ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဗီယက္နမ္အသင္းသည္ ယခုႏွစ္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၏ ဆူဇူကီးဖလားၿပိဳင္ပြဲတြင္ အေကာင္းဆုံး အသင္းတသင္း ျဖစ္လ်က္ရွိသည္။ ေ႐ႊနဂါးမ်ား (ဗီယက္နမ္) အေနျဖင့္ အႀကိဳဗိုလ္လုပြဲ (ဆီမီးဖိုင္နယ္) တက္ရန္ ေသခ်ာေနၿပီျဖစ္ၿပီး ရမွတ္ ၅ မွတ္ ရရွိထားသည္။ သို႔ေသာ္လည္း သူတို႔သည္ ျမန္မာအသင္းႏွင့္ အလားတူ စြာပင္ ခက္ခဲသည့္ စိန္ေခၚမႈတခုႏွင့္ ရင္ဆိုင္ရမည္ျဖစ္ၿပီး အုပ္စု (က) ၏ ထိပ္တန္းတြင္ ရပ္တည္ေနေသာ ၿပိဳင္ဘက္မ်ားလည္း ျဖစ္ၾကသည္။

သို႔ေသာ္ ျမန္မာအသင္း အေနျဖင့္ ၿပိဳင္ဘက္ကို ေက်ာ္လႊားႏိုင္သည့္ ပိုေကာင္းေသာ အသင္းတသင္း ျဖစ္လာေစရန္ မည္သို႔ ႀကိဳးစားႏိုင္မည္နည္း။

ဗီယက္နမ္အသင္းသည္ ယခုပြဲစဥ္မ်ားတြင္ လာအို၊ မေလးရွား အသင္းတို႔ႏွင့္ ကန္ခဲ့ၿပီး ႏွစ္သင္းလုံးကို အလြယ္တကူ ႏိုင္ခဲ့သည္။ လာအိုအသင္းကို ၃ ဂိုး – ဂိုးမရွိျဖင့္ ႏိုင္ခဲ့သည့္အျပင္ မေလးရွားကိုလည္း ၂ ဂိုး-ဂိုးမရွိျဖင့္ပင္ ႏွစ္ပြဲစလုံး ေနာက္တန္းခံစစ္လုံေအာင္ ကစားခဲ့ရာ ဗီယက္နမ္တို႔က ဒုတိယအဆင့္အတြက္ အလွမ္းသာခဲ့သည္။

အဓိက ကစားသမားမ်ား

၂၀၁၈ ခုႏွစ္၊ AFF ဆူဇူကီးဖလားၿပိဳင္ပြဲအတြင္း ေအာင္သူသည္ ျမန္မာအသင္းကို ဦးေဆာင္ ကစားခဲ့သူအျဖစ္ ထင္ေပၚခဲ့ၿပီး ယခုအခ်ိန္အထိ နံပါတ္ ၁၀ တြင္ ေစာင့္ၾကည့္ခံရသူ ျဖစ္သည္။ လာအိုႏွင့္ ကစားသည့္ပြဲစဥ္တြင္ သူသည္ ျမန္မာအသင္း၏ ကစားကြက္ကို ထိန္းညႇိေပးခဲ့ၿပီး အဆိုပါ ညပြဲစဥ္တေလွ်ာက္လုံး ေျခစြမ္းျပခဲ့သည္။ သို႔ေသာ္ ေအာင္သူႏွင့္ တညီတည္း အေရးပါသူမ်ားမွာ ကြင္းလယ္ ဖန္တီးရွင္ လႈိင္းဘိုဘိုႏွင့္ ေနာက္တန္း ခံစစ္မႉး သိန္းသန္းဝင္းတို႔ ျဖစ္ၾကသည္။

