ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကာတြန္းကားေတြဟာ လူတိုင္းရဲ႕ ငယ္ဘဝမွာ အေရးပါခဲ့တာခ်ည္းပါပဲ။ ငယ္ငယ္က သင္ကိုယ္တိုင္ ကာတြန္းဇာတ္ေကာင္ေတြရဲ႕ အိမ္ေတြအတိုင္း ေဆာက္ၿပီးေနခ်င္ခဲ့တဲ့ စိတ္ကူးေတြလည္း ရွိနိုင္ပါတယ္။ ဒီတခါေတာ့ သူတို႔ရဲ႕ စိတ္ကူး အိပ္မက္ေတြအတိုင္း အမွန္တကယ္ အေကာင္အထည္ေဖာ္ခဲ့တဲ့ လူေတြရဲ႕ အိမ္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) Simpson’s House

1997 ခုႏွစ္မွာ 20th Century Fox ႐ုပ္ရွင္ထုတ္လုပ္ေရးဟာ ပရိသတ္ေတြကို သူ မတူတဲ့ အခြင့္အေရး တခုေပးဖို႔ စိတ္ကူးရခဲ့ပါတယ္။ ဒီစိတ္ကူးကေတာ့ Simpson’s ဇာတ္ကားထဲက အိမ္အတိုင္း အိမ္တလုံး ေဆာက္လုပ္ၿပီး ပရိသတ္ေတြကို လက္ေဆာင္ေပးဖို႔ ျဖစ္ပါတယ္။

ဒီအိမ္ေဆာက္ခဟာ အေမရိကန္ေဒၚလာ ၁ သိန္း ၂ ေသာင္းခန႔္ က်သင့္မွာျဖစ္ၿပီး အိမ္အတြင္းေရာအျပင္ပါ ကာတြန္းကားထဲကအတိုင္း ေဆာက္လုပ္ေပးမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီဆုကို ကံထူးသူဟာ ပိုက္ဆံ အေမရိကန္ေဒၚလာ ၇ ေသာင္းခြဲကို ေငြသားအေနနဲ႕ လက္ခံခဲ့ၿပီး အိမ္ကိုေတာ့ လက္ခံခဲ့ျခင္း မရွိပါဘူး။

(၂) Up House

Up ဇာတ္ကားမွာ ဇာတ္ေကာင္အဖိုးအိုဟာ အိမ္ကို ပူစီေပါင္းမ်ား ခ်ိတ္ၿပီး ပ်ံခ်င္ခဲ့တယ္ဆိုရဲ႕ သူ႕မိန္းမရဲ႕ စိတ္ကူးကို အမွန္တကယ္ျဖစ္ေအာင္ ပုံေဖာ္ေပးခဲ့တဲ့ ဇာတ္ကားျဖစ္လို႔ ပရိသတ္ေတြရဲ႕ အသည္းႏွလုံးကို ဖမ္းစားနိုင္တဲ့ ဇာတ္ကားတကား ျဖစ္ခဲ့ပါတယ္။ ဒီအိမ္ဟာ အေမရိကန္ျပည္ေထာင္စု၊ Utah ျပည္နယ္၊ Herriman ၿမိဳ႕မွာ တည္ရွိၿပီး ခရီးသြားေတြကို ဆြဲေဆာင္နိုင္တဲ့ ေနရာတေနရာျဖစ္ေနပါၿပီ။

(၃) Minnie Mouse’s House

ခ်စ္စရာအရမ္းေကာင္းတဲ့ Minnie mouse ရဲ႕ အိမ္ကို မစ္ကီေမာက္ ပရိသတ္တိုင္း လိုခ်င္ေနမွာ ေသခ်ာပါတယ္။ ဒီ Minnie Mouse ရဲ႕ အိမ္ကေလးကေတာ့ Disney Land တည္ရွိတဲ့ ဖေလာရီဒါမွာေကာ ကယ္လီဖိုးနီးယားမွာပါ ေတြ႕ရွိနိုင္ပါတယ္။ ဒီဇိုင္းကို ျမင္ၿပီး မျပည့္စုံဘူးလို႔ မထင္လိုက္ပါနဲ႕။ အျပင္မွာ တည္ေဆာက္ရခက္တဲ့ ပုံစံျဖစ္ေနေပမယ့္ အိမ္ရဲ႕ အတြင္းပိုင္းကေတာ့ တကယ့္ အိမ္လိုပဲ သပ္ရပ္လွပတယ္လို႔ ဆိုပါတယ္။

