပါဘူး။အခ်ိန္အၾကာၾကီးဖိနပ္အျမင့္စီးထားရတဲ႔အခါ ၾကြက္သားေတြေတာင့္တင္းျပီး အဲ႔ဓီကေနေက်ာရုိးတစ္ေလ်ွာက္နာက်င္မႈေ၀ဒနာကုိရရွိလာေစပါတယ္။ဒါေၾကာင့္ ဖိနပ္အျမင့္ေန႔တုိင္းမစီးပဲ အပါးေလးေျပာင္းစီးေပးတာမ်ိဳးလုပ္ေပးသင့္ပါတယ္။

အလြန္အကြ်ံစုိးရိမ္ပူပန္တတ္ျခင္း

ကိစၥတစ္ခုခုဆုိ အလြန္အကြ်ံစုိးရိမ္ပူပန္တတ္တာမ်ိဳး၊ကုိယ္ေမ်ွာ္လင့္ထားတဲ႔အတုိင္းျဖစ္မလာလုိ႔ စိတ္ပူပန္တာမ်ိဳးက ေတာ္ရံုပဲေကာင္းပါတယ္။အျမဲတမ္းၾကီးဒီကိစၥအေပၚမွာပဲအာရံုစုိက္ေနရင္ေတာ့မေကာင္းေတာ့ပါဘူး။ဒီလုိစိတ္ဖိစီးမႈက မလိုလားအပ္တဲ႔စိတ္ဖိစီးမႈျဖစ္ျပီး တစ္ျခားေသာစိတ္ညစ္စရာ၊စိတ္ပူစရာကိစၥေတြကလည္းတျပိဳင္နက္တည္း၀င္လာတတ္ပါတယ္။ဒါက က်န္းမာေရးအတြက္မေကာင္းပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

အလေ့အကျင့်ဆိုးတွေလို့ တွေးမိရင် ဆေးလိပ်သောက်တာ၊သရေစာစားတာစတဲ့အကျင့်တွေကိုပဲတွေးမိပါတယ်။ဒါပေမဲ့ ကိုယ်တွေမသိပဲလုပ်မိနေတဲ့အကျင့်လေးတွေကလည်း ကိုယ့်ကျန်းမာရေးကိုလာပြီးထိခိုက်နေစေပါတယ်တဲ့။ဘယ်လိုအမူအကျင့်တွေက ကျန်းမာရေးကိုထိခိုက်စေတာလဲဆိုရင်…


တင်းကျပ်တဲ့အဝတ်အစားဝတ်ပြီးအိပ်စက်ခြင်း
ညဘက်အိပ်စက်တဲ့အခါ အဝတ်အစားတင်းတင်းကျပ်ကျပ်တွေကိုမလဲလှယ်ပဲအိပ်စက်နေမိတယ်ဆိုရင် အဲ့ဒီအကျင့်ကိုပြင်သင့်ပါပြီ။ကိုယ့်အတွက်သက်တောင့်သက်သာဖြစ်စေမယ့် ပွပွယောင်းယောင်းချည်ထည်လေးတွေဝတ်ဆင်သင့်ပြီး တစ်ချို့ကတော့ အတွင်းခံအကျီကိုပါ ချွတ်ပြီးအိပ်လေ့ရှိပါတယ်။အတွင်းခံအကျီရဲ့တင်းကျပ်မှုကြောင့်ရင်သားကင်ဆာဖြစ်ပွားမှုကိုဦးဆောင်နေတယ်လို့ကျန်းမာရေးဆောင်းပါးတွေအရလည်းသိရပါတယ်။

ကြမ်းကြမ်းတမ်းတမ်းသွားတိုက်ခြင်း
သွားချေးတွေကျွတ်အောင်ဆိုပြီးဖိတိုက်တာ၊ကြမ်းတမ်းစွာတိုက်တာဟာ သွားတွေကိုပိုပြီးပျက်စီးစေပါတယ်။မှန်ကန်တဲ့သွားတိုက်ဆေးပမာဏာ၊မှန်ကန်တဲ့သွားတိုက်ပုံကသာ ဘတ်တီးရီးယားပိုးမွှားတွေဖယ်ရှားပေးပြီးသွားတွေကိုကျန်းမာစေမှာပါ။ဖိတိုက်လေ သွားကြွေလွှာတွေပျက်စီးလေ၊သွားဖုံးရောင်ရမ်းနာကျင်ဖို့အခွင့်အလမ်းများလေပါပဲ။

တစ်ပြိုင်တည်းအလုပ်နှစ်ခုသုံးခုလုပ်တာ
မိန်းကလေးအများစုက တစ်ပြိုင်တည်းအလုပ်နှစ်ခုသုံးခု လုပ်တတ်ကြပါတယ်။လုပ်လည်းလုပ်နိုင်တယ်ဆိုပေမဲ့ တစ်ခုဆိုတစ်ခုပဲသေချာအာရုံစိုက်လုပ်တာအကောင်းဆုံးပါ။အဲ့ဒါမှ အကျိုးသက်ရောက်မှုနှုန်းပိုများတာလို့ လေ့လာတွေ့ရှိထားပါတယ်။နှစ်ခုသုံးခုလုပ်နေတာက အချိန်လည်းပိုကြာသလို
အာရုံပျံ့လွင့်မှုကြောင့်ကောင်းမွန်တဲ့ရလဒ်ကိုလည်းမရရှိစေပါဘူး။

အမြဲတမ်းဖိနပ်အမြင့်တွေစီးနေခြင်း
တစ်ခါတစ်လေစီးတာကတော့ အဆင်ပြေပေမဲ့ နေ့တိုင်းပုံမုှန် ဒေါက်ဖိနပ်အမြင့်ကိုစီးနေမယ်ဆိုရင်ကြာလာတဲ့အခါ ခြေထောက်သွေးလည်ပတ်စီးဆင်းမှုမမှန်ကန်စေတော့ပါဘူး။အချိန်အကြာကြီးဖိနပ်အမြင့်စီးထားရတဲ့အခါ ကြွက်သားတွေတောင့်တင်းပြီး အဲ့ဓီကနေကျောရိုးတစ်လျှောက်နာကျင်မှုဝေဒနာကိုရရှိလာစေပါတယ်။ဒါကြောင့် ဖိနပ်အမြင့်နေ့တိုင်းမစီးပဲ အပါးလေးပြောင်းစီးပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

အလွန်အကျွံစိုးရိမ်ပူပန်တတ်ခြင်း
ကိစ္စတစ်ခုခုဆို အလွန်အကျွံစိုးရိမ်ပူပန်တတ်တာမျိုး၊ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာလို့ စိတ်ပူပန်တာမျိုးက တော်ရုံပဲကောင်းပါတယ်။အမြဲတမ်းကြီးဒီကိစ္စအပေါ်မှာပဲအာရုံစိုက်နေရင်တော့မကောင်းတော့ပါဘူး။ဒီလိုစိတ်ဖိစီးမှုက မလိုလားအပ်တဲ့စိတ်ဖိစီးမှုဖြစ်ပြီး တစ်ခြားသောစိတ်ညစ်စရာ၊စိတ်ပူစရာကိစ္စတွေကလည်းတပြိုင်နက်တည်းဝင်လာတတ်ပါတယ်။ဒါက ကျန်းမာရေးအတွက်မကောင်းပါဘူး။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top