ဗီယက္နမ္အသင္းအတြက္ ငုယင္ေကာင္ဖူယြန္ႏွင့္ ငုယင္အာ့ခ်္ဒက္တို႔က ႏွစ္ဂိုးစီသြင္းထားၿပီး ယခုအခ်ိန္အထိ ေျခစြမ္းျပထားသူမ်ား ျဖစ္သည္။ ထို႔အျပင္ သူတို႔ႏွစ္ဦးသည္ ကစားကြက္ အခ်ိတ္ အဆက္မိမိျဖင့္ အေ႐ႊ႕အေျပာင္း ကြၽမ္းသူမ်ားျဖစ္ေၾကာင္း မေလးရွားကို ႏွစ္ဂိုး – ဂိုးမရွိျဖင့္ ႏိုင္ခဲ့သည့္ပြဲတြင္ ေတြ႕ရသည္။ ခံစစ္လုံသည့္ ဗီယက္နမ္ ေနာက္တန္းကိုလည္း ခ်ီးက်ဴးရမည္ျဖစ္ၿပီး ပြဲစဥ္မ်ားတြင္ ေျခမွားသည္ဟူ၍ မရွိေသးေပ။

စားကြက္ပုံစံ

ျမန္မာအသင္းသည္ ၄-၅-၁ ျဖင့္ ကစားခဲ့ၿပီး တိုက္စစ္ဆင္ေနစဥ္အတြင္း ၄-၃-၃ သို႔ လ်င္ျမန္စြာ ေျပာင္းလဲ ႏိုင္ခဲ့သည္။ သို႔ေသာ္ ၄-၅-၁ မွာ ပြဲခ်ိန္မိနစ္ ၉၀ တေလွ်ာက္လုံး အသင္း၏ ခံစစ္ကို ထိန္းထားႏိုင္ေသာ ထင္ရွားသည့္ လကၡဏာျဖစ္ၿပီး ၿပိဳင္ဘက္ အသင္းကို ေဘာလုံးပိုင္ဆိုင္ဖို႔ အခ်ိန္မေပးခဲ့ေပ။

၎တို႔၏ ကစားကြက္အမ်ားစုမွာ ကြင္းလယ္ဖန္တီးရွင္ လႈိင္ဘိုဘို၏ ပခုံးေပၚသို႔ လုံးလုံးလ်ားလ်ား တာဝန္ က်ေရာက္လ်က္ ရွိသည္။ လႈိင္းဘိုဘို အေနျဖင့္ ယခုအခ်ိန္အထိ သူ႔တာဝန္သူ ေက်ပြန္ေနဆဲျဖစ္သည္။

ျမန္မာအသင္းႏွင့္ျခားနားစြာပင္ ဗီယက္နမ္အသင္းသည္ ေနာက္ခံလူ ၃ ေယာက္ျဖင့္ အၿမဲကစားေလ့ရွိသည္။ သို႔ေသာ္ ပြဲစဥ္အဖြင့္ ေရွ႕ပိုင္းပြဲမ်ား ကစားရာတြင္ ၄-၂-၃-၁ ျဖင့္ ဘက္ညီစြာ ကစားတတ္သည္။ မည္သို႔ပင္ဆိုေစ ဗီယက္နမ္အသင္းသည္ သူတို႔ေနာက္ဆုံး ကစားခဲ့သည့္ ပြဲစဥ္အတြက္ ၅-၄-၁ ျဖင့္ ေကာင္းစြာ ကစားႏိုင္ခဲ့သည္။

တိုက္စစ္ဆင္ေနစဥ္ အတြင္း ဗီယက္နမ္သည္ ၅-၄-၁ မွ ၃-၄-၃ သို႔ ေျပာင္းၿပီး ေတာင္ပံခံစစ္ႏွင့္ ကြင္းလယ္တြန္းအား တို႔ကို သုံးတတ္သည္။ သို႔ေသာ္ ၎တို႔သည္ ခံစစ္ပုံစံ မည္သို႔ထိန္းရမည္ကိုသိၿပီး အရႈံးေပးရမည့္ ေဘာလုံးျဖစ္ေစကာမူ အေသအလဲ ခုခံဖ်က္ထုတ္ တတ္သည္။

ျမန္မာအသင္းသည္ ေဘာလုံးကို ထိန္းထားႏိုင္မည့္ဟန္ရွိသည့္ အသင္းတသင္းျဖစ္သည္။ ကန္ခဲ့ၿပီးသည့္ ႏွစ္ပြဲစလုံးတြင္ ေကာင္းစြာ ကစားႏိုင္ခဲ့ၿပီး အာရွျခေသၤ့မ်ားက ေဘာလုံးပိုင္ဆိုင္မႈ ၆၀ ရာခိုင္ႏႈန္းေက်ာ္ ရွိခဲ့ၿပီျဖစ္သည္။ ကံမေကာင္း အေၾကာင္းမလွလွ်င္ ၿပိဳင္ဘက္ဗီယက္နမ္က ေဘာလုံးပိုင္ဆိုင္မႈ မဆိုသေလာက္ျဖင့္ ညီတူမွ်တူ ေျခစြမ္းျပႏိုင္သည္။

