ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေခတ္အဆက္ဆက္မွာ သာမန္ထက္ ထူးကဲၿပီး ေက်ာ္ၾကားခဲ့သူေတြဟာ သူတို႔ေနထိုင္ရတဲ့ ဘဝကို အလိုမက်တာေတြ ျဖစ္လာတတ္ၾကပါတယ္။ ဒါေၾကာင့္ မိမိကိုယ္ကို သတ္ေသတာေတြ ျပဳလုပ္တတ္ၾကၿပီး သတ္ေသရတဲ့ အေၾကာင္းေတြကိုေတာ့ ပရိသတ္ေတြက မသိရပါဘူး။

တခ်ိဳ႕ေတြရဲ႕ အယူအဆေတြကေတာ့ မနာလိုတဲ့သူေတြ လက္ခ်က္နဲ႕ ေသသြားၾကတာ ျဖစ္နိုင္တယ္လို႔လည္း ေတြးၾက ပါတယ္။ ယေန႕ထိ အေျဖရွ ာမရေသးတဲ့ ကမာၻေက်ာ္အခ်ိဳ႕ရဲ႕ ေသဆုံးမႈေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) Marilyn Monroe

၁၉၆၂ ခုႏွစ္၊ ၾသဂုတ္လ ၅ ရက္ေန႕မွာ ထြက္ေပၚလာတဲ့ သတင္းတပုဒ္ေၾကာင့္ တကမာၻလုံး အံ့ၾသခဲ့ရပါတယ္။ အဲဒီသတင္းကေတာ့ အသက္ ၃၆ ႏွစ္အ႐ြယ္ မင္းသမီး မြန္ရိုး ေနအိမ္မွာ ေသဆုံးေနတာကို ေတြ႕ရွိတယ္ ဆိုတာပဲ ျဖစ္ပါတယ္။

ရဲေတြကေတာ့ မူးယစ္ေဆးလြန္ၿပီး ေသဆုံးတယ္လို႔ ထြက္ဆိုထားပါတယ္။ ဒါေပမဲ့ ဒီလို ေသေအာင္ မူးယစ္ေဆးကို အလြန္အကြၽံလုပ္တာ ျဖစ္နိုင္တယ္လို႔လည္း ေဝဖန္ၾကပါတယ္။ ဒါေပမယ့္ သူမက ဘာလို႔ ကိုယ့္အသက္ကို ေသနိုင္တဲ့အထိ မူးယစ္ေဆးဝါး သုံးစြဲခဲ့တယ္ ဆိုတာကိုေတာ့ ဘယ္သူမွ မသိပါဘူး။

(၂) Thelma Todd

င္းသမီး Thelma Todd ကိုေတာ့ ၁၉၃၅ ခုႏွစ္မွာ သူမရဲ႕ ကားအတြင္း ေသဆုံးေနတာကို ရဲေတြက ေတြ႕ခဲ့တာ ျဖစ္ပါတယ္။ ေသဆုံးခ်ိန္မွာ အသက္ ၂၉ ႏွစ္သာ ရွိေသးတဲ့ မင္းသမီးကို ေအာက္ဆီဂ်င္ ျပတ္ေတာက္ ေသဆုံးတယ္လို႔ သက္ဆိုင္ရာက အတည္ျပဳခဲ့တဲ့အျပင့္ သူမရဲ႕ လည္ပင္းမွာ ညွစ္ရာေတြ႕တယ္လို႔ ဆိုပါတယ္။

တရားခံအျဖစ္ သူမရဲ႕ ခင္ပြန္းေဟာင္း ၊ လက္ရွိခ်စ္သူ အပါအဝင္ သူမ ပတ္သက္ခဲ့တဲ့ ဂိုဏ္းေခါင္းေဆာင္စတဲ့ ၃ ဦးကို သံသယရွိခဲ့ေပမယ့္ အမႈဟာ အေျဖ မေပၚဘဲ ၿပီးဆုံးသြားခဲ့ပါတယ္။

(၃) Tupac Shakur

ကမာၻေက်ာ္ အေမရိကန္ရက္ပါ Tupac ကေတာ့ ၁၉၉၆ ခုႏွစ္မွာ ေလာ့အိန္ဂ်လိစ္ၿမိဳ႕က လက္ေဝွ႕ပြဲ တခုက အျပန္ ေသနတ္ပစ္ခံရၿပီး ေသဆုံးခဲ့ပါတယ္။ သူရဲ႕ ေသဆုံးမႈအတြက္ ပရိုဂ်ဴဆာ Puff Daddy နဲ႕ ေခတ္ၿပိဳင္ရက္ပါျဖစ္သူ Notorious B.I.G ကို သံသယ ရွိခဲ့ေပမယ့္ Notorious B.I.G ဟာလည္း Tupac ေသဆုံးၿပီး ေျခာက္လအၾကာမွာ အသတ္ခံခဲ့ရတာေၾကာင့္ အမႈပိတ္သြားခဲ့ပါတယ္။

