ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေအာင္ျမင္တဲ့ သူေတြဟာ သူတို႔ကိုယ္သူတို႔ ဘယ္သူလဲ ဆိုတာ ေကာင္းေကာင္း သိတယ္ သူတို႔ရဲ႕ အားသာခ်က္ေတြကို ေကာင္းေကာင္း သိၿပီး အသံုးခ်တတ္တယ္။ သူတို႔မွာ တိုးတက္ေအာင္လုပ္ဖို႔ လိုေနေသးတဲ့ အစိတ္အပိုင္း ေတြကို လည္း သိတယ္။

လူတိုင္း လူတိုင္းမွာ အားသာခ်က္ေတြ ရွိသလို တိုးတက္ေအာင္ လုပ္ရမယ့္ အစိတ္အပိုင္းေတြ ရွိတယ္။ ဒါေတြကို ကိုယ္တိုင္ ရွာေဖြ ေဖၚထုတ္ရမယ္ အဲ့ အတြက္ အခ်ိန္ တစ္နာရီေလာက္ ေပးၿပီး စတင္ စဥ္းစားၾကည့္ရေအာင္

အခု …..

ေဘာပင္ မွင္ အျပာေရာင္ ရယ္ မွင္ အနီေရာင္ရယ္ စာရြက္ အလြတ္ တစ္ရြက္ ရယ္ ယူလိုက္ပါ

၁) သင့္မွာ ရွိတဲ့ အားသာခ်က္ေတြ ကို နံပါတ္စဥ္ တပ္ျပီး ေရးခ် ၾကည့္ပါ။ ေရးတဲ့ အခါ ႐ိုးသားပါ။ တကယ္ ရွိတာကို ေရးပါ။ ေဘာပင္ မွင္ အျပာေရာင္ ကို သံုးပါ။ ၿပီးရင္ အဲ့ဒီ အားသာခ်က္ တစ္ခုခ်င္း ေဘးမွာ ဘယ္အခ်က္ေတြ ကို အသံုးခ်ေနၿပီလဲ ဆိုတာကို မွင္ အနီ နဲ႕ ေရးခ်ပါ။ မသံုးရေသးတဲ့ အားသာခ်က္ေတြကို ဘယ္ေနရာ မွာ သံုးႏိုင္မယ္ဆိုတာ အနီ နဲ႕ ေရးခ်ပါ။

၂) အခု……..
စာရြက္ ေနာက္တရြက္မွာ သင့္အတြက္ တိုးတက္ဖို႔ လိုအပ္ေနတဲ့ အရာေတြ ကို ေရးခ်ပါ။ မွင္ အျပာေရာင္ ကိုပဲ သံုးပါ။ ၿပီးရင္ အခ်က္ တစ္ခုခ်င္းေဘးမွာ ခ်က္ခ်င္း လုပ္ရမယ့္ အေရးႀကီးတဲ့ အခ်က္ေတြကို အေရးႀကီးမႈ အေပၚ မူတည္ၿပီး နံပါတ္ ၁ ကေန စၿပီး အစဥ္လိုက္ တပ္သြားပါ။

ၿပီးရင္ အေရးအႀကီး ဆံုး လို႔ သင္ထင္မယ့္ အရာေတြ ေဘးမွာ ဘယ္ေတာ့ စလုပ္မယ္ ဘယ္လို လုပ္မယ္ဆိုတာ ဆက္စဥ္းစားၿပီး ေရးခ်ပါ။

၃) ကိုယ္ ့ကိုယ္ကို လုပ္ျဖစ္ေအာင္ လုပ္မယ္လို႔ ကတိေပးပါ။

၄) အခုပဲ စလုပ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MotherFoodStuffMyanmar


#Unicode Version#

အောင်မြင်တဲ့ သူတွေဟာ သူတို့ကိုယ်သူတို့ ဘယ်သူလဲ ဆိုတာ ကောင်းကောင်း သိတယ် သူတို့ရဲ့ အားသာချက်တွေကို ကောင်းကောင်း သိပြီး အသုံးချတတ်တယ်။ သူတို့မှာ တိုးတက်အောင်လုပ်ဖို့ လိုနေသေးတဲ့ အစိတ်အပိုင်း တွေကို လည်း သိတယ်။

လူတိုင်း လူတိုင်းမှာ အားသာချက်တွေ ရှိသလို တိုးတက်အောင် လုပ်ရမယ့် အစိတ်အပိုင်းတွေ ရှိတယ်။ ဒါတွေကို ကိုယ်တိုင် ရှာဖွေ ဖေါ်ထုတ်ရမယ် အဲ့ အတွက် အချိန် တစ်နာရီလောက် ပေးပြီး စတင် စဉ်းစားကြည့်ရအောင်

အခု …..

ဘောပင် မှင် အပြာရောင် ရယ် မှင် အနီရောင်ရယ် စာရွက် အလွတ် တစ်ရွက် ရယ် ယူလိုက်ပါ

၁) သင့်မှာ ရှိတဲ့ အားသာချက်တွေ ကို နံပါတ်စဉ် တပ်ပြီး ရေးချ ကြည့်ပါ။ ရေးတဲ့ အခါ ရိုးသားပါ။ တကယ် ရှိတာကို ရေးပါ။ ဘောပင် မှင် အပြာရောင် ကို သုံးပါ။ ပြီးရင် အဲ့ဒီ အားသာချက် တစ်ခုချင်း ဘေးမှာ ဘယ်အချက်တွေ ကို အသုံးချနေပြီလဲ ဆိုတာကို မှင် အနီ နဲ့ ရေးချပါ။ မသုံးရသေးတဲ့ အားသာချက်တွေကို ဘယ်နေရာ မှာ သုံးနိုင်မယ်ဆိုတာ အနီ နဲ့ ရေးချပါ။

၂) အခု……..
စာရွက် နောက်တရွက်မှာ သင့်အတွက် တိုးတက်ဖို့ လိုအပ်နေတဲ့ အရာတွေ ကို ရေးချပါ။ မှင် အပြာရောင် ကိုပဲ သုံးပါ။ ပြီးရင် အချက် တစ်ခုချင်းဘေးမှာ ချက်ချင်း လုပ်ရမယ့် အရေးကြီးတဲ့ အချက်တွေကို အရေးကြီးမှု အပေါ် မူတည်ပြီး နံပါတ် ၁ ကနေ စပြီး အစဉ်လိုက် တပ်သွားပါ။

ပြီးရင် အရေးအကြီး ဆုံး လို့ သင်ထင်မယ့် အရာတွေ ဘေးမှာ ဘယ်တော့ စလုပ်မယ် ဘယ်လို လုပ်မယ်ဆိုတာ ဆက်စဉ်းစားပြီး ရေးချပါ။

၃) ကိုယ့်ကိုယ်ကို လုပ်ဖြစ်အောင် လုပ်မယ်လို့ ကတိပေးပါ။

၄) အခုပဲ စလုပ်ပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top