(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အငွားယာဥ္ေမာင္း ေမာင္ေအာင္ေအာင္ ေသဆံုးမႈ တြင္ နည္းမ်ိဳးစံုျဖင့္ ႐ိုက္ႏွက္စစ္ေဆးသည့္ ရဲတပ္ဖြဲ႕၏ လုပ္ရပ္ သည္ လူ႔အခြင့္အေရးကို ထိခိုက္ေစသျဖင့္ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ားကို စစ္ေဆးမည္ျဖစ္ ေၾကာင္း အမ်ိဳးသားလူ႔အခြင့္အ ေရးေကာ္မရွင္က ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၁၂ ရက္တြင္ အငွားယာဥ္ေမာင္း ေမာင္ေအာင္ေအာင္ႏွင့္ ခရီးသည္ ႏွစ္ဦးကို ခိုးမႈသံသယျဖင့္ သန္ လ်င္ၿမိဳ႕မရဲစခန္းက ဖမ္းဆီးစစ္ ေဆးရာ ေမာင္ေအာင္ေအာင္ သည္  ရဲတပ္ဖြဲ႕၏ ႐ိုက္ႏွက္စစ္ ေဆးမႈ  ခံရကာ စက္တင္ဘာ ၂၆ရက္တြင္ ေသဆံုးခဲ့ေၾကာင္း ၎၏ မိခင္က လူ႔အခြင့္အေရးေကာ္ မရွင္သို႔ တုိင္ၾကားထားသည္။

စြပ္စြဲခံရသည့္ ေမာင္ေအာင္ ေအာင္သည္ ခိုးမႈက်ဴးလြန္သည္ ျဖစ္ေစ၊ မက်ဴးလြန္သည္ျဖစ္ေစ ရဲတပ္ဖြဲ႕က ႐ိုက္ႏွက္စစ္ေဆးရန္ မသင့္ေၾကာင္း လူ႔အခြင့္အေရး ေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးယုလြင္ေအာင္က ေျပာသည္။

‘‘ခိုးတာ မွန္လား၊ မွားလား မသိေသးဘူး။ ဒါေတြကေတာ့ တရား႐ံုးက ဆံုးျဖတ္ရမယ့္ကိစၥ ျဖစ္တယ္။ သူခိုးဟုတ္သည္ျဖစ္ ေစ၊ မဟုတ္သည္ျဖစ္ေစ ညႇဥ္းပန္း ႏွိပ္စက္တယ္ဆုိတာကေတာ့ သိပ္မဟုတ္ဘူးေပါ့ေလ။ ဒါ လူ႔အခြင့္ အေရးကို ထိခိုက္တာပါ’’ဟု ၎ က မွတ္ခ်က္ျပဳသည္။

ေမာင္ေအာင္ေအာင္၏ မိခင္တုိင္ၾကားမႈအေပၚ ေကာ္မရွင္က စစ္ေဆးေနၿပီး ႐ိုက္ႏွက္ႏွိပ္စက္ခဲ့ သည့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို စစ္ေဆး မည္ျဖစ္သည္။

လက္ရွိတြင္ ေကာ္မရွင္အ ေနျဖင့္ တုိင္စာေပးပို႔သည့္ တုိင္ တန္းသူ၊ သက္ေသမ်ား၊ ေသဆံုး သူ၏ ေဆးမွတ္တမ္းစစ္ေဆးခ်က္ႏွင့္ ပတ္သက္သည့္ သန္လ်င္ေဆး႐ံုမွ ဆရာဝန္မ်ားႏွင့္ ေတြ႕ဆံုေမးျမန္းထားေၾကာင္း ဦးယုလြင္ေအာင္က ေျပာသည္။

ထို႔အျပင္   ေမာင္ေအာင္ ေအာင္ႏွင့္အတူ ဖမ္းဆီးခံရကာ အင္းစိန္ေထာင္၌ အခ်ဳပ္က်ေနသူ ႏွစ္ဦးကိုလည္း ေမးျမန္းထား ေၾကာင္း ၎က ဆုိသည္။

ေမာင္ေအာင္ေအာင္ ေသ ဆံုးမႈသည္ ရဲတပ္ဖြဲ႕၏ ႏွိပ္စက္မႈ ေၾကာင့္လား၊ နဂိုေရာဂါအခံ ေၾကာင့္လားဆိုသည္ကိုမူ လက္ရွိ တြင္ အေျဖမထုတ္ႏုိင္ေသး ေၾကာင္း၊ ရဲတပ္ဖြဲ႕၏ ႐ိုက္ႏွက္မႈ ေၾကာင့္ ေသဆံုးသည္ဟု ေပၚ ေပါက္ပါက အေရးယူရန္ ျပည္ထဲ ေရးဝန္ႀကီးဌာနသို႔ အႀကံျပဳတိုက္ တြန္းမည္ျဖစ္ေၾကာင္း ဦးယုလြင္ ေအာင္က ေျပာသည္။

