ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လူတိုင္းမွာ အက်င့္ဆိုးေတြ ရွိၾကပါတယ္။ အမ်ားျပည္သူေရွ႕မွာ ဒီအျပဳအမူေတြကို ျပဳမူရင္ ရိုင္းတယ္လို႔ သတ္မွတ္ထားၾကေပမယ့္ တခ်ိဳ႕အက်င့္ေတြဟာ က်န္းမာေရးအတြက္ အလြန္ေကာင္းမြန္တယ္လို႔ ဆရာဝန္ေတြက ဆိုပါတယ္။ သင့္ရဲ႕ မေကာင္းတဲ့ အက်င့္ေတြထဲက ဘယ္အက်င့္က က်န္းမာေရးအတြက္ ေကာင္းမြန္သလဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ေရခ်ိဳးရင္း အေပါ့သြားျခင္း

ေလ့လာေတြ႕ရွိခ်က္ေတြအရ လူဦးေရ ၇၅ ရာခိုင္ႏႈန္းဟာ ေရခ်ိဳးရင္း အေပါ့သြားေလ့ ရွိၾကတယ္လို႔ သိရပါတယ္။ လူတဦးရဲ႕ ဆီးမွာ ပါဝင္တဲ့ ယူရစ္အက္ဆစ္နဲ႕ အမိုနီးယားအက္ဆစ္တို႔ဟာ ပိုးမႊားေတြကို ေသေစတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ သင္ေရခ်ိဳးရင္းနဲ႕ အေပါ့သြားျခင္းအားျဖင့္ သင့္ေရခ်ိဳးခန္းထဲက ဘက္တီးရီးယားေတြကို ေသေစနိုင္ပါတယ္။

(၂) တံေတြးေထြးျခင္း


တံေတြးေထြးျခင္းဟာ ႐ြံစရာ ေကာင္းပါတယ္။ အထူးသျဖင့္ Public Area ေတြမွာ တံေတြးေထြးရင္ ႐ြံစရာေကာင္းတာတင္မကဘဲ ရိုင္းရာလည္ းက်ပါတယ္။ ဒါေပမဲ့ တံေတြးေထြးျခင္းဟာ က်န္းမာေရးအတြက္ေတာ့ ေကာင္းပါတယ္။ တံေတြးေထြးမယ့္အခ်ိန္မွာ ႏွာေခါင္းကေန ေလကို သာမန္ထက္ပိုမိုရႈသြင္းရၿပီး ခႏၶာကိုယ္ထဲကို ေအာက္ဆီဂ်င္ပိုေရာက္ပါတယ္။ ေလ့က်င့္ခန္းလုပ္တဲ့ အခ်ိန္ေတြမွာ တံေတြ းပိုမိုထြက္ေလ့ရွိၿပီး ဒီတံေတြးကို အားရပါးရေထြးျခင္းဟာ သင့္အဆုတ္က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

(၃) ေလလည္ျခင္း

သင္သတိမထားမိတာပဲ ရွိတာပါ။ တေန႕မွာ လူတေယာက္ဟာ အနည္းဆုံး ၁၄ ႀကိမ္ခန႔္ ေလလည္ပါတယ္။ ၄ ႀကိမ္ေလာက္ကေတာ့ သင္အိပ္ေပ်ာ္ေနတဲ့ အခ်ိန္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ အစာေခ်စနစ္ရဲ႕ အလုပ္လုပ္ပုံအရ သင္အစာခ်က္ခ်ိန္မွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္နဲ႕ မိသိန္းဓာတ္ကို ထုတ္ေပးဖို႔ ေလလည္တာျဖစ္ပါတယ္။ ဒီလို ေလလည္တာေၾကာင့္ ေလထိုးေလေအာင့္ျဖစ္ျခင္းကို ကာကြယ္နိုင္ပါတယ္။

