ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ယေန႕ေခတ္မွာ လူတိုင္း ေန႕စဥ္ ထိေတြ႕ျဖစ္ေနတာက အီလက္ထေရာနစ္ ပစၥည္းေတြပါ။ ဖုန္း ခဏခဏ ပ်က္တာ၊ ကြန္ပ်ဴတာနဲ႕ ပတ္သက္တဲ့ ျပႆနာေတြ မၾကာခဏ ႀကဳံရျခင္းရဲ႕ အဓိက အေၾကာင္းအရင္းေတြက သင္သတိမထားဘဲ လုပ္မိေနတဲ့ အခ်က္ေတြေၾကာင့္ ျဖစ္ေနတတ္ပါတယ္။ အခုေဖာ္ျပေပးမယ့္ အမူအက်င့္ေတြကို သင္ မၾကာခဏ လုပ္ေလ့ရွိတယ္ဆိုရင္ သင့္အီလက္ထေရာနစ္ ပစၥည္းေတြ ထပ္ၿပီး ပ်က္ေနဦးမွာပါ။

(၁) ေရခ်ိဳးခန္းထဲ ဖုန္းယူသြားျခင္း

ဒါကေတာ့ လူတိုင္းနီးပါးကို လုပ္မိေနတဲ့ အေလ့အက်င့္ပါ။ တခ်ိဳ႕ေရခ်ိဳးခန္းေတြဟာ အိမ္သာပါ တခါတည္း တြဲထားတာ ျဖစ္လို႔ ပိုးမႊားေတြ အရမ္းကို ေပါပါတယ္။ အိမ္သာ သို႔မဟုတ္ ေရခ်ိဳးခန္းထဲကို ၅ မိနစ္ေလာက္ ဖုန္းယူသြားတာဟာ သင့္က်န္းမာေရးကို ဆိုးဆိုးဝါးဝါး ထိခိုက္ေစတယ္လို႔ ကြၽမ္းက်င္ပညာရွင္ေတြက ဆိုပါတယ္။ ဒါ့အျပင္ ေရခ်ိဳးခန္းထဲ ဖုန္းယူသြားတာဟာ သင့္ဖုန္းက ေရစိုခံျဖစ္ေနရင္ေတာ့ ကိစၥ မရွိေပမယ့္ ေရစိုခံ မဟုတ္တဲ့ ဖုန္းေရစိုသြားရင္ သင္ပိုက္ဆံကုန္ဖို႔သာ ျပင္ထားပါေတာ့။

(၂) Laptop အနားမွာ အစားစားျခင္း

သင္အလုပ္ ဘယ္ေလာက္ပဲရႈပ္ရႈပ္ သင့္ Laptop အနားမွာ အစားမစားသင့္ပါဘူး။ သင္က ဘယ္ေလာက္ပဲ စည္းကမ္းရွိရွိ စားတယ္ ေျပာေျပာ မုန႔္အမႈန္ေတြဟာ သင့္ Laptop ေပၚက်ကိဳ က်မွာပါ။ ေန႕တိုင္း ဒီလို လုပ္ေနတယ္ဆိုရင္ သင့္ကီးဘုတ္က တဆင့္ မုန႔္အမႈန႔္ေတြဟာ Laptop အတြင္းထဲထိ က်ၿပီး ပ်က္စီးနိုင္ပါတယ္။ ဒါ့အျပင္ ဒီလို စားျခင္းဟာ သင့္က်န္းမာေရးကို ထိခိုက္နိုင္ပါတယ္။ တေနကုန္ အလုပ္လုပ္ေနၿပီး အစားစားတဲ့ အခ်ိန္ေလးေတာ့ သင့္ကိုယ္သင္ ဂ႐ုတစိုက္ အခ်ိန္ေပးၿပီး စားဖို႔ အႀကံျပဳခ်င္ပါတယ္။

(၃) ဖုန္းကို တညလုံး အားသြင္းျခင္း

သင့္ဖုန္းကို သင္ တႏွစ္ေလာက္ပဲ သုံးခ်င္ရင္ေတာ့ ရပါတယ္။ ဂ႐ုစိုက္စရာ မလိုပါဘူး။ ဒါေပမဲ့ သင္ဟာ သင့္ဖုန္းကို တာရွည္ခံေစခ်င္တယ္ဆိုရင္ေတာ့ တညလုံး အားသြင္းတာဟာ ေကာင္းတဲ့ ကိစၥမဟုတ္ဘူးလို႔ ေျပာခ်င္ပါတယ္။ လူတိုင္းနီးပါးဟာ ညအိပ္ခါနီးမွာ ဖုန္းကို အားသြင္းထားခဲ့ၿပီး အိပ္ေလ့ ရွိၾကပါတယ္။

