(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အဆိုေတာ္ ေနာေနာ္က “JANAW” (ဂ်ာေနာ္) ဆိုတဲ့ မ်က္ႏွာသစ္ဆပ္ျပာကို မၾကာခင္မွာ ေဈးကြက္အတြင္း ျဖန႔္ခ်ိေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။

“က်ေနာ္ မ်က္ႏွာသစ္ဆပ္ျပာ ထုတ္ျဖစ္တာက က်ေနာ္ စြဲသုံးေနတဲ့ မ်က္ႏွာသစ္ဆပ္ျပာက မထုတ္ေတာ့ဘူး။ အဲဒီေတာ့ က်ေနာ့္အတြက္ အက်ပ္ရိုက္ပါတယ္။ တျခား မ်က္ႏွာသစ္ဆပ္ျပာကလည္း က်ေနာ္နဲ႕ အဆင္မေျပပါဘူး။ က်ေနာ္စဥ္းစားၿပီး ဘာလုပ္ရင္ေကာင္းမလဲေပါ့။ ဒါနဲ႕ မ်က္ႏွာသစ္ဆပ္ျပာထုတ္မယ္ေပါ့။ စမ္းထုတ္ၿပီး က်ေနာ္ကိုယ္တိုင္ကို စမ္းသပ္ခဲ့တယ္”

“က်ေနာ္သုံးတာ အဆင္ေျပတယ္။ အညစ္အေၾကးေတြလည္း ထြက္ကုန္တယ္။ အရမ္းေကာင္းတယ္။ တ႐ုတ္ျပည္ကေန အကုန္လုံးလုပ္ၿပီး ျဖန႔္ပါတယ္။ ေဈးႏႈန္းလည္း သက္သက္ သာသာနဲ႕ ထုတ္လုပ္ေပးထားပါတယ္။ ေနာက္လည္း မိန္းကေလးေတြအတြက္ ထြက္ဖို႔ရွိတယ္။ နာမည္ေပးဖို႔ အရမ္းလည္း ခက္ခဲခဲ့ပါတယ္။ နာမည္တူမွာလည္း ဆိုးတယ္။ ဒါနဲ႕ က်ေနာ့္ နာမည္ပဲ ေပးလိုက္တာပါ။ ဂ်ာေနာ္ဆိုၿပီး ေပးျဖစ္လိုက္တာပါ”လို႔ ေနာေနာ္က ေျပာပါတယ္။

ဆံပင္အရွည္နဲ႕ ေတြ႕ခဲ့ရတဲ့ အဆိုေတာ္ ေနာေနာ္က ဆံပင္ရွည္ထားရတာ ႀကိဳက္ေပမယ့္ ေခြၽးထြက္မ်ားေတာ့ ႏွာေတြပါေစးတာေၾကာင့္ ညွပ္လိုက္တာလို႔ ဆိုပါတယ္။

“က်ေနာ္အျပင္ေတြသြားတယ္။ သီခ်င္းေတြ လုပ္တယ္။ က်ေနာ့္ ပရိသတ္ေတြနဲ႕ ထိေတြ႕ခြင့္တဲ့အခါ အရင္လို မဟုတ္ေတာ့ပဲ ေလးေလးစာစားနဲ႕ ဆက္ဆံလာၾကတယ္။ သပ္သပ္ရပ္ရပ္နဲ႕ၾကည့္ေကာင္းေတာ့ ပရိသတ္ေတြက ပိုၿပီးသေဘာက်က် တယ္။ ဆံပင္ရွည္မထားေတာ့တာက အရွည္ထားရတာႀကိဳက္တယ္။ ထားခ်င္တယ္။ ဘာလို႔ မထားေတာ့တာလဲဆို ေခြၽးထြက္မ်ားေတာ့ တခါတေလ ႏွာေတြ ဘာေတြေစးတယ္။ အဲ့လိုေတြျဖစ္တာ မ်ားလာေတာ့ မျဖစ္ေတာ့ဘူး ဆိုၿပီး ညွပ္လိုက္တာပါ”လို႔ ေနာေနာ္က ေျပာပါတယ္။

ေနာေနာ္ဟာ ၂၀၀၁ ခုႏွစ္ကတည္း သီခ်င္းေတြ ကိုယ္တိုင္ေရးသားခဲ့ၿပီး ၂၀၀၈ ခုႏွစ္မွာ ပထမဆုံး တကိုယ္ေတာ္ စီးရီးေခြ “အတိုင္းထက္အလြန္” စီးရီးကို ထြက္ရွိခဲ့ပါတယ္။