Tupac ရဲ႕ ေသဆုံးမႈဟာ ယေန႕ အထိ ဟစ္ေဟာ့ကို ႏွစ္သက္သူေတြၾကား လက္ခံေပးလို႔မရတဲ့ ပုစာၦတပုဒ္ ျဖစ္ေနပါေသးတယ္။

(၄) Elizabeth Short

အသက္ ၂၂ ႏွစ္အ႐ြယ္ မင္းသမီး Elizabeth Short ဟာ ေလာ့အိန္ဂ်လိစ္ၿမိဳ႕က ပန္းၿခံတခုမွာ ခႏၶာကိုယ္ ႏွစ္ပိုင္းျပတ္ၿပီး ေသဆုံးေနတာကို ၁၉၄၇ ခုႏွစ္က ေတြ႕ရွိခဲ့ပါတယ္။ သူမ အသတ္ခံရမႈမွာ သက္ေသ အနည္းငယ္သာ ရွိခဲ့ၿပီး ရွိခဲ့တဲ့ သက္ေသေတြဟာလည္း တျဖည္းျဖည္းေပ်ာက္ဆုံးလာခဲ့ပါတယ္။ ဒါေၾကာင့္ အမႈပိတ္သြားၿပီး ယေန႕ အထိ L.A ရဲစခန္းရဲ႕ အၾကာျမင့္ဆုံး အမႈအျဖစ္ တည္ရွိေနပါတယ္။

(၅) George Reeves

၁၉၅၀ ႏွစ္မ်ားမွာ စူပါမန္းဇာတ္လမ္းတြဲကို သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသားႀကီး Reeves ဟာ အသက္ ၄၅ ႏွစ္အ႐ြယ္မွာ ဦးေခါင္းေသနတ္ဒဏ္ရာနဲ႕ ေနအိမ္မွာပဲ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ သူ႕ရဲ႕ ေသဆုံးမႈကို သက္ဆိုင္ရာက မိမိကိုယ္ကိုေသေၾကာင္းႀကံစည္မႈ လို႔ သတ္မွတ္ခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ သတ္ခံရတယ္လို႔ ယုံၾကည္ထားၾကပါတယ္။

ေသဆုံးမႈျဖစ္ခ်ိန္မွာ သူ႕သူငယ္ခ်င္း ၃ ဦးနဲ႕ သူ႕ရဲ႕ ဇနီးေလာင္းလည္းတူတူ ရွိေနတာျဖစ္လို႔ ပူေပါင္းႀကံစည္မႈ ျဖစ္တယ္လို႔ ယုံၾကည္သူေတြလည္း ရွိေနပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ခေတ်အဆက်ဆက်မှာ သာမန်ထက် ထူးကဲပြီး ကျော်ကြားခဲ့သူတွေဟာ သူတို့နေထိုင်ရတဲ့ ဘဝကို အလိုမကျတာတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့် မိမိကိုယ်ကို သတ်သေတာတွေ ပြုလုပ်တတ်ကြပြီး သတ်သေရတဲ့ အကြောင်းတွေကိုတော့ ပရိသတ်တွေက မသိရပါဘူး။

တချို့တွေရဲ့ အယူအဆတွေကတော့ မနာလိုတဲ့သူတွေ လက်ချက်နဲ့ သေသွားကြတာ ဖြစ်နိုင်တယ်လို့လည်း တွေးကြ ပါတယ်။ ယနေ့ထိ အဖြေရှ ာမရသေးတဲ့ ကမ္ဘာကျော်အချို့ရဲ့ သေဆုံးမှုတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Marilyn Monroe

၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတပုဒ်ကြောင့် တကမ္ဘာလုံး အံ့သြခဲ့ရပါတယ်။ အဲဒီသတင်းကတော့ အသက် ၃၆ နှစ်အရွယ် မင်းသမီး မွန်ရိုး နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိတယ် ဆိုတာပဲ ဖြစ်ပါတယ်။