ေနာက္ပိုင္း ထြက္လာတဲ့ ဖုန္းေတြမွာ သင့္ဖုန္းအားျပည့္ရင္ အားသြင္းျခင္းကို အလိုအေလ်ာက္ ျဖတ္ေတာက္တဲ့ စနစ္ ပါဝင္ေပမယ့္ ညတိုင္းဒီလို လုပ္မယ္ဆိုရင္ေတာ့ သင့္ဖုန္းရဲ႕ Battery ကို ထိခိုက္မွာ ေသခ်ာပါတယ္။ ဒါ့အျပင္ ဖုန္းအား လုံးဝ ကုန္တဲ့အထိ အားမသြင္းပဲ ေနျခင္းကလည္း သင့္ဖုန္းကို ထိခိုက္ေစနိုင္ပါတယ္။

(၄)Laptop ကို အိပ္ယာေပၚ တင္သုံးျခင္း

အလုပ္ဆင္း၊ ေက်ာင္းဆင္းၿပီး အားလပ္တဲ့အခါ ဇာတ္ကားေတြ ၾကည့္ဖို႔ Laptop ေတြကို အိပ္ယာေပၚ ယူလာေလ့ ရွိၾကပါတယ္။ တကယ္ေတာ့ ဒါဟာ သင္သတိမထားမိေပမယ့္ သင့္ Laptop မၾကာခဏ ခ်ိဳ႕ယြင္းရတဲ့အခ်က္ပဲ ျဖစ္ပါတယ္။ Laptop ေတြဟာ ေလဝင္ဖို႔ လိုပါတယ္။ သင့္အိပ္ယာထဲမွာ လုံးဝ ေလဝင္ေပါက္ မရွိဘဲ ထားတယ္ဆိုရင္ Laptop အပူခ်ိန္ လြန္ကဲျခင္းေတြ ျဖစ္တတ္ၿပီး အလုပ္ေသခ်ာ လုပ္ေတာ့မွာ မဟုတ္ပါဘူး။

(၅) ႀကဳံရာ အားသြင္းႀကိဳးကို သုံးျခင္း

သင့္လက္ထဲ ဖုန္းေရာက္ၿပီးကတည္းက သင့္အားသြင္းႀကိဳး မဟုတ္ဘဲ အသိမိတ္ေဆြရဲ႕ အားသြင္းႀကိဳးနဲ႕ ဘယ္ႏွႀကိမ္ေလာက္ အားသြင္းခဲ့ၿပီးၿပီလဲဆိုတာ မွတ္မိပါသလား။ ဟုတ္ပါတယ္။ မမွတ္မိနိုင္ေလာက္ေအာင္ကို မ်ားေနမွာ ေသခ်ာပါတယ္။ တကယ္ေတာ့ သင့္ဖုန္းရဲ႕ အားသြင္းေပါက္မွာ ပါဝင္တဲ့ ဆားကစ္ျပားေလးဟာ သင့္အားသြင္းႀကိဳးအတြက္ ျပဳလုပ္ထားတာ ျဖစ္လို႔ တျခားအားသြင္းႀကိဳးေတြနဲ႕ သြင္းပါမ်ားတဲ့အခါ သင့္ဖုန္း အတြင္းပိုင္းကို တျဖည္းျဖည္း ထိခိုက္လာေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ယနေ့ခေတ်မှာ လူတိုင်း နေ့စဉ် ထိတွေ့ဖြစ်နေတာက အီလက်ထရောနစ် ပစ္စည်းတွေပါ။ ဖုန်း ခဏခဏ ပျက်တာ၊ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မကြာခဏ ကြုံရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေက သင်သတိမထားဘဲ လုပ်မိနေတဲ့ အချက်တွေကြောင့် ဖြစ်နေတတ်ပါတယ်။ အခုဖော်ပြပေးမယ့် အမူအကျင့်တွေကို သင် မကြာခဏ လုပ်လေ့ရှိတယ်ဆိုရင် သင့်အီလက်ထရောနစ် ပစ္စည်းတွေ ထပ်ပြီး ပျက်နေဦးမှာပါ။

(၁) ရေချိုးခန်းထဲ ဖုန်းယူသွားခြင်း

ဒါကတော့ လူတိုင်းနီးပါးကို လုပ်မိနေတဲ့ အလေ့အကျင့်ပါ။ တချို့ရေချိုးခန်းတွေဟာ အိမ်သာပါ တခါတည်း တွဲထားတာ ဖြစ်လို့ ပိုးမွှားတွေ အရမ်းကို ပေါပါတယ်။ အိမ်သာ သို့မဟုတ် ရေချိုးခန်းထဲကို ၅ မိနစ်လောက် ဖုန်းယူသွားတာဟာ သင့်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ဒါ့အပြင် ရေချိုးခန်းထဲ ဖုန်းယူသွားတာဟာ သင့်ဖုန်းက ရေစိုခံဖြစ်နေရင်တော့ ကိစ္စ မရှိပေမယ့် ရေစိုခံ မဟုတ်တဲ့ ဖုန်းရေစိုသွားရင် သင်ပိုက်ဆံကုန်ဖို့သာ ပြင်ထားပါတော့။

