ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တ႐ုတ္ဘုန္းႀကီးကဲ့သို႔ ဝတ္ဆင္ထားၿပီး အလွဴခံေနသည့္ တ႐ုတ္အမ်ိဳးသား ႏွစ္ဦးကို ႏိုဝင္ဘာလ ၂၃ ရက္ေန႔ညက ဖမ္းမိခဲ့ေၾကာင္း ၿမိဳ႕မ - ၄ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ဦးက ေျပာၾကားသည္။

“ေဖာင္ေတာ္ဦးဘုရားကို ေရာက္ေနတယ္လို႔ၾကားလို႔ သြားေမးတယ္။ တာဝန္ရွိသူေတြက သူတို႔ တည္းခိုတယ္ဆိုတဲ့ ရွဲဒိုး မိုတယ္ကိုသြားၿပီး ပတ္စပို႔ေတြစစ္တယ္။ မေန႔ကေတာ့ အခ်ိန္မရွိေတာ့လို႔ တည္းခိုခြင့္ေပးလိုက္တယ္။ ဒီေန႔ (ႏိုဝင္ဘာ ၂၄) မနက္ ငါးနာရီမွာ မႏၲေလးကို ထြက္သြားတယ္။ မႏၲေလးဘက္ကိုလည္း လ.ဝ.က ခ်င္း ခ်ိတ္ဆက္အေၾကာင္းၾကားထားတယ္လို႔ သိရတယ္” ဟု ၎က ေျပာဆိုသည္။

တ႐ုတ္ဘုန္းႀကီးကဲ့သို႔ ဝတ္ဆင္ထားသူမ်ားမွာ အသက္ ၄၇ ႏွစ္အ႐ြယ္ရွိ Sang Shengu ဆိုသူႏွင့္ အသက္ ၅၄ ႏွစ္အ႐ြယ္ Zhang Yungang ဆိုသူတို႔ ျဖစ္ၾကၿပီး ျမန္မာႏိုင္ငံအတြင္းသို႔ လုပ္ငန္းဗီဇာ (business visa) ျဖင့္ ဝင္ေရာက္ လာခဲ့သူမ်ားျဖစ္ေၾကာင္း မိတၳီလာခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံမွ သိရသည္။

“ျမန္မာႏိုင္ငံကၿမိဳ႕ ႀကီးေတြမွာ တ႐ုတ္ဘုန္းႀကီးဆိုၿပီး အလွဴခံေနတာေတြ ေတြ႔တယ္။ အလွဴခံရင္ေတာ့ တည္ဆဲဥပေဒအရ အေရးယူခံရမယ္လို႔ ေျပာျပလိုက္တယ္။ သူတို႔ကေတာ့ ဘုရားဖူးလာတယ္လို႔ ေျပာတာပဲ။ အဓိကေတာ့ ကၽြန္ေတာ္တို႔ဆီမွာ လိမ္လည္အလွဴခံတာမ်ိဳးေတြ မျဖစ္ဖို႔ေပါ့ဗ်ာ” ဟု မိတၳီလာခ႐ိုင္သာသနာေရးမွဴး ဦးကိုကိုေအာင္က မွတ္ခ်က္ျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

တရုတ်ဘုန်းကြီးကဲ့သို့ ဝတ်ဆင်ထားပြီး အလှူခံနေသည့် တရုတ်အမျိုးသား နှစ်ဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့ညက ဖမ်းမိခဲ့ကြောင်း မြို့မ - ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဦးက ပြောကြားသည်။

“ဖောင်တော်ဦးဘုရားကို ရောက်နေတယ်လို့ကြားလို့ သွားမေးတယ်။ တာဝန်ရှိသူတွေက သူတို့ တည်းခိုတယ်ဆိုတဲ့ ရှဲဒိုး မိုတယ်ကိုသွားပြီး ပတ်စပို့တွေစစ်တယ်။ မနေ့ကတော့ အချိန်မရှိတော့လို့ တည်းခိုခွင့်ပေးလိုက်တယ်။ ဒီနေ့ (နိုဝင်ဘာ ၂၄) မနက် ငါးနာရီမှာ မန္တလေးကို ထွက်သွားတယ်။ မန္တလေးဘက်ကိုလည်း လ.ဝ.က ချင်း ချိတ်ဆက်အကြောင်းကြားထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။

တရုတ်ဘုန်းကြီးကဲ့သို့ ဝတ်ဆင်ထားသူများမှာ အသက် ၄၇ နှစ်အရွယ်ရှိ Sang Shengu ဆိုသူနှင့် အသက် ၅၄ နှစ်အရွယ် Zhang Yungang ဆိုသူတို့ ဖြစ်ကြပြီး မြန်မာနိုင်ငံအတွင်းသို့ လုပ်ငန်းဗီဇာ (business visa) ဖြင့် ဝင်ရောက် လာခဲ့သူများဖြစ်ကြောင်း မိတ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

“မြန်မာနိုင်ငံကမြို့ ကြီးတွေမှာ တရုတ်ဘုန်းကြီးဆိုပြီး အလှူခံနေတာတွေ တွေ့တယ်။ အလှူခံရင်တော့ တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ပြောပြလိုက်တယ်။ သူတို့ကတော့ ဘုရားဖူးလာတယ်လို့ ပြောတာပဲ။ အဓိကတော့ ကျွန်တော်တို့ဆီမှာ လိမ်လည်အလှူခံတာမျိုးတွေ မဖြစ်ဖို့ပေါ့ဗျာ” ဟု မိတ္ထီလာခရိုင်သာသနာရေးမှူး ဦးကိုကိုအောင်က မှတ်ချက်ပြုသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top