ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×







ဖိုးသူတော် (www.phothutaw.com)
Credit: 7Day


#Unicode Version#

၂၀၁၈ ၏ကစားထား ပြီးသောပွဲအရေအတွက်ပေါ် မူ တည်ပြီး ဂိုးအများဆုံးသွင်းထား သောကစားသမားများစာရင်းကို ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက ၄၄ ဂိုးဖြင့်ဦးဆောင်နေသည်။

မက်ဆီသည် ၄၇ ပွဲ ကစား ပြီးချိန်တွင် ၄၄ ဂိုးသွင်းယူထား နိုင်သော်လည်း ဂျူဗင်တပ်တိုက် စစ်မှူးရော်နယ်ဒိုက ၄၄ ပွဲ သာ ကစားပြီး ၄၃ ဂိုးသွင်းယူထား သည်။ ယခုစာရင်းကို Goal သ တင်းဝက်ဘ်ဆိုက်က ပြီးခဲ့သည့် ၁၂ လတာအတွက် စာရင်းပြုစု ဖော်ပြခြင်းဖြစ်သည်။

ယခုစာရင်း၏ တတိယနေ ရာတွင် ထိုင်းကလပ်မှ ဘရာဇီး တိုက်စစ်မှူးဒီယိုဂိုက ၅၁ ပွဲ၌ ၄၃ ဂိုးဖြင့်တတိယနေရာ၌ ရှိနေ သည်။ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရှင်စပါးတိုက်စစ်မှူးဟယ်ရီကိန်း သည်ပွဲ ၅၀ တွင် ၃၄ ဂိုးသွင်းပြီး နံပါတ်(၁၁)နေရာ၌ ရှိနေကာ ကမ္ဘာ့ဈေးအကြီးဆုံးကစားသမား ပီအက်စ်ဂျီတိုက်စစ်မှူးနေမာမှာ ၃၇ ပွဲတွင် ဂိုး ၃၀ ဖြင့် နံပါတ်(၂၀) ၌ ရှိနေသည်။

၎င်း၏အသင်းဖော်ပြင်သစ် လူငယ်တိုက်စစ်မှူးမက်ဘီသည် ၅၂ ပွဲတွင် ၃၁ ဂိုးဖြင့် နံပါတ်(၁၈) နေရာ၌ ရှိနေသည်။

ဘာစီလိုနာတိုက်စစ်မှူးဆွာ ရက်ဇ်သည် ၅၈ ပွဲတွင် ၃၆ ဂိုးဖြင့် နံပါတ်(၇)နေရာ၌ရှိနေပြီး ၎င်း ထက်တစ်နေရာလျော့၍ လီဗာ ပူးတိုက်စစ်မှူးဆာလက်က ၄၅ ပွဲ ၌ ၃၅ ဂိုးဖြင့် နံပါတ်(၈)နေရာတွင် ရှိနေသည်။

ဘိုင်ယန်တိုက်စစ်မှူးလီဝမ် ဒေါစကီးသည် ၄၈ ပွဲတွင် ၃၉ ဂိုး ဖြင့် နံပါတ်(၄)နေရာ၌ရှိနေသည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top