ဖမ္းဆီးခံရၿပီး ႏွစ္ရက္အ ၾကာ စက္တင္ဘာ ၁၄ ရက္တြင္ ေမာင္ေအာင္ေအာင္ကို သြား ေရာက္ေတြ႕ဆံုရာ မထႏိုင္ေတာ့ဘဲ ၁၅ ရက္၌သြားေတြ႕ရာတြင္မူ ထမင္းမစားႏုိင္ေတာ့သျဖင့္  ဆန္ျပဳတ္တိုက္ခဲ့ရေၾကာင္း  တုိင္ၾကားစာ၌ ေဖာ္ျပထားသည္။

၂၁ ရက္တြင္ သြားေရာက္ ေတြ႕ဆံုရာ၌ ေမာင္ေအာင္ေအာင္ သည္ စကားမေျပာႏိုင္သည္ကို ေတြ႕ရေၾကာင္း၊ ၂၆ ရက္တြင္ ႐ံုးထုတ္လာသည့္အခါ အသက္မ႐ွဴႏုိင္သျဖင့္ သန္လ်င္ေဆး႐ံုသို႔ ပို႔ေဆာင္ကာ ေဆး႐ံုေရာက္ၿပီး သံုးနာရီခန္႔အၾကာ၌  ေသဆံုးခဲ့ ေၾကာင္း တုိင္စာတြင္ ေဖာ္ျပထား သည္။

ေမာင္ေအာင္ေအာင္ကို ရဲတပ္ဖြဲ႕က ႐ိုက္ႏွက္ႏွိပ္စက္သည္ဟု မိခင္ႏွင့္ လူ႔အခြင့္အေရး ေကာ္မရွင္ကဆိုေသာ္လည္း သန္လ်င္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက  ‘‘ကြၽန္ေတာ္တုိ႔က သူ႔ကို ႐ိုက္တာ၊  ႏွက္တာမရွိပါဘူး။ေက်ာက္ကပ္မေကာင္းဘူးေပါ့။ ေဆးစာက လည္း  အဲဒီလိုေဖာ္ျပထားတယ္ေလ။ ႐ိုက္ႏွက္စစ္ေဆးရမယ့္ အမႈမဟုတ္ဘူးေလ။ သူက ခိုးတာေပၚေနၿပီေလ’’ဟု ျငင္းဆိုသည္။

ယခုလဆန္းပိုင္းက ခရီးသြားလုပ္ငန္းလုပ္ကိုင္ေနသူတစ္ဦးကို ဖုန္းခိုးသူႏွင့္ လူခ်င္းမွားကာ အလံုၿမိဳ႕မရဲစခန္းက မွားယြင္း႐ိုက္ ႏွက္ၿပီး ျပန္လည္ေတာင္းပန္ကာ လႊတ္ေပးခဲ့သည္။

ထားဝယ္ေဆး႐ံုဝင္းအတြင္း ေနထိုင္သည့္ ေက်ာင္းသားတစ္ဦး ကိုလည္း ေဆး႐ံုတာဝန္က်ရဲအ ရာရွိတစ္ဦးက သူခုိးဟုဆိုကာ သံသယျဖင့္ ဖမ္းဆီး႐ိုက္ႏွက္မႈ ယခုလအတြင္း ျဖစ္ပြားခဲ့သည္။ ႐ိုက္ႏွက္သည့္ ရဲအရာရွိကို ယခုစံုခံုဖြဲ႕စစ္ေဆးေနေၾကာင္း တနသၤာရီတုိင္း ရဲတပ္ဖြဲ႕မွဴးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

အငှားယာဉ်မောင်း မောင်အောင်အောင် သေဆုံးမှု တွင် နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးသည့် ရဲတပ်ဖွဲ့၏ လုပ်ရပ် သည် လူ့အခွင့်အရေးကို ထိခိုက်စေသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေးမည်ဖြစ် ကြောင်း အမျိုးသားလူ့အခွင့်အ ရေးကော်မရှင်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်တွင် အငှားယာဉ်မောင်း မောင်အောင်အောင်နှင့် ခရီးသည် နှစ်ဦးကို ခိုးမှုသံသယဖြင့် သန် လျင်မြို့မရဲစခန်းက ဖမ်းဆီးစစ် ဆေးရာ မောင်အောင်အောင် သည်  ရဲတပ်ဖွဲ့၏ ရိုက်နှက်စစ် ဆေးမှု  ခံရကာ စက်တင်ဘာ ၂၆ရက်တွင် သေဆုံးခဲ့ကြောင်း ၎င်း၏ မိခင်က လူ့အခွင့်အရေးကော် မရှင်သို့ တိုင်ကြားထားသည်။

စွပ်စွဲခံရသည့် မောင်အောင် အောင်သည် ခိုးမှုကျူးလွန်သည် ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ ရဲတပ်ဖွဲ့က ရိုက်နှက်စစ်ဆေးရန် မသင့်ကြောင်း လူ့အခွင့်အရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ပြောသည်။

‘‘ခိုးတာ မှန်လား၊ မှားလား မသိသေးဘူး။ ဒါတွေကတော့ တရားရုံးက ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်။ သူခိုးဟုတ်သည်ဖြစ် စေ၊ မဟုတ်သည်ဖြစ်စေ ညှဉ်းပန်း နှိပ်စက်တယ်ဆိုတာကတော့ သိပ်မဟုတ်ဘူးပေါ့လေ။ ဒါ လူ့အခွင့် အရေးကို ထိခိုက်တာပါ’’ဟု ၎င်း က မှတ်ချက်ပြုသည်။

မောင်အောင်အောင်၏ မိခင်တိုင်ကြားမှုအပေါ် ကော်မရှင်က စစ်ဆေးနေပြီး ရိုက်နှက်နှိပ်စက်ခဲ့ သည့် ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေး မည်ဖြစ်သည်။

လက်ရှိတွင် ကော်မရှင်အ နေဖြင့် တိုင်စာပေးပို့သည့် တိုင် တန်းသူ၊ သက်သေများ၊ သေဆုံး သူ၏ ဆေးမှတ်တမ်းစစ်ဆေးချက်နှင့် ပတ်သက်သည့် သန်လျင်ဆေးရုံမှ ဆရာဝန်များနှင့် တွေ့ဆုံမေးမြန်းထားကြောင်း ဦးယုလွင်အောင်က ပြောသည်။

ထို့အပြင်   မောင်အောင် အောင်နှင့်အတူ ဖမ်းဆီးခံရကာ အင်းစိန်ထောင်၌ အချုပ်ကျနေသူ နှစ်ဦးကိုလည်း မေးမြန်းထား ကြောင်း ၎င်းက ဆိုသည်။

မောင်အောင်အောင် သေ ဆုံးမှုသည် ရဲတပ်ဖွဲ့၏ နှိပ်စက်မှု ကြောင့်လား၊ နဂိုရောဂါအခံ ကြောင့်လားဆိုသည်ကိုမူ လက်ရှိ တွင် အဖြေမထုတ်နိုင်သေး ကြောင်း၊ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှု ကြောင့် သေဆုံးသည်ဟု ပေါ် ပေါက်ပါက အရေးယူရန် ပြည်ထဲ ရေးဝန်ကြီးဌာနသို့ အကြံပြုတိုက် တွန်းမည်ဖြစ်ကြောင်း ဦးယုလွင် အောင်က ပြောသည်။

ဖမ်းဆီးခံရပြီး နှစ်ရက်အ ကြာ စက်တင်ဘာ ၁၄ ရက်တွင် မောင်အောင်အောင်ကို သွား ရောက်တွေ့ဆုံရာ မထနိုင်တော့ဘဲ ၁၅ ရက်၌သွားတွေ့ရာတွင်မူ ထမင်းမစားနိုင်တော့သဖြင့်  ဆန်ပြုတ်တိုက်ခဲ့ရကြောင်း  တိုင်ကြားစာ၌ ဖော်ပြထားသည်။

၂၁ ရက်တွင် သွားရောက် တွေ့ဆုံရာ၌ မောင်အောင်အောင် သည် စကားမပြောနိုင်သည်ကို တွေ့ရကြောင်း၊ ၂၆ ရက်တွင် ရုံးထုတ်လာသည့်အခါ အသက်မရှူနိုင်သဖြင့် သန်လျင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးရုံရောက်ပြီး သုံးနာရီခန့်အကြာ၌  သေဆုံးခဲ့ ကြောင်း တိုင်စာတွင် ဖော်ပြထား သည်။

မောင်အောင်အောင်ကို ရဲတပ်ဖွဲ့က ရိုက်နှက်နှိပ်စက်သည်ဟု မိခင်နှင့် လူ့အခွင့်အရေး ကော်မရှင်ကဆိုသော်လည်း သန်လျင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက  ‘‘ကျွန်တော်တို့က သူ့ကို ရိုက်တာ၊  နှက်တာမရှိပါဘူး။ကျောက်ကပ်မကောင်းဘူးပေါ့။ ဆေးစာက လည်း  အဲဒီလိုဖော်ပြထားတယ်လေ။ ရိုက်နှက်စစ်ဆေးရမယ့် အမှုမဟုတ်ဘူးလေ။ သူက ခိုးတာပေါ်နေပြီလေ’’ဟု ငြင်းဆိုသည်။

ယခုလဆန်းပိုင်းက ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကို ဖုန်းခိုးသူနှင့် လူချင်းမှားကာ အလုံမြို့မရဲစခန်းက မှားယွင်းရိုက် နှက်ပြီး ပြန်လည်တောင်းပန်ကာ လွှတ်ပေးခဲ့သည်။

ထားဝယ်ဆေးရုံဝင်းအတွင်း နေထိုင်သည့် ကျောင်းသားတစ်ဦး ကိုလည်း ဆေးရုံတာဝန်ကျရဲအ ရာရှိတစ်ဦးက သူခိုးဟုဆိုကာ သံသယဖြင့် ဖမ်းဆီးရိုက်နှက်မှု ယခုလအတွင်း ဖြစ်ပွားခဲ့သည်။ ရိုက်နှက်သည့် ရဲအရာရှိကို ယခုစုံခုံဖွဲ့စစ်ဆေးနေကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးက ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top