ရဲတွေကတော့ မူးယစ်ဆေးလွန်ပြီး သေဆုံးတယ်လို့ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ ဒီလို သေအောင် မူးယစ်ဆေးကို အလွန်အကျွံလုပ်တာ ဖြစ်နိုင်တယ်လို့လည်း ဝေဖန်ကြပါတယ်။ ဒါပေမယ့် သူမက ဘာလို့ ကိုယ့်အသက်ကို သေနိုင်တဲ့အထိ မူးယစ်ဆေးဝါး သုံးစွဲခဲ့တယ် ဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး။

(၂) Thelma Todd

င်းသမီး Thelma Todd ကိုတော့ ၁၉၃၅ ခုနှစ်မှာ သူမရဲ့ ကားအတွင်း သေဆုံးနေတာကို ရဲတွေက တွေ့ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးချိန်မှာ အသက် ၂၉ နှစ်သာ ရှိသေးတဲ့ မင်းသမီးကို အောက်ဆီဂျင် ပြတ်တောက် သေဆုံးတယ်လို့ သက်ဆိုင်ရာက အတည်ပြုခဲ့တဲ့အပြင့် သူမရဲ့ လည်ပင်းမှာ ညှစ်ရာတွေ့တယ်လို့ ဆိုပါတယ်။

တရားခံအဖြစ် သူမရဲ့ ခင်ပွန်းဟောင်း ၊ လက်ရှိချစ်သူ အပါအဝင် သူမ ပတ်သက်ခဲ့တဲ့ ဂိုဏ်းခေါင်းဆောင်စတဲ့ ၃ ဦးကို သံသယရှိခဲ့ပေမယ့် အမှုဟာ အဖြေ မပေါ်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

(၃) Tupac Shakur

ကမ္ဘာကျော် အမေရိကန်ရက်ပါ Tupac ကတော့ ၁၉၉၆ ခုနှစ်မှာ လော့အိန်ဂျလိစ်မြို့က လက်ဝှေ့ပွဲ တခုက အပြန် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ သူရဲ့ သေဆုံးမှုအတွက် ပရိုဂျူဆာ Puff Daddy နဲ့ ခေတ်ပြိုင်ရက်ပါဖြစ်သူ Notorious B.I.G ကို သံသယ ရှိခဲ့ပေမယ့် Notorious B.I.G ဟာလည်း Tupac သေဆုံးပြီး ခြောက်လအကြာမှာ အသတ်ခံခဲ့ရတာကြောင့် အမှုပိတ်သွားခဲ့ပါတယ်။

Tupac ရဲ့ သေဆုံးမှုဟာ ယနေ့ အထိ ဟစ်ဟော့ကို နှစ်သက်သူတွေကြား လက်ခံပေးလို့မရတဲ့ ပုစ္ဆာတပုဒ် ဖြစ်နေပါသေးတယ်။

(၄) Elizabeth Short

အသက် ၂၂ နှစ်အရွယ် မင်းသမီး Elizabeth Short ဟာ လော့အိန်ဂျလိစ်မြို့က ပန်းခြံတခုမှာ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ပြီး သေဆုံးနေတာကို ၁၉၄၇ ခုနှစ်က တွေ့ရှိခဲ့ပါတယ်။ သူမ အသတ်ခံရမှုမှာ သက်သေ အနည်းငယ်သာ ရှိခဲ့ပြီး ရှိခဲ့တဲ့ သက်သေတွေဟာလည်း တဖြည်းဖြည်းပျောက်ဆုံးလာခဲ့ပါတယ်။ ဒါကြောင့် အမှုပိတ်သွားပြီး ယနေ့ အထိ L.A ရဲစခန်းရဲ့ အကြာမြင့်ဆုံး အမှုအဖြစ် တည်ရှိနေပါတယ်။

(၅) George Reeves

၁၉၅၀ နှစ်များမှာ စူပါမန်းဇာတ်လမ်းတွဲကို သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Reeves ဟာ အသက် ၄၅ နှစ်အရွယ်မှာ ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ သေဆုံးမှုကို သက်ဆိုင်ရာက မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လို့ သတ်မှတ်ခဲ့ပေမယ့် ပရိသတ်တွေကတော့ သတ်ခံရတယ်လို့ ယုံကြည်ထားကြပါတယ်။

သေဆုံးမှုဖြစ်ချိန်မှာ သူ့သူငယ်ချင်း ၃ ဦးနဲ့ သူ့ရဲ့ ဇနီးလောင်းလည်းတူတူ ရှိနေတာဖြစ်လို့ ပူပေါင်းကြံစည်မှု ဖြစ်တယ်လို့ ယုံကြည်သူတွေလည်း ရှိနေပါတယ်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top