(၄) လက္သည္းကိုက္ျခင္း

လက္သည္းကိုက္တာေၾကာင့္ ခႏၶာကိုယ္မွာ ေကာင္းက်ိဳးရရွိတယ္ဆိုတာ ယုံခ်င္စရာေတာင္ မေကာင္းပါဘူး။ ဒါေပမဲ့ သင္လက္သည္းကိုက္တဲ့အခါ လက္သည္းမွာ ဘက္တီးရီးယားေတြ ပါဝင္သြားၿပီး ဒီဘက္တီးရီးယားေတြကို တိုက္ခိုက္ဖို႔ သင့္ခႏၶာကိုယ္ထဲက ေသြးျဖဴဥေတြ အလုပ္လုပ္ရပါေတာ့တယ္။

ခႏၶာကိုယ္ဟာ ဘက္တီးရီးယားေတြကို မွတ္ထားနိုင္တာေၾကာင့္ အမ်ိဳးအစားတူ ဘက္တီးရီးယား ေနာက္တခါဝင္လာခဲ့ရင္ သင့္ရဲ႕ လင္ဖိုဆိုက္ေတြဟာ ဝင္လာတဲ့ ဘက္တီးရီးယားကို တိုက္ခိုက္ဖို႔ အဆင္သင့္ ျဖစ္ေနပါၿပီ။ ႏွပ္ေခ်းစားျခင္းဟာလည္း အေပၚက အတိုင္းပဲ ခႏၶာကိုယ္ထဲက ေသြးျဖဴဥေတြကို ဘက္တီးရီးယားေတြကို တိုက္ခိုက္ဖို႔ နိုးထေစပါတယ္။

(၅) ေရမခ်ိဳးဘဲ ေနျခင္း

သင္ဟာ ေန႕တိုင္း ေရခ်ိဳးတဲ့သူဆိုရင္ သင္ဟာ သင့္ခႏၶာကိုယ္နဲ႕ ဆံပင္မွာ ရွိတဲ့ Essential Oil (ဆီ) ေတြကို ဖ်က္စီးေနတာနဲ႕ တူတူပါပဲ။ ေန႕စဥ္ပုံမွန္ေရခ်ိဳးျခင္းေၾကာင့္ အသားအရည္ေျခာက္ကပ္ျခင္း၊ ဆံပင္ဖြာျခင္း စတာေတြကို ျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ တပတ္မွာ အနည္းဆုံး ၂ ရက္ေတာ့ ေရမခ်ိဳးပဲ ေနသင့္တယ္လို႔ အေရျပားဆရာဝန္ေတြက ၫႊန္ၾကားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy


#Unicode Version#

လူတိုင်းမှာ အကျင့်ဆိုးတွေ ရှိကြပါတယ်။ အများပြည်သူရှေ့မှာ ဒီအပြုအမူတွေကို ပြုမူရင် ရိုင်းတယ်လို့ သတ်မှတ်ထားကြပေမယ့် တချို့အကျင့်တွေဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ သင့်ရဲ့ မကောင်းတဲ့ အကျင့်တွေထဲက ဘယ်အကျင့်က ကျန်းမာရေးအတွက် ကောင်းမွန်သလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) ရေချိုးရင်း အပေါ့သွားခြင်း

လေ့လာတွေ့ရှိချက်တွေအရ လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ ရေချိုးရင်း အပေါ့သွားလေ့ ရှိကြတယ်လို့ သိရပါတယ်။ လူတဦးရဲ့ ဆီးမှာ ပါဝင်တဲ့ ယူရစ်အက်ဆစ်နဲ့ အမိုနီးယားအက်ဆစ်တို့ဟာ ပိုးမွှားတွေကို သေစေတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်ရေချိုးရင်းနဲ့ အပေါ့သွားခြင်းအားဖြင့် သင့်ရေချိုးခန်းထဲက ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

