ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဘဝမွာ ဘယ္အရာမွ ကံေသကံမ မေျပာႏိုင္ခ်ိန္မွာ အေမရိကန္ျပည္က နယူးေယာက္ၿမိဳ႕သားႀကီး ေရာဘတ္ေဘလီ (Robert Bailey) ဟာ Powerball ထီလက္မွတ္ကို ကံစမ္းၿပီး နယူးေယာက္ရဲ႕သမိုင္းမွာ အျမင့္ဆုံးဆုေၾကးေငြအပုံလိုက္ကို ဆြတ္ခူးႏိုင္သူျဖစ္လာခဲ့ပါတယ္။

တကယ္ေတာ့ ကံထူးရွင္ ေဘလီဟာ ထီနံပါတ္ ေအာင္ဂဏန္းေတြကို လြန္ခဲ့တဲ့ ၂၅ ႏွစ္ကတည္းက မိသားစုဝင္တစ္ဦးဆီကရရွိခဲ့တာျဖစ္ၿပီး ဒီနံပါတ္အတိုင္း တသေဝမတိမ္းသာ ၂၅ ႏွစ္ဆက္တိုက္ စိတ္ရွည္လက္ရွည္ ထီထိုးလာခဲ့သူပါ။ ေနာက္ဆုံးမွာေတာ့ အမွန္တကယ္ပဲ ထီေပါက္ၿပီး ကံေပၚသြားခဲ့ပါတယ္္။

အသက္ ၆၇ ႏွစ္အ႐ြယ္မွာ သူရမယ့္ ထီေပါက္ေငြက အေမရိကန္ေဒၚလာ ၃၄၃.၉ သန္း ျဖစ္ပါတယ္။ သူဟာ အစိုးရဝန္ထမ္းအျဖစ္က ပင္စင္ယူခဲ့သူျဖစ္တာမို႔ အိုဇာတာေကာင္းၿပီး ဘဝေနာင္ေရးအတြက္ စိတ္ေအးလက္ေအး ရွိသြားခဲ့ရလို႔ ဝမ္းသာစရာသတင္းလို႔ ဆိုပါရေစ။ ေဘလီရဲ႕ မိခင္ကလည္း သက္ရွိထင္ရွားရွိေနေသးတာေၾကာင့္ ဒီပိုက္ဆံထဲကေန သူ႕အေမအတြက္ အိမ္အသစ္ေကာင္းေကာင္းေလးတစ္လုံး ဝယ္ေပးသြားမယ္လို႔ ေဘလီက ဆိုပါတယ္။ သူက ခရီးေတြလည္းထြက္ဦးမယ့္အျပင္ မိသားစုရဲ႕ေနာင္ေရးအတြက္ သင့္ေလ်ာ္တဲ့လုပ္ငန္းမွာ ေငြရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ စီစဥ္ခဲ့ဖို႔ ရည္႐ြယ္ထားပါတယ္။

သူ႕ရဲ႕ခံစားမႈေတြကိုေတာ့ ေဘလီက " မိသားစုဝင္တစ္ေယာက္က ဒီထီနံပါတ္ေတြကို ေပးခဲ့တာေလ... ဒါကိုပဲ ၂၅ ႏွစ္လုံးလုံး သစၥာရွိရွိ ထီထိုးလာတာပါ။ ေအာက္တိုဘာ ၂၇ ရက္ေန႔က အြန္လိုင္းကေန ထီေပါက္စဥ္ဖြင့္တာကို ထုံးစံအတိုင္း ေစာင့္ၾကည့္ေနခ်ိန္ေပါ့။ တျဖည္းျဖည္းနဲ႔ ဂဏန္းေတြထြက္လာတယ္။ တစ္ကိုယ္လုံး တလွပ္လွပ္ျဖစ္လာတယ္။ ငါ့ဂဏန္းေတြနဲ႔ တူလိုက္တာေနာ္လို႔ ကိုယ့္ကိုယ္ကိုယ္ ေျပာေနမိတယ္။ စိတ္ေတြလႈပ္ရွားလိုက္တာဆိုတာ... ထိန္းလို႔မရခဲ့ဘူး။ အဲဒီညက မိုးသာစင္စင္လင္းသြားတယ္။ ဘယ္လိုမွအိပ္လို႔မေပ်ာ္ခဲ့ဘူးဗ် " လို႔ ရင္ဖြင့္သြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: YoYarLay


#Unicode Version#

ဘဝမှာ ဘယ်အရာမှ ကံသေကံမ မပြောနိုင်ချိန်မှာ အမေရိကန်ပြည်က နယူးယောက်မြို့သားကြီး ရောဘတ်ဘေလီ (Robert Bailey) ဟာ Powerball ထီလက်မှတ်ကို ကံစမ်းပြီး နယူးယောက်ရဲ့သမိုင်းမှာ အမြင့်ဆုံးဆုကြေးငွေအပုံလိုက်ကို ဆွတ်ခူးနိုင်သူဖြစ်လာခဲ့ပါတယ်။

တကယ်တော့ ကံထူးရှင် ဘေလီဟာ ထီနံပါတ် အောင်ဂဏန်းတွေကို လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက မိသားစုဝင်တစ်ဦးဆီကရရှိခဲ့တာဖြစ်ပြီး ဒီနံပါတ်အတိုင်း တသဝေမတိမ်းသာ ၂၅ နှစ်ဆက်တိုက် စိတ်ရှည်လက်ရှည် ထီထိုးလာခဲ့သူပါ။ နောက်ဆုံးမှာတော့ အမှန်တကယ်ပဲ ထီပေါက်ပြီး ကံပေါ်သွားခဲ့ပါတယ်။

အသက် ၆၇ နှစ်အရွယ်မှာ သူရမယ့် ထီပေါက်ငွေက အမေရိကန်ဒေါ်လာ ၃၄၃.၉ သန်း ဖြစ်ပါတယ်။ သူဟာ အစိုးရဝန်ထမ်းအဖြစ်က ပင်စင်ယူခဲ့သူဖြစ်တာမို့ အိုဇာတာကောင်းပြီး ဘဝနောင်ရေးအတွက် စိတ်အေးလက်အေး ရှိသွားခဲ့ရလို့ ဝမ်းသာစရာသတင်းလို့ ဆိုပါရစေ။ ဘေလီရဲ့ မိခင်ကလည်း သက်ရှိထင်ရှားရှိနေသေးတာကြောင့် ဒီပိုက်ဆံထဲကနေ သူ့အမေအတွက် အိမ်အသစ်ကောင်းကောင်းလေးတစ်လုံး ဝယ်ပေးသွားမယ်လို့ ဘေလီက ဆိုပါတယ်။ သူက ခရီးတွေလည်းထွက်ဦးမယ့်အပြင် မိသားစုရဲ့နောင်ရေးအတွက် သင့်လျော်တဲ့လုပ်ငန်းမှာ ငွေရင်းနှီးမြှုပ်နှံမှုအတွက် စီစဉ်ခဲ့ဖို့ ရည်ရွယ်ထားပါတယ်။

သူ့ရဲ့ခံစားမှုတွေကိုတော့ ဘေလီက " မိသားစုဝင်တစ်ယောက်က ဒီထီနံပါတ်တွေကို ပေးခဲ့တာလေ... ဒါကိုပဲ ၂၅ နှစ်လုံးလုံး သစ္စာရှိရှိ ထီထိုးလာတာပါ။ အောက်တိုဘာ ၂၇ ရက်နေ့က အွန်လိုင်းကနေ ထီပေါက်စဉ်ဖွင့်တာကို ထုံးစံအတိုင်း စောင့်ကြည့်နေချိန်ပေါ့။ တဖြည်းဖြည်းနဲ့ ဂဏန်းတွေထွက်လာတယ်။ တစ်ကိုယ်လုံး တလှပ်လှပ်ဖြစ်လာတယ်။ ငါ့ဂဏန်းတွေနဲ့ တူလိုက်တာနော်လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေမိတယ်။ စိတ်တွေလှုပ်ရှားလိုက်တာဆိုတာ... ထိန်းလို့မရခဲ့ဘူး။ အဲဒီညက မိုးသာစင်စင်လင်းသွားတယ်။ ဘယ်လိုမှအိပ်လို့မပျော်ခဲ့ဘူးဗျ " လို့ ရင်ဖွင့်သွားပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top