ဗီယက္နမ္အသင္းသည္ ၎၏ ကစားခဲ့ေသာ ေနာက္ဆုံးပြဲစဥ္တြင္ မေလးရွားအသင္းကို ဖိကစားႏိုင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၃၁ ရာခိုင္ႏႈန္းသာ ရွိေသာ္လည္း ၂ ဂိုး-ဂိုးမရွိျဖင့္ မေလးရွားကို ဂိုးျပတ္ အႏိုင္ရခဲ့သည္။ ပြဲအစအဆုံး ကစားပြဲကို ထိန္းႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္အသင္းကို ကစားကြက္ တည္မရေအာင္ ပိတ္ထားခဲ့သည္။ ထို႔အျပင္ ဗီယက္နမ္အသင္း၏ စိတ္ဓာတ္ႏွင့္ တည္ေဆာက္ပုံ က်စ္လ်စ္ျခင္းက တဖက္အသင္း ဂိုးမသြင္း ႏိုင္ေအာင္ ဟန႔္တားႏိုင္ခဲ့ၿပီး သူ႔အသင္းသာ ဂိုးရခဲ့သည္။

က်စ္လစ္ေတာင့္တင္းလွသည့္ ဗီယက္နမ္ အသင္း၏ခံစစ္ တံတိုင္းကို ထိုးေဖာက္ရန္ ျမန္မာအသင္းအေနျဖင့္ ေရကုန္ေရခမ္း ႀကိဳးပမ္းရဦးမည္ ျဖစ္သည္။

ျမန္မာအသင္းအတြက္ ကစားကြက္ ဖန္တီးသူမ်ားျဖစ္သည့္ တိုက္စစ္မႉး ေအာင္သူႏွင့္ မိုးေအာင္လြင္တို႔ ေနာက္တြင္ ေနာက္ထပ္ပံ့ပိုးမႈ လိုသည္။ ၎တို႔ႏွစ္ဦး ဗီယက္နမ္ ေနာက္တန္းခံစစ္သို႔ ထိုးေဖာက္ကစား၍ ေနရာယူႏိုင္ရန္အတြက္ ျမန္မာ ေနာက္တန္းမွလည္း ခံစစ္လုံဖို႔ အထူးလိုသည္။

ျမန္မာအသင္းအဖို႔ ကြင္းလယ္ကစားသမားက ပိတ္ေပးျခင္းျဖင့္ တန္ျပန္ ထိုးစစ္ဒဏ္ကို ခံႏိုင္ရည္ရွိလွ်င္ ၄-၅-၁ ကစားကြက္မွာလည္း အက်ိဳးျဖစ္ထြန္းႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ဗီယက်နမ်အသင်းသည် ယခုနှစ် အာရှဘောလုံးအဖွဲ့ချုပ်၏ ဆူဇူကီးဖလားပြိုင်ပွဲတွင် အကောင်းဆုံး အသင်းတသင်း ဖြစ်လျက်ရှိသည်။ ရွှေနဂါးများ (ဗီယက်နမ်) အနေဖြင့် အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) တက်ရန် သေချာနေပြီဖြစ်ပြီး ရမှတ် ၅ မှတ် ရရှိထားသည်။ သို့သော်လည်း သူတို့သည် မြန်မာအသင်းနှင့် အလားတူ စွာပင် ခက်ခဲသည့် စိန်ခေါ်မှုတခုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အုပ်စု (က) ၏ ထိပ်တန်းတွင် ရပ်တည်နေသော ပြိုင်ဘက်များလည်း ဖြစ်ကြသည်။

သို့သော် မြန်မာအသင်း အနေဖြင့် ပြိုင်ဘက်ကို ကျော်လွှားနိုင်သည့် ပိုကောင်းသော အသင်းတသင်း ဖြစ်လာစေရန် မည်သို့ ကြိုးစားနိုင်မည်နည်း။