(၂) တံတွေးထွေးခြင်း


တံတွေးထွေးခြင်းဟာ ရွံစရာ ကောင်းပါတယ်။ အထူးသဖြင့် Public Area တွေမှာ တံတွေးထွေးရင် ရွံစရာကောင်းတာတင်မကဘဲ ရိုင်းရာလည် းကျပါတယ်။ ဒါပေမဲ့ တံတွေးထွေးခြင်းဟာ ကျန်းမာရေးအတွက်တော့ ကောင်းပါတယ်။ တံတွေးထွေးမယ့်အချိန်မှာ နှာခေါင်းကနေ လေကို သာမန်ထက်ပိုမိုရှုသွင်းရပြီး ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင်ပိုရောက်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်တွေမှာ တံတွေ းပိုမိုထွက်လေ့ရှိပြီး ဒီတံတွေးကို အားရပါးရထွေးခြင်းဟာ သင့်အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) လေလည်ခြင်း

သင်သတိမထားမိတာပဲ ရှိတာပါ။ တနေ့မှာ လူတယောက်ဟာ အနည်းဆုံး ၁၄ ကြိမ်ခန့် လေလည်ပါတယ်။ ၄ ကြိမ်လောက်ကတော့ သင်အိပ်ပျော်နေတဲ့ အချိန်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အစာချေစနစ်ရဲ့ အလုပ်လုပ်ပုံအရ သင်အစာချက်ချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မိသိန်းဓာတ်ကို ထုတ်ပေးဖို့ လေလည်တာဖြစ်ပါတယ်။ ဒီလို လေလည်တာကြောင့် လေထိုးလေအောင့်ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

(၄) လက်သည်းကိုက်ခြင်း

လက်သည်းကိုက်တာကြောင့် ခန္ဓာကိုယ်မှာ ကောင်းကျိုးရရှိတယ်ဆိုတာ ယုံချင်စရာတောင် မကောင်းပါဘူး။ ဒါပေမဲ့ သင်လက်သည်းကိုက်တဲ့အခါ လက်သည်းမှာ ဘက်တီးရီးယားတွေ ပါဝင်သွားပြီး ဒီဘက်တီးရီးယားတွေကို တိုက်ခိုက်ဖို့ သင့်ခန္ဓာကိုယ်ထဲက သွေးဖြူဥတွေ အလုပ်လုပ်ရပါတော့တယ်။

ခန္ဓာကိုယ်ဟာ ဘက်တီးရီးယားတွေကို မှတ်ထားနိုင်တာကြောင့် အမျိုးအစားတူ ဘက်တီးရီးယား နောက်တခါဝင်လာခဲ့ရင် သင့်ရဲ့ လင်ဖိုဆိုက်တွေဟာ ဝင်လာတဲ့ ဘက်တီးရီးယားကို တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ နှပ်ချေးစားခြင်းဟာလည်း အပေါ်က အတိုင်းပဲ ခန္ဓာကိုယ်ထဲက သွေးဖြူဥတွေကို ဘက်တီးရီးယားတွေကို တိုက်ခိုက်ဖို့ နိုးထစေပါတယ်။

(၅) ရေမချိုးဘဲ နေခြင်း

သင်ဟာ နေ့တိုင်း ရေချိုးတဲ့သူဆိုရင် သင်ဟာ သင့်ခန္ဓာကိုယ်နဲ့ ဆံပင်မှာ ရှိတဲ့ Essential Oil (ဆီ) တွေကို ဖျက်စီးနေတာနဲ့ တူတူပါပဲ။ နေ့စဉ်ပုံမှန်ရေချိုးခြင်းကြောင့် အသားအရည်ခြောက်ကပ်ခြင်း၊ ဆံပင်ဖွာခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တပတ်မှာ အနည်းဆုံး ၂ ရက်တော့ ရေမချိုးပဲ နေသင့်တယ်လို့ အရေပြားဆရာဝန်တွေက ညွှန်ကြားထားပါတယ်။


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top