ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕တြင္ အိမ္ရွင္က အသက္မျပည့္ေသးေသာ အိမ္အကူအမ်ိဳးသမီးအား အက္စစ္ျဖင့္ ပက္၍ မ်က္လုံးတစ္ဖက္ကြယ္ကာ မ်က္ႏွာတစ္ျခမ္း ပ်က္စီးခဲ့ၿပီး ရွစ္ႏွစ္ခန႔္ၾကာ ပိတ္ေလွာင္ထားျခင္းခံခဲ့ရသည့္ အမႈကို မႏၲေလးခရိုင္ တရား႐ုံးက နိုဝင္ဘာ ၁၉  ရက္ေန႕တြင္ လူကုန္ကူးမႈျဖင့္သာ စြဲခ်က္တင္ အမိန႔္ခ်ခဲ့သည္။

အိမ္အကူ မနန္းေမဇင္ဦး သည္ လက္ရွိအခ်ိန္တြင္ အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္ၿပီး အသက္ ၁၄ ႏွစ္အ႐ြယ္ ၂၀၀၈ ခုႏွစ္က အလုပ္ရွင္ ထံတြင္ အိမ္အကူ စတင္လုပ္ကိုင္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္တြင္ အက္စစ္ျဖင့္ အပက္ခံရၿပီးေနာက္ ယခုႏွစ္ ေဖေဖာ္ဝါရီလအထိ ပိတ္ေလွာင္ ခံခဲ့ရျခင္း ျဖစ္သည္။

မႏၲၱေလးခရိုင္တရား႐ုံးမွ သတင္းႏွင့္ ျပန္ၾကားေရး အရာရွိ ေဒၚစန္းစန္းဝင္း က “က်မတို႔႐ုံးမွာေတာ့ အက္စစ္ပတ္တဲ့ အမႈနဲ႕ စြဲတင္ခဲ့တာ မဟုတ္ပါဘူး၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄ နဲ႕ တရားစြဲတင္ခဲ့တာပါ၊ တရားခံ ၂ ဦးစလုံး အေပၚကို လူကုန္ကူးမႈ တားဆီး ႏွိမ္ႏွင္းေရး ဥပေဒနဲ႕ပဲ စြဲခ်က္တင္ခဲ့ပါတယ္၊ ေနာက္တပတ္႐ုံးခ်ိန္းကို နိုဝင္ဘာ ၂၇ ရက္ေန႕မွာ ႐ုံးခ်ိန္းထပ္ေပးထားတယ္” ဟု ေျပာသည္။

က်ဴးလြန္ခံရသူ မနန္းေမဇင္ဦး သည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ႐ြာငံၿမိဳ႕နယ္၊ နဘမ္းႀကီးေက်း႐ြာတြင္ေနထိုင္သူျဖစ္ၿပီး ၂၀၀၈ ခုႏွစ္ခန႔္က ေဒၚမိုးမိုး ဆိုသူက မႏၲေလးၿမိဳ႕ ခ်မ္းျမသာ စည္ၿမိဳ႕နယ္ ျမရည္နႏၵာရပ္ကြက္ရွိ ကုန္စုံဆိုင္တြင္ တလက်ပ္တစ္ေသာင္းျဖင့္ အလုပ္လုပ္ရန္ ေခၚေဆာင္လာခဲ့ေၾကာင္း သိရသည္။

ေဒၚမိုးမိုး၏ ကုန္စုံဆိုင္မွာ ဆိုင္ခန္း ဆက္ငွား၍ မရေတာ့သျဖင့္ ပိတ္လိုက္ရၿပီး ေဒၚမိုးမိုး၏ အစ္ကို ျဖစ္သူ ကုန္စုံဆိုင္သို႔ ထပ္မံ အလုပ္လုပ္ခဲ့ရၿပီး ထိုသို႔ အလုပ္လုပ္ေနစဥ္ ၂၀၁၀ ျပည့္ႏွစ္တြင္ ေဒၚမိုးမိုး၏ ေခြၽးမေတာ္စပ္သူ မနီနီႏုႏြယ္၏ သူငယ္ခ်င္းမ်ားႏွင့္ ၾသကၤန္ လည္ခဲ့ရာတြင္ မနီနီႏုႏြယ္၏ ေမာင္က မနန္းေမဇင္ဦးအား လူငယ္သဘာဝ ခ်စ္ေရးဆိုခဲ့ေၾကာင္း သိရသည္။

၂၀၁၀ ၾသကၤန္ႏွစ္ဆန္းတရက္ေန႕ မြန္းလြဲပိုင္းတြင္ ေရခ်ိဳးေနသည့္ မနန္းေမဇင္ဦးကို ေမာင္ျဖစ္သူ၏ ခ်စ္ေရးဆိုမႈႏွင့္ပတ္သက္ၿပီး မနီနီႏုႏြယ္က အက္စစ္ျဖင့္ ပက္ခဲ့ရာ မနန္းေမဇင္ဦး၏ ဝဲဘက္ ဦးေခါင္းမွစကာ ခႏၶာကိုယ္ ဘယ္ဘက္ တျခမ္းလုံးတြင္ ေလာင္ကြၽမ္းဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

ထိုျဖစ္စဥ္ေၾကာင့္ မ်က္ႏွာတစ္ျခမ္းပ်က္စီးခဲ့ကာ ဝဲဘက္မ်က္လုံး ကြယ္ခဲ့ရၿပီး ဘယ္ဘက္လက္မွာလည္း ေကြးဆန႔္၍ ခက္ခဲ့ေနသည့္ အေျခအအေနျဖစ္ေနသည္ဟု သိရသည္။

ရရွိခဲ့သည့္ ဒဏ္ရာမ်ားကို ေဒၚမိုးမိုးက ျပဳစုေပးခဲ့ေၾကာင္း၊ မနန္းေမဇင္ဦး၏ ဖခင္ျဖစ္သူ ေရာက္လာခ်ိန္တြင္ ေဆးကုသေပးမည္ျဖစ္သျဖင့္ အမႈမဖြင့္ရန္ ရပ္ကြက္႐ုံးသို႔ ေခၚေဆာင္ၿပီး လက္မွတ္ ေရးထိုးခိုင္းခဲ့ေၾကာင္း၊ မနန္းေမဇင္ဦး၏ ဖခင္ျဖစ္သူကို က်ပ္တသိန္းတစ္ႀကိမ္၊ သုံးလခန႔္အၾကာတြင္ က်ပ္ႏွစ္သိန္း တစ္ႀကိမ္ေပးခဲ့ေၾကာင္း သိရသည္။

ဒဏ္ရာမ်ားေၾကာင့္ အခန္းတခုအတြင္း ပိတ္ေလွာင္ထားခဲ့ၿပီး ဒဏ္ရာမ်ားသက္သာလာခ်ိန္တြင္လည္း အိမ္ထဲမွ အိမ္ျပင္မထြက္ေစဘဲ အိမ္အလုပ္မ်ားကို လုပ္ကိုင္ေစခဲ့ကာ ဆယ္ႏွစ္တာ အလုပ္လုပ္ခဲ့သည့္ လုပ္အားခမ်ားလည္း ေပးျခင္းမရွိေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

ထိုသို႔ ေနထိုင္စဥ္ မနန္းေမဇင္ဦးသည္ အမွိုက္ပုံးသြန္ရာ မနိုင္မနင္းျဖင့္ ေမွာက္က်ခဲ့သျဖင့္ မနီနီႏုႏြယ္က နံရံႏွင့္ တြန္းကန္ ေဆာင့္လွဲျခင္း၊ ဝက္စာပုံးထဲသို႔ မ်က္ႏွာအပ္ၿပီး ဖိခ်ျခင္း၊ ဆဲဆိုႀကိမ္းေမာင္းျခင္းမ်ား ျပဳလုပ္ခဲ့သျဖင့္ ယခုႏွစ္ေဖေဖာ္ဝါရီလက အိမ္ရွင္မ်ား အလစ္တြင္ ေနအိမ္မွထြက္ေျပးခဲ့ရာ အမ်ိဳးသမီးေရးရာအဖြဲ႕ႏွင့္ ေတြ႕ဆုံခဲ့ၿပီး ယခုျဖစ္စဥ္ ေပၚေပါက္ခဲ့ရျခင္းဟု သိရသည္။

တရား လႊတ္ေတာ္ေရွ႕ေနႀကီး ဦးမိုးဟိန္း က “ကာယကံရွင္က တိုင္ၾကားအမႈဖြင့္လွစ္ျခင္းမရွိခဲ့ဘူးဆိုရင္ေတာင္ ေဆးစာအရ ေပၚေပါက္တဲ့ ဒဏ္ရာဒဏ္ခ်က္ေတြကို ထည့္သြင္းၿပီး ထြက္ဆိုရမွာျဖစ္ပါတယ္၊ အမႈတြဲမွာ အခ်ဳပ္အေႏွာင္ ခံရတယ္ဆိုတဲ့ အေထာက္ အထားေတြ၊ ဒဏ္ရာေတြရရွိခဲ့ တယ္ဆိုတဲ့ေဆးစာေတြအျပင္ ကာယကံရွင္မိန္းကေလးရဲ႕ထြက္ဆိုခ်က္ေတြကို တရားစြဲအဖြဲ႕အစည္းက ျပည့္ျပည့္စုံစုံ ေဆာင္႐ြက္ေပးဖို႔ လိုအပ္ပါတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

၎က ဆက္၍ “မ်က္လုံးတဖက္ကြယ္တဲ့အျပင္ မ်က္ျမင္ဒဏ္ရာေတြလည္း ရွိေနတဲ့အျပင္ ကာယကံရွင္ ကိုယ္တိုင္ရဲ႕ ထြက္ဆို စြပ္စြဲခ်က္ေတြလည္း ရွိေနၿပီဆိုေတာ့ သက္ဆိုင္ရာ ဥပေဒေတြနဲ႕ပါ လုပ္ေဆာင္ေပးဖို႔ လိုအပ္ပါတယ္၊ အဲဒီအေပၚမွာေတာ့ တရားစြဲအဖြဲ႕အစည္း အေနနဲ႕ ထည့္သြင္းသုံးသပ္သင့္တယ္လို႔ က်ေနာ္ကေတာ့ ယူဆပါတယ္” ဟု ေျပာသည္။

အိမ္အကူ မနန္းေမဇင္ဦး အား မ်က္လုံးတစ္ဖက္ကြယ္ကာ မ်က္ႏွာတစ္ျခမ္းပ်က္စီးသည္အထိ အက္စစ္ျဖင့္ ပက္ျခင္း၊ ရွစ္ ႏွစ္ခန႔္ၾကာ ပိတ္ေလွာင္ထားျခင္းမ်ားကို ျပဳလုပ္ခဲ့သည့္ အိမ္ရွင္အမ်ိဳးသမီး ႏွစ္ဦးျဖစ္သည့္ မနီနီႏုႏြယ္ႏွင့္ ေဒၚမိုးမိုးအား ေအာင္ပင္လယ္ ရဲစခန္းတြင္ (ပ) ၁၀၁/၂၀၁၈၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄/၃၂ အရ ရဲမႉးမ်ိဳးဇင္က တရားလိုျပဳလုပ္၍ အမႈဖြင့္ဖမ္းဆီး အေရးယူခဲ့ၿပီး မတ္လ (၃၀) ရက္ကခရိုင္ တရား႐ုံး၌ တရားစြဲတင္ခဲ့ျခင္းဟု သိရသည္။

စိတ္ပိုင္း၊ ႐ုပ္ပိုင္းဆိုင္ရာ ညွင္းပန္း ႏွိပ္စက္ခံရမႈမ်ားေၾကာင့္ မနန္းေမဇင္ဦးသည္ စိတ္ပိုင္းဆိုင္ရာ၊ က်န္းမာေရးပိုင္းဆိုင္ရာ ထိခိုက္မႈမ်ား ရွိေနရာ က်န္းမာ ေရးအတြက္ အကူအညီမ်ား လိုအပ္ေနေၾကာင္း မႏၲေလးတိုင္းေဒသႀကီး လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕ႏွင့္ အမ်ိဳးသမီးေရးရာအဖြဲ႕တို႔က ေျပာသည္။

ယင္းသို႔ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားအား လူကုန္ကူးမႈက်ဳးလြန္လွ်င္ အနည္းဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္မွ တသက္ တကြၽန္းအထိ က်ခံရနိုင္သလို လူကုန္ကူးမႈႏွင့္အတူ ႀကီးေလးေသာ ျပစ္မႈမ်ားကိုပါ ထပ္ဆင့္က်ဴး လြန္လွ်င္ အျမင့္ဆုံး ေသဒဏ္အထိ က်ခံရနိုင္ေၾကာင္းႏွင့္ အလားတူ အမ်ိဳးသားမ်ားကိုလည္း လူကုန္ကူးမႈ က်ဳးလြန္လွ်င္ ေထာင္ဒဏ္ ၅ ႏွစ္မွ ၁၀ ႏွစ္အထိ က်ခံေစရန္ သတ္မွတ္ထားေၾကာင္း ၎က ဆက္ေျပာသည္။

ဤကဲ့သို႔ အိမ္အကူအား ႏွိပ္စက္မႈမ်ိဳး လြန္ခဲ့သည့္ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လက ရန္ကုန္ၿမိဳ႕ အင္းဝ အပ္ခ်ဳပ္ဆိုင္ မိသားစုမွ ေန၍ အိမ္အကူမိန္းကေလး ၂ဦးအား ႏွိပ္စက္သည့္အတြက္ မိသားစုဝင္ျဖစ္သည့္ ေဒၚတင္သူဇာအား ေထာင္ဒဏ္ ၁၆ ႏွစ္ ၁လ၊ ကိုရာဇာထြန္းအား ပေထာင္ဒဏ္ ၁၃ ႏွစ္ ၁ လ၊ မစုမြန္လတ္အား ေထာင္ဒဏ္ ၁၆ ႏွစ္ ၁ လႏွင့္ ကိုတင္မင္း လတ္အား ေထာင္ဒဏ္ ၉ ႏွစ္ ၁လ အသီးသီး ေထာင္ဒဏ္မ်ားခ်မွတ္ျခင္းခံခဲ့ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

မန္တလေးမြို့တွင် အိမ်ရှင်က အသက်မပြည့်သေးသော အိမ်အကူအမျိုးသမီးအား အက်စစ်ဖြင့် ပက်၍ မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ပြီး ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းခံခဲ့ရသည့် အမှုကို မန္တလေးခရိုင် တရားရုံးက နိုဝင်ဘာ ၁၉  ရက်နေ့တွင် လူကုန်ကူးမှုဖြင့်သာ စွဲချက်တင် အမိန့်ချခဲ့သည်။

အိမ်အကူ မနန်းမေဇင်ဦး သည် လက်ရှိအချိန်တွင် အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ၂၀၀၈ ခုနှစ်က အလုပ်ရှင် ထံတွင် အိမ်အကူ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အက်စစ်ဖြင့် အပက်ခံရပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလအထိ ပိတ်လှောင် ခံခဲ့ရခြင်း ဖြစ်သည်။

မန္တ္တလေးခရိုင်တရားရုံးမှ သတင်းနှင့် ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းဝင်း က “ကျမတို့ရုံးမှာတော့ အက်စစ်ပတ်တဲ့ အမှုနဲ့ စွဲတင်ခဲ့တာ မဟုတ်ပါဘူး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ နဲ့ တရားစွဲတင်ခဲ့တာပါ၊ တရားခံ ၂ ဦးစလုံး အပေါ်ကို လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ဥပဒေနဲ့ပဲ စွဲချက်တင်ခဲ့ပါတယ်၊ နောက်တပတ်ရုံးချိန်းကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရုံးချိန်းထပ်ပေးထားတယ်” ဟု ပြောသည်။

ကျူးလွန်ခံရသူ မနန်းမေဇင်ဦး သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နဘမ်းကြီးကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ၂၀၀၈ ခုနှစ်ခန့်က ဒေါ်မိုးမိုး ဆိုသူက မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ ကုန်စုံဆိုင်တွင် တလကျပ်တစ်သောင်းဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

ဒေါ်မိုးမိုး၏ ကုန်စုံဆိုင်မှာ ဆိုင်ခန်း ဆက်ငှား၍ မရတော့သဖြင့် ပိတ်လိုက်ရပြီး ဒေါ်မိုးမိုး၏ အစ်ကို ဖြစ်သူ ကုန်စုံဆိုင်သို့ ထပ်မံ အလုပ်လုပ်ခဲ့ရပြီး ထိုသို့ အလုပ်လုပ်နေစဉ် ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ မနီနီနုနွယ်၏ သူငယ်ချင်းများနှင့် သြင်္ကန် လည်ခဲ့ရာတွင် မနီနီနုနွယ်၏ မောင်က မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေးဆိုခဲ့ကြောင်း သိရသည်။

၂၀၁၀ သြင်္ကန်နှစ်ဆန်းတရက်နေ့ မွန်းလွဲပိုင်းတွင် ရေချိုးနေသည့် မနန်းမေဇင်ဦးကို မောင်ဖြစ်သူ၏ ချစ်ရေးဆိုမှုနှင့်ပတ်သက်ပြီး မနီနီနုနွယ်က အက်စစ်ဖြင့် ပက်ခဲ့ရာ မနန်းမေဇင်ဦး၏ ဝဲဘက် ဦးခေါင်းမှစကာ ခန္ဓာကိုယ် ဘယ်ဘက် တခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ထိုဖြစ်စဉ်ကြောင့် မျက်နှာတစ်ခြမ်းပျက်စီးခဲ့ကာ ဝဲဘက်မျက်လုံး ကွယ်ခဲ့ရပြီး ဘယ်ဘက်လက်မှာလည်း ကွေးဆန့်၍ ခက်ခဲ့နေသည့် အခြေအအနေဖြစ်နေသည်ဟု သိရသည်။

ရရှိခဲ့သည့် ဒဏ်ရာများကို ဒေါ်မိုးမိုးက ပြုစုပေးခဲ့ကြောင်း၊ မနန်းမေဇင်ဦး၏ ဖခင်ဖြစ်သူ ရောက်လာချိန်တွင် ဆေးကုသပေးမည်ဖြစ်သဖြင့် အမှုမဖွင့်ရန် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ပြီး လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း၊ မနန်းမေဇင်ဦး၏ ဖခင်ဖြစ်သူကို ကျပ်တသိန်းတစ်ကြိမ်၊ သုံးလခန့်အကြာတွင် ကျပ်နှစ်သိန်း တစ်ကြိမ်ပေးခဲ့ကြောင်း သိရသည်။

ဒဏ်ရာများကြောင့် အခန်းတခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး ဒဏ်ရာများသက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်စေဘဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့ကာ ဆယ်နှစ်တာ အလုပ်လုပ်ခဲ့သည့် လုပ်အားခများလည်း ပေးခြင်းမရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထိုသို့ နေထိုင်စဉ် မနန်းမေဇင်ဦးသည် အမှိုက်ပုံးသွန်ရာ မနိုင်မနင်းဖြင့် မှောက်ကျခဲ့သဖြင့် မနီနီနုနွယ်က နံရံနှင့် တွန်းကန် ဆောင့်လှဲခြင်း၊ ဝက်စာပုံးထဲသို့ မျက်နှာအပ်ပြီး ဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ယခုနှစ်ဖေဖော်ဝါရီလက အိမ်ရှင်များ အလစ်တွင် နေအိမ်မှထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ရခြင်းဟု သိရသည်။

တရား လွှတ်တော်ရှေ့နေကြီး ဦးမိုးဟိန်း က “ကာယကံရှင်က တိုင်ကြားအမှုဖွင့်လှစ်ခြင်းမရှိခဲ့ဘူးဆိုရင်တောင် ဆေးစာအရ ပေါ်ပေါက်တဲ့ ဒဏ်ရာဒဏ်ချက်တွေကို ထည့်သွင်းပြီး ထွက်ဆိုရမှာဖြစ်ပါတယ်၊ အမှုတွဲမှာ အချုပ်အနှောင် ခံရတယ်ဆိုတဲ့ အထောက် အထားတွေ၊ ဒဏ်ရာတွေရရှိခဲ့ တယ်ဆိုတဲ့ဆေးစာတွေအပြင် ကာယကံရှင်မိန်းကလေးရဲ့ထွက်ဆိုချက်တွေကို တရားစွဲအဖွဲ့အစည်းက ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “မျက်လုံးတဖက်ကွယ်တဲ့အပြင် မျက်မြင်ဒဏ်ရာတွေလည်း ရှိနေတဲ့အပြင် ကာယကံရှင် ကိုယ်တိုင်ရဲ့ ထွက်ဆို စွပ်စွဲချက်တွေလည်း ရှိနေပြီဆိုတော့ သက်ဆိုင်ရာ ဥပဒေတွေနဲ့ပါ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်၊ အဲဒီအပေါ်မှာတော့ တရားစွဲအဖွဲ့အစည်း အနေနဲ့ ထည့်သွင်းသုံးသပ်သင့်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ပြောသည်။

အိမ်အကူ မနန်းမေဇင်ဦး အား မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်းပျက်စီးသည်အထိ အက်စစ်ဖြင့် ပက်ခြင်း၊ ရှစ် နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းများကို ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီး နှစ်ဦးဖြစ်သည့် မနီနီနုနွယ်နှင့် ဒေါ်မိုးမိုးအား အောင်ပင်လယ် ရဲစခန်းတွင် (ပ) ၁၀၁/၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်၍ အမှုဖွင့်ဖမ်းဆီး အရေးယူခဲ့ပြီး မတ်လ (၃၀) ရက်ကခရိုင် တရားရုံး၌ တရားစွဲတင်ခဲ့ခြင်းဟု သိရသည်။

စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်း နှိပ်စက်ခံရမှုများကြောင့် မနန်းမေဇင်ဦးသည် စိတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေရာ ကျန်းမာ ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ပြောသည်။

ယင်းသို့ အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှုကျုးလွန်လျှင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တသက် တကျွန်းအထိ ကျခံရနိုင်သလို လူကုန်ကူးမှုနှင့်အတူ ကြီးလေးသော ပြစ်မှုများကိုပါ ထပ်ဆင့်ကျူး လွန်လျှင် အမြင့်ဆုံး သေဒဏ်အထိ ကျခံရနိုင်ကြောင်းနှင့် အလားတူ အမျိုးသားများကိုလည်း လူကုန်ကူးမှု ကျုးလွန်လျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ကျခံစေရန် သတ်မှတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ဤကဲ့သို့ အိမ်အကူအား နှိပ်စက်မှုမျိုး လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့ အင်းဝ အပ်ချုပ်ဆိုင် မိသားစုမှ နေ၍ အိမ်အကူမိန်းကလေး ၂ဦးအား နှိပ်စက်သည့်အတွက် မိသားစုဝင်ဖြစ်သည့် ဒေါ်တင်သူဇာအား ထောင်ဒဏ် ၁၆ နှစ် ၁လ၊ ကိုရာဇာထွန်းအား ပထောင်ဒဏ် ၁၃ နှစ် ၁ လ၊ မစုမွန်လတ်အား ထောင်ဒဏ် ၁၆ နှစ် ၁ လနှင့် ကိုတင်မင်း လတ်အား ထောင်ဒဏ် ၉ နှစ် ၁လ အသီးသီး ထောင်ဒဏ်များချမှတ်ခြင်းခံခဲ့ရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top