ဗီယက်နမ်အသင်းသည် ယခုပွဲစဉ်များတွင် လာအို၊ မလေးရှား အသင်းတို့နှင့် ကန်ခဲ့ပြီး နှစ်သင်းလုံးကို အလွယ်တကူ နိုင်ခဲ့သည်။ လာအိုအသင်းကို ၃ ဂိုး – ဂိုးမရှိဖြင့် နိုင်ခဲ့သည့်အပြင် မလေးရှားကိုလည်း ၂ ဂိုး-ဂိုးမရှိဖြင့်ပင် နှစ်ပွဲစလုံး နောက်တန်းခံစစ်လုံအောင် ကစားခဲ့ရာ ဗီယက်နမ်တို့က ဒုတိယအဆင့်အတွက် အလှမ်းသာခဲ့သည်။

အဓိက ကစားသမားများ

၂၀၁၈ ခုနှစ်၊ AFF ဆူဇူကီးဖလားပြိုင်ပွဲအတွင်း အောင်သူသည် မြန်မာအသင်းကို ဦးဆောင် ကစားခဲ့သူအဖြစ် ထင်ပေါ်ခဲ့ပြီး ယခုအချိန်အထိ နံပါတ် ၁၀ တွင် စောင့်ကြည့်ခံရသူ ဖြစ်သည်။ လာအိုနှင့် ကစားသည့်ပွဲစဉ်တွင် သူသည် မြန်မာအသင်း၏ ကစားကွက်ကို ထိန်းညှိပေးခဲ့ပြီး အဆိုပါ ညပွဲစဉ်တလျှောက်လုံး ခြေစွမ်းပြခဲ့သည်။ သို့သော် အောင်သူနှင့် တညီတည်း အရေးပါသူများမှာ ကွင်းလယ် ဖန်တီးရှင် လှိုင်းဘိုဘိုနှင့် နောက်တန်း ခံစစ်မှူး သိန်းသန်းဝင်းတို့ ဖြစ်ကြသည်။

ဗီယက်နမ်အသင်းအတွက် ငုယင်ကောင်ဖူယွန်နှင့် ငုယင်အာ့ချ်ဒက်တို့က နှစ်ဂိုးစီသွင်းထားပြီး ယခုအချိန်အထိ ခြေစွမ်းပြထားသူများ ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ဦးသည် ကစားကွက် အချိတ် အဆက်မိမိဖြင့် အရွှေ့အပြောင်း ကျွမ်းသူများဖြစ်ကြောင်း မလေးရှားကို နှစ်ဂိုး – ဂိုးမရှိဖြင့် နိုင်ခဲ့သည့်ပွဲတွင် တွေ့ရသည်။ ခံစစ်လုံသည့် ဗီယက်နမ် နောက်တန်းကိုလည်း ချီးကျူးရမည်ဖြစ်ပြီး ပွဲစဉ်များတွင် ခြေမှားသည်ဟူ၍ မရှိသေးပေ။

စားကွက်ပုံစံ

မြန်မာအသင်းသည် ၄-၅-၁ ဖြင့် ကစားခဲ့ပြီး တိုက်စစ်ဆင်နေစဉ်အတွင်း ၄-၃-၃ သို့ လျင်မြန်စွာ ပြောင်းလဲ နိုင်ခဲ့သည်။ သို့သော် ၄-၅-၁ မှာ ပွဲချိန်မိနစ် ၉၀ တလျှောက်လုံး အသင်း၏ ခံစစ်ကို ထိန်းထားနိုင်သော ထင်ရှားသည့် လက္ခဏာဖြစ်ပြီး ပြိုင်ဘက် အသင်းကို ဘောလုံးပိုင်ဆိုင်ဖို့ အချိန်မပေးခဲ့ပေ။

၎င်းတို့၏ ကစားကွက်အများစုမှာ ကွင်းလယ်ဖန်တီးရှင် လှိုင်ဘိုဘို၏ ပခုံးပေါ်သို့ လုံးလုံးလျားလျား တာဝန် ကျရောက်လျက် ရှိသည်။ လှိုင်းဘိုဘို အနေဖြင့် ယခုအချိန်အထိ သူ့တာဝန်သူ ကျေပွန်နေဆဲဖြစ်သည်။

မြန်မာအသင်းနှင့်ခြားနားစွာပင် ဗီယက်နမ်အသင်းသည် နောက်ခံလူ ၃ ယောက်ဖြင့် အမြဲကစားလေ့ရှိသည်။ သို့သော် ပွဲစဉ်အဖွင့် ရှေ့ပိုင်းပွဲများ ကစားရာတွင် ၄-၂-၃-၁ ဖြင့် ဘက်ညီစွာ ကစားတတ်သည်။ မည်သို့ပင်ဆိုစေ ဗီယက်နမ်အသင်းသည် သူတို့နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ်အတွက် ၅-၄-၁ ဖြင့် ကောင်းစွာ ကစားနိုင်ခဲ့သည်။

တိုက်စစ်ဆင်နေစဉ် အတွင်း ဗီယက်နမ်သည် ၅-၄-၁ မှ ၃-၄-၃ သို့ ပြောင်းပြီး တောင်ပံခံစစ်နှင့် ကွင်းလယ်တွန်းအား တို့ကို သုံးတတ်သည်။ သို့သော် ၎င်းတို့သည် ခံစစ်ပုံစံ မည်သို့ထိန်းရမည်ကိုသိပြီး အရှုံးပေးရမည့် ဘောလုံးဖြစ်စေကာမူ အသေအလဲ ခုခံဖျက်ထုတ် တတ်သည်။

မြန်မာအသင်းသည် ဘောလုံးကို ထိန်းထားနိုင်မည့်ဟန်ရှိသည့် အသင်းတသင်းဖြစ်သည်။ ကန်ခဲ့ပြီးသည့် နှစ်ပွဲစလုံးတွင် ကောင်းစွာ ကစားနိုင်ခဲ့ပြီး အာရှခြင်္သေ့များက ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီဖြစ်သည်။ ကံမကောင်း အကြောင်းမလှလျှင် ပြိုင်ဘက်ဗီယက်နမ်က ဘောလုံးပိုင်ဆိုင်မှု မဆိုသလောက်ဖြင့် ညီတူမျှတူ ခြေစွမ်းပြနိုင်သည်။

ဗီယက်နမ်အသင်းသည် ၎င်း၏ ကစားခဲ့သော နောက်ဆုံးပွဲစဉ်တွင် မလေးရှားအသင်းကို ဖိကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၁ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂ ဂိုး-ဂိုးမရှိဖြင့် မလေးရှားကို ဂိုးပြတ် အနိုင်ရခဲ့သည်။ ပွဲအစအဆုံး ကစားပွဲကို ထိန်းနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းကို ကစားကွက် တည်မရအောင် ပိတ်ထားခဲ့သည်။ ထို့အပြင် ဗီယက်နမ်အသင်း၏ စိတ်ဓာတ်နှင့် တည်ဆောက်ပုံ ကျစ်လျစ်ခြင်းက တဖက်အသင်း ဂိုးမသွင်း နိုင်အောင် ဟန့်တားနိုင်ခဲ့ပြီး သူ့အသင်းသာ ဂိုးရခဲ့သည်။

ကျစ်လစ်တောင့်တင်းလှသည့် ဗီယက်နမ် အသင်း၏ခံစစ် တံတိုင်းကို ထိုးဖောက်ရန် မြန်မာအသင်းအနေဖြင့် ရေကုန်ရေခမ်း ကြိုးပမ်းရဦးမည် ဖြစ်သည်။

မြန်မာအသင်းအတွက် ကစားကွက် ဖန်တီးသူများဖြစ်သည့် တိုက်စစ်မှူး အောင်သူနှင့် မိုးအောင်လွင်တို့ နောက်တွင် နောက်ထပ်ပံ့ပိုးမှု လိုသည်။ ၎င်းတို့နှစ်ဦး ဗီယက်နမ် နောက်တန်းခံစစ်သို့ ထိုးဖောက်ကစား၍ နေရာယူနိုင်ရန်အတွက် မြန်မာ နောက်တန်းမှလည်း ခံစစ်လုံဖို့ အထူးလိုသည်။

မြန်မာအသင်းအဖို့ ကွင်းလယ်ကစားသမားက ပိတ်ပေးခြင်းဖြင့် တန်ပြန် ထိုးစစ်ဒဏ်ကို ခံနိုင်ရည်ရှိလျှင် ၄-၅-၁ ကစားကွက်မှာလည်း အကျိုးဖြစ်ထွန်းနိုင်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top