(၄) Snow White  ရဲ႕ ေတာတြင္းအိမ္

စနိုးဝွိုက္က နန္းေတာ္က ထြက္ေျပးရင္ လူပုေလး ခုႏွစ္ေဖာ္အိမ္ကို ေရာက္သြားခဲ့တာ မွတ္မိဦးမယ္ ထင္ပါတယ္။ အျပင္မွာ ဒီအိမ္ကို တည္ေဆာက္သူဟာ ႏွစ္ ၃၀ ေက်ာ္ တည္ေဆာက္ခဲ့ရၿပီး အိမ္တအိမ္လုံးမွာ ေလးေထာင့္က်တဲ့ ေနရာတေနရာေတာင္ မရွိဘဲ အမိုးေတြဟာလည္း ကာတြန္းကားထဲက အတိုင္း တပုံစံတည္း ျဖစ္ေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီအိမ္ကေတာ့ အေမရိကန္နိုင္ငံ ဝါရွင္တန္ၿမိဳ႕မွာ တည္ရွိေနၿပီး ကမာၻေက်ာ္မစ္ကီေမာက္စ္ ဖန္တီးရွင္ Walt Disnaey ဆြဲခဲ့တဲ့ ပုံစံအတိုင္း ထပ္တူက်တယ္လို႔ သိရပါတယ္။

(၅) Bruce Wayne  စံအိမ္

DC ပရိသတ္တိုင္းရဲ႕ အိပ္မက္က Bruce Wayne ရဲ႕ အိမ္ထဲကို ေရာက္ဖူးဖို႔ပါပဲ။ တကယ္ေတာ့ Comic ထဲမွာ ပါတဲ့ Bruce Wayne ရဲ႕ အိမ္ဟာ အဂၤလန္နိုင္ငံ Nottingham ၿမိဳ႕က Wallaton ခန္းမပုံစံကို တုပထားတာ ျဖစ္ပါတယ္။ The Dark Knight Rises ဇာတ္ကားမွာ ပါဝင္တဲ့ Bruce Wayne ရဲ႕ စံအိမ္ဟာ အဲဒီခန္းမမွာ ရိုက္ကူးထားတာ ျဖစ္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy


#Unicode Version#

ကာတွန်းကားတွေဟာ လူတိုင်းရဲ့ ငယ်ဘဝမှာ အရေးပါခဲ့တာချည်းပါပဲ။ ငယ်ငယ်က သင်ကိုယ်တိုင် ကာတွန်းဇာတ်ကောင်တွေရဲ့ အိမ်တွေအတိုင်း ဆောက်ပြီးနေချင်ခဲ့တဲ့ စိတ်ကူးတွေလည်း ရှိနိုင်ပါတယ်။ ဒီတခါတော့ သူတို့ရဲ့ စိတ်ကူး အိပ်မက်တွေအတိုင်း အမှန်တကယ် အကောင်အထည်ဖော်ခဲ့တဲ့ လူတွေရဲ့ အိမ်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Simpson’s House

1997 ခုနှစ်မှာ 20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေးဟာ ပရိသတ်တွေကို သူ မတူတဲ့ အခွင့်အရေး တခုပေးဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီစိတ်ကူးကတော့ Simpson’s ဇာတ်ကားထဲက အိမ်အတိုင်း အိမ်တလုံး ဆောက်လုပ်ပြီး ပရိသတ်တွေကို လက်ဆောင်ပေးဖို့ ဖြစ်ပါတယ်။

ဒီအိမ်ဆောက်ခဟာ အမေရိကန်ဒေါ်လာ ၁ သိန်း ၂ သောင်းခန့် ကျသင့်မှာဖြစ်ပြီး အိမ်အတွင်းရောအပြင်ပါ ကာတွန်းကားထဲကအတိုင်း ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုကို ကံထူးသူဟာ ပိုက်ဆံ အမေရိကန်ဒေါ်လာ ၇ သောင်းခွဲကို ငွေသားအနေနဲ့ လက်ခံခဲ့ပြီး အိမ်ကိုတော့ လက်ခံခဲ့ခြင်း မရှိပါဘူး။

(၂) Up House

Up ဇာတ်ကားမှာ ဇာတ်ကောင်အဖိုးအိုဟာ အိမ်ကို ပူစီပေါင်းများ ချိတ်ပြီး ပျံချင်ခဲ့တယ်ဆိုရဲ့ သူ့မိန်းမရဲ့ စိတ်ကူးကို အမှန်တကယ်ဖြစ်အောင် ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားဖြစ်လို့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်တဲ့ ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။ ဒီအိမ်ဟာ အမေရိကန်ပြည်ထောင်စု၊ Utah ပြည်နယ်၊ Herriman မြို့မှာ တည်ရှိပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတနေရာဖြစ်နေပါပြီ။

(၃) Minnie Mouse’s House

ချစ်စရာအရမ်းကောင်းတဲ့ Minnie mouse ရဲ့ အိမ်ကို မစ်ကီမောက် ပရိသတ်တိုင်း လိုချင်နေမှာ သေချာပါတယ်။ ဒီ Minnie Mouse ရဲ့ အိမ်ကလေးကတော့ Disney Land တည်ရှိတဲ့ ဖလောရီဒါမှာကော ကယ်လီဖိုးနီးယားမှာပါ တွေ့ရှိနိုင်ပါတယ်။ ဒီဇိုင်းကို မြင်ပြီး မပြည့်စုံဘူးလို့ မထင်လိုက်ပါနဲ့။ အပြင်မှာ တည်ဆောက်ရခက်တဲ့ ပုံစံဖြစ်နေပေမယ့် အိမ်ရဲ့ အတွင်းပိုင်းကတော့ တကယ့် အိမ်လိုပဲ သပ်ရပ်လှပတယ်လို့ ဆိုပါတယ်။

(၄) Snow White  ရဲ့ တောတွင်းအိမ်

စနိုးဝှိုက်က နန်းတော်က ထွက်ပြေးရင် လူပုလေး ခုနှစ်ဖော်အိမ်ကို ရောက်သွားခဲ့တာ မှတ်မိဦးမယ် ထင်ပါတယ်။ အပြင်မှာ ဒီအိမ်ကို တည်ဆောက်သူဟာ နှစ် ၃၀ ကျော် တည်ဆောက်ခဲ့ရပြီး အိမ်တအိမ်လုံးမှာ လေးထောင့်ကျတဲ့ နေရာတနေရာတောင် မရှိဘဲ အမိုးတွေဟာလည်း ကာတွန်းကားထဲက အတိုင်း တပုံစံတည်း ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအိမ်ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ တည်ရှိနေပြီး ကမ္ဘာကျော်မစ်ကီမောက်စ် ဖန်တီးရှင် Walt Disnaey ဆွဲခဲ့တဲ့ ပုံစံအတိုင်း ထပ်တူကျတယ်လို့ သိရပါတယ်။

(၅) Bruce Wayne  စံအိမ်

DC ပရိသတ်တိုင်းရဲ့ အိပ်မက်က Bruce Wayne ရဲ့ အိမ်ထဲကို ရောက်ဖူးဖို့ပါပဲ။ တကယ်တော့ Comic ထဲမှာ ပါတဲ့ Bruce Wayne ရဲ့ အိမ်ဟာ အင်္ဂလန်နိုင်ငံ Nottingham မြို့က Wallaton ခန်းမပုံစံကို တုပထားတာ ဖြစ်ပါတယ်။ The Dark Knight Rises ဇာတ်ကားမှာ ပါဝင်တဲ့ Bruce Wayne ရဲ့ စံအိမ်ဟာ အဲဒီခန်းမမှာ ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top