အဲဒီသီခ်င္းနဲ႕ပဲ ပရိသတ္အားေပးမႈ ရရွိခဲ့ၿပီး ျမန္မာတျပည္လုံး အတိုင္းအတာ ေပါက္ေျမာက္ ေအာင္ျမင္ပါတယ္။ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းလုပ္တဲ့ အႏုပညာရွင္မ်ားအေနနဲ႕ အဆိုေတာ္ စိုင္းစိုင္းခမ္းလွိုင္၊ နီနီခင္ေဇာ္၊ ေမခလာတို႔ၿပီးရင္ အလွကုန္ပစၥည္း ထုတ္လုပ္လိုက္သူကေတာ့ အဆိုေတာ္ ေနာေနာ္ပဲ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

အဆိုတော် နောနော်က “JANAW” (ဂျာနော်) ဆိုတဲ့ မျက်နှာသစ်ဆပ်ပြာကို မကြာခင်မှာ ဈေးကွက်အတွင်း ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပါတယ်။

“ကျနော် မျက်နှာသစ်ဆပ်ပြာ ထုတ်ဖြစ်တာက ကျနော် စွဲသုံးနေတဲ့ မျက်နှာသစ်ဆပ်ပြာက မထုတ်တော့ဘူး။ အဲဒီတော့ ကျနော့်အတွက် အကျပ်ရိုက်ပါတယ်။ တခြား မျက်နှာသစ်ဆပ်ပြာကလည်း ကျနော်နဲ့ အဆင်မပြေပါဘူး။ ကျနော်စဉ်းစားပြီး ဘာလုပ်ရင်ကောင်းမလဲပေါ့။ ဒါနဲ့ မျက်နှာသစ်ဆပ်ပြာထုတ်မယ်ပေါ့။ စမ်းထုတ်ပြီး ကျနော်ကိုယ်တိုင်ကို စမ်းသပ်ခဲ့တယ်”

“ကျနော်သုံးတာ အဆင်ပြေတယ်။ အညစ်အကြေးတွေလည်း ထွက်ကုန်တယ်။ အရမ်းကောင်းတယ်။ တရုတ်ပြည်ကနေ အကုန်လုံးလုပ်ပြီး ဖြန့်ပါတယ်။ ဈေးနှုန်းလည်း သက်သက် သာသာနဲ့ ထုတ်လုပ်ပေးထားပါတယ်။ နောက်လည်း မိန်းကလေးတွေအတွက် ထွက်ဖို့ရှိတယ်။ နာမည်ပေးဖို့ အရမ်းလည်း ခက်ခဲခဲ့ပါတယ်။ နာမည်တူမှာလည်း ဆိုးတယ်။ ဒါနဲ့ ကျနော့် နာမည်ပဲ ပေးလိုက်တာပါ။ ဂျာနော်ဆိုပြီး ပေးဖြစ်လိုက်တာပါ”လို့ နောနော်က ပြောပါတယ်။

ဆံပင်အရှည်နဲ့ တွေ့ခဲ့ရတဲ့ အဆိုတော် နောနော်က ဆံပင်ရှည်ထားရတာ ကြိုက်ပေမယ့် ချွေးထွက်များတော့ နှာတွေပါစေးတာကြောင့် ညှပ်လိုက်တာလို့ ဆိုပါတယ်။

“ကျနော်အပြင်တွေသွားတယ်။ သီချင်းတွေ လုပ်တယ်။ ကျနော့် ပရိသတ်တွေနဲ့ ထိတွေ့ခွင့်တဲ့အခါ အရင်လို မဟုတ်တော့ပဲ လေးလေးစာစားနဲ့ ဆက်ဆံလာကြတယ်။ သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းတော့ ပရိသတ်တွေက ပိုပြီးသဘောကျကျ တယ်။ ဆံပင်ရှည်မထားတော့တာက အရှည်ထားရတာကြိုက်တယ်။ ထားချင်တယ်။ ဘာလို့ မထားတော့တာလဲဆို ချွေးထွက်များတော့ တခါတလေ နှာတွေ ဘာတွေစေးတယ်။ အဲ့လိုတွေဖြစ်တာ များလာတော့ မဖြစ်တော့ဘူး ဆိုပြီး ညှပ်လိုက်တာပါ”လို့ နောနော်က ပြောပါတယ်။

နောနော်ဟာ ၂၀၀၁ ခုနှစ်ကတည်း သီချင်းတွေ ကိုယ်တိုင်ရေးသားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ပထမဆုံး တကိုယ်တော် စီးရီးခွေ “အတိုင်းထက်အလွန်” စီးရီးကို ထွက်ရှိခဲ့ပါတယ်။

အဲဒီသီချင်းနဲ့ပဲ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး မြန်မာတပြည်လုံး အတိုင်းအတာ ပေါက်မြောက် အောင်မြင်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်တဲ့ အနုပညာရှင်များအနေနဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ မေခလာတို့ပြီးရင် အလှကုန်ပစ္စည်း ထုတ်လုပ်လိုက်သူကတော့ အဆိုတော် နောနော်ပဲ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top