(၂) Laptop အနားမှာ အစားစားခြင်း

သင်အလုပ် ဘယ်လောက်ပဲရှုပ်ရှုပ် သင့် Laptop အနားမှာ အစားမစားသင့်ပါဘူး။ သင်က ဘယ်လောက်ပဲ စည်းကမ်းရှိရှိ စားတယ် ပြောပြော မုန့်အမှုန်တွေဟာ သင့် Laptop ပေါ်ကျကို ကျမှာပါ။ နေ့တိုင်း ဒီလို လုပ်နေတယ်ဆိုရင် သင့်ကီးဘုတ်က တဆင့် မုန့်အမှုန့်တွေဟာ Laptop အတွင်းထဲထိ ကျပြီး ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် ဒီလို စားခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ တနေကုန် အလုပ်လုပ်နေပြီး အစားစားတဲ့ အချိန်လေးတော့ သင့်ကိုယ်သင် ဂရုတစိုက် အချိန်ပေးပြီး စားဖို့ အကြံပြုချင်ပါတယ်။

(၃) ဖုန်းကို တညလုံး အားသွင်းခြင်း

သင့်ဖုန်းကို သင် တနှစ်လောက်ပဲ သုံးချင်ရင်တော့ ရပါတယ်။ ဂရုစိုက်စရာ မလိုပါဘူး။ ဒါပေမဲ့ သင်ဟာ သင့်ဖုန်းကို တာရှည်ခံစေချင်တယ်ဆိုရင်တော့ တညလုံး အားသွင်းတာဟာ ကောင်းတဲ့ ကိစ္စမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ လူတိုင်းနီးပါးဟာ ညအိပ်ခါနီးမှာ ဖုန်းကို အားသွင်းထားခဲ့ပြီး အိပ်လေ့ ရှိကြပါတယ်။

နောက်ပိုင်း ထွက်လာတဲ့ ဖုန်းတွေမှာ သင့်ဖုန်းအားပြည့်ရင် အားသွင်းခြင်းကို အလိုအလျောက် ဖြတ်တောက်တဲ့ စနစ် ပါဝင်ပေမယ့် ညတိုင်းဒီလို လုပ်မယ်ဆိုရင်တော့ သင့်ဖုန်းရဲ့ Battery ကို ထိခိုက်မှာ သေချာပါတယ်။ ဒါ့အပြင် ဖုန်းအား လုံးဝ ကုန်တဲ့အထိ အားမသွင်းပဲ နေခြင်းကလည်း သင့်ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။

(၄)Laptop ကို အိပ်ယာပေါ် တင်သုံးခြင်း

အလုပ်ဆင်း၊ ကျောင်းဆင်းပြီး အားလပ်တဲ့အခါ ဇာတ်ကားတွေ ကြည့်ဖို့ Laptop တွေကို အိပ်ယာပေါ် ယူလာလေ့ ရှိကြပါတယ်။ တကယ်တော့ ဒါဟာ သင်သတိမထားမိပေမယ့် သင့် Laptop မကြာခဏ ချို့ယွင်းရတဲ့အချက်ပဲ ဖြစ်ပါတယ်။ Laptop တွေဟာ လေဝင်ဖို့ လိုပါတယ်။ သင့်အိပ်ယာထဲမှာ လုံးဝ လေဝင်ပေါက် မရှိဘဲ ထားတယ်ဆိုရင် Laptop အပူချိန် လွန်ကဲခြင်းတွေ ဖြစ်တတ်ပြီး အလုပ်သေချာ လုပ်တော့မှာ မဟုတ်ပါဘူး။

(၅) ကြုံရာ အားသွင်းကြိုးကို သုံးခြင်း

သင့်လက်ထဲ ဖုန်းရောက်ပြီးကတည်းက သင့်အားသွင်းကြိုး မဟုတ်ဘဲ အသိမိတ်ဆွေရဲ့ အားသွင်းကြိုးနဲ့ ဘယ်နှကြိမ်လောက် အားသွင်းခဲ့ပြီးပြီလဲဆိုတာ မှတ်မိပါသလား။ ဟုတ်ပါတယ်။ မမှတ်မိနိုင်လောက်အောင်ကို များနေမှာ သေချာပါတယ်။ တကယ်တော့ သင့်ဖုန်းရဲ့ အားသွင်းပေါက်မှာ ပါဝင်တဲ့ ဆားကစ်ပြားလေးဟာ သင့်အားသွင်းကြိုးအတွက် ပြုလုပ်ထားတာ ဖြစ်လို့ တခြားအားသွင်းကြိုးတွေနဲ့ သွင်းပါများတဲ့အခါ သင့်ဖုန်း အတွင်းပိုင်းကို တဖြည်းဖြည်း ထိခိုက်လာစေပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top