ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကေလးသ႐ုပ္ေဆာင္အေနနဲ႕ ပရိသတ္ေတြ အားေပးမႈရရွိလာခဲ့တဲ့ အိစိေကြးက “အဆိပ္ရွိလူရိုင္း” ႐ုပ္ရွင္ကားမွာေတာ့ စိတၱဇတေယာက္အေနနဲ႕ သ႐ုပ္ေဆာင္ထားသလို ဒီကာရိုက္တာအတြက္ အမ်ားႀကီးႀကိဳးစား ထားၿပီး သူ႕အေနနဲ႕ ရလာဒ္ေကာင္းေတြ ျပန္ရမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ဆိုပါတယ္။

“အဆိပ္ရွိလူရိုင္းကားထဲမွာ က်ေနာ္က မိဘေတြ အုပ္ထိန္းမႈမေကာင္းလို႔ မိဘေတြက ကိုယ့္သားသမီးေတြကို ၫႊန္ျပေပးတာမေကာင္းလို႔ စိတၱဇျဖစ္သြားတဲ့ ပုံစံမ်ိဳးေလးပါဗ်။ က်ေနာ့္ ကာရိုက္တာကို အားရပါတယ္။ က်ေနာ္အတြက္ ပထမဆုံးကာရိုက္တာမလို႔ မွန္ၾကည့္ၿပီးေလ့က်င့္ခဲ့တယ္။ ေက်နပ္ပါတယ္။ အမ်ားႀကီးႀကိဳးစား ထားတာနဲ႕ တန္ေအာင္ရလဒ္ေကာင္းေတြ ျပန္ရမယ္လို႔လဲ ေမွ်ာ္လင့္ထားပါတယ္”

“က်ေနာ္ကို ဒီကားရိုက္ဖို႔လာကမ္းလွမ္းကတည္းက ကာရိုက္တာအတြက္ ျပင္ဆင္ထားသလို ရိုက္ကြင္းေရာက္ေတာ့လည္း ဒါရိုက္တာ ကိုစတီးလ္က သင္ၾကားေပးပါတယ္။ ဇာတ္ကားထဲမွာ အမွတ္တရက ဦးဇင္ဝိုင္း ပါးရိုက္တာ တကယ္ရိုက္ လိုက္တာပါ။ သားတဲ့တကယ္ရိုက္လိုက္မယ္ေနာ္တဲ့ က်ေနာ္ကလည္း ရိုက္ပါလို႔ေျပာေတာ့ ရိုက္လည္းရိုက္ေရာ တကယ္ကို ရိုက္လိုက္တာ ျပာတက္သြားတာပဲ”လို႔ အိစိေကြးက ဆိုပါတယ္။

အိစိေကြးပါဝင္ထားတဲ့ အဆိပ္ရွိလူရိုင္း ႐ုပ္ရွင္ဇာတ္ကားကို မၾကာခင္႐ုံတင္ျပသေတာ့မွာ ျဖစ္ၿပီး ဒီဇာတ္ကားက မိဘမ်ားသားသမီးမ်ားကို ငယ္စဥ္က ဆုံးမလမ္းၫႊန္မႈျပဳလုပ္ဖို႔ ေကာင္းေကာင္းလိုတဲ့အေၾကာင္းကို ရိုက္ျပထားတာျဖစ္တယ္လို႔ ဆိုပါတယ္။

“ငယ္႐ြယ္ခ်ိန္မွာ မိဘရဲ႕ လမ္းၫႊန္မႈေတြ သြန္သင္မႈေတြ အမ်ားႀကီးလိုအပ္ပါတယ္။ ငယ္ဘဝမွာ မိဘေတြက ေကာင္းေကာင္း သင္ၾကာေပးခဲ့ရင္ အသက္ႀကီးလာေတာ့ လူေတာ္လူေကာင္းတေယာက္ျဖစ္ လာတယ္ေပါ့။ စိတ္ခံစားခ်က္ေတြနဲ႕ ဆိုင္မွာေပါ့”

“ငယ္စဥ္မွာ မိဘေတြ ကြဲကြာသြားတာေၾကာင့္ စိတ္ခံစားခ်က္ရတာရွိသလို မိဘေတြ ကြယ္လြန္သြားတာေၾကာင့္လည္း စိတ္ခံစားခ်က္ရတာရွိတယ္။ ဒါမ်ိဳးကို ဒီအဆိပ္ရွိလူရိုင္းကားထဲမွာ ျပထားတာေၾကာင့္ ပရိသတ္ေတြၾကည့္သင့္ပါတယ္” လို႔ေျပာပါတယ္။

အိစိေကြးပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အဆိပ္ရွိလူရိုင္းဇာတ္ကားကိုေတာ့ ဒါရိုက္တာ ေဒြးေမတၱာ(စတီးလ္)က ရိုက္ကူးပုံေဖာ္ ထားၿပီး နိုင္းနိုင္း၊ ခါရာ၊ ေ႐ႊသမီး၊ အိစိေကြးနဲ႕ သ႐ုပ္ေဆာင္ေပါင္းမ်ားစြာကပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy


#Unicode Version#

ကလေးသရုပ်ဆောင်အနေနဲ့ ပရိသတ်တွေ အားပေးမှုရရှိလာခဲ့တဲ့ အိစိကွေးက “အဆိပ်ရှိလူရိုင်း” ရုပ်ရှင်ကားမှာတော့ စိတ္တဇတယောက်အနေနဲ့ သရုပ်ဆောင်ထားသလို ဒီကာရိုက်တာအတွက် အများကြီးကြိုးစား ထားပြီး သူ့အနေနဲ့ ရလာဒ်ကောင်းတွေ ပြန်ရမယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။

“အဆိပ်ရှိလူရိုင်းကားထဲမှာ ကျနော်က မိဘတွေ အုပ်ထိန်းမှုမကောင်းလို့ မိဘတွေက ကိုယ့်သားသမီးတွေကို ညွှန်ပြပေးတာမကောင်းလို့ စိတ္တဇဖြစ်သွားတဲ့ ပုံစံမျိုးလေးပါဗျ။ ကျနော့် ကာရိုက်တာကို အားရပါတယ်။ ကျနော်အတွက် ပထမဆုံးကာရိုက်တာမလို့ မှန်ကြည့်ပြီးလေ့ကျင့်ခဲ့တယ်။ ကျေနပ်ပါတယ်။ အများကြီးကြိုးစား ထားတာနဲ့ တန်အောင်ရလဒ်ကောင်းတွေ ပြန်ရမယ်လို့လဲ မျှော်လင့်ထားပါတယ်”

“ကျနော်ကို ဒီကားရိုက်ဖို့လာကမ်းလှမ်းကတည်းက ကာရိုက်တာအတွက် ပြင်ဆင်ထားသလို ရိုက်ကွင်းရောက်တော့လည်း ဒါရိုက်တာ ကိုစတီးလ်က သင်ကြားပေးပါတယ်။ ဇာတ်ကားထဲမှာ အမှတ်တရက ဦးဇင်ဝိုင်း ပါးရိုက်တာ တကယ်ရိုက် လိုက်တာပါ။ သားတဲ့တကယ်ရိုက်လိုက်မယ်နော်တဲ့ ကျနော်ကလည်း ရိုက်ပါလို့ပြောတော့ ရိုက်လည်းရိုက်ရော တကယ်ကို ရိုက်လိုက်တာ ပြာတက်သွားတာပဲ”လို့ အိစိကွေးက ဆိုပါတယ်။

အိစိကွေးပါဝင်ထားတဲ့ အဆိပ်ရှိလူရိုင်း ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပြီး ဒီဇာတ်ကားက မိဘများသားသမီးများကို ငယ်စဉ်က ဆုံးမလမ်းညွှန်မှုပြုလုပ်ဖို့ ကောင်းကောင်းလိုတဲ့အကြောင်းကို ရိုက်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“ငယ်ရွယ်ချိန်မှာ မိဘရဲ့ လမ်းညွှန်မှုတွေ သွန်သင်မှုတွေ အများကြီးလိုအပ်ပါတယ်။ ငယ်ဘဝမှာ မိဘတွေက ကောင်းကောင်း သင်ကြာပေးခဲ့ရင် အသက်ကြီးလာတော့ လူတော်လူကောင်းတယောက်ဖြစ် လာတယ်ပေါ့။ စိတ်ခံစားချက်တွေနဲ့ ဆိုင်မှာပေါ့”

“ငယ်စဉ်မှာ မိဘတွေ ကွဲကွာသွားတာကြောင့် စိတ်ခံစားချက်ရတာရှိသလို မိဘတွေ ကွယ်လွန်သွားတာကြောင့်လည်း စိတ်ခံစားချက်ရတာရှိတယ်။ ဒါမျိုးကို ဒီအဆိပ်ရှိလူရိုင်းကားထဲမှာ ပြထားတာကြောင့် ပရိသတ်တွေကြည့်သင့်ပါတယ်” လို့ပြောပါတယ်။

အိစိကွေးပါဝင်သရုပ်ဆောင်ထားတဲ့ အဆိပ်ရှိလူရိုင်းဇာတ်ကားကိုတော့ ဒါရိုက်တာ ဒွေးမေတ္တာ(စတီးလ်)က ရိုက်ကူးပုံဖော် ထားပြီး နိုင်းနိုင်း၊ ခါရာ၊ ရွှေသမီး၊ အိစိကွေးနဲ့ သရုပ်ဆောင်ပေါင